လွယ်ကူအပျင်းထူလို့ရတဲ့
Easy life မလိုဘူး။
မသေခင် ဖြစ်ချင်တာတွေဖြစ်အောင်လုပ်ပြီးဘဝအနှစ်သာရတွေ ခံစားတဲ့Good life ပဲလိုတယ်။ Phyo Paing @ Derek
မသေခင် ဖြစ်ချင်တာတွေဖြစ်အောင်လုပ်ပြီးဘဝအနှစ်သာရတွေ ခံစားတဲ့Good life ပဲလိုတယ်။ Phyo Paing @ Derek
ဒါကြောင့်လဲ ဘဝတစ်ခုလုံးဒီနှစ်ခုကိုဇောင်းပေးလေ့လာဖို့ဟိုးအရင်နှစ်တော်တော်ကြာကတည်းကဆုံးဖြတ်ခဲ့တာ။ Productivity ကောင်းဖို့ဆိုရင်Motivation, Mindset, Methodology, Psychology, Personality, Physiology နဲ့ လောကကြီးကို မြင်တဲ့အမြင်Perception အကုန်အရေးကြီးတယ်။ ဒါတွေကို ပေါင်းစပ်ပြီးကိုယ့်ရဲ့ အမူအကျင့် habit တည်ဆောက်တာပေါ့။ဒါမှ ကိုယ်ဖြစ်ချင်တဲ့ ပုံစံဖြစ်မှာ။ ဥပမာ ကိုယ်က အရမ်းအောင်မြင်တဲ့နည်းပညာ entrepreneur ဖြစ်ချင်တယ်ဆိုရင်အဲ့လိုလူဖြစ်ဖို့ နေ့စဉ်ဘာတွေလုပ်ရမလဲ။ဒီမေးခွန်း မေးဖို့လိုလာပြီ။ နေ့စဉ် ဘာတွေလုပ်မလဲဆိုတဲ့မေးခွန်းအဖြေက ဘယ်ကရနိုင်လဲဆိုရင်သူ့မှာ လိုအပ်တဲ့ skills တွေက ရနိုင်တယ်။ သူ့အနေနဲ့ စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်ရမယ်။IT သမားတွေကို manage လုပ်နိုင်ရမယ်။စျေးကွက်ကို နားလည်ရမယ်။ English လို ပြောတတ်ရမယ်။တရုတ်စျေးကွက်နားလည်ချင်ရင် တရုတ်စာတတ်ဖို့ လိုကောင်းလိုနိုင်တယ်။ ကျန်းမာဖို့ လိုမယ်။နည်းပညာစာအုပ်၊ မားကတ်တင်း၊ စွန့်ဦးတီထွင်၊ စီမံခန့်ခွဲမှု အစရှိတဲ့စာအုပ်တွေ ဖတ်ဖို့လိုမယ်။ ဒါတွေအကုန်လုံးနေ့စဉ် ဖြစ်နေဖို့
Marketing အကြံပေးတယ်ဆိုတာA အလုံး ၁၀၀ T အလုံး၂၀၀ P အလုံး ၃၀၀ အင်တာနက်ကရှာပြီးအကြံပေးလို့ရရင် လူတိုင်းအကြံပေးတွေ အတိုင်ပင်ခံတွေဖြစ်ကုန်မှာပေါ့။ Blue Ocean လေးဖတ်ပြီးအကြံပေးရင် ဒါအကြံပေးလို့မခေါ်ဘူး။ပါတာဖတ်လို့ ခေါ်တယ်။ပါတာပဲ ပြန်ဖတ်ပြဖို့။ Marketing အကြံပေးမယ်ဆိုလူတွေသိတဲ့ အမှတ်တံဆိပ်ဘယ်နှစ်ခုလောက် တည်ဆောက်ဖူးလဲ။ကိုယ့်ရဲ့ လုပ်ငန်းကိုကော လူသိပြီလား။Marketing campaign ပေါင်းဘယ်နှစ်ခုလောက် လုပ်ဖူးပြီးပြီလဲ။လုပ်ငန်းပေါင်း ဘယ်နှစ်ခုအောင်မြင်အောင် ကူညီပေးဖူးလဲ။ဒီထဲက ရလဒ်တွေ ကိုယ်ပိုင် framework တွေဘယ်နှစ်ခုတည်ဆောက်ပြီးပြီလဲ။ဒါတွေလိုမယ်လို့ စဉ်းစားမိတယ်။ မြန်မာပြည်မှာက အဟိတ်အဟန်နဲ့သိပ်လုပ်စားလို့ကောင်းတာ။ ဘာရယ်ညာရယ် မဟုတ်လူရှိန်တာပေါ့။ ဒါကြောင့်လဲ ပါတာဖတ်တဲ့ အတိုင်ပင်ခံတို့အကြံပေးတို့ မဖြစ်အောင် ကိုယ်တိုင် စမ်းသပ်မှုတွေ လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ နေ့စဥ် စမ်းသပ်မှုတွေလုပ်ဖို့တွန်းအားတွေရနေတယ်။ ဘယ်သူ့မှ မရည်ရွယ်ပါဘူး။ကိုယ့်ကိုကိုယ် သတိပေးတာ။အဲ့လို မဖြစ်အောင်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
အလကားရတာ ဘယ်တုန်းကမှမရှိသလို ရလဲမရချင်ဘူး။ ကောင်းတဲ့အချက်က တန်ဖိုးကြီးတဲ့အရာတစ်ခုရဖို့လေးငါးဆယ်နှစ်လောက်ကတော့ဒူပေဒါပေခံလာနိုင်တယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့ပြဿနာတက်လာတိုင်း WTF ဆိုပြီး ရှေ့ဆက်ဖြစ်ခဲ့ကြတာပေါ့။ ဒီနေ့ ဒုက္ခလို့ထင်နေတဲ့အရာတွေကမနက်ဖြန်အတွက် သုခမဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ Phyo Paing @ Derek
ကိုယ့်ဘဝမှာ ဘာပဲလိုလို
ကိုယ့်ကိုကိုယ် လုပ်ယူမှရတတ်တယ်။ Read More »
အိမ်က စားစရာမရှိတာကိုကိုယ်ဝါသနာပါတာပဲလုပ်မယ်။Follow your passion ဆိုရင်ဒါက လက်တွေ့မကျတာပဲ။ ကိုယ့်ကိုကိုယ်တောင် မပြင်နိုင်ပဲသူများကို ပြင်ဖို့ကြိုးစားတာဟာလက်တွေ့ မကျတာပဲ။ ဆရာကြီး လုပ်ရတာက လွယ်တယ်။ဟိုဟာလေးလုပ်လိုက်။ဒီဟာလေးလုပ်လိုက်။ပြောတော့တာ စာရွက်ပေါ်ဟုတ်နေတာ။တကယ်လုပ်ဖို့တာ ခက်တာ။ အခြေခံပြည့်စုံလို့ အခြေခိုင်တဲ့အခါစိတ်ကူးယဉ်ဆန်တာ သဘာဝကျတယ်။ ပန်းချီမဆွဲတတ်သေးပဲပန်းချီကားရေးဆွဲတဲ့ trend ကိုပြောင်းမယ်ဆိုတာကတော့ ပန်းထိမ်မတတ်ခင် ရွှေခိုးသင်သလိုပဲ။ ကိုယ့်ကိုကိုယ်လဲ သတိအမြဲပေးတယ်။စာအုပ်တွေထဲက လက်တွေ့ကျင့်သုံးလို့ရတာပဲယူ။ လက်တွေ့ > စိတ်ကူးယဉ်ဆန်Realistic > Idealistic Phyo Paing @ Derek
ကိုယ့်ဘဝမှာ ဘာပဲလိုလိုကိုယ့်ကိုကိုယ် လုပ်ယူမှရတတ်တယ်။အလကားရတာ ဘယ်တုန်းကမှမရှိသလို ရလဲမရချင်ဘူး။ ကောင်းတဲ့အချက်က တန်ဖိုးကြီးတဲ့အရာတစ်ခုရဖို့လေးငါးဆယ်နှစ်လောက်ကတော့ဒူပေဒါပေခံလာနိုင်တယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့ပြဿနာတက်လာတိုင်း WTF ဆိုပြီး ရှေ့ဆက်ဖြစ်ခဲ့ကြတာပေါ့။ ဒီနေ့ ဒုက္ခလို့ထင်နေတဲ့အရာတွေကမနက်ဖြန်အတွက် သုခမဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ Phyo Paing @ Derek
ဒီနေ့ ဒုက္ခလို့ထင်နေတဲ့အရာတွေက
မနက်ဖြန်အတွက် သုခ
မဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ Read More »
ပိုက်ဆံအမြဲဝင်စေတဲ့ အလုပ်က ကိုယ့်ဆီ မျက်စိလည်လမ်းမှားပြီးရောက်လာလေ့သိပ်မရှိဘူး။ သေချာ စီမံကိန်းချလုပ်ရတာမျိုး။ လူတွေ စားလို့မကုန်မှားလို့ကုန်တတ်ကြတယ်။ တစ်ခုခုဆို ဂရုစိုက်ဖို့လိုတယ်။ မတော် လောဘဆိုတဲ့အတိုင်းလူတွေက လောဘတက်လာရင်ကိုယ်ယုံကြည်ချင်တာကို ဇွတ်ယုံကြည်လိုက်ကြတာမျိုး။ Phyo Paing @ Derek
သူများတွေတော့ မသိဘူးကျွန်တော်ငယ်ငယ်ကတော့ငါလုပ်လိုက်တာမှားသွားမလားမှားသွားပြီထင်တယ်ဆိုပြီးခဏခဏ ထင်ပြီး မပျော်တာမျိုးဖြစ်တတ်ဘူး။ နောက်ပိုင်း Haruki Murakami ရဲ့ Norwegian Wood ထဲက “Don’t feel sorry for yourself.Only assholes do that.” ဒီစာကြောင်းတွေ့ပြီးကတည်းက ကိုယ့်အတွေး system ကို update လုပ်လိုက်တယ်။ Phyo Paing @ Derek
စဉ်းစားကြည့်ကြည့် ဒီနေ့ ကိုယ့်ကိုကိုယ် တိုးတက်အောင် ဘာလုပ်ဖြစ်လဲ။ ကိုယ့်လုပ်ငန်းဟာကိုယ်တိုးတက်သလောက်ပဲတိုးတက်တာ သတိပြုပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
မြန်မာပြည်မှာ လူလာဖြစ်တယ်။ စဉ်းစားကြည့်ရင် အားမရစရာအများကြီး။ စိတ်ညစ်စရာအများကြီး။ တချို့တွေ မဖွင့်ပြောတာပဲရှိမယ်။ Social media မှာ မဖော်ပြတာပဲရှိမယ်။သူ့ဟာနဲ့သူ အနည်းနဲ့အများ ရိုက်ခက်မှုရှိတဲ့ သူကြီးပဲ။ ဒါတွေကို handle လုပ်နိုင်ဖို့ နည်းပညာတွေ၊ နည်းနာတွေနဲ့ အတွေးအခေါ် ပညာတွေ သုသေတနလုပ် သေသေချာချာလေ့လာဖြစ်တယ်။ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်တယ်။ငါ့ profession နဲ့ business အတွက်ပဲတည်ဆောက်နေလို့ မရဘူး။ ငါ့ကိုယ်ငါလဲ သေချာတည်ဆောက်ရမယ်။ ဒါနဲ့ ကိုယ့်ရဲ့ goal ကို တစ်ခုပဲထားလိုက်တယ်။ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်ဖို့။ ကျန်တာတွေ အကုန် ခေါင်းထဲကခဏ ထုတ်ထားလိုက်တယ်။ ဘာကြောင့်လဲဆို တချို့အရာတွေကိုကိုယ်က တိုက်ရိုက်လွမ်းမိုးလို့ရတယ်။တချို့အရာတွေကို ကိုယ်တိုက်ရိုက်သွားလွမ်းမိုးလို့မရဘူး။ ဒီတော့ အချိန်၊ အာရုံနဲ့ အလုပ် ဒီ ”အ” သုံးလုံးကို