ကိုယ့်ဘဝနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ ဘဝပဲ

ကိုယ့်ဘဝနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ ဘဝပဲ။ ငွေတွေ ကျိကျိတက်ချမ်းသာပြီးပူလောင်နေတာမျိိုး တွေ့ဖူးလိမ့်မယ်။ပညာတွေတတ်ပြီးလောကကြီးက ကိုယ်ဖြစ်စေချင်သလိုလူ့အဖွဲ့အစည်းက မလည်ပတ်တဲ့အတွက်ဒေါသတွေများပြီး သောကတွေများအပြစ်တွေပြောပြီး ပူလောင်နေတာတွေ့ဖူးလိမ့်မယ်။လုပ်ငန်းခွင်မှာ အောင်မြင်ပြီးကိုယ့်နေရာသူများလုမှာ စိုးတဲ့အတွက်ပူလောင်မှုတွေနဲ့ ဖြတ်သန်းနေရာတာတွေ့ဖူးလိမ့်မယ်။ ဘဝမှာ ကျောချစရာကောင်းကောင်းတစ်ခု၊ဘဝအတွက် အိုစာမင်းစာမပူရတဲ့ကိုယ့်ဘဝနေထိုင်မှုအတွက် ဖူလုံစေမယ့်အရာတစ်ခု၊ကိုယ်ချစ်တဲ့အလုပ်ကို နေ့စဥ်လုပ်နေပြီး၊ကိုယ့်ဘဝနဲ့ ကိုယ် တစ်သားတည်းကျနေတာအောင်မြင်မှုလို့ပဲ ပုဂ္ဂလိက ခံယူထားကြည့်တယ်။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့နည်းလမ်းနဲ့ စည်းကမ်းလိုတယ်။ဖြစ်နေတာကို စိတ်ကျေနပ်ဖို့ကိုယ့်ကိုယ်ကို နားလည်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ ဘဝပဲ Read More »