ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်။
လူတွေ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်လာတဲ့အခါကိုယ်လုပ်တဲ့အလုပ်ကို ပိုချစ်လာလိမ့်မယ်။ You do what you love.People love what you do. Then, you love what you do. Phyo Paing @ Derek
လူတွေ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်လာတဲ့အခါကိုယ်လုပ်တဲ့အလုပ်ကို ပိုချစ်လာလိမ့်မယ်။ You do what you love.People love what you do. Then, you love what you do. Phyo Paing @ Derek
ဒီ M နှစ်လုံးလိုတယ်။ ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့လိုတယ်။ ဒါကို Mastery လို့ခေါ်တယ်။ ဒီပညာရပ်ကို ငွေအနေနဲ့ပြန်ပြောင်းနိုင်ဖို့လိုတယ်။ဒါကို Monetization လို့ခေါ်တယ်။ ဒီလိုပြောင်းနိုင်ဖို့ ပထမအဆင့် လူတွေသိအောင်၊ အားပေးအောင်၊ အမာခံပရိသတ်ဖြစ်အောင်လုပ်ဆောင်ဖို့ မားကတ်တင်းအတတ်ပညာလိုတယ်။ ကိုယ့်လုပ်ငန်း ဒီထက်ကြီးပြီးလည်ပတ်မှုပိုင်းတွေ ကိုယ်ပါဝင်စရာမလိုပဲလည်ပတ်ဝင်ငွေဝင်ပြီးအံဝင်ဂွင်ကျဖြစ်နေဖို့ စီမံခန့်ခွဲမှုလိုတယ်။ Phyo Paing @ Derek
ဘဝက အဓိပ္ပာယ်မရှိသလို ခံစားရတဲ့သူတွေရှိတယ်။ ဒါက execution လို့ခေါ်တဲ့အကောင်အထည်ဖော်တဲ့အပိုင်းကိုစွဲလမ်းတဲ့သူတွေမှာ အထူးသဖြင့်ဖြစ်တယ်။ လိုချင်တာရဖို့ ၁။ မဟာဗျူဟာ Strategy ၂။ လွှမ်းမိုးမှု Influence၃။ ပေါင်းသင်းဆက်ဆံရေး Relationship ၄။ အကောင်အထည်ဖော်သေသပ်မှု Execution ဒီလေးခုကို ကောင်းကောင်းမွန်မွန်ရောစပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek
ပညာကို သေချာသင်ဖို့ပဲ။ ပညာသေချာတတ်တဲ့အခါ လောကကို နားလည်မယ်။နားလည်တဲ့အခါမှ သေချာ အရသာခံတတ်မယ်။ အသိပညာ၊ အတတ်ပညာဆိုတာ ပိုက်ဆံရှာဖို့တစ်ခုတည်းမဟုတ်ဘူး။ လောကကို နားလည်အရသာခံတတ်ဖို့။ သိမယ်၊ မြင်မယ်၊ နားလည်မယ်၊ အသုံးချတတ်မယ်၊ ဖန်တီးတတ်မယ်။ Phyo Paing @ Derek
ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးသုညက ပြန်စရမယ်ဆို ဘာတွေစလုပ်မလဲ? တချို့သူတွေရဲ့ ချမ်းသာကြွယ်ဝမှုကိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကပိုင်ဆိုင်မှု၊ ငွေဘယ်လောက်ရှိသလဲ။တချို့က သုညကနေ ဒီနေ့ရှိတဲ့ပိုင်ဆိုင်မှုပြန်ရအောင်ဘယ်လောက်မြန်မြန်ပြန်လုပ်နိုင်သလဲ။ Phyo Paing @ Derek
အသက်မွေးဝမ်းကြောင်းပညာရေးသင်ပေးတဲ့ Trade skills နဲ့ အဆင့်မြင့်ပညာရေး Higher education မှာဝင်ငွေမြန်မြန်ရချင်ရင် သင်ရမည့်အလုပ်က trade skill ပဲ။ အဲကွန်းပြင်တာ၊ လက်သမား။ သုံးလေးငါးလ၊ တစ်နှစ်နဲ့ ကျွမ်းကျင်ပြီးဝင်ငွေရှာလို့ရမည့်အရာ။ Higher education က အချိန်နဲ့ငွေပိုကုန်တယ်။ Phyo Paing @ Derek
ကိုယ့်အခြေပြု စီးပွားရေးမော်ဒယ်။ ကိုယ့်ကိုယ်ကို ဖောက်သည်တစ်ယောက်လို စဥ်းစားပြီးကိုယ့်အတွက် လိုအပ်တဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရှာဖွေဖန်တီးရင်းလုပ်ငန်းဖန်တီးလို့ရပါတယ်။ ဆေးကျောင်းပြီး career change ဖို့လုပ်ရင်းABE UK Graduate Diploma တက်ဖြစ်ပြီးစာသင်တာကို ဒီထက်ပိုကောင်းအောင်လုပ်လို့ရတယ်ဆိုတာ နားလည်လာပြီးYEC Learning Center လုပ်ဖြစ်တယ်။ ဒီက New Next University ဖြစ်လာတယ်။ ၂၀၀၈ နှစ်ကုန်လောက်မှာ iPhone 2G သူငယ်ချင်း ယူအက်ကပြန်လာတော့မိုက်တာနဲ့ ဝယ်လိုက်တယ်။ App အတွက် ကလိရင်းနဲ့ ကျွမ်းသွားတယ်။ အဲ့အချိန် ဖုန်းဆော့ဝဲတွေပြန်လုပ်ပေးရင်းနဲ့ဖုန်းဆိုင်ဖွင့်ဖြစ်သွားတယ်။ ဆိုင်ဖွင့်တော့ တိုင်ပတ်။ တိုင်ပတ်တာကို အဖြေရှာရင်းစီးပွားရေး စီမံခန့်ခွဲမှုလေ့လာဖြစ်တယ်။နောက်မားကတ်တင်း လေ့လာဖြစ်တယ်။နောက်ပိုင်း သင်တန်းဆရာဖြစ်လာတယ်။နောက် အကြံပေးဖြစ်ရင်းနဲ့ Covid-19 နောက်ပိုင်း Virtual Consultant ဖြစ်လာတယ်။ ကိုယ့်သင်တန်းတွေအတွက် website လုပ်learning management
ဘဝက တိုတိုလေး၊
ပျော်တာလုပ်၊
ပိုက်ဆံရတာလုပ်၊
တိုးတက်တာလုပ်၊
ဂုဏ်ယူရတာလုပ်။ Read More »
ပိုက်ဆံချမ်းသာချင်ရင် အကြွေးယူပြီး ငွေပွားလို့ရနိုင်တယ်။ စိတ်ချမ်းသာချင်ရင်အကြွေးယူတာ ရှောင်ဖို့လိုနိုင်တယ်။ အထူးသဖြင့် ပါဆင်နယ်အကြွေး။ Phyo Paing @ Derek
ကိုယ့်အတွေးတွေကိုနေ့စဥ်ချရေးကြည့်ပါ။ဒီကနေ ကိုယ့်ကိုယ်ကိုပိုသိလာနိုင်သလိုအတွေးတွေပိုရှင်းလာနိုင်တယ်။စာချရေးခြင်းစွမ်းပကားကိုလျော့မတွက်လိုက်ပါနဲ့။ Phyo Paing @ Derek
စွန့်ဦးတီထွင်တွေ လုပ်မိတဲ့အများဆုံးအမှားတစ်ခုကတော့စျေးကွက်ကိုပဲလေ့လာပြီးကိုယ့်ကိုယ်ကို မလေ့လာတာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay