အာရုံပျံ့လွင့်မှု
အာရုံပျံ့လွင့်မှုက အထပ်မြင့်ဥာဏ်တံခါးကိုဖွင့်ဖို့အတားအဆီးကြီးတစ်ခုပဲ။ Phyo Paing @ Derek
အာရုံပျံ့လွင့်မှုက အထပ်မြင့်ဥာဏ်တံခါးကိုဖွင့်ဖို့အတားအဆီးကြီးတစ်ခုပဲ။ Phyo Paing @ Derek
၁။ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းကိုယ်လိုက်နာရမယ်။ ၂။ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိရမယ်။ ၃။ လုပ်ရပ်တိုင်းက ရည်မှန်းချက်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ရမယ်။ ၄။ ဆုံးဖြတ်ချက်ကို ရဲရဲချရဲရမယ်။ ချီတုန်ချတုန်ဖြစ်မနေနဲ့။ ၅။ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်မြတ်နိုးရမယ်။ ၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမယ်။ ၇။ ဝေဖန်မှုတွေကို စိတ်ပိုင်းဆိုင်ရာအရ ကိုင်သွယ်နိုင်ရမယ်။ ၈။ ကိုယ့်စိတ်ကို နိုင်ရမယ်။ ၉။ ဒူပေဒါပေခံရမယ်။ ၁၀။ ချမ်းသာကြွယ်ဝမှုစစ်စစ်ကိုတည်ဆောက်ရမယ်။ ၁၁။ ကိုယ့်ကို အထောက်အပံ့ပြုမယ့်လူတွေနဲ့ ဝန်းရံရမယ်။ ၁၂။ အောင်စိတ်လိုတယ်။ အောင်စိတ်ဆိုတာ ကျဆုံးတာကိုခံရဲတာ။အောင်စိတ်ဆိုတာ အကောင်အထည်ဖော်ရဲတာ။အောင်စိတ်ဆိုတာ အလုပ်မဖြစ်တာကနေ သင်ခန်းစာယူပြီးအလုပ်ဖြစ်တာကို ဆက်လုပ်တာ။ အောင်စိတ်ဆိုတာ မလိုချင်တာ ဘူတာတွေပဲစဥ်းစားမနေပဲ၊လိုချင်တာတွေကိုအဓိကစဥ်းစားလုပ်ဆောင်တာ။ The 12-factors of business success စာအုပ်ကKEVIN HOGAN, DAVE LAKHANI, MOLLIE MARTI
လုပ်ငန်းတစ်ခုအတွက် စနစ် တစ်ခုပဲ အရေးအကြီးဆုံးဆိုတာတစ်ဝက်ပဲမှန်တယ်။ လုပ်ငန်းတစ်ခုဟာ စနစ်နဲ့ လူ နှစ်ခုနဲ့လည်ပတ်တာဖြစ်တယ်။ ဒါကြောင့် စနစ်တိုးတက်မှု (system development) နဲ့အတူဝန်ထမ်းတိုးတက်မှု (leadership development) လုပ်ဖို့လိုလာတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
လုပ်ငန်းတစ်ခုအတွက်
စနစ် တစ်ခုပဲ အရေးအကြီးဆုံးဆိုတာ တစ်ဝက်ပဲမှန်တယ်။ Read More »
ထီးနဲ့ ဖိနပ်မပါနွေခါမှ သိမယ်။ဒါနဲ့နဲ့ သီလမပါ သေခါမှ သိမယ်။ မားကတ်တင်းအသိဥာဏ်မပါဒေါ်လာစျေးတက်ခါမှ သိမယ်။စီးပွားရေး မသိပညာမပါရန်သူမျိုးငါးပါး ကြုံခါမှ သိမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
စီးပွားရေး မသိပညာမပါ
ရန်သူမျိုးငါးပါး ကြုံခါမှ သိမယ်။ Read More »
လူ့ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့တချို့”အယူအဆ” တွေကို လက်မခံပဲကိုယ်တိုင် ဥပဒေသထုတ်နေထိုင်တဲ့အခါဘဝမှာ တခါမှ မခံစားဖူးတဲ့ခံစားမှုတွေ နိစ္စဓူဝ ခံစားရလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်တဲ့ အယူအဆ၊စီးပွားရေးတဲ့ပတ်သက်တဲ့ အယူအဆ၊ကျန်းမာရေးနဲ့ ပတ်သတ်တဲ့အယူအဆ၊ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့အယူအဆ၊စိတ်ငြိမ်းချမ်းမှု ဘဝအတွက် စိတ်ကျေနပ်မှုspirituality နဲ့ ပတ်သက်တဲ့ အယူအဆ၊ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့အယူအဆ၊ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့အယူ။ ဒီအယူအဆတွေကို update လုပ်ပြီးတဲ့လောကကြီးကိုမြင်တဲ့ မှန်ဘီလူးကရှင်းလင်းနေပြီး ဘဝကြီးက မိုက်နေတယ်။ Phyo Paing @ Derek
ကိုယ်နေထိုင်ချင်တဲ့ ဘဝနေထိုင်မှုက”ရွေးချယ်မှု” ပဲ။ Read More »
သွားချင်တာအရှေ့အရပ်ပြေးနေတာ အနောက်အရပ်ဆိုရင်ပြေးလေ ဝေးလေပဲဖြစ်နေမှာ။ ဒီလိုမဖြစ်အောင် မဟာဗျူဟာကျတွေးခေါ်နိုင်မှုလိုတယ်။ Phyo Paing @ Derek
စိတ်ပါပါ မပါပါ လုပ်သင့်တာကို နေ့စဉ် လုပ်နေတာ စည်းကမ်းပဲ။ အလုပ်စည်းကမ်း ကျင့်ဝတ်လိုတယ်။အချောင်ရတိုင်း အချောင်ခိုရင်ကိုယ်ပါ ငပျင်းဖြစ်သွားမယ်။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ strong work ethic ရှိဖို့လိုတယ်။ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ရမယ်။ စိတ်မပါလို့၊ အသည်းကွဲလို့၊စိတ်ညစ်လို့၊ အာရုံမလာလို့ဆိုပြီးမလုပ်လို့ မရဘူး။ Discipline အရေးကြီးတယ်။ Discipline is Destiny ဆိုတာ ဒါကို ဆိုတာ။ Phyo Paing @ Derek
ကိုယ်လုပ်နေတဲ့လုပ်ငန်း၊ ဝင်ငွေကို “ဆယ်ဆ၊ အဆ တစ်ရာ” ကြီးဖို့ဆိုတာ လုပ်နေတာကိုပဲ ထပ်ခါထပ်ခါပိုကောင်းအောင် လုပ်နေရုံနဲ့မရဘူး။ တစ်လ ၁ သိန်းဝင်တဲ့သူက၁၀ သိန်းဝင်ဖို့၊ ၁၀ သိိန်းဝင်တဲ့သူက သိန်း ၁၀၀ ဝင်ဖို့သိန်း ၁၀၀ ဝင်တဲ့သူက သိန်း ၁၀၀၀ တင်ဖို့ ဒီလို ဖြစ်စဥ်တိုင်းမှာ လုပ်နေကျအရာတွေကိုပဲ ထိုင်လုပ်နေလို့မရဘူး။ ဘယ်အလုပ်ကို ဘယ်အချိန်မှာဘယ်လိုဆုံဖြတ်ပြီး ဘာလုပ်ရမယ်ဆိုတဲ့“အချိိန်ကိုက်” ဖြစ်ဖို့လိုတယ်။နောက် အကောင်အထည်ဖော်မှု “သေသပ်မှု”လိုတယ်။ ကြိုတင်ပြင်ဆင််မှုလိုတယ်။ ဒါကို “မဟာဗျူဟာ” လို့ခေါ်တယ်။ ဆိုက်ကားဆရာတွေကြားထဲမှာဆိုက်ကားနင်းတာ အမြန်ဆုံးဖြစ်ရင်အမြန်ဆုံး ဆိုက်ကားဆရာပဲဖြစ်မှာ။ ကိုယ်လုပ်နေတဲ့ “ကစားကွက်” ကိုလိုရင် လိုသလို ရွေ့တတ်ရမှာ။ ဒါက “မဟာဗျူဟာ” ပဲ။ Phyo Paing @ Derek
ဘဝမှာ လိုချင်တာရချင်ရင်စွမ်းဆောင်ရည် လေးမျိုးလိုတယ်လို့ထင်တယ်။ ၁။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ လိုချင်တာရဖို့ “မဟာဗျူဟာကျကျ တွေးနိုင်တဲ့စွမ်းရည်” ၂။ တစ်ဦးနဲ့တစ်ဦးပေါင်းသင်းဆက်ဆံပြောဆိုတဲ့“ခင်မင်းရင်းနှီးမှု တည်ဆောက်နိုင်မှုစွမ်းရည်” ၃။ လူအများကို ကိုယ့်အယူအဆ ပြောဆိုသိမ်းသွင်းနိုင်တဲ့ “လွမ်းမိုးနိုင်မှု စွမ်းရည်” ၄။ သတ်မှတ်ထားတဲ့ စီမံကိန်းတွေကို“သေသပ်စွာ အကောင်အထည်ဖော်နိုင်စွမ််း” Phyo Paing @ Derek
သစ်တစ်ပင်ခုတ်လို့ ၈ နာရီကြာမယ်ဆို၆ နာရီကို ပုဆိန်သွေးပြီး၂ နာရီကို သစ်ခုတ်မယ်တဲ့။ ဒါက လင်ကွန်းပြောခဲ့တာလေး။ လူတွေက တစ်နေ့တစ်နေ့သစ်ပင်တွေ ခတ်နေကြတယ်။ဓားတွေဖို့၊ ပုဆိန်သွေးဖို့၊နည်းပညာအသစ်တွေလေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay