May 2022

ဘာလုပ်လုပ် ပိုအဆင်ပြေတယ်။

အမှတ်တံဆိပ်တည်ဆောက်ဖို့ စိတ်ရှည်ပါ အမျိုးတို့။ ယုံကြည်မှုရှိရင် အလုပ်လုပ်ရတာ ဘာလုပ်လုပ် ပိုအဆင်ပြေတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဘာလုပ်လုပ် ပိုအဆင်ပြေတယ်။ Read More »

ဘဝ နောက်ပြန်လည့်ကြည့်ရင်
ပြင်ချင်စရာ မရှိဘူးလို့တောင်
ပြောရမယ်။

ဘာကြောင့်လဲဆိုတော့ ဘဝမှာ လက်ကိုင်ထားပြီးနေ့စဉ်အမြဲ update လုပ်နေတဲ့ဘဝနေထိုင်မှု ဥပဒေသတွေကြောင့်ပဲ။ ဒါကတော့ တစ်ခုခု ဆုံးဖြတ်ချက်ချစရာရှိရင်လုပ်မလား၊ မလုပ်ဘူးလား။တွေဝေမနေနဲ့။တွေဝေနေလို့ပဲ ဆုံးဖြတ်ချက်ပိုကောင်းလာမှာ မဟုတ်ဘူး။ စဉ်းစားနည်းစနစ်ကို အသုံးပြုချက်ချင်းဆုံးဖြတ်ချက်ချ။ နောက်တစ်ခုက အချိန်ကို အလဟဿ မဖြုန်းနဲ့။ အလုပ်ကို ပိုးစိုးပက်စက်လုပ်၊ နားရင် ပိုးစိုးပက်စက်နား။ အနားယူဖို့ plan လုပ်မနေနဲ့ပင်ပန်းတယ်ထင်ရင် နားလိုက်။ပြန်ကောင်းရင် အလုပ်ကိုပိုးစိုးပက်စက်ပြန်လုပ်။ ဘဝမှာ ကိုယ်တိုင်ထားတဲ့ personal rules တွေအရေးကြီးတယ်။ Phyo Paing @ Derek

ဘဝ နောက်ပြန်လည့်ကြည့်ရင်
ပြင်ချင်စရာ မရှိဘူးလို့တောင်
ပြောရမယ်။
Read More »

တွေးကြောက်ရင်
ဘေးရောက်သွားလိမ့်မယ်။

တွေးတွေးပြီး ကြောက်နေရင် လုပ်မည့်အလုပ်တွေက ရှေ့မရောက်တော့ပဲ ဘေးရောက်ရောက်သွားတတ်တယ်။လုပ်မလား၊ မလုပ်ဘူးလားဆုံးဖြတ်။တွေဝေနေတာ အဖြေမဟုတ်တတ်ဘူး။ Phyo Paing @ Derek

တွေးကြောက်ရင်
ဘေးရောက်သွားလိမ့်မယ်။
Read More »

ကြောက်စရာ အကောင်းဆုံးပြိုင်ဖက်

ကြောက်စရာ အကောင်းဆုံးပြိုင်ဖက်ကပန်းတိုင်ကို မမှိတ်မသုန် အာရုံထားပြီးနေ့စဉ်လေ့လာနေတဲ့အပြင်မြန်နှုန်းမြင့် အကောင်အထည်ဖော်နိုင်စွမ်းရှိတယ်။အလုပ်မဖြစ်တာ သေချာရင်ကိုယ့်အယူအဆကို လိုအပ်ရင်စွန့်လွတ်ရဲတဲ့ သတ္တိရှိတဲ့ဇွဲကောင်းကောင်းသူမျိုးဖြစ်တယ်။ Phyo Paing @ Derek

ကြောက်စရာ အကောင်းဆုံးပြိုင်ဖက် Read More »

စနစ်ကောင်းရှိပြီလား။

လူနဲ့စနစ်အသုံးပြုပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်တာကို စီမံခန့်ခွဲမှုလို့ခေါ်တယ်။ကိုယ့်လုပ်ငန်းမှာ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့လူကောင်းနဲ့စနစ်ကောင်းရှိပြီလား။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စနစ်ကောင်းရှိပြီလား။ Read More »

မနေ့က အလုပ်ဖြစ်ခဲ့တဲ့အရာက

မနက်ဖြန် အလုပ်ဖြစ်ချင်မှဖြစ်တော့မယ်။ဒါကြောင့် အရာရာကို အတင်းဖက်တွယ်မထားပဲ လွတ်ချသင့်ရင်လွတ်ချရမည့်အရာတွေ ရှိတယ်။ Phyo Paing @ Derek

မနေ့က အလုပ်ဖြစ်ခဲ့တဲ့အရာက Read More »

ဘဝမှာ အရေးအကြီးဆုံးက
ပျော်ရွင်မှု။

ပျော်ရွင်မှုအတွက် အရေးအကြီးဆုံးကတိုးတက်မှုလို့ ယူဆတယ်။ ဘဝရဲ့ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ်အကိုင်ဘယ်အပိုင်းမှာမဆို တိုးတက်နေရင် ပျော်တယ်။ဆုတ်ယုတ်နေရင် မပျော်ဘူး။ တန့်နေရင် ပုံမှန်ပဲဖြစ်နေတတ်တယ်။ တိုးတက်မှုရှိနေဖို့ တချို့အရာတွေကို ဘဝထဲကအပြီးထုတ်ပစ်ရတယ်။ (Eliminate)တချို့အရာတွေကို ထပ်ခါထပ်ခါလုပ်စရာမလိုအောင် စီမံရတယ်။ (Automate)တချို့အရာတွေကို ကိုယ်တိုင်လုပ်စရာမလိုပဲလက်လွဲသင့်ရင်လွဲရတယ်။ (Transfer)တချို့မလုပ်ဖူးတဲ့အရာတွေကို စမ်းသပ်လုပ်ကိုင်သင့်ရင် လုပ်ရတယ်။ (Experiment)တချို့လုပ်နေတဲ့အရာတွေက အပြီးရပ်လိုက်လို့မရရင်လျော့သင့်ရင် လျော့ရတယ်။ (Reduce) ဒါကိုတော့ အတိုကောက်တိုးတက်မှုအတွက် EATER လို့ပေးထားတယ်။ Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးက
ပျော်ရွင်မှု။
Read More »

ဥာဏ လုပ်သား စစ်စစ်
ဖြစ်အောင်လုပ်ပါ။

စျာန်ဝင်သွားရင် ထမင်းမေ့ဟင်းမေ့သေးသေးမွားမွား စိတ်ညစ်စရာတွေမေ့ပြီးအလုပ်လုပ်တာ အရသာရှိလွန်းလို့ရပ်လို့ မရ ဖြစ်သွားလိမ့်မယ်။ Phyo Paing @ Derek

ဥာဏ လုပ်သား စစ်စစ်
ဖြစ်အောင်လုပ်ပါ။
Read More »

သည်းခံ၊ သည်းခံ

ကိုယ်ဆယ့်ငါးမိနစ်လောက်နဲ့ ပြီးတဲ့ ကိစ္စတစ်ခုကို တစ်ရက်လောက်အချိန်ယူပြီးထွက်လာတဲ့ အရည်အသွေးစံနှုန်းကကိုယ့်ကိုမမီဘူး။ ဒါဆို သည်းခံ၊ သည်းခံ။ ကိုယ့်လုပ်သလို ရလဒ်မျိုးရစေချင်ပြီး မရသေးဘူး။သည်းခံ၊ သည်းခံ။ ပြောပြီးသားကိစ္စကို ထပ်ခါ ထပ်ခါ ထပ်ပြောနေရတယ်။ဒါဆိုရင် သည်းခံ၊ သည်းခံ။ လုပ်ငန်းရှင်တစ်ယောက်အတွက်ခန္ဒီပါရမီအရေးကြီးတယ်။ ကိုယ်နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ ကျွမ်းကျင်မှုကိုတစ်ခဏအတွင်းအကုန်လွဲဖို့နည်းနည်းခက်တတ်တယ်။ ကိုယ့်လို စံနှုန်းအတိုင်းရဖို့ချက်ချင်းမျှော်လင့်ဖို့ခက်တတ်တယ်။ တချို့ကိစ္စတွေက ဝေးဝေးပြေးချင်ရင်ခန္ဒီပါရမီလိုတယ်။ ဒါကြောင့် စိတ်မရှည်ဘူး၊အလိုမကျဘူး ဖြစ်တော့မယ်ဆိုကိုယ့်ကိုကိုယ် ပြန်ပြောကြည့်ပါ။သည်းခံ၊ သည်းခံ။ Phyo Paing @ Derek

သည်းခံ၊ သည်းခံ Read More »