December 2024

မေးခွန်းပြန်ထုတ်ဖို့

ရုံးကပေးတဲ့ အကောင်းဆုံးဝန်ထမ်းဆုကိုမက်ပြီးအလုပ်တွေကြိုးစားရင်းအလုပ်ထွက်ဖို့ မစဥ်းစားမိတော့ဘူး။ဒါက ကောင်းတာလဲမဟုတ်၊မကောင်းတာလဲမဟုတ်ဘူး။ ဘဝမှာလူတွေအသိအမှတ်ပြုတဲ့ ဘွဲ့တွေ၊ ဂုဏ်တွေနောက်လိုက်ရင်းကိုယ်ဘာကိုလိုချင်တယ်ဆိုတာသတိမထားမိတော့ဘူး။ဘဝရဲ့ ပုံပြင်တွေကြားထဲပိတ်မိပြီးသံသရာဆိုတာ မေ့ပြီးတစ်ဘဝစာ ခဏတာအတွက် မလုပ်သင့်တာတွေလုပ်မိတတ်တယ်။ ဘဝမှာ ကိုယ့်ရဲ့တပ်မက်စွဲလမ်းမှုတွေကိုမေးခွန်းပြန်ထုတ်ဖို့ အချိန်ပေးဖို့လဲ လိုသေးတယ်။ Phyo Paing @ Derek

မေးခွန်းပြန်ထုတ်ဖို့ Read More »

ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။

ဥာဏ်ရှိပြီး ပညာမရှိရင်လိုချင်တာ ရအောင်ယူနိုင်ပြီးရထားတာ လိုချင်အောင်လုပ်ဖို့ ခက်နိုင်တယ်။ ဥာဏ်ရည်မြင့်ပြီး စိတ်မထိန်းနိုင်သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ပညာရှိပြီး ဥာဏ်မရှိရင်ဘဝမှာ နေတတ်မယ်။ ရောင့်ရဲတတ်မယ်။ ပျော်တတ်မယ်။ ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားဖန်တီးနိုင်ဖို့ အခက်အခဲဖြစ်နိုင်တယ်။ ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။ Phyo Paing @ Derek

ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။ Read More »

သင်၊ မြင်၊ ပြင်ဖို့

ကိုယ့်ဘဝ၊ အလုပ်စီးပွါးပြဿနာကိုယ်ဖြေရှင်းနိုင်သလောက်ပဲတိုးတက်မှာပဲ။ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်တာမတွေးတတ်၊ မကြံတတ်၊ မလုပ်တတ်သေးလို့။ဒါကြောင့် သင်၊ မြင်၊ ပြင်ဖို့လိုတာ။သင်ယူ၊ အမြင်ဖွင့်၊ ပြင်သင့်ရင်ပြင်။ Phyo Paing @ Derek

သင်၊ မြင်၊ ပြင်ဖို့ Read More »

ကိုယ်လိုချင်တဲ့ဘဝကို
တည်ဆောက်နေတာ
ပိုပြီး လက်တွေ့ကျနိုင်တယ်။

တကယ်လို့ အသက် ၈၂ နှစ်ထိနေရရင်ရက်ပေါင်း ၃၀၀၀၀ နေရမယ်။ တိတိကျကျပြောရရင် ၈၂ နှစ်နဲ့  ၅၁ ရက်။ ဘဝဆိုတာ ရက်ပေါင်း ၃၀၀၀၀ နေရတဲ့ဂိမ်းတစ်ခုသာဆိုရင်ပထမ ရက်ပေါင်း ၁ သောင်းက အသက် ၂၇ နှစ်လောက်ထိနေရမယ်။ ဒုတိယ ရက်ပေါင်း ၁ သောင်းက အသက် ၅၅ နှစ်ထိ နေရမယ်။ တတိယ ရက်ပေါင်း ၁ သောင်းကအသက် ၈၂ ထိ နေရမယ်။ကိုယ်က ကံကောင်းရင်ကျန်းမာရေးလိုက်စားရင်နည်းနည်းပိုနေရကောင်းနေရမယ်။ ပထမ ၂၇ နှစ်ထိက လောကအကြောင်း၊လူတွေအကြောင်းနားလည်အောင် ပညာသင်၊အသည်းကွဲ၊ လေ့လာတဲ့အချိန်။ ဒုတိယ အသက် ၅၅ နှစ်ထိအရွယ်ကဘဝမှာ သန်မာပြီးငွေကြေးလဲမဆိုး၊အပေါင်းအသင်းလဲမဆိုးအကောင်းဆုံးအရွယ်။ တတိယအရွယ် ၅၅ ကျော်ကတော့ ကိုယ်သားသမီးနဲ့ နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းတဲ့အရွယ်ဖြစ်ကောင်းဖြစ်မယ်။ ပထမ

ကိုယ်လိုချင်တဲ့ဘဝကို
တည်ဆောက်နေတာ
ပိုပြီး လက်တွေ့ကျနိုင်တယ်။
Read More Âť

အမြဲယုံကြည်ထားတာတစ်ခုကတော့

2024 ကတော့ အတွေ့အကြုံအများဆုံး နှစ်တစ်နှစ်ပဲ။ ငယ်ငယ်ကတည်းက အိမ်မှာ အမြဲ မသေချာမှုတွေနဲ့ကြီးပျင်းလာတော့ဘဝမှာ ဖြစ်လာနိုင်ခြေရှိတဲ့အဆိုးဆုံးအရာတွေကို အမြဲစဥ်းစားထားတတ်တယ်။ ဖြစ်ချင်တော့ ဘဝမှာကအခွင့်အလမ်းတွေအပြင်အဆိိုးအန္တရာယ်တွေကလဲတစ်လှည့်စီလာတယ်။ အမြဲယုံကြည်ထားတာတစ်ခုကတော့“နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေလို့မရဘူး။” Phyo Paing @ Derek

အမြဲယုံကြည်ထားတာတစ်ခုကတော့ Read More »

ဘောင်ပြင်ထွက်ဖို့က
အရင်ဘောင်ဝင်ဖို့လိုတယ်။

ဘောင်ဝင်ပြီးမှ ဘောင်ပြင်ထွက်။ ဘဝမှာ ဘောင်ဝင်ဖို့ငယ်စဥ်ကလေးဘဝကတည်းကတတ်သိပညာသင်ရတယ်။ အသက်လေးရလာတော့လူ့ဘောင်ဝင်ဖို့ အသက်မွေးမှုအလုပ်နဲ့ ငွေကြေးရှာဖွေအသိုင်းအဝိုင်းထဲဘောင်ဝင်ဖို့လုပ်ရတယ်။ ဘောင်ပြင်ထွက်ဖို့က အရင်ဘောင်ဝင်ဖို့လိုတယ်။ စနစ်တစ်ခု ဘယ်လိုအလုပ်လုပ်လဲမသိဘဲဒီစနစ်ကို မတူအောင်ဖန်တီးနိုင်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

ဘောင်ပြင်ထွက်ဖို့က
အရင်ဘောင်ဝင်ဖို့လိုတယ်။
Read More Âť

ဘဝရဲ့ ဥပဒေသ

ဘဝမှာ လူတိုင်းကကိုယ့်အတွက် အရေးကြီးမှုမတူဘူး။အရေးပါမှု မတူဘူး။အကန့်တွေမတူဘူး။ ကိုယ့်အကန့်ကိုယ်သိရင်ဘဝက ဘယ်သူ့ကိုဘယ်နေရာထားရမလဲသိလာမယ်။ လူတွေရဲ့အထင်အမြင်ရဲ့အရေးပါမှုကလဲလူတစ်ယောက်နဲ့တစ်ယောက်မတူဘူး။ ဒါကြောင့်အရေးမပါတာ အရာမပေးတာဘဝရဲ့ ဥပဒေသ တစ်ခုလိုထားတာကောင်းတဲ့အချက်ပဲ။ Phyo Paing @ Derek

ဘဝရဲ့ ဥပဒေသ Read More »

အတွေး၊ အကြံ၊ အလုပ်
မှန်ကန်ဖို့လိုတယ်။

အောင်မြင်မှုထက် တိုးတက်မှုအရေးကြီးတယ်။အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲတိုးတက်မှုဆိုတဲ့ အိမ်ငှားခပေးရတယ်။ ဒါကြောင့် တိုးတက်နေဖို့ ပထမလိုတယ်။ ဒီလို တိုးတက်ဖို့ ဗုဒ္ဓဆို ဆုံးမတဲ့ မဂ္ဂင်ရှစ်ပါးမှာတစ်ပါးဖြစ်တဲ့သမ္မာဝါယာမ (မှန်ကန်သော အားထုတ်မှု)လိုတယ်။ သမ္မာဝါယာမ (မှန်ကန်သော အားထုတ်မှု) ဆိုတာ၁။ မဖြစ်သေးသော အကုသိုလ်တရားများ မဖြစ်အောင် ကြိုးစားခြင်း၂။ ဖြစ်ပြီးသော အကုသိုလ်တရားများ ပယ်ဖျောက်ရန် ကြိုးစားခြင်း၃။ မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်အောင် ကြိုးစားခြင်း၄။ ဖြစ်ပြီးသော ကုသိုလ်တရားများ တိုးပွားအောင် ကြိုးစားခြင်းဖြစ်တယ်။ ဒါတွေဖြစ်ဖို့ အတွေး၊ အကြံ၊ အလုပ်မှန်ကန်ဖို့လိုတယ်။ ကောင်းတာတွေး၊ ကောင်းတာကြံ၊ကောင်းတာလုပ်။ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ်
မှန်ကန်ဖို့လိုတယ်။
Read More Âť

အစွမ်းအစတွေ တိုးတက်နေဖို့ နေ့စဉ်သတိပြုဖို့လိုတယ်

ဘဝကြီးအထာကျတယ်ဆိုတာဒုက္ခမရှိတာ မဟုတ်ဘူး။ဒုက္ခအပေါ်မြင်တဲ့အမြင်ပြောင်းသွားတာ။ဘဝဆိုတာ ရှိနေသမျှဒုက္ခက ရှိနေမှာပဲ။လိုချင်တာကို ရအောင်ယူနိုင်တဲ့အစွမ်းအစရှိတဲ့အခါဒုက္ခက နည်းသွားမယ်။ဒါကြောင့် ဘဝမှာ အစွမ်းအစတွေတိုးတက်နေဖို့ နေ့စဉ်သတိပြုဖို့လိုတယ်။ Phyo Paing @ Derek

အစွမ်းအစတွေ တိုးတက်နေဖို့ နေ့စဉ်သတိပြုဖို့လိုတယ် Read More »

ဥာဏ်ရည်အမျိုးမျိုးရှိတယ်

ဥာဏ်ရည်အမျိုးမျိုးရှိတယ်။ကျောင်းစာတစ်ခုတည်းနဲ့ တော်တယ်၊ မတော်ဘူးပြောလို့မရပါဘူး။ Multiple Intelligence (ဗဟုဉာဏ်ရည်) အကြောင်းနည်းနည်းပြောပြပါရစေ။ Multiple Intelligence (ဗဟုဉာဏ်ရည်) ဆိုတာ Harvard တက္ကသိုလ်က ပါမောက္ခ Howard Gardner က တီထွင်ခဲ့တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ လူတွေမှာ မတူညီတဲ့ ဉာဏ်ရည်အမျိုးအစားတွေ ရှိနိုင်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ Gardner ရဲ့ သီအိုရီအရ အဓိက ဉာဏ်ရည်အမျိုးအစား ၈ မျိုး ရှိပါတယ်: ၁။ ဘာသာစကားဆိုင်ရာ ဉာဏ်ရည် (Linguistic Intelligence) စကားပြောဆိုခြင်း၊ စာရေးခြင်းမှာ ကျွမ်းကျင်တယ်ဘာသာစကားတွေကို လွယ်ကူစွာ သင်ယူနိုင်တယ် ၂။ သင်္ချာနဲ့ယုတ္တိဆိုင်ရာ ဉာဏ်ရည် (Logical-Mathematical Intelligence) သင်္ချာပုစ္ဆာတွေ၊ ယုတ္တိရှိရှိ တွေးခေါ်မှုတွေမှာ တော်တယ်စနစ်တကျ စဉ်းစားတတ်တယ် ၃။ အမြင်အာရုံဆိုင်ရာ ဉာဏ်ရည်

ဥာဏ်ရည်အမျိုးမျိုးရှိတယ် Read More »