ကိုယ့်ရဲ့ အဓိက က ဘာလဲ။
အချစ်ခံ၊ ချီးကျူးခံ၊အားပေးခံ၊ဖော်ရွေခံ ရပြီးဒါကိုအရမ်းခံစားနေရင်တနေ့ အချစ်မခံရတော့တဲ့အခါ၊ချီးကျူးမခံရတော့တဲ့အခါ၊အားပေးမခံရတော့တဲ့အခါ၊မဖော်ရွေမခံ လျစ်လျူရှုခံရတဲ့အခါခံစားရလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးကလူတွေရဲ့ အပြူအမူလူတွေ ကိုယ့်ကိုဆက်ဆံတဲ့အပေါ်အရမ်းခံစားမနေပဲကိုယ့်ရဲ့ အဓိက က ဘာလဲ။ဒါကို အဓိက စဥြးစားလုပ်ဆောင်တာပိုကောင်းနိုင်တယ်။ ကိုယ်နဲ့အမြဲတမ်းရှိနေတဲ့အရာကကိုယ့်ရဲ့ ကျန်းမာရေး၊အလုပ်မှာ ကျွမ်းကျင်မှုနဲ့ ဥာဏ်ပညာ၊ငွေကိုအမြဲပွားနေစေနိုင်မည့် စကေး၊ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲပြီးစိတ်အေးချမ်းမှု။ ကိုယ်အကောင်းဆုံးပေးနိုင်တာကိုပေးလိုက်။ကျန်တဲ့အရာတွေကိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ထား။ လောကဓံရှစ်ပါးကို နှလုံးသွင်း။ (၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍ […]
ကိုယ့်ရဲ့ အဓိက က ဘာလဲ။ Read More »
