Dr. Phyo Paing

https://yec.company

ဘယ်သူ့မှာ ပြဿနာတွေအတွက်
စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့

ကွန်ကျိုးမှာ သူဌေးကမန်နေဂျာ အယောက်တစ်ရာကိုခေါ် ပြီး မီတင်လုပ်တယ်။ ငါတို့မှာ ပြဿနာဘာတွေရှိလဲဟေ့ဆိုတော့တစ်ယောက်ပြီးတစ်ယောက်လက်ထောင်ပြီး အလုအယက်ပြောဖို့လုပ်ကြတယ်။ ဘယ်သူ့မှာ ပြဿနာတွေအတွက်စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့အယောက် ၂၀ လောက်ပဲ ကျန်တော့တယ်။ ဘယ်သူတာဝန်ယူဖြေရှင်းနိုင်လဲဆိုတော့ဆယ်ယောက်လောက်ပဲ ကျန်တယ်။ အရည်အချင်းရှိတဲ့ မန်နေဂျာဟုတ်မဟုတ် ၁။ လိုချင်တာပဲ အဓိကစဉ်းစားလားဖြစ်အောင်လုပ်ဖို့ကြံဆလား။မလိုချင်တာပဲ ခဏခဏစဉ်းစားစိတ်တိုင်းမကျဖြစ်နေလားနဲ့ သိနိုင်တယ်။ ၂။ ဆင်ခြေတွေပဲပေးနေတာလား။ရလဒ်တွေ ယူလာလားနဲ့ ကြည့်တယ်။Reason or Result တစ်ခုပဲရမယ်။ ၃။ ကိုယ့်ကိုယ်ကို တာဝန်ယူသလား။အပြစ်တင်တတ်သလားနဲ့ ကြည့်လို့ရတယ်။ ၄။ ပြဿနာဖြေရှင်းနည်းဘယ်လောက်စွမ်းလဲနဲ့ သိနိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဘယ်သူ့မှာ ပြဿနာတွေအတွက်
စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့
Read More »

တကယ်ဆိုရင် Grit ပဲလိုတယ်

တကယ်ဆို Grit ပဲလိုတယ်။Grit (ဂရစ်) ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း။ Talent ပါရမီတစ်ခုတည်းနဲ့မရဘူး။Talent x Effort = Skillပါရမီ x ကြိုးစားအားထုတ်မှု = ကျွမ်းကျင်မှု Skill x Effort = Achievementကျွမ်းကျင်မှု x ကြိုးစားအားထုတ်မှု = ဆွတ်ခူးမှု ဒါကတော့ ပရော်ဖက်ဆာAngela Duckworth ရဲ့ ကမ္ဘာ့အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Grit က ဖြစ်တယ်။ ပါရမီပါပြီး ဘာမှ ဖြစ်မလာတာတွေအများကြီးပဲ။ကျွမ်းကျင်မှုရှိပြီး တစ်ဝက်တစ်ပျက်နဲ့ဘားမှဖြစ်မလာတာတွေအများကြီးပဲ။ ဆွတ်ခူးမှု ဆုတံဆိပ်တွေနဲ့အောင်မြင်မှုတွေအတွက်တကယ်ဆိုရင် Grit ပဲလိုတယ်။ Phyo Paing @ Derek

တကယ်ဆိုရင် Grit ပဲလိုတယ် Read More »

လျစ်လျူရှုမှု အနုပညာက
တော်တော်လေး အရေးကြီးတယ်။

ကိုယ်နဲ့အတွေးအခေါ်မတူကိုယ့်အကျိုးစီးပွားလဲမထိခိုက်ရင်လျစ်လျူရှုတယ်။ လျစ်လျူရှုမှု အနုပညာကတော်တော်လေး အရေးကြီးတယ်။ Boycott လုပ်တယ်ဆိုတာလျစ်လျူရှုခြင်းတစ်မျိုးပဲ။ ကိုယ်နဲ့မဆိုင်တာကို အာရုံတွေပေးဖို့အချိန်နဲ့ စွမ်းအင်တွေကိုအလဟဿ အသုံးမပြုဘူး။ ကိုယ်ခံယူထားတဲ့ ဥပဒေသတစ်ခုကMYOB ပဲ။Mind Your Own Business ၁။ ကိုယ်အကောင်းဆုံး ဗားရှင်းဖြစ်ရမယ်။၂။ ကိုယ့်သားသမီးနဲ့ မိသားစုအကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၃။ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၄။ ကိုယ်နဲ့ သိတဲ့သူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၅။ ကိုယ်နေထိုင်တဲ့နေရာကသူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။ ကိုယ်ကူညီပေးနိုင်တဲ့သူမဟုတ်ရင်တော့ထားခဲ့လိုက်တယ်။ ကိုယ့်ကိုယ်ကိုကောင်းအောင်မလုပ်ပဲတခြားသူကို ကူညီပေးဖို့မလွယ်ကူဘူး။ ကိုယ်မသိတဲ့အရာတစ်ခုကိုတခြားသူကို သင်ပေးဖို့ဆိုတာလဲမဖြစ်နိုင်ဘူး။​ Phyo Paing @ Derek

လျစ်လျူရှုမှု အနုပညာက
တော်တော်လေး အရေးကြီးတယ်။
Read More »

မဟာဗျူဟာချမှတ်တဲ့အခါလဲ
စဥ်းစားပုံ အရေးကြီးတယ်။

ဆယ်တန်းတုန်းက စာမေးပွဲကတစ်လလောက်ပဲလိုတော့တယ်။စာတွေကလဲ မရသေးဘူး။ဂုဏ်ထူးကလဲ ထွက်ချင်တယ်။ ပထမဆုံးလုပ်ရတာကဘာတွေကို အဓိကထားလုပ်မလဲ။Circle အခန်း ၈ ထိလေ့လာတယ်။သူ့နောက် အခန်း ၁၂ differentiation ထိကတစ်မှတ်တန် Learner’s Choice ပဲကြည့်တယ်။​နောက် Bio ကို အခန်းငါးလားမသိဘူးယုန်အခန်းကပဲ စကြည့်တယ်။​သူ့အရှေ့ အပင်အကြောင်းတွေကနည်းနည်းလောက်ပဲကြည့်တယ်။ ဒီလိုပဲ အမှတ်ပေးစည်းမျဥ်းသိတဲ့အခါအရာရာလွယ်ကူသွားတယ်။ ဘဝမှာ ကိုယ်လိုချင်တဲ့ရလဒ်ရဖို့အရေးကြီးတာတွေကို သိဖို့လိုတယ်။အရေးမပါတဲ့ အရာတွေကိုအရာပေးနေလို့မရဘူး။ မဟာဗျူဟာချမှတ်တဲ့အခါလဲစဥ်းစားပုံ အရေးကြီးတယ်။ နှစ်ထောင်ပေါင်းများစွာကတည်းကအသုံးချတဲ့ Aristotle တို့စဥ်းစားတဲ့First Principle Thinking ကိုအဓိက စဥ်းစားကြည့်တယ်။ Content Marketing လုပ်ဖို့အတွက်idea တွေစဥ်းစားရမယ်။စာတွေရေး၊ video တွေဖန်တီး၊Content calendar လုပ်ဒါတွေ အကုန်လုံးလုပ်စရာမလိုပဲအဓိက အကျဆုံးတစ်ခုကဘာလဲ။ စီးပွားရေးလုပ်တဲ့အခါလဲကျန်တဲ့ အပိုင်းတွေ အကုန်ဖြုတ်လိုက်။အဓိကအကျဆုံးတစ်ခုဆို ဘာဖြစ်မလဲ။ The One Thing လို့ပြောလဲရတယ်။​ မဟာဗျူဟာချမှတ်တဲ့အခါFirst

မဟာဗျူဟာချမှတ်တဲ့အခါလဲ
စဥ်းစားပုံ အရေးကြီးတယ်။
Read More »

ကျွန်တော့်ရဲ့ အကောင်းဆုံးတစ်ရက်တာဖြစ်ဖို့
တစ်ရက်မှာ လေးခုဖြစ်ဖို့လိုတယ်

၁။ သင်ယူခြင်း Learning၂။ စဥ်းစားခြင်း Thinking၃။ စမ်းသပ်ခြင်း Experimenting၄။ မျှဝေခြင်း Sharing ဒီလေးခုစလုံးကနေ ဝင်ငွေပြန်ရှာမလဲစဥ်းစားတယ်။ဒါကိုတော့ Monetize your moments လို့ခေါ်လိုက်တယ်။ မနက်စာဖတ်တယ်။ဒါကို video ရိုက် Toe Tet Insidernote လုပ်Subscription ပြောင်းတယ်။ ဒါပြီးစဥ်းစားခြင်းလုပ်ဆောင်ဖို့နေ့စဥ် Coaching လုပ်ပြီးClient ကို Thinking Partner လုပ်ပေးတယ်။ ဒါပြီးရင် ကိုယ်စမ်းသပ်ချင်တဲ့နည်းပညာနဲ့ ပတ်သက်တဲ့အပိုင်းBiohacking အပိုင်းတွေ စမ်းသပ်တယ်။ဒီကမှ Akyanpay .com တို့၊Dream Lab တို့၊ Insidernote App တို့ထွက်လာတယ်။နောက် business model အသစ်နဲ့creative investing လုပ်တဲ့စနစ်တွေစမ်းကြည့်တယ်။​ နောက်ပြီး ညပိုင်းကို စာသင်တယ်။တချို့အိုင်ဒီယာရတဲ့အချိန်တွေမှာစာရေးတယ်။ နေ့တိုင်းက အလုပ်လုပ်နေတာမဟုတ်ဘူး။ဂိမ်းဆော့နေသလိုပဲ။ဒီလိုဖြစ်ဖို့ ဘဝကို သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။​ဒါကို

ကျွန်တော့်ရဲ့ အကောင်းဆုံးတစ်ရက်တာဖြစ်ဖို့
တစ်ရက်မှာ လေးခုဖြစ်ဖို့လိုတယ်
Read More »

ဒီနေ့မှာ ကိုယ်မျှော်မှန်းထားတဲ့

ဒီနေ့မှာ ကိုယ်မျှော်မှန်းထားတဲ့အကောင်းဆုံးအရာတွေက ဘာတွေလဲ? ၁။ မျှော်မှန်းထားတဲ့ ရလဒ်၂။ ကိုယ့်မသိစိတ် (ယူနီဗာ့) က မက်ဆေ့၃။ မဖြစ်မနေပြီးအောင်လုပ်ချင်တဲ့အလုပ်တွေကဘာတွေဖြစ်မလဲ? Phyo Paing @ Derek

ဒီနေ့မှာ ကိုယ်မျှော်မှန်းထားတဲ့ Read More »

စွမ်းဆောင်ရည်မြင့်ဖို့အတွက်
ရန်သူက ကျန်းမာရေးပဲ

စွမ်းဆောင်ရည်မြင့်ဖို့အတွက်ရန်သူက ကျန်းမာရေးပဲ။မကျန်းမာရင် ကျန်တာအကုန်လုပ်လို့မရတော့ဘူး။ ဒီကျန်းမာရေးအတွက်က၁။ အစားအသောက်၂။ လေ့ကျင့်ခန်း၃။ အိပ်စက်အနားယူမှု၄။ စိတ်နဲ့ ကိုယ်အပန်းဖြေမှု၅။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုဂရုစိုက်ဖို့လိုလာတယ်။ Phyo Paing @ Derek

စွမ်းဆောင်ရည်မြင့်ဖို့အတွက်
ရန်သူက ကျန်းမာရေးပဲ
Read More »

အရေးအကြီးဆုံးက “အချိန်” မဟုတ်ဘူး

အောင်မြင်ဖို့အတွက်အရေးအကြီးဆုံးက “အချိန်” မဟုတ်ဘူး။“အကြိမ်ရေ”။ အင်္ဂလိပ်စာတတ်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ။သူငယ်တန်းကတည်းက သင်လာတာ။၁၂ နှစ်မကတော့ဘူး။အရေးကြီးတာ ဘယ်နှစ်ကြိမ်ဖတ်သလဲ။ဘယ်နှစ်ကြိမ်ရေးသလဲ။ဘယ်နှစ်ကြိမ်ပြောသလဲ။ စီးပွားရေးလုပ်တဲ့အခါလဲ အလားတူပဲ။အလုပ်မဖြစ်တဲ့ အကြိမ်ရေတွေကသင်ခန်းစာယူတဲ့အခါလိုချင်တာရဖို့ ပိုပိုနီးစပ်သွားတယ်။ ဒါကို ဒီနေ့ခေတ် စွန့်ဦးတီထွင်တွေ၊မားကတ်တင်းသမားတွေ၊နည်းပညာသမားတွေကiterative process လို့ခေါ်တယ်။ တစ်ခါလုပ်တယ်။သင်ခန်းစာယူတယ်။ပိုကောင်းအောင်ပြန်လုပ်တယ်။Eric Ries ရဲ့ The Lean Startup Methodology အရဆိုBuild – Measure – Learn ပေါ့။တည်ဆောက် – တိုင်းတာ – သင်ယူဒါကို ထပ်ခါထပ်ခါလုပ်။ Phyo Paing @ Derek

အရေးအကြီးဆုံးက “အချိန်” မဟုတ်ဘူး Read More »

ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်း

နေ့တိုင်းစာတွေတင်လှချည်လား။ဟုတ်တယ်။နေ့တိုင်း စာတွေရေးပြီးလက်သွေးနေတာ။ရေးတာပိုကောင်းအောင် လေ့ကျင့်နေတာ။ စဥ်းစားကြည့်ကြည့်။၁။ ကိုယ်ရေးထားတာကို တင်လို့ရတယ်။၂။ လူတွေရဲ့ တုန့်ပြန်မှုကို အချိန်နဲ့ တပြေးညီရတယ်။၃။ ပြင်စရာတွေ ပြန်ပြင်တယ်။ စာလုံးပေါင်းမှားတယ်ဆိုရင် ပြန်ပြင်လိုက်တယ်။အင်္ဂလိပ်လိုများတယ်ဆို မြန်မာလိုပဲရေးတယ်။ ဘဝဆိုတာ လူတွေပေးတဲ့ ကောင်းတဲ့အကြံတွေပေါ်ပြင်ဆင်ပြီး ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းတည်ဆောက်တဲ့ ဖြစ်စဥ်ပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်း Read More »

အတွေး၊ အကြံ၊ အလုပ်မှာ
အရေးအကြီးဆုံးက အတွေး။

လူတစ်ယောက်က တစ်ရက်ကိုအတွေးပေါင်း ၅၀၀၀၀ ကနေ ၇၀၀၀၀ ကြားနေ့စဥ်တွေးနေကြလို့ဆိုတယ်။အဲ့ထဲမှာ ၉၀% က မနေ့ကအတွေးတွေပဲ။ ဘယ်အရာတွေက ဒီအတွေးတွေကိုလွမ်းမိုးနေလဲ? ၁။ ယုံကြည်မှု၂။ တန်ဖိုးထားမှု၃။ ဘဝဖြတ်သန်းမှုဖြစ်စဥ်မှ မှတ်ဥာဏ်၄။ ဆုံးဖြတ်ချက်ချတဲ့ပုံစံ (metaprograms)၅။ ဘဝမှာထားရှိတဲ့ ဥပဒေသ၆။ ကိုယ့်ကိုယ်ကို ပြောနေတဲ့ဘာသာစကား၇။ အထင်အမြင် ဒီအချက်တွေကို သိရှိပြီးအပြောင်းအလဲလုပ်နိုင်ရင်လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲ နိုင်တယ်။ ဘာကြောင့်လဲဆိုတော့စိတ်သာရှင်စောဘုရားဟောဆိုတဲ့မြန်မာဆိုရိုးရှိသလိုစိတ္တေန နီယတိ လောကဆိုပြီးစိတ်သည်လောကကို ဦးဆောင်၏ဆိုပြီးကြားဖူးပါလိမ့်မယ်။ ဗုဒ္ဓက စိတ်သည် အဖြူထည်စိတ်ကို စေတသိက်တွေလွမ်းမိုးတယ်။ဒီ စေတသိက် mental factors၅၂ ပါးသည် စိတ်ကိုခြယ်လှယ်နေတယ်။ ဒီစေတသိတ် ၅၂ ပါးဟာစိတ်ကိုလွမ်းမိုးပြီးအတွေး၊ ခံစားချက်၊ အကြံ၊ အလုပ်တွေကိုလွမ်းမိုးနေတယ်။​ ဒါကြောင့် လောကီမှာ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖန်တီးဖို့အတွက်ဒီ စေတသိတ်တွေကို hacking လုပ်ဖို့လိုတယ်။ ဒီလို လုပ်ဖို့အတွက်ယုံကြည်မှု (thoughts

အတွေး၊ အကြံ၊ အလုပ်မှာ
အရေးအကြီးဆုံးက အတွေး။
Read More »