Dr. Phyo Paing

https://yec.company

ဘဝကို နောက်တစ်ကြိမ်
စရမှာ မကြောက်တာ
ကောင်းတဲ့အချက်ရှိတယ်။

အကြောက်တရား နည်းသွားတာ။ ကိုယ့်ရဲ့ တစ်ကိုယ်ရည်ဘဝ၊ အလုပ်အကိုင်နဲ့ စီးပွားရေးမှာ အဆင်မပြေတာတွေကို ထိုင်စိတ်ညစ်နေမည့်အစားနောက်တစ်ကြိမ် အသစ်စဖို့စဥ်းစား လုပ်ဆောင်မိတာအကောင်းဆုံးအချက်တစ်ချက်ပဲ။ Personal Life မှာဆိုအချစ်ရေး၊ အိမ်ထောင်ရေး၊ ဘဝနေထိုင်မှုပုံစံ။ Professional Life မှာဆို ယူတဲ့ဘွဲ့၊ တတ်ခဲ့တဲ့ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းပြုတဲ့အရာတွေ။ Business Life မှာဆို စတင်ခဲ့တဲ့အလုပ်၊ အသုံးချချင်တဲ့ စီးပွားရေးမော်ဒယ်ပုံစံ၊ဝန်ဆောင်မှုပေးချင်တဲ့ ဖောက်သည်ပုံစံ၊လုပ်ငန်းတည်ဆောက်မှုပုံစံ။ အသစ်တဖန် အစက ပြန်စဖို့ကြောက်နေလို့မရနိင်ဘူး။ ဘဝဆိုတာ iterative process တစ်ခုပဲ။ အဆင်မပြေရင် ထပ်ခါထပ်ခါပြန်လည်မွမ်းမံ ပြုပြင်ရတာပဲ။ လိုအပ်ရင် လမ်းကြောင်းပြောင်း၊ဘဝကို နောက်တဖန် ပြန်ဖန်တီးReinvention လုပ်ဖို့လိုတတ်တယ်။ ကိုယ့်ရဲ့ အကောင်းဆုံး ဗားရှင်းမတည်ဆောက်နိုင်ရင်တခြားသူတွေကိုလဲ အကောင်းဆုံးဗားရှင်းတည်ဆောက်ရေးမှာကူညီပေးနိုင်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

ဘဝကို နောက်တစ်ကြိမ်
စရမှာ မကြောက်တာ
ကောင်းတဲ့အချက်ရှိတယ်။
Read More »

စွန့်လွှတ်ခြင်း အနုပညာ

The art of letting go လူတွေကို စိတ်ညစ်စေတဲ့တစ်ခုကတွယ်တာတာ။ တွယ်တာတာနဲ့ ဆန့်ကျင်တာ စွန့်လွတ်ခြင်း။ ဘဝမှာ အလုပ်မဖြစ်တဲ့ ကိုယ့်အချိန်ကို အလစ်ဖြုတ်နေတဲ့အမူအကျင့်တွေကို စွန့်လွတ်ရဲဖို့လိုတယ်။ ကိုယ့်ရဲ့ အလုပ်မဖြစ်တဲ့ အတွေးအခေါ်တွေကို စွန့်လွတ်ရဲဖို့လိုတယ်။ ဘဝမှာ ကိုယ့်ကို ဘယ်လိုမှ အကျိုးမပြုစိတ်ဒုက္ခပါရောက်စေတဲ့ လူတချို့ကိုစွန့်လွတ်ရဲဖို့လိုတယ်။ ပြန်ပေးလို့မရနိုင်လောက်တဲ့သူတွေကိုတချိန်ပြန်ပေးရင်ရမှာပဲဆိုတဲ့ စိတ်စွန့်လွတ်ရဲဖို့လိုတယ်။ ဘဝဆိုတာ စွန့်လွတ်ခြင်းဂိမ်းတစ်ခုဖြစ်နိုင်တယ်။ မဟုတ်လဲ တချိန်ကိုယ့်ခန္ဓာကြီးကို စွန့်ခဲ့ရမှာပဲ။ Phyo Paing @ Derek

စွန့်လွှတ်ခြင်း အနုပညာ Read More »

စဥ်းစားရဲဖို့လိုတယ်။

လူတစ်ယောက်ကို ထိန်းချုပ်ဖို့မစဥ်းစားရဲအောင်လုပ်ကြတယ်။ ၁။ မသိအောင်လုပ်တယ်။ မစဥ်းစားမိအောင် သတင်းအချက်အလက်တွေကန့်သတ်တယ်။ ၂။ အပြစ်ပေးတယ်။ ပြောဆိုမိရင်၊ ရေးသားမိရင်အပြစ်ပေးတယ်။ ၃။ ဝေဖန်ရှုံ့ချတယ်။ လူတစ်ယောက်ကို မဖြစ်နိုင်ဘူးဝေဖန်ရှုံ့ချပြီး ဒီအတွေး မတွေးရဲအောင်လုပ်တယ်။ ဘာကြောင့် ဒီလိုလုပ်ကြလဲ?၁။ ထိန်းချုပ်လို့မရတော့မှာ စိုးရိမ်လို့။၂။ ကိုယ့်ထက်ကျော်သွားမှာစိုးလို့။ ၃။ သဘောတရားကို သေချာနားမလည်လို့။ ဒါကြောင့် လောကမှာကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့သူတိုင်းကို သတိနဲ့ ဆက်ဆံဖို့လိုတယ်။ Phyo Paing @ Derek

စဥ်းစားရဲဖို့လိုတယ်။ Read More »

Flow state ဆိုပြီး ခေါ်ကြတယ်။

ကိုယ်အကြိုက်ဆုံး music လေးနားထောင်ပြီးကိုယ်ကြိုက်တဲ့အလုပ်တွေကို အချိန်တွေ မေ့ပြီးလုပ်နေမိတဲ့အခိုက်အတန့်တွေဘာတွေနဲ့မှ လဲလို့မရဘူး။ ဒါကို စျာန်ဝင်တယ်လို့ ပညာရှင်တွေကFlow state ဆိုပြီး ခေါ်ကြတယ်။ Phyo Paing @ Derek

Flow state ဆိုပြီး ခေါ်ကြတယ်။ Read More »

အရေးမပါတဲ့ ဥပဒေသတွေ

သေးငယ်တဲ့ အသိပညာက ဘေးဥပုဒ်အကြီးအကျယ်ဖြစ်နိုင်တယ်။ ပညာရပ်တစ်ခုကို သေချာမသိပဲသေချာသိပြီလို့ထင်ပြီးကိုယ်ထင်တာကို အမှန်လို့ထင်လိုက်ရင်တိုင်ပတ်မှုအပေါင်း သရဖူဆောင်းပြီသာမှတ်။ ဒါကြောင့် ကိုယ်ထင်ထားတာကိုအမှတ်လို့အမြဲမယူဆပဲအမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့အရေးကြီးတယ်။ လူအများစုက ကိုယ့်အထင်အမြင်ကိုအမှန်လို့ပဲ ထင်နေတတ်ကြတယ်။ နာကျင်မှုအများစုကလဲ ဒီအထင်အမြင်တွေကပဲ လာတာပဲ။ ဒီအထင်အမြင်ကနေ အရေးမပါတဲ့ ဥပဒေသတွေဖြစ်လာတယ်။ Phyo Paing @ Derek

အရေးမပါတဲ့ ဥပဒေသတွေ Read More »

အရင်းအနှီး

ငွေ အရင်းအနှီး။ဥာဏ်ပညာအရင်းအနှီး။ကိုယ်ကာယကျန်းမာမှု အရင်းအနှီး။အသိမိတ်ဆွေ အရင်းအနှီး။ဂုဏ်သိက္ခာ အရင်းအနှီး။နည်းပညာ အရင်းအနှီး။ နေ့စဥ် အရင်းအနှီးတွေတည်ဆောက်တိုးပွားနေဖို့ အသက်ရှင်နေတယ်။ Phyo Paing @ Derek

အရင်းအနှီး Read More »

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ။ငှါးခမပေးနိုင်ရင် ကန်ချခံရလိမ့်မယ်။ပိုပေးနိုင်ရင် ပိုကောင်းတဲ့နေရာရောက်လိမ့်မယ်။တန်ရာတန်ကြေးပေးဖို့ဝန်လေးနေလို့ မရဘူး။ Phyo Paing @ Derek

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ Read More »

တစ်ရက််တာ ROI နဲ့ ကြည့်တာလား

လူတစ်ယောက်ရဲ့အကောင်အထည်ဖော်နိုင်မှုကိုစိတ်ရှည်မှုနဲ့ တိုင်းတာတယ်။ တစ်ရက််တာ ROI နဲ့ ကြည့်တာလား။တစ်လတာ Return On Investment နဲ့ကြည့်တာလား။တစ်နှစ်တာ ROI နဲ့ ကြည့်သလား။ဆယ်နှစ်တာ ROI နဲ့ ကြည့်သလား။ ရောမကို တစ်ရက်နဲ့တည်ဆောက်ထားတာမဟုတ်သလိုမဟာတံတိုင်းကလဲ တစ်ရက်နဲ့တည်ဆောက်ထားတာမဟုတ်ဘူး။ Phyo Paing @ Derek

တစ်ရက််တာ ROI နဲ့ ကြည့်တာလား Read More »

တချို့စာအုပ်တွေက ဖတ်ဖို့တင်မဟုတ်ဘူး

တချို့စာအုပ်တွေက ဖတ်ဖို့တင်မဟုတ်ဘူး။တွေးဖို့။နောက် အကောင်အထည်ဖော်ဖို့။အဲ့လိုစာအုပ်ပဲ ရေးချင်တယ်။ Phyo Paing @ Derek

တချို့စာအုပ်တွေက ဖတ်ဖို့တင်မဟုတ်ဘူး Read More »