စနစ်ဆိုးက လူကောင်းကိုပျက်စီးစေနိုင်တယ်။ လူဘယ်လောက်ကောင်းကောင်းစနစ်မကောင်းရင် ပျက်တာပဲ။ ဒါကို အက်ဝေါ့ဒင်းမင်းကA bad system can beat a good person every time တဲ့။ စနစ်က အဖြေပဲ။ စနစ်အထက်မှာ ဒီဇိုင်းဆိုတာရှိတယ်။ ကာလံဒေသံနဲ့ ကိုက်ညီပြီးအနာဂတ်သွားချင်တဲ့ လမ်းကြောင်းနဲ့ကိုက်ညီအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။ ဘာတွေကို ဒီဇိုင်းလုပ်မလဲ? ဖွဲ့စည်းမှုပုံစံ Structure ကိုအရင်ဆုံးဒီဇိုင်းလုပ်ရတယ်။ ဖွဲ့စည်းမှုပုံစံဆိုတာ ကျောရိုးတစ်ခုပဲ။ ဒီကျောရိုးပေါ်မူတည်ပြီး လုပ်ငန်းဆောင်တာတွေ၊ ဖြစ်စဥ်တွေ လည်ပတ်တာ။ စနစ် System ဆိုတာကျတော့ဥပမာဗျာ ကိုက်မုန့်ဖုတ်မယ်ဆိုပါတော့၁။ မုန့်ဖုတ်မည့်နည်းလိုမယ်၂။ လူလိုမယ်၃။ ပန်ကန်းပြား၊ ဇွန်း၊ ဒယ်အိုးအစရှိတာလိုမယ်၄။ ဆောင်ရန်၊ ရှောင်ရန်တွေလိုမယ်။ စနစ်တစ်ခုမှာ Policies, Process နဲ့ Procedure လိုမယ်။ ဥပမာ Policies စည်းကမ်းမှာဆို