June 2026

move on လုပ်နိုင်မှ
ပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။

လွတ်မြောက်ဖို့ လွတ်ချဖို့လိုတယ်။ အလုပ်မဖြစ်တော့တာ၊ ကိုယ့်အတွက် အကျိုးမရှိတော့တာ၊ အနာဂတ်အတွက် အရေးမပါတော့တာကို တာ့တာပြ move on လုပ်နိုင်မှပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။ Phyo Paing @ Derek

move on လုပ်နိုင်မှ
ပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။
Read More »

၅ ဆပိုမြန်အောင် လေ့လာနည်း စနစ် (၇) ဆင့်

အချက်အလက်တွေ လျှံပယ်နေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ AI ကို မေးရုံတင်မကဘဲ ကိုယ့်ရဲ့ ဦးနှောက်ထဲမှာ ရေရှည်မှတ်မိပြီး လက်တွေ့အသုံးချနိုင်မယ့် “၅ ဆပိုမြန်အောင် လေ့လာနည်း စနစ် (၇) ဆင့်” အကြောင်းကို ဒီဗီဒီယိုမှာ အသေးစိတ် မျှဝေပေးထားပါတယ်။ ဒီဗီဒီယိုထဲမှာ 💡 AI Guided Learning ကို သုံးပြီး (၃၀) ရက်စာ Learning Roadmap စနစ်တကျ ဆွဲနည်း 💡 လေ့လာသမျှကို Mind Map နဲ့ စနစ်တကျ ပြန်ချုံ့နည်း 💡 “The best way to learn is to teach” — မေ့မသွားအောင် ပြန်လည်မျှဝေခြင်းရဲ့ လျှို့ဝှက်ချက် 💡 မိမိရဲ့

၅ ဆပိုမြန်အောင် လေ့လာနည်း စနစ် (၇) ဆင့် Read More »

ခေတ်အပြောင်းအလဲမှာ
နောက်ကျမကျန်ခဲ့ဖို့လဲ
လေ့လာအားထုတ်ဖို့လိုပြန်တယ်။

ဒီနေ့ခေတ်ဘဝကို တည်ဆောက်ဖို့က ထင်သလောက်မလွယ်ဘူး။ ၁။ ပိုက်ဆံနဲ့ ဘဝတည်ဆောက်ရတယ်၂။ အလုပ်အကိုင်နဲ့ ဘဝတည်ဆောက်ရတယ် ၃။ ပညာနဲ့ ဘဝတည်ဆောက်ရတယ်၄။ အချစ်နဲ့ ဘဝတည်ဆောက်ရတယ်၅။ အပေါင်းအသင်းနဲ့ဘဝတည်ဆောက်ရတယ်၆။ ဒါတွေလုပ်ဆောင်ဖို့ ကျန်းမာနေဖို့လိုတယ် ၇။ နောက်ခေတ်နောက်မကျဖို့ကလဲ အမြဲလေ့လာနေဖို့လိုတယ်။ ပိုက်ဆံရဖို့ အလုပ်အကိုင်ကောင်းဖို့လိုတယ်။ အလုပ်အကိုင်ကောင်းဖို့ ပညာလိုတယ်။ ဒါတွေအဆင်ပြေပြီး အချစ်ရေး (မိဘ၊ သားသမီး၊ သမီးရည်းစားလင်မယား)အဆင်မပြေရင်လဲ ဘဝကအဆင်မပြေတဲ့အတွက် အချစ်ရေးကလဲ အရေးကြီးတယ်။သာရေးနာရေး ဆက်သွယ်ရေးအတွက်အပေါင်းအသင်းရေးရာ social ကလဲ အရေးကြီးပြန်တယ်။ ဒါတွေရဲ့ထောက်တိုင် ကျန်းမာရေးနဲ့ခေတ်အပြောင်းအလဲမှာ နောက်ကျမကျန်ခဲ့ဖို့လဲလေ့လာအားထုတ်ဖို့လိုပြန်တယ်။ Phyo Paing @ Derek

ခေတ်အပြောင်းအလဲမှာ
နောက်ကျမကျန်ခဲ့ဖို့လဲ
လေ့လာအားထုတ်ဖို့လိုပြန်တယ်။
Read More »

ကိုယ့်အတွက်
အရေးပါတာကို အရာပေးဖို့လိုတယ်။

လူဆိုတာ အကန့်အသတ်ရှိတယ်။ အချိန်၊ စွမ်းအင်၊ အာရုံ။ ဒါကြောင့် ကိုယ့်အချိန်၊ စွမ်းအင်၊ အာရုံကို ဘယ်မှာပဲသုံးမယ်ဆိုတာ ကပ်စေးနဲဖို့လိုတဘ်။ ဒါမှပဲ ကိုယ်တည်ဆောက်ချင်တဲ့ကြီးကျယ်ခမ်းနာတဲ့အရာတွေတည်ဆောက်လို့ရမှာ။ အုတ်ရောရောကျောက်ရောရောဘဝကကျော်လွှားချင်ရင်အချိန်၊ စွမ်းအင်၊ အာရုံကို ချွေတာပြီး ကိုယ့်အတွက်အရေးပါတာကို အရာပေးဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အတွက်
အရေးပါတာကို အရာပေးဖို့လိုတယ်။
Read More »

ဒီဓာတ်ကို အတွေးတွေ၊
လူတွေ၊ နေရာတွေကလွမ်းမိုးနေတယ်။

ဘဝမှာ တစ်ယောက်တည်းအေးအေးချမ်းချမ်းနေချင်တိုင်းအေးအေးချမ်းချမ်းဖြစ်တာမဟုတ်ဘူး။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့အများကြီးဆိုင်တယ်။ ဘေးနားကလူတွေရဲ့ ဓာတ်ကကိုယ့်အပေါ်လွမ်းမိုးမှုကြီးတယ်။ တချို့နေရာတွေက မင်္ဂလာဓာတ်ရှိတယ်။တချို့နေရာတွေက အမင်္ဂလာဓာတ်ရှိတယ်။ ဒါကို နေရာတစ်ခုကိုသွားရုံနဲ့လူတွေခံစားရတတ်ကြတယ်။ ဒီဓာတ်ကို အတွေးတွေ၊ လူတွေ၊ နေရာတွေကလွမ်းမိုးနေတယ်။ Phyo Paing @ Derek

ဒီဓာတ်ကို အတွေးတွေ၊
လူတွေ၊ နေရာတွေကလွမ်းမိုးနေတယ်။
Read More »

အာရုံမထားခြင်း
ဂရုမစိုက်ခြင်းဖြစ်နိုင်တယ်။

တခါတလေ အကောင်းဆုံးအပြစ်ပေးခြင်းက အာရုံမထားခြင်းဂရုမစိုက်ခြင်းဖြစ်နိုင်တယ်။ ကိုယ့်ရဲ့အဖိုးတန်တဲ့အာရုံတွေကို အဖိုးမတန်တဲ့သူတွေကို ပေးမနေပါနဲ့။ Phyo Paing @ Derek

အာရုံမထားခြင်း
ဂရုမစိုက်ခြင်းဖြစ်နိုင်တယ်။
Read More »

Scale

Scale မရှိဘဲ သူဌေးမဖြစ်ဘူး။Scale ဆိုတာ ချဲ့ထွင်နိုင်စွမ်း။လူများများကိုရောင်းလေကုန်ကျစရိတ်နည်းသွားလေဒါကို Scale လို့ခေါ်တယ်။ များများထုတ် များများရောင်းနိုင်လို့ကုန်ကျစရိတ်သက်သာသွားတာ။များများကြော်ငြာနိုင်လို့လူများများသိ များများဝယ်တစ်ယောက်ချင်းလာဝယ်ယူမှုကြော်ငြာစရိတ်နည်းသွားတာ။လူများများခန့်၊ အလုပ်များများပြီးစီမံခန့်ခွဲမှုကုန်ကျစရိတ်သက်သာသွားပြီးအမြတ်ငွေတိုးလာတာ။နည်းပညာအသုံးချနိုင်မှုကြောင့်ကုန်ကျစရိတ်ကျသွားပြီးထုတ်လုပ်မှုမြင့် အမြတ်များလာ။ဆိုင်များများဖွင့်လူများများဝယ်တဲ့အတွက်အမြတ်များများရတာ။ ဒီလိုလုပ်ဖို့လုပ်ငန်းကအဆင့်သုံးဆင့်ကိုဖြတ်သန်းခဲ့ရတယ်။ စတင်ခြင်း startကြီးထွားခြင်း speed upစနစ်ချခြင်း Systemize ပြီးမှချဲ့ထွင်ခြင်း scaleရှယ်ယာအများပြည်သူကိုရောင်းချခြင်ရ sell စီးပွါးရေးလုပ်တဲ့အခါစီးပွါးရေးပညာသင်ယူဖို့လိုတယ်။မားကတ်တင်းလုပ်တဲ့အခါမားကတ်တင်းပညာသင်ယူဖို့လိုတယ်။ Phyo Paing @ Derek

Scale Read More »

မသိတဲ့အရာတွေကိုတပည့်ခံတတ်ဖို့လဲလိုသေးတယ်။

အလုပ်ပဲလုပ်နေလို့မရဘူး။တိုးတက်ရေးအတွက်လဲစာဖတ်၊ သင်တန်းတွေတက်၊Event မျှဝေပွဲတွေသွား၊​သက်ဆိုင်ရာနယ်ပယ်ကပညာရှင်တွေနဲ့ စကားပြောကြည့်၊ကိုယ်လုပ်နေတဲ့ လုပ်ပုံလုပ်နည်းတွေကိုပြောင်းလဲကြည့်။ဒါမှ တိုးတက်လာမှာ။ ကိုယ်ကကြီး အမြဲဆရာလုပ်နေလို့မရဘူး။မသိတဲ့အရာတွေကိုတပည့်ခံတတ်ဖို့လဲလိုသေးတယ်။ Phyo Paing @ Derek

မသိတဲ့အရာတွေကိုတပည့်ခံတတ်ဖို့လဲလိုသေးတယ်။ Read More »

ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။

ကိုယ်တစ်ယောက်တည်းတော်လို့မဟုတ်ဘူး။ အောင်မြင်တယ်၊တိုးတက်တယ်ဆိုတာအထောက်အပံကောင်းလို့။ ဒီနေ့ခေတ် မိဘတွေကသားသမီးတွေကိုငွေကုန်ခံပြီး ပညာသင်ပေးတာကအထောက်အပံ့တစ်ခုဖြစ်စေချင်လို့။ ကိုယ့်မိဘတွေရဲ့ genes မျိုးရိုးဗီဇ၊မိဘတွေရဲ့ အထောက်အပံ၊ပံ့ဝန်းကျင်ရဲ့အထောက်အပံ့၊ချစ်သူရည်းစား လင်မယားရဲ့နားလည်ပံ့ပိုးမှု၊ဆရာသမားတွေရဲ့ပံ့ပိုးမှု၊ကိုယ်နေထိုင်တဲ့နေရာရဲ့ပံ့ပိုးမှုဒီအချက်တွေအပေါ်အများကြီးမူတည်တယ်။ ဘဝမှာ အသက်အရွယ်တစ်ခုထိရွေးချယ်လို့မရခဲ့တာတွေရှိမယ်။​အသက်အရွယ်တစ်ခုရောက်တဲ့အခါရွေးချယ်လို့ရတဲ့ သေးသေးလေးကစလို့အကြီးကြီး ရွေးချယ်မှုတွေလုပ်လို့ရတာရှိမယ်။ အဖေ၊ အမေကို ရွေးလို့မရဘူး။ငယ်ဘဝဖြတ်သန်းမှုကိုရွေးချယ်ဖို့မလွယ်ကူဘူး။ဒါပေမယ့် ဘဝမှာဘယ်မှာနေမယ်၊ ဘယ်သူတွေနဲ့တွေ့မယ်၊ဘယ်လိုအတွေးအခေါ်မျိုးတွေးမယ်ဒါတွေက ရွေးချယ်လို့ရတယ်။တွေးခေါ်၊ ကြံစည်၊ လုပ်ဆောင်လို့ရတယ်။ တခါတလေ တချို့တွေကပညာအထောက်အပံ့နဲ့မျိုးရိုးဗီဇ အလုံအလောက်မကောင်းတဲ့အခါပညာသင်ရခက်တာ၊ကိုယ်လိုချင်တဲ့ရလဒ်ရဖို့လိုအပ်တဲ့ IQ မရှိတာဒါမျိုးလဲဖြစ်နိုင်တယ်။ လူတစ်ယောက် အောင်မြင်တယ်ဆိုတိုင်းအထင်အရမ်းကြီးဖို့မလိုသလို၊ညံ့နေတယ်ဆိုတာကလဲသူမကြိုးစားလို့ မဟုတ်တာလဲဖြစ်နိုင်တယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။ Phyo Paing @ Derek

ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။ Read More »