လူတိုင်းက ရောက်နေတဲ့ level မတူကြဘူး။
၃၁ ဘုံလိုပဲ လုပ်ငန်းမှာလဲလူတိုင်းက ရောက်နေတဲ့ level မတူကြဘူး။ အထက်ကိုတက်ပြီး လွတ်မြောက်မှုရရမှာကိုယ့်တာဝန်။ Credit to Roger Hamilton #Akyanpay
၃၁ ဘုံလိုပဲ လုပ်ငန်းမှာလဲလူတိုင်းက ရောက်နေတဲ့ level မတူကြဘူး။ အထက်ကိုတက်ပြီး လွတ်မြောက်မှုရရမှာကိုယ့်တာဝန်။ Credit to Roger Hamilton #Akyanpay
创业 စွန့်ဦးတီထွင်မှုဆိုတာ အသွေးအသားထဲ စီးဆင်းနေတဲ့သူတွေရှိတယ်။ကိုယ်လိုချင်တာတွေ ဖြစ်လာဖို့စွန့်စားဦးစီးတီထွင် ပြီး စျေးကွက်ကလက်ခံအောင်လုပ်ရမှာ ကိုယ့်တာဝန်ပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
စနစ်ဆိုးက လူကောင်းကိုပျက်စီးစေနိုင်တယ်။ လူဘယ်လောက်ကောင်းကောင်းစနစ်မကောင်းရင် ပျက်တာပဲ။ ဒါကို အက်ဝေါ့ဒင်းမင်းကA bad system can beat a good person every time တဲ့။ စနစ်က အဖြေပဲ။ စနစ်အထက်မှာ ဒီဇိုင်းဆိုတာရှိတယ်။ ကာလံဒေသံနဲ့ ကိုက်ညီပြီးအနာဂတ်သွားချင်တဲ့ လမ်းကြောင်းနဲ့ကိုက်ညီအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။ ဘာတွေကို ဒီဇိုင်းလုပ်မလဲ? ဖွဲ့စည်းမှုပုံစံ Structure ကိုအရင်ဆုံးဒီဇိုင်းလုပ်ရတယ်။ ဖွဲ့စည်းမှုပုံစံဆိုတာ ကျောရိုးတစ်ခုပဲ။ ဒီကျောရိုးပေါ်မူတည်ပြီး လုပ်ငန်းဆောင်တာတွေ၊ ဖြစ်စဥ်တွေ လည်ပတ်တာ။ စနစ် System ဆိုတာကျတော့ဥပမာဗျာ ကိုက်မုန့်ဖုတ်မယ်ဆိုပါတော့၁။ မုန့်ဖုတ်မည့်နည်းလိုမယ်၂။ လူလိုမယ်၃။ ပန်ကန်းပြား၊ ဇွန်း၊ ဒယ်အိုးအစရှိတာလိုမယ်၄။ ဆောင်ရန်၊ ရှောင်ရန်တွေလိုမယ်။ စနစ်တစ်ခုမှာ Policies, Process နဲ့ Procedure လိုမယ်။ ဥပမာ Policies စည်းကမ်းမှာဆို
အချစ်ဆိုတာ ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေခြင်းဖြစ်စဉ်။ စီးပွါးရေးဆိုတာ ဂိမ်းတစ်ခုလိုပဲ။ကိုယ်ပျော်တဲ့အလုပ်တွေလုပ်ရင်းအိမ်မက်တွေ အကောင်အထည်ဖော်ဖို့။ အသက်မွေးဝမ်းကြောင်းပညာဆိုတာကိုယ့်စူပါပါဝါ။ အချိန်ဆိုတာ တန်ဖိုးအရှိဆုံးအရင်းအမြစ်။ အသိပညာဆိုတာ နားလည်ဖို့။အတတ်ပညာဆိုတာ အသုံးချတတ်ဖို့။ဥာဏ်ပညာဆိုတာ အသစ်ဖန်တီးနိုင်ဖို့။ Phyo Paing @ Derek
လူတိုင်းက လိုချင်တာရတာမဟုတ်ဘူး။ကိုယ်နဲ့ ထိုက်တန်တာကိုပဲရတာ။ လိုချင်တဲ့ရလဒ်ရဖို့ တန်ရာတန်ကြေးတော့ ပေးဆပ်ရတယ်။ ဥာဏ်ပညာရဖို့၊ကျန်းမာကြံ့ခိုင်ရေး၊ ငွေရေးကြေးရေး၊ စိတ်ကြံ့ခိုင်ရေး။ တန်ရာတန်ကြေးရှိတယ်။ Phyo Paing @ Derek
လကမ္ဘာပေါ် တစ်နေ့သွားနိုင်ရမယ်။ ဒီကောင် အရူးပဲ။အရူးကို အင်္ဂလိပ်လို lunatic လို့လဲခေါ်တယ်။ Luna ဆိုတာ လ။လမ္ဘာပေါ်ရောက်အောင်သွားမယ်။ဒါဆို ဒီကောင်အရူး။He is a lunatic. ဒါ ဆရာတစ်ယောက်ပြောဖူးတဲ့အဓိပ္ပာယ်။ လူအများမဖြစ်နိုင်ဘူးထင်တာကိုဖြစ်နိုင်တယ်ထင်တဲ့ တချို့သူတွေကိုအရူးလို့ ခေါ်ခဲ့တတ်ကြဖူးတယ်။ ဒီအရူးတွေကြောင့်ပဲလေပေါ်ပျံနိုင်တဲ့ လေယာဉ်တွေပေါ်လာတယ်။စမတ်ဖုန်းတွေပေါ်လာတယ်။ ကိုယ့်ကို ဆွဲချချင်တဲ့ အတွေးအခေါ်ရှိသူတွေကိုသေချာဂရုပြုဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ကို ဆွဲချချင်တဲ့ အတွေးအခေါ်ရှိသူတွေကို
သေချာဂရုပြုဖို့လိုတယ်။ Read More »
အမြင့်မတူရင်အမြင်မတူနိုင်ဘူး။ စာတော်တဲ့ကလေး စာအပေါ်အမြင်နဲ့ချာတူးလန်ရဲ့အမြင် မတူနိုင်ဘူး။ Phyo Paing @ Derek
ကိုယ့်အတွက် မဖြစ်နိုင်တဲ့အရာကသူများအတွက် ဖြစ်နေနိုင်တာမျိုးများဖြစ်နေမလား။ ဟင်နရီဖို့ပြောသလိုဖြစ်နိုင်မယ်လို့ထင်ထင်၊မဖြစ်နိုင်ဘူးလို့ထင်ထင်၊မင်းမှန်တယ်တဲ့။ ဒါကြောင့် ကိုယ်လိုချင်တဲ့ရလဒ်ရဖို့မဖြစ်နိုင်ဘူးလို့ လုံးဝယုံကြည်ထားသူတွေနဲ့ခဏခဏ မတွေ့မိအောင်နေတယ်။ အိုင်ဒီယာတွေ ကူးမှာစိုးလို့။ ဖြစ်အောင် ဒီအချက်အလက်တွေ သတိထားနဲ့၊မဖြစ်နိုင်ဘူးဆိုတာနဲ့က မတူကြဘူး။ Phyo Paing @ Derek
ဖြစ်အောင် ဒီအချက်အလက်တွေ သတိထားနဲ့၊ မဖြစ်နိုင်ဘူးဆိုတာနဲ့က မတူကြဘူး။ Read More »
ဘဝကို ဖရိုဖရဲဖြစ်ပြီး ပြိုလဲသွားစေနိုင်တဲ့ဘေးချော်နေတဲ့ အတွေးအခေါ်တွေကိုအရေးပေါ်ပြင်ဖို့လိုတယ်။ Phyo Paing @ Derek
ပလန်ထားတဲ့အတိုင်း အကုန်ဖြစ်ရအောင်ဘဝက မအေးအေးဝင်းစီစဉ်တာမှ မဟုတ်တာ။ ပလန်တဲ့အတိုင်းမဖြစ်ရင်ဖြစ်လာတဲ့အတိုင်း ပြန်ပလန်ရမှာပဲ။ ပလန်ထက် အရေးကြီးတာ ပလန်နင်း။ တချို့ပလန်က တမင်တကာချမှတ်ရတဲ့Deliberate planတချို့ပလန်က မီးစင်ကြည့်ကရတဲ့Emergent plan ပထမ ပလန်မဖြစ်ခဲ့ရင်ပလန်ဘီကိုစဉ်းစားတာကိုကျContigency plan ဝေဒနာနဲ့ မဆုံးဖြတ်ပဲအရင်ရခဲ့ဖူးတဲ့ရလဒ် ဒေတာနဲ့အဖြေရှာတဲ့အခါပြောပြမရတဲ့ လောကသဘာဝရဲ့မြေပြင်အနေအထားတွေကိုဝေဝါးမှုတွေကြားက သိလာမယ်။ ရှင်သန်ဖို့၊ ရှင်ကျန်ဖို့၊ ကြီးထွားဖို့ကပလန်နေရမှာပဲ။အကောင်အထည်ဖော်နေရမှာပဲ။ အောင်မြင်မှုဆိုတာ အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။ ကံကောင်းပြီး အလကားရတာ ဘားမှမရှိတဲ့ဘဝသမား ရည်မှန်းချက်ကြီးသူတွေအတွက် အဟိတ်အဟန်တွေကြားမှာအနာဂတ်အတွက်ကြိတ်ကြံနေရမှာပဲ။ဒါမှ ကိုယ်လိုချင်တဲ့ဘဝရဲ့ နိဗ္ဗာန်နဲ့ ပိုနီးလာမယ်။ Phyo Paing @ Derek
အောင်မြင်မှုဆိုတာ
အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။ Read More »