စိတ်ခံစားမှုကောင်းက
ကာလာနဲ့တူတယ်။
စိတ်ခံစားမှုကောင်းရင်လောကကြီး အရောင်တွေလင်းလက်ပြီးစိတ်ခံစားမှုမကောင်းရင်ညှိုမှိုင်းတတ်တယ်။ ဒါကြောင့် စိတ်ခံစားမှုကိုကောင်းကောင်း အင်ဂျင်နေရာလုပ်ဖို့လိုတယ်။ Phyo Paing @ Derek
စိတ်ခံစားမှုကောင်းရင်လောကကြီး အရောင်တွေလင်းလက်ပြီးစိတ်ခံစားမှုမကောင်းရင်ညှိုမှိုင်းတတ်တယ်။ ဒါကြောင့် စိတ်ခံစားမှုကိုကောင်းကောင်း အင်ဂျင်နေရာလုပ်ဖို့လိုတယ်။ Phyo Paing @ Derek
တခါတလေမေတ္တာဆိုတာ ပါဝါရှိတဲ့အခါပဲပေးနိုင်တာမျိုးဖြစ်တတ်တယ်။ပါဝါမရှိတဲ့အခါဆို သည်းခံတာ။အနစ်နာခံတာဖြစ်သွားတတ်တယ်။ Phyo Paing @ Derek
ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်း ၁။ ဝင်ငွေရမယ်၂။ တိုးတက်မယ်၃။ ကျန်းမာမယ်၄။ ကိုယ်အိပ်နေလဲ ဝင်ငွေရစေမည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဖန်တီးပေးမယ်၅။ ကိုယ်နေထိုင်ချင်တဲ့ ဘဝပုံစံကိုစိတ်ကြိုက် သွားချင်တဲ့နေရာသွားအချိန်ကို ကြိုက်သလိုစီမံနေထိုင်လို့ရမယ်။ ဒီလိုဖြစ်မည့်အလုပ်ကိုပဲ ရွေးချယ်တယ်။ဒီလိုဖြစ်လာဖို့လဲ ဆယ်နှစ်လောက်အချိန်ယူခဲ့ရတယ်။ ဘဝကို fine ဖို့ သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ကို အတားအဆီးလုပ်ထားတာကိုယ့်ရဲ့အတွေးအခေါ်ပဲ။ ကိုယ်က အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်ဆိုတဲ့ စိတ်ထားဖို့လိုတယ်။ မိုက်ကယ်အိန်ဂျယ်လိုပြောသလိုကြေကွဲစရာအကောင်းဆုံးကအကြီးကြီးစဥ်းစား လုပ်ဆောင်ပြီးမဖြစ်တာထက်သေးသေးလေးလုပ်ဆောင်ပြီးဖြစ်သွားတာတာပဲတဲ့။ Michelangelo’s most famous quoteThe greater danger for most of us lies not in setting our aim too high and falling short; but in setting our aim too low, and achieving our mark. ” Phyo Paing @ Derek
ကိုယ့်ကို အတားအဆီးလုပ်ထားတာ
ကိုယ့်ရဲ့အတွေးအခေါ်ပဲ။ Read More »
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်တဲ့နည်းလမ်းတွေထဲကအသိပညာအခြေပြု လုပ်ငန်းလုပ်ငန်းကိုတည်ဆောက်ဖို့ အချက် သုံးချက် ၁။ လူမှုကွန်ယက်မှာ အမာခံပရိသတ်ရအောင်တည်ဆောက်။ ၂။ ဒီလိုတည်ဆောက်ဖို့ ပုံမှန် ကိုယ့် follower တွေအတွက် အကျိုးရှိစေပြီးကိုယ်စိတ်ဝင်စားတဲ့ စာ၊ ဗီဒီယိုနဲ့ ပုံတွေ တင်။ ၃။ ဝင်ငွေလမ်းကြောင်းတစ်ခုထက်ပိုထား-Youtube, Facebook က ကြော်ငြာကဝင်ငွေရစေနိုင်သလို-ကိုယ့်ရဲ့ အတွင်းလူတွေအတွက်ပဲ သီးသန့်ဖန်တီးထားတဲ့ content တွေရဲ့subscription တွေကနေရနိုင်တယ်။-ကုန်ပစ္စည်းတွေဖန်တီးပြီး Merchantization ကလဲဝင်နိုင်တယ်။-ဝန်ဆောင်မှုလုပ်ငန်းတွေကလဲဝင်နိုင်တယ်။ Phyo Paing @ Derek
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်တဲ့နည်းလမ်းတွေထဲက Read More »
တစ်နှစ်အတွင်း ၁၀ ဆတိုးတက်အောင်လုပ်ဖို့ အင်မတန်ခက်နိုင်တယ်။ ဆယ်နှစ်အတွင်း အဆ ၁၀၀ ကျတော့ဖြစ်နိုင်ခြေများတယ်။ ဒါကြောင့် ဆယ်နှစ်ရဲ့စွမ်းပကားကို လျော့မတွက်လိုက်နဲ့။ ဒီနေ့ထိပ်ဆုံးရောက်နေတဲ့ကုမ္ပဏီတွေကို ကြည့်လိုက်။အရင်ဆယ်နှစ်က ဘယ်အခြေအနေလဲ။ ဆယ်နှစ် အဆ ၁၀၀။ Phyo Paing @ Derek
တိုးတက််မှုဆိုတာ ပျော်ရွင်မှုပဲ။တိုးတက်နေရင် လူတွေပျော်တယ်။မတိုးတက်ရင် မပျော်ဘူး။ လောကီအလုပ်ပဲလုပ်လုပ်၊လောကုတ္တရာအလုပ်ပဲလုပ်လုပ်တိုးတက်နေရင် လူတွေပျော်တယ်။တိုးတက်နေရင် ပီတိဖြစ်တယ်။တိုးတက်နေရင် ဝမ်းသာအာရတယ်။တိုးတက်နေရင် ဂုဏ်ယူရတယ်။ ဒီနေ့ တိုးတက်အောင်လုပ်ပြီးပြီလား? Phyo Paing @ Derek
ကိုယ်ပါရမီပါပြီး၊ဝါသနာပါနဲ့အလုပ်ကိုကျွမ်းကျင်အောင်လုပ်။ နောင်ဒါနဲ့ အသက်မွေး။စီးပွါးရေးတည်ဆောက်။ရင်းနှီးမြုပ်နှံလို့ရတဲ့အခွင့်အလမ်းတွေဖန်တီးပေး။ သမိုင်းပေးတာဝန်ကိုကျွမ်းကျင်မှုနဲ့တည်ဆောက်။ ပါရမီပါပါ မပါပါသိဖို့မတူညီတဲ့အလုပ်တွေကို စမ်းကြည့်။ Phyo Paing @ Derek
သင်မော်တီဗေးရှင်းလိုတာမဟုတ်ဘူး။စဥ်းစားတဲ့ ပုံစံသစ်လိုတာ။ စဥ်းစားတဲ့ပုံစံ မပြောင်းသ၍ဘဝက ပြောင်းမှာ မဟုတ်ဘူး။ Phyo Paing @ Derek
ကိုယ်ချစ်ရတဲ့သူတွေကိုယ့်ကိုဝေဖန်တဲ့အခါ ဘယ်နေ့က “ကိုယ်” ကိုပြောတာလဲပြန်မေးကြည့်တယ်။ ဘာကြောင့်လဲဆိုတော့နေ့တိုင်း “ဗားရှင်းအသစ်” ဖန်တီးနေတယ်။ တခြားသူတွေ ဝေဖန်တဲ့ကိုယ်ကအရင်နေ့၊ အရင်လ၊ အရင်နှစ်ကဖြစ်နေတတ်တယ်။ Phyo Paing @ Derek