ညံ့လို့ဖြစ်နိုင်တယ်။
ကိုယ့်ဝန်ထမ်းတစ်ယောက်နှစ်ယောက်အဆင်မပြေဘူးဆိုရင် သူတို့ညံ့လို့ဖြစ်နိုင်တယ်။အများစုက အဆင်မပြေဘူးဆိုရင်တော့ကိုယ်ညံ့တာ ဖြစ်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
ကိုယ့်ဝန်ထမ်းတစ်ယောက်နှစ်ယောက်အဆင်မပြေဘူးဆိုရင် သူတို့ညံ့လို့ဖြစ်နိုင်တယ်။အများစုက အဆင်မပြေဘူးဆိုရင်တော့ကိုယ်ညံ့တာ ဖြစ်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
လုပ်ငန်းရှင်တစ်ချို့ ကြုံဖူးလိမ့်မယ်။ အခုမှ ကိုယ်လုပ်ငန်းရောက်လာတဲ့ ဝန်ထမ်းက လုပ်ငန်းအကြောင်းတောင်သေချာ မလေ့လာရသေးပဲ ကိုယ့်ကို အကြံပေးချင်တာမျိုး။ ဒီမျိုးအချိန်မှာ လုပ်ရမှာ သူ့ကို သူအခုလုပ်နေတဲ့ လုပ်ငန်းအကြောင်း ဘယ်လောက်များသိထားလဲ။လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်လို့ ဘယ်လောက်များလေ့လာထားလဲဆိုတဲ့အကြောင်း မေးခွန်းမေးပါ။ ဘာမှ မသိသေးတဲ့ အသစ်ဝင်လာတဲ့ဝန်ထမ်းအကြံဥာဏ်ပေး ဝေဖန်မှုကြောင့်ကိုယ်သွားမည့်လမ်းကြောင်းကို တွေဝေ မသွားပါနဲ့။ အခု ဒီစာကို တချို့လုပ်ငန်းရှင်တွေပဲနားလည်လိမ့်မယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
အခု ဒီစာကို တချို့လုပ်ငန်းရှင်တွေပဲ နားလည်လိမ့်မယ်။ Read More »
အောင်မြင်တဲ့ လုပ်ငန်းရှင်အများစုကြည့်လိုက်ရက်ရောတာ ဂါရဝတရားရှိတာတွေ့ရလိမ့်မယ်။ ကိုယ့်ဖက်ကကြီး အရင်ယူဖို့ စဉ်းစားနေတာထက် တွက်ချက်ပြီး ပေးသင့်ရင်ကြိုပေးတာ၊ စေတနာထားတာဒါမျိုးတွေ တွေ့ရလိမ့်မယ်။ ဘူပိတ်တဲ့ လုပ်ငန်းရှင်ကျတော့ ကိုယ်ကကြီး အသာစီးရလိုချင်တာ။ တစ်ခုခုဆို ကိုယ်က အရင်ပေးဖို့ထက်တခြားသူရဲ့ service ကို အရင်လိုချင်တာ။ တစ်ခုခုဆို သံသယ စိတ်နဲ့ တစ်ဖက်သား service ကို သွားသွားမေးခွန်းထုတ်တာ။ ကိုယ်သေချာမသိ မလေ့လာပဲ သွားသွားဝေဖန်တာမျိုးတွေ လုပ်တတ်ကြတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
ဘူပိတ်တဲ့ လုပ်ငန်းရှင်နဲ့အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်ကွာခြားချက် အကြီးကြီးတစ်ချက်ရှိတယ်။အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်ကကိုယ်ဘာလိုချင်တာလဲကိုအဓိက စဥ်းစားတယ်။ဒါကို ရအောင်လုပ်ဖို့ နည်းလမ်းအမြဲရှာတယ်။အကောင်အထည်ဖော်တာမြန်တယ်။ ဘူပိတ်တဲ့ လုပ်ငန်းရှင်ကဟိုဟာ ဟိုလိုဖြစ်နေတာ။ သူက ဒါမျိုးမလုပ်ပဲ ဒီလိုလုပ်နေလို့။ဒီလိုအချိန်မျိုး ဘာလုပ်လို့ရမှာလဲ။ငါလဲ မလုပ်တတ်ဘူး။ အရင်က လုပ်မှ မလုပ်ဖူးတာ။ ဒါ သူ့ကြောင့် ဒီလိုဖြစ်သွားတာ။ဝန်ထမ်းတွေ အသုံးမကျလို့။ ပြောမနေပါနဲ့ လူတွေက ထိိန်းရခက်တယ်။ ဒီလို ငြီးထွားနေပြီး တိုင်ပတ်ဘူပိတ်နေတတ်တယ်။ အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်က ငါလိုချင်တာဘာလဲ။ ဒါကို ရအောင်လုပ်လုပ်မလဲ။ ဘယ်သူ့ကို မေးမလဲ။ဘာတွေကို လေ့လာရမလဲ။ ဘယ်တော့ စလုပ်မလဲ။ လှုပ်ရှားမှု မြန်ဆန်တယ်။ ဒါကြောင့် လုပ်ငန်းရှင်တို့ ကိုယ့်ရဲ့ အမူအကျင့်တွေကို ဂရုပြုကြပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
တစ်ရက်တစ်ရက် content idea တွေအများကြီး ဘယ်လိုစဉ်းစားသလဲ။ ဒီလိုမေးလာတိုင်းI trained myself လို့ပြန်ပြောမိတယ်။ စာမြန်မြန်ဘယ်လိုဖတ်မလဲ။ စိတ်ဓာတ်အမြဲ နိုးကြားပြီးစွမ်းအားအပြည့်နဲ့ ဘယ်လိုအလုပ်လုပ်မလဲ။မြန်မြန်ဆန်ဆန် ဦးနှောက်အသုံးပြုစဉ်းစားနိုင်ဖို့ ဘယ်လိုလုပ်မလဲ။ မှတ်ဥာဏ်ကောင်းဖို့ ဘယ်လိုလုပ်မလဲ။ ဒါတွေ အကုန်လုံးက train လုပ်လို့ရတယ်။ နေ့စဉ်တော့ train ရမယ်။ computer keyboard မှာ လက်တင်လိုက်တာနဲ့idea တွေက အလိုလိုထွက်လာတာ၊ ဘာပြောမယ် မစဉ်းစားပဲCamera ချိန်လိုက်တာနဲ့ Content တွေ ထွက်လာဖို့က နေ့စဉ် train နေရတယ်။ Motivation ဆိုတာ ရေချိုးသလိုပဲတဲ့။နေ့စဉ်ချိုးပေးနေရတယ်ဆိုတဲ့ စကားကြားဖူးလိမ့်မယ်။ Skill တစ်ခုဆိုတာလဲ အဲ့လိုပဲ။နေ့စဉ် train နေမှ skill level ကျမသွားမှာ။ ဘာသာစကားတစ်ခုတောင် မသုံးတာကြာရင် language loss
သူနည်းနည်းအောင်မြင်မှုလေးရလာရင်ကိုယ့်အပေါ် ဆက်ဆံတဲ့ပုံစံဘယ်လို ပြောင်းသွားလဲဆိုတဲ့ အပြောင်းအလဲပဲ။ ဟိုးအရင်က လူတိုင်းကိုစေတနာထား အကုန်သင်ပေးအိတ်သွန်ဖာမှောက်ပြောပြတယ်။နောက်ပိုင်းတော့ သင်ခန်းစာရလာတာလူတွေက အောင်မြင်မှုအရသာလေးရလာရင် အချိုးပြောင်းတတ်တယ်။ ဒီတော့ လူတိုင်းအပေါ် စေတနာထားစရာမလိုဘူးဆိုတဲ့ အတွေးအခေါ်နဲ့နေတယ်။ Phyo Paing @ Derek
ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူပါ။ဘယ်သူ့ ခေါင်းငြိမ့်မှုမှ စောင့်မနေနဲ့။တချို့အရာတွေက လူတိုင်းကိုအသေးစိတ်ရှင်းပြနေစရာမလိုဘူး။လူတွေ အထင်ကြီးဖို့စျေးကြီးတာတွေဝယ်ပြီး ကြွားဖို့လဲအစီအစဉ်မရှိဘူး။ကိုယ့်အထာနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek
ကိုယ့်မှာ သတ်မှတ်ထားတဲ့လိုအပ်တဲ့ အခြေခံ ငွေကြေးမဖူလုံရင်ထိန်းချုပ်ခံရမှာပဲ။ ငွေလိုနေရင် ကိုယ် service မပေးချင်တဲ့ဖောက်သည်မျိုးကိုလဲ ပေးရမှာပဲ။မကြိုက်တဲ့ အလုပ်မျိုးလဲလုပ်ရမှာပဲ။ရွေးချယ်စရာ များများစားစားမရှိဘူး။ တကယ်လို့ ကိုယ့်လုပ်ငန်းကBudgeting သေချာလုပ်ထားတယ်။စိုးရိမ်ပူပန်စရာမလိုရင်ကိုယ်သွားချင်တဲ့ လမ်းကြောင်းအေးအေးဆေးဆေး သွားလို့ရတယ်။ ဒါကြောင့် အခြေခိုင်ဖို့အခြေခံတွေကို သေချာလုပ်ရမယ်။ Phyo Paing @ Derek
သူတောင်းစားတွေက ရွေးချယ်ဖို့အခွင့်အရေးမရှိဘူး။beggars can’t be choosers ဒီစကားပုံကြားဖူးလိမ့်မယ်။ ဆင်းရဲတဲ့နိုင်ငံမှာ မွေးလာတယ်။ပညာကောင်းကောင်း မသင်ခဲ့ရဘူး။ငွေကြေးကောင်းကောင်းမရှိဘူး။ဒါဆို …….ဇိမ်ခံမယ်ဆိုတဲ့ luxury သင့်မှာ ရှိချင်မှရှိမယ်။ကိုယ်ကြိုက်တဲ့အလုပ်ကို ရွေးချယ်ခွင့်ရတဲ့အခွင့်အရေးရှိချင်မှ ရှိမယ်။ဒါက ခါးသီးတဲ့ အမှန်တရားပဲ။ ဘဝရဲ့ ပေးထားချက်တွေကွာတယ်။အမေရိကားမှာ follow your passion ဆိုပြီးကိုယ်ကြိုက်တဲ့နောက် လိုက်ဖို့အခွင့်အရေးရပေမည့်တရုတ်လို လူသန်း တစ်ထောင့်လေးရာမှာဒီအခွင့်အရေးရချင်မှရမယ်။ကျွန်တော်တို့လို တိုင်ပတ်နေတဲ့နိုင်ငံဆိုပိုဆိုးပေါ့။ ကိုယ့်မှာ ပေးထားချက်တွေ မခိုင်မာရင်အများကြီးစဉ်းစားမနေနဲ့လုပ်သင့်တာကို လုပ်ပါ။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်ဆုံးမနေကျ စကားရှိတယ်။“စောက်အလုပ်ကို သေချာလုပ်။လုပ်သင့်တာကို လုပ်သင့်တဲ့အချိန်လုပ်။သောက်တလွဲမစဉ်းစားနဲ့။သွားနေတဲ့ လမ်းကြောင်းကို အာရုံစိုက်။ကိုယ့်ကိုကိုယ် အပစ်မတင်နဲ့။ဒါက ငပိန်းတွေပဲလုပ်တာ။” Phyo Paing @ Derek
Work smart ဆိုတာ ငပိန်းတွေကိုပြောလို့သိပ်ကောင်းတဲ့စကားလုံးမျိုး။Work hard ထက် work smart အရေးပိုကြီးတယ်နော်။ဘာညာသာရကာပြောတဲ့အခါအားလုံးက ဟုတ်တယ်လို့ပြိုင်တူထောက်ခံကြလိမ့်မယ်။ငယ်ငယ်တုန်းကလဲ ကိုယ်ကအဲ့ဒီ ထောင်ချောက်ထဲ ရောက်ခဲ့ဖူးတယ်။ တကယ်တမ်းက work hard လုပ်မှ ဘယ်လို work smartလုပ်ရမလဲ ပိုသိလာတာမျိုး။ ဥပမာ video editing ဆိုပါတော့ကျွန်တော်က software ပေါင်းမျိုးစုံကိုမသုံးဖူးရင်၊သုံးဖူးရင်တောင် ထဲထဲဝင်ဝင်နဲ့အချိန်ကြာကြာ တစ်ခုတည်းမသုံးဖူးရင်ဘယ်လို work smart လုပ်ရမလဲသိချင်မှ သိလိမ့်မယ်။ Work smart ဆိုတာ work hard လုပ်ရင်းမှအကြံပိုရလာတာမျိုး။ မေးရမည့်မေးခွန်းကငါဒီနေ့လုပ်နေတဲ့ အလုပ်ကိုပိုမြန်၊ ပိုလွယ်၊ ပိုကောင်းအောင်ဘယ်လိုလုပ်လို့ရမလဲ။ဒီမေးခွန်းပြန်မေးကြည့်ပါ။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။လုပ်နေရင်း ပြန်မေးပါ။ငါလုပ်နေတဲ့အလုပ်က တကယ်လုပ်ဖို့လိုအပ်သလား။လုပ်ဖို့တကယ်လိုအပ်ရင်ငါဒီနေ့လုပ်နေတဲ့ အလုပ်ကိုပိုမြန်၊ ပိုလွယ်၊ ပိုကောင်းအောင်ဘယ်လိုလုပ်လို့ရမလဲ။ဒီမေးခွန်းပြန်မေးကြည့်ပါ။ Work hard > Work smart