problem solving

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။

တိုးတက်ချင်ရင်အဓိက တစ်နည်းပဲရှိတယ်။ပြဿနာဖြေရှင်း။ ဒီထက်ကောင်းတဲ့တိုးတက်တဲ့နည်းမရှိဘူး။ ပုစ္စာတွေပြဿနာအဖြေရှာတာကိုသူငယ်တန်းကတည်းကလုပ်ခဲ့တယ်။အတန်းကြီးလေ ပုစ္စာတွေခက်လာလေပဲ။ ဘဝရဲ့အရည်အသွေးဆိုတာကလဲကိုယ့်ဘဝပြဿနာဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။
Read More »

မတန်တာ မလုပ်နဲ့။

အမောင့်တစ်ခု သတ်မှတ်ထားလိုက်။ဒီအမောင့်တစ်ခုအောက်ဆိုဘာကိစ္စဖြစ်ဖြစ် အကြည်ဓာတ်မပျက်စေနဲ့။ ဥပမာ ကိစ္စတစ်ခုကြောင့်ဒေါသထွက်ရမယ်ဆိုဒီကိစ္စက ဘယ်လောက်တန်မလဲ။ မတန်တာ မလုပ်နဲ့။ Phyo Paing @ Derek

မတန်တာ မလုပ်နဲ့။ Read More »

ဥာဏ်ဆိုတာ နားလည်သိမြင်ပြီး
ပြဿနာကို အဖြေရှာနိုင်စွမ်း။

ဥာဏ်ရှိနဲ့သူတွေကို စီမံဖို့ကိုယ်ကလဲ ဥာဏ်ရှိဖို့လိုတယ်။ဥာဏ်ရှိတဲ့ ထုတ်ကုန်တွေစီမံဖို့လဲကိုယ်က ဥာဏ်ရှိဖို့လိုတယ်။ ဥာဏ်ဆိုတာ နားလည်သိမြင်ပြီးပြဿနာကို အဖြေရှာနိုင်စွမ်း။ Phyo Paing @ Derek

ဥာဏ်ဆိုတာ နားလည်သိမြင်ပြီး
ပြဿနာကို အဖြေရှာနိုင်စွမ်း။
Read More »

ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတာကျွမ်းကျင်ဖို့လိုတယ်

ဒီနေ့ခေတ်မှာအရေးအကြီးဆုံးကဘာကျွမ်းကျင်မှုရှိရမလဲဆိုရင်“ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတာကျွမ်းကျင်ဖို့လိုတယ်” လို့ထင်တာပဲ။ တခြားကျွမ်းကျင်မှုတွေထက်ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့အဖြေရှာတာကိုပဲ အဓိကလုပ်တယ်။ ကျန်းမာကြံ့ခိုင်မှုမရှိဘူး။ဝိတ်တတ်၊ စွမ်းအင်မရှိ၊ အမြဲအိပ်ချင်၊သန်စွမ်းမှုနည်းဖြစ်နေတယ်။ဒီပြဿနာ အဖြေရှာရပြန်တယ်။ အင်္ဂလိပ်စာမဖတ်တတ်။စာဖတ်ရင်နှေး။ပြီးရင်မမှတ်မိ။ဗဟုသုတနည်း။သင်ယူမှုနှေး။ဒီပြဿနာတွေ ဖြေရှင်းရပြန်တယ်။ အပေါင်းအသင်းမတတ်။ကိုယ်ပြောချင်တာကို မရေးတတ်။ကိုယ်ဆိုလိုတာကို မပြောတတ်။လူရှေ့မှာထွက်စကားပြောဖို့ ကြောက်။ဒီပြဿနာဖြေရှင်းရပြန်တယ်။ ဝင်ငွေနဲ့ ထွက်ငွေမမျှ။ဝင်သမျှအကုန်ကုန်။ဝင်ငွေတိုးဖို့ ကိုယ်တိုင်လုပ်ငန်းလုပ်။လုပ်ငန်းလုပ်တော့ရောင်းရအမြတ်မကျန်။အမြတ်ကျန် ဝန်ထမ်းမမြဲ။ဝန်ထမ်းမြဲ ဥစ္စာစောင့်ဖြစ်။ဒီပြဿနာတွေ ဖြေရှင်းရပြန်တယ်။ ကိုယ်မပါဘဲ လည်ပတ်ပြန်တော့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေကြားရှေ့ဆက်ရမည့် အနာဂတ်မသေချာ။ဒီအတွက် အဖြေရှာရပြန်တယ်။ မားကတ်တင်းအလုပ်မဖြစ်။အလုပ်ဖြစ်တော့ ကြော်ငြာစရိတ်များ။လုပ်ငန်းတူတွေကော်ပီကူး။အလုပ်ဖြစ်တော့ အဆဲမလွတ်။ဒီအတွက် အဖြေရှာရပြန်တယ်။ အချစ်ရေး အဆင်မပြေ။အဆင်ပြေတော့ ကြာကြာမခံ။ကိုယ်အဆင်ပြေ သူအဆင်မပြေ။သူအဆင်ပြေ ကိုယ်အဆင်မပြေ။မိဘက ကိုယ့်စကားနားမထောင်။ကူပေးလေမောလေ။ဒီပြဿနာတွေ အဖြေရှာရပြန်တယ်။ ကိုယ့်စကားကိုယ်နားမထောင်။နားထောင်တော့လဲ ခဏ။ဒီအတွက် အဖြေရှာရပြန်တယ်။ တခါတလေ ဘာအလုပ်လုပ်လဲမေးရင်“ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတဲ့အလုပ် လုပ်တယ်”ဒီလိုပဲ ဖြေလိုက်တယ်။ Phyo Paing @ Derek

ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတာကျွမ်းကျင်ဖို့လိုတယ် Read More »

တစ်ခုခုဆိုငါဒါကို ဘာကြောင့်လုပ်ရသလဲအမြဲပြန်မေးကြည့်မိတယ်။

ပညာရေးရဲ့ရန်သူကကျောင်းတွေဖြစ်လာတတ်ပြီးလှုံခြုံရေးရဲ့ ရန်သူကကာကွယ်ရေးအဖွဲ့အစည်းတွေဖြစ်လာတတ်တယ်။ တရားဥပဒေစိုးမိုးရေးရဲ့ရန်သူက အစိုးရဖြစ်လာတတ်ပြီးကျန်းမာရေးရဲ့ရန်သူကဆေးဝါးကုမ္ပဏီတွေဖြစ်လာတတ်တယ်။ ချစ်ခင်စုံမက်ပေါင်းသင်းနိုင်ဖို့ရန်သူက အိမ်ထောင်ရေးဖြစ်နေတတ်ပြီးတရားရဖို့ရန်သူကတရားဟောဆရာဖြစ်နေတတ်တယ်။ တစ်ကမ္ဘာလုံးက အဖြစ်အပျက်တွေပါ။ ပထမမူအခြေပြုစဥ်းစားခြင်းFirst Principle Thinking ကိုမကျင့်သုံးနိုင်ရင်ရည်ရွယ်ချက်နဲ့ ဖြစ်နေတာနဲ့လွတ်လွတ်သွားနိုင်တယ်။ ဒါကြောင့် တစ်ခုခုဆိုငါဒါကို ဘာကြောင့်လုပ်ရသလဲအမြဲပြန်မေးကြည့်မိတယ်။ Phyo Paing @ Derek

တစ်ခုခုဆိုငါဒါကို ဘာကြောင့်လုပ်ရသလဲအမြဲပြန်မေးကြည့်မိတယ်။ Read More »

ဥာဏ်ရှိရင် ရှိသလို
အဖြေရှာနိုင်မယ်လို့ယူဆပါတယ်။

ဗုဒ္ဓဘာသာက သင်ပေးလိုက်တဲ့စိတ်ထားကတော့ကိုယ်ထူကိုယ်တဆိုတာပဲ။ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့လိုတယ်။ ပြဿနာ စကားလုံးဟာ ပါဠိဘာသာက “ပဿနာ” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က “မေးခွန်း” သို့မဟုတ် “စဉ်းစားစရာကိစ္စ” လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာဘာသာထဲကို ဝင်လာတဲ့အခါ “ပြဿနာ” လို့ ပြောင်းလဲသွားပြီး အဓိပ္ပါယ်ကလည်း “အခက်အခဲ”“ကိစ္စရပ်”၊ “ဖြေရှင်းရမယ့်အရာ” စတဲ့ အဓိပ္ပါယ်တွေနဲ့ သုံးစွဲလာကြတယ်။ လူတိုင်းမှာ ဆန္ဒတွေရှိတယ်။လိုအင်တွေရှိတယ်။ လိုအပ်ချက်တွေရှိတယ်။လိုချင်ပြီး မရသေးတဲ့အရာတွေကိုဖြေရှင်းဖို့ “ပြဿနာ အဖြေရှာတတ်ဖို့” လိုတယ်။ ဖျားနာရင်ကုဖို့ ဆေးပညာရှိတယ်။အိမ်တွေဆောက်၊ လျပ်စစ်မီးဖန်တီးစတာတွေလုပ်ဖို့ အင်္ဂျင်နီယာပညာ။ ကိုယ့်ပြဿနာကိုယ်အဖြေမရှာတတ်တော့ရင်အရင်းခံ အကြောင်းအရင်းတွေကိုပဲအပြစ်တင်နိုင်တတ်ကြတယ်။ အဖေကြောင့်၊ အမေကြောင့်၊သမီးရည်းစားလင်မယားကြောင့်၊ကြောင့်ပေါင်းများစွာနဲ့ပြဿနာကိုမီးပိုလောင်စေတယ်။ ဒါကြောင့် ပြဿနာဖြေရှင်းတဲ့အခါအချိန်ရဲ့ ၅% ကို ပြဿနာအရင်းခံကိုသိဖို့သုံး။ကျန်တဲ့အချိန်အာရုံကိုပြဿနာအဖြေရှာဖို့သုံးလို့ဆိုတယ်။ လူတစ်ယောက်ရဲ့ပြဿနာ။မိသားတစ်ခုရဲ့ပြဿနာ။ လူမျိုးတစ်မျိုးရဲ့ပြဿနာ။နိုင်ငံတစ်ခုရဲ့ပြဿနာ။ တစ်ကမ္ဘာလုံးရဲ့ပြဿနာ။ သံသရာတစ်ကွေ့ ဒီတစ်နေ့ကိုယ်တွေ့တဲ့သူတိုင်းရဲ့ပြဿနာကိုကူမဖြေရှင်းနိုင်ရင်တောင်ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်ဖို့လိုတတ်တယ်။ လိုလျင်ကြံဆ နည်းလမ်းရဆိုတဲ့ဆိုရိုးစကားလဲရှိတာမဟုတ်လား။

ဥာဏ်ရှိရင် ရှိသလို
အဖြေရှာနိုင်မယ်လို့ယူဆပါတယ်။
Read More »

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။ ဒါက “အလုပ်မဖြစ်တဲ့သူ”နဲ့“အလုပ်ဖြစ်တဲ့သူ” ကိုကွာခြားစေတဲ့ အချက်ပဲ။ လူအများစုက “မသိတာ”ကို“မသိလို့ မသိမှန်း” မသိဘူး။ မရှိဘူးလို့ပဲထင်တယ်။ အဖြေမရှာ ဖင်ပိတ်ငြင်းတတ်တယ်။ ဒါကြောင့် ထာဝရတိုင်ပတ်မှုတွေနဲ့ကြုံနေကြရတာဆိုမှားမယ်မထင်ဘူး။ Phyo Paing @ Derek

“မသိတာ”ကို “မရှိဘူး” ထင်တတ်တယ်။ Read More »

အရေးကြီးတာကို အာရုံစိုက်တတ်ရမယ်။

ရုန်းကန်တာ ထုံးစံဖြစ်နေပါပြီ။ အနိုင်အရှုံးအကုန်လုံးကို လုံ့လသုံးပြီး ဖြစ်လာလာမလာလာပြုံပြတတ်နေပြီ။ ဘဝရဲ့ ပထမပြဿနာကအလုပ်မရှိတာ။ဒုတိယ ပြဿနာက အလုပ်က ဘဝရပ်တည်ဖို့ငွေမလုံလောက်တာ။ တတိယပြဿနာက လုံလောက်ပြီး ပိုကောင်းတဲ့ဘဝအနာဂတ်မရှိတာ။ အလုပ်ရှိအကိုင်ရှိ၊ဝင်ငွေရှိ၊ပိုကောင်းတဲ့အနာဂတ်ရှိဒီသုံးခုရှိနေမှ ဘဝက ဖရိုဖရဲမဖြစ်မှာမို့၊တစ်ဆင့်ချင်းလုပ်နေရတာပဲ။ စိတ်ရှည်ရမယ်။သည်းခံရမယ်။နေ့စဥ်သင်ယူရမယ်။ တွေးတတ်ရမယ်။အရေးကြီးတာကို အာရုံစိုက်တတ်ရမယ်။လူကြောနပ်ရမယ်။ ပေါင်းသင်းဆက်ဆံတတ်ရမယ်။ Phyo Paing @ Derek

အရေးကြီးတာကို အာရုံစိုက်တတ်ရမယ်။ Read More »

စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။

ပြဿနာမကြုံတဲ့ လူမရှိဘူး။ပြဿနာမကြုံတဲ့ လုပ်ငန်းလဲမရှိဘူး။အခုမကြုံ နောက်ကြုံမှာပဲ။ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာ၊ငွေကြေးဆိုင်ရာ၊အလုပ်အကိုင်ဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာပြဿနာက ရှိမှာပဲ။ ဒါကြီးကို စိတ်ညစ်ညစ်နဲ့ဖြတ်သန်းလို့ရတယ်။ဒါကို စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။ Phyo Paing @ Derek =========================No one is without problems. No business is without problems. If you’re not facing a problem now, you will in the future. Problems can be related to: Mental well-beingPhysical healthSocial relationshipsFinancesCareerThoughts and mindsetProblems will always exist. You can go through

စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။ Read More »

ပြဿနာဖြေရှင်းနည်း

သွားကြားထိုးတံလေးရဖို့ သစ်တစ်ပင်လုံး ခုတ်စရာမလိုဘူး။ဘဝမှာ ပြဿနာသေးသေးလေးကိုဖြေရှင်းဖို့ အဖြေအကြီးကြီးစဥ်းစားလေ့ရှိတတ်တယ်။ဒီလို စဥ်းစားရင်းကိုယ့်အဖြေအကြီးကြီးက ပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်။ တခါတလေ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုဖြေရှင်းဖို့ မတူညီကွဲပြားတဲ့ ဖြေရှင်းနည်းCreative Problem-solving skills လိုတယ်။ ဒီ ပြဿနာဖြေရှင်းနည်းကပဲဘဝကို တိုးတက်အောင် လုပ်ပေးနိုင်တာ။ အပ်နဲ့ထွင်းရမယ့်ဟာကို ပုဆိန်နဲ့ ထွင်းရသလိုမဖြစ်ဖို့လိုတတ်တယ်။ Phyo Paing @ Derek

ပြဿနာဖြေရှင်းနည်း Read More »