Dr. Phyo Paing

https://yec.company

သံသရာဆိုတာ

သံသရာဆိုတာ အဆုံးမသတ်တဲ့အပိုင်းဆက် ဇာတ်ကားရှည်ပါပဲ။ သံသရာကို ယုံရင် ဒီနေ့ပိုင်ဆိုင်ထားတဲ့အရာကရေပွတ်ပမာ ခဏတာပါပဲ။မျက်စိတစ်မှိတ် လျပ်တဖျက်မှာအရာရာ ပြောင်းလဲသွားမှာပဲ။ လောကဓံရဲ့ စမ်းသပ်မှုတွေကြားကသံသရာထဲက လွတ်ရာမြောက်ကြောင်းအတွက်နေ့စဉ် စိတ်ထားတတ်အောင်လေ့ကျင့်ယူနေကြတဲ့ပုထုဇဉ် လူတွေကြီးပဲ။ ပုထုဇဉ်မို့ မပြီးပြည့်စုံသေးတာသဘာဝပါပဲ။ ဒီနေ့ ကိုယ့်ရန်သူကို မတရားသဖြင့်အမှုန့်ခြေလိုက်ရလို့ပျော်နေပေမယ့်သံသရာတစ်ပတ် ပြန်လာတဲ့အခါကိုယ့်ဖက်က အဆင်သင့်ဖြစ်ဖို့လိုတယ်။ ကံ ကံ၏အကျိုးဆိုတာလောက နိယာမတစ်ခုပဲ။ လောကနိယာမက ဘယ်သူ့ကိုမဆိုမျက်နှာ မလိုက်ဘူး။ ယတြာခြေတယ်ဆိုတာ ကံဇာတာအဆိုးတွေကိုဆိုင်းငံ့ဖို့ လုပ်ဆောင်တာနဲ့ တူနိုင်သလိုအနာဂတ်ကံကို အငှါးသုံးတာနဲ့ တူနိုင်တယ်။ လောကဓံရဲ့ စမ်းသပ်မှုတွေကြားသံသရာလွတ်ကြောင်းအတွက်နေ့စဉ် လေ့ကျင့်နေပါတယ် မြတ်ဗုဒ္ဓလို့ပဲ တခါတခါ နှလုံးသွင်းမိတယ်။ Phyo Paing @ Derek

သံသရာဆိုတာ Read More »

ဘဝဆိုတာ သံသရာထဲကတစ်ဖြတ်လို့ စဉ်းစားကြည့်ကြည့်။

ဒီနေ့လုပ်နေတဲ့အရာတွေကဒီဘဝမှာ အရာမထင်ခဲ့ရင်တောင်သံသရာ ကားပိုင်းရှည်ထဲကနောက်အဖြတ်တွေမှာ အကျိုးပေးနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓက မှန်ကန်တဲ့အမြင်အရေးကြီးတယ်လို့ ဟောကြားခဲ့တယ်လို့ဖတ်မှတ်မိတယ်။ မြန်မာစကားမှာ “ငါကံမကောင်းဘူး” ဆိုတာ“ငါ့ ကံရဲ့အကျိုးကောင်း မလာသေးဘူး” လို့ဆိုလို့ရနိုင်တယ်။ ကံ ကံ၏ အကျိုးဆိုတာ ဗုဒ္ဓအဆုံးအမအရသက်ဝင်ယုံကြည်ထားတယ်။ လောကီရေးရာအတွက် ကံသုံးပါးဖြစ်တဲ့မနောကံ ကို အသုံးပြုပြီးအနာဂတ်ကိုစိတ်ကူးပုံဖော်တဲ့Creative visualization ကျင့်သုံးတယ်။ ဝဇီကံကို အသုံးပြုပြီးကိုယ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့အနာဂတ်အမြင်ကို ခဏခဏပြောတယ်။Public announcement လုပ်တယ်။ ကာယကံကို အသုံးပြုပြီးကိုယ်ဖြစ်ချင်တာတွေဖြစ်လာဖို့နေ့စဉ်ဖြစ်မြောက်အောင် လုပ်ဆောင်တယ်။အကောင်အထည်ကို မြန်မြန်ဖော်တယ်။အလုပ်မဖြစ်တာတွေကို ထားခဲ့တယ်။အလုပ်ဖြစ်တာတွေကို ဆက်လုပ်တယ်။ကံအကျိုးမြန်မြန်ပေးအောင်အကောင်အထည်ဖော်တဲ့ မြန်နှုန်းSpeed of implementation ကိုတင်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ သံသရာထဲကတစ်ဖြတ်လို့ စဉ်းစားကြည့်ကြည့်။ Read More »

ဒီလို စဥ်းစားကြည့်။

မိတ်ဆွေမှာ သိစိတ်ရှိတယ်။နောက်တစ်ခုက မသိစိတ်ရှိတယ်။အမှတ်စာရင်းကို ခန္ဓာကိုယ်ကြီးမှာဖော်ပြတယ်။ သိစိတ်မှာ အသိရှိတယ်။ဆုံးဖြတ်ချက်တွေကို သတိနဲ့ချတယ်။သတိရှိတဲ့ အသိကိုအသုံးပြုပြီးမသိစိတ်ကို ထိန်းကြောင်းရတယ်။ မသိစိတ်က မှန်တယ်မှားတယ်မသိဘူး။သူ့ထဲထည့်ထားတဲ့ သတင်းအချက်အလက်အတွေ့အကြုံတွေ အတိုင်းလုပ်ဆောင်တာပဲ။ ငယ်ဘဝအတွေ့အကြုံတွေ၊လေ့လာခဲ့တဲ့အရာတွေ၊အဖြစ်အပျက်တွေ၊ စိတ်ခံစားမှုတွေ ဒါတွေအားလုံးပေါင်းစပ်ထားတဲ့ ပရိုဂရမ်တစ်ခုလို့ယူဆကြည့်။ စားနေကျအချိန်မှာ စားချင်တယ်။လုပ်နေကျအရာကို လုပ်နေကျအချိန်မှာလုပ်ချင်တယ်။ကောင်းတာဆိုးတာတွေ မသိဘူး။ အတိတ်ရဲ့ အမူအကျင့်တွေ ရောသမမွေထားတယ်။ ကိုယ်က အဲ့ဒီမသိစိတ်ကို ဖြစ်သလိုထားလိုက်တယ်ဆိုခန္ဓာကိုယ်ကြီးမှာ ဖြစ်သလိုအမှတ်စာရင်း လာဖော်ပြလိမ့်မယ်။ ကျန်းမာကြံ့ခိုင်ရေး၊ စီးပွားရေး၊ဝင်ငွေ၊ လူမှုရေး၊ အချစ်ရေး၊ မိသားစုရေးရာ၊ စိတ်ငြိမ်းချမ်းရေးဒါတွေ အကုန်လုံးက အမှတ်စာရင်းပဲ။ မိတ်ဆွေရဲ့ ပရိုဂရမ်အလုပ်လုပ်တာကောင်းတဲ့ဖက်သွားနေလား၊ ဆိုးတဲ့ဖက်သွားနေလား၊သတိလေးကပ်ပြီးကိုယ်ရဲ့သိစိတ်နဲ့ ပြန်လည်ချိန်ဆရတတ်တယ်။ Phyo Paing @ Derek

ဒီလို စဥ်းစားကြည့်။ Read More »

ဘဝသာတိုက်ပွဲဆိုရင်

ကိုယ်ရဲ့ အခြေစိုက်စခန်း base ကိုသေချာရွေးချယ်ရမှာပဲ။ နောက် ကိုယ့်ရဲ့အားသာချက်တွေကိုအခြေပြု မဟာဗျူဟာရေးဆွဲရမှာပဲ။ Game plan ရှိရမှာပဲ။ပြတ်သားတဲ့ အနာဂတ်အမြင်ရှိရမှာပဲ။ နောက် စိတ်ရှည်ရမှာပဲ။နေ့စဥ် လေ့ကျင့်နေရမှာပဲ။နေ့စဥ် လေ့လာရမှာပဲ။ နေ့စဥ်ကိုယ့်ကိုအောင်မြင်မှုတွေဆွတ်ခူးပေးမည့် team ကိုတည်ဆောက်ရမှာပဲ။ စိတ်ဓာတ်ရေးရာကြံ့ခိုင်ရမှာပဲ။ Phyo Paing @ Derek

ဘဝသာတိုက်ပွဲဆိုရင် Read More »

အမှန်တရားက တော်တော်လေးခါးတယ်။

ကိုယ်ရောက်နေတဲ့ ဘဝပေးအခြေအနေထက် ကျော်လွန်အောင်လုပ်နိုင်တာကိုယ်ထားတဲ့ စံနှုန်းပဲ။အမှန်တရားက တော်တော်လေးခါးတယ်။ Phyo Paing @ Derek

အမှန်တရားက တော်တော်လေးခါးတယ်။ Read More »

အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။

အလုပ်လုပ် ပိုက်ဆံရှာပြီးရှာတဲ့ ပိုက်ဆံနဲ့ လွတ်မြောက်ရာစိတ်အပန်းဖြေလို့ရတယ်။ ကိုယ့်အတွက် လွတ်မြောက်မှုဖြစ်တဲ့ အလုပ်ကိုလုပ်ပြီး လွတ်လပ်မှုလဲရှာငွေလဲရှာလို့ရနိုင်တယ်။ အလုပ်ဆိုတာ လွတ်မြောက်မှုတစ်ခုပဲ။တချို့လူတွေအတွက် အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Phyo Paing @ Derek

အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Read More »

လွတ်မြောက်မှုလိုတယ်

တချို့အတွက် အောင်မြင်တယ်ဆိုတာကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ချင်တဲ့အချိန်၊လုပ်ချင်တဲ့နေရာမှာဖန်တီးလုပ်ကိုင်နေရတာပဲ။ ဒီလိုလုပ်ဖို့ လွတ်မြောက်မှုလိုတယ်။ လူတွေက လူတွေကိုငွေဆိုတဲ့အရာနဲ့ ချုပ်နှောင်စေခိုင်းထားတတ်တယ်။ လွတ်မြောက်မှုအတွက် ငွေကြေးလိုတယ်။ Phyo Paing @ Derek

လွတ်မြောက်မှုလိုတယ် Read More »

ကိုယ်ကို ထိန်းချုပ်ခြင်း

Self-discipline စည်းကမ်းနဲ့ပတ်သက်လာရင် ၁။ နေ့စဥ်သတ်မှတ်ထားတာကိုမဖြစ်မနေလုပ်တဲ့ action list ပါတယ်။ ကျွန်တော်က To-do list ဆိုတဲ့စကားလုံးကို မကြိုက်ဘူး။ Action list ဆိုတာ ပိုကြိုက်တယ်။To-do ဆိုတော့ လုပ်ဖို့လိုနေသေးတယ်အဲ့ခံစားချက်ကြီး အမြဲခံစားရတယ်။ ၂။ နေ့စဥ် မလုပ်မည့်အရာ Not-to-do list ဆိုတယ်။ လုပ်မည့်အရာကို လုပ်ဆောင်ဖို့မာန်နတ်တွေဖြစ်တဲ့ အချိန်ဆွဲခြင်း procrastination စိတ်မပါပျင်းရိခြင်း lazinessဒါတွေကို ကျော်လွှားရတယ်။ နောက် မလုပ်သင့်တာမလုပ်မိဖို့ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်းself-control လိုတယ်။ Phyo Paing @ Derek

ကိုယ်ကို ထိန်းချုပ်ခြင်း Read More »

ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရေး

Personal Development ဆိုတာ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်တာပဲ။ စဥ်းစားကြည့်။ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကြောင်းအလုပ်တွေပြုစုပျိုးထောင်တယ်။ လုပ်ငန်းအောင်မြင်ရေးအတွက်ဝန်ထမ်းတွေစီမံ၊ဖောက်သည်တွေနဲ့ဆက်ဆံ၊ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဝယ်ယူထုတ်လုပ် ဖြန့်ချီတယ်။ လုပ်ငန်းတိုးတက်ရေးလုပ်တယ်။ အခြေခံအကျဆုံးက ကိုယ့်ကိုယ်ကို ပျိုးထောင်တာပါ။ ဒါကမြေဇီလွှာပေါ်ရှိတဲ့မျိုးစေ့နဲ့တူတယ်။နေ့စဥ် ရေလောင်းပေးဖို့လိုတယ်။ဒါမှ အပင်သန်မယ်။ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရေးPersonal development ကစတယ်။နောက်မှ အသက်မွေးဝမ်းကြောင်းကျွမ်းကျင်မှုပြုစုပျိုးထောင်ရေးProfessional development လာတယ်။နောက်မှ အလုပ်အကိုင်စီးပွားရေးပြုစုပျိုးထောင်ရေးလာတယ်။Business development. ဘူနေတဲ့လုပ်ငန်းရှင်ရဲ့လုပ်ငန်းကလဲဘူနေဖို့များတယ်။ ဒါကြောင့် Personal Development နဲ့စဖို့လိုတယ်။ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ကိုယ်ကိုတောင်မသိရင်တခြားသူတွေလဲ လုပ်ဆောင်ပေးလို့မရဘူး။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရေး Read More »