လူတိုင်းမှာ အကန့်အသတ်တွေရှိတယ်။
လူတိုင်းမှာ အကန့်အသတ်တွေရှိတယ်။အချိန်၊ အင်နာဂျီ၊ အစွမ်းအစ။ဒါကြောင့် နေရာတိုင်းဝင်ပါလို့မရဘူး။ ရွေးချယ်မှု ပြုလုပ်ရတယ်။ငါဘာလုပ်မလဲ၊ ဘာမလုပ်ဘူးလဲ။ Phyo Paing @ Derek
လူတိုင်းမှာ အကန့်အသတ်တွေရှိတယ်။အချိန်၊ အင်နာဂျီ၊ အစွမ်းအစ။ဒါကြောင့် နေရာတိုင်းဝင်ပါလို့မရဘူး။ ရွေးချယ်မှု ပြုလုပ်ရတယ်။ငါဘာလုပ်မလဲ၊ ဘာမလုပ်ဘူးလဲ။ Phyo Paing @ Derek
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းလုပ်ဖို့အလွယ်ကူဆုံးက သူနဲ့ကိုက်တဲ့ business model ပါ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
အယူအဆတစ်ခုကအောင်မြင်တာက ကိုယ့်ထိန်းချုပ်မှုအောက်မရှိဘူး။တိုးတက်တာက ကိုယ့်ထိန်းချုပ်မှုအောက်ရှိတယ်။ဒါကြောင့် တိုးတက်တာကို ဦးစားပေးလိုက်တယ်။ Phyo Paing @ Derek
လူတွေရဲ့အလုပ်ပြီးတဲ့အဆင့်က မတူဘူး။ တချို့က ထလုပ်ဖို့ပျင်းအချိန်ဆွဲတဲ့အဆင့်။ တချို့က ထလုပ်တယ်အလုပ်မဖြစ်ဘူး။ တချို့က အလုပ်ဖြစ်တယ်။သက်ရောက်မှုမကြီးဘူး။ တချို့က သက်ရောက်မှုကြီးတယ်။ဒါကို နောက်တစ်ဆင့်မချဲ့နိုင်တယ်။ Phyo Paing @ Derek
“လွယ်ရင် လူတိုင်းလုပ်နေမှာပေါ့။”လုပ်ငန်းတည်ဆောက်ရေးဖြစ်စဉ်မှာခရီးစဉ်မှာ အခက်အခဲကြုံရင် ဒီစကားလေး ပြန်ပြောကြည့်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းလုပ်ဖို့ ဆယ်နှစ်အချိန်ပေးရမယ်ဆိုဒီဆယ်နှစ်အတွင်းဘာတွေ လုပ်ဆောင်မလဲ။ ၁။ ဦးဆောင်မှုပုံစံ၂။ ကုမ္ပဏီရဲ့ယဉ်ကျေးမှု၃။ လုပ်ငန်းရဲ့ မဟာဗျူဟာ၄။ လုပ်ငန်းရဲ့ စီးပွါးရေးပုံစံ၅။ ဝန်ထမ်းတွေ၆။ လုပ်ငန်းရဲ့လည်ပတ်မှုစနစ်၇။ ငွေကြေးစီမံမှုစနစ်၈။ အမှတ်တံဆိပ်တည်ဆောက်ခြင်း၉။ လူတွေကိုယ့်လုပ်ငန်းကို စိတ်ဝင်စားဖို့ မားကတ်တင်း၁၀။ အရောင်းစနစ်၁၁။ ကုန်ပစ္စည်းဝန်ဆောင်မှုအသစ်တီထွင်ထုတ်လုပ်မှု၁၂။ လုပ်ငန်းကို စီမံခန့်ခွဲတဲ့စနစ် ဒီစနစ်တချို့လိုမယ်။ ဒါကြောင့် လုပ်ငန်းကိုဖရိုဖရဲ ဖြစ်သလိုလည်ပတ်တာထက်ဒီဇိုင်းလုပ်ဖို့လိုမယ်။ အချိန်ကို ဆယ်နှစ်လောက်ကြာမယ်လို့စဉ်းစားကြည့်လိုက်ရင်စိတ်ရှည်လာလိမ့်မယ်။ နိုင်ငံတကာမှာတော့ လုပ်ငန်းသေးနဲ့အလယ်အလတ်အတွက်၆ လ နဲ့ ၂ နှစ် အချိန်ယူတယ်လို့အီးမစ်စနစ်က ဆိုတယ်။ ကျွန်တော်တို့ဆီမှာ နည်းနည်းပိုကြာနိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
လုပ်ငန်းတွေကို ရှေ့ရောက်စေတဲ့ဦးစားပေးသုံးချက် ၁။ ဝန်ထမ်းကောင်းတွေကို ပါတနာလိုစဥ်းစားတာ။၂။ ဒရာမာမရှိတဲ့ ကာချာ (No Drama Culture)၃။ တိုးတက်မှုဦးစားပေး (Personal Development first) Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
တချို့က လုပ်ငန်းရှင်ဖြစ်ချင်တယ်။တချို့က ပညာရှင်ဖြစ်ချင်တယ်။ဒီနှစ်ခုကိုလဲ ပေါင်းစပ်လို့ရနိုင်တယ်။ဘဝဆိုတာ နှစ်ခုထဲကတစ်ခုရွေးရတဲ့“Or” ဂိမ်းမဟုတ်ဘူး။ဘဝဆိုတာ “And” ဂိမျး။ Phyo Paing @ Derek
ကိုယ်မကြိုက်တဲ့အရာသူများကို မလုပ်နဲ့။ဒါက အခြေခံအကျဆုံးတန်ဖိုးထားမှု။ဒီတန်ဖိုးထားမှုမရှိရင်ကိုယ်ကျင့်တရား သံလိုက်အိမ်မြှောင်မရှိတဲ့အတွက်ကျင့်ဝတ်ပိုင်းဆိုင်ရာ ဒေဝါလီခံနိုင်တယ်။ ချစ်ခြင်းတရားမရှိတဲ့အခါဘဝက လျစ်လပ်မှုကြီးဖြစ်နိုင်တယ်။ ဒီနှစ်ခုကို နားမလည်တဲ့အခါဘဝမှာ လမ်းပျောက်နိုင်တယ်။ Without basic human values guiding us, we become morally bankrupt. Without love as our purpose, we become empty. Without understanding both of these, we become lost. Dr Milan La Brey (Back To Basics, 2014) Phyo Paing @ Derek