Dr. Phyo Paing

https://yec.company

နောင်တရမည့်အရာတွေ မလုပ်မိဖို့

ကိုယ်သေတော့အချိန် အိပ်ယာထဲလဲနေပြီမထနိုင်တော့ဘူး။ အဲ့အချိန် အတိတ်ကိုပြန်ကြည့်မယ်ဆိုရင်ဘယ်အရာတွေကို မဖြစ်ဖြစ်အောင် လုပ်ခဲ့လို့ဂုဏ်ယူနေမိမလဲ? ဘယ်အရာတွေကို မလုပ်ခဲ့မိလို့စောင့်ထိန်းနိုင်ခဲ့လို ဂုဏ်ယူနေမလဲ? နောက်တနဲ့ ဒီဘဝကမထွက်ခွာသွားဖို့ နေ့စဥ်နှလုံးပြန်သွင်းနေရတယ်။ နောင်တရမည့်အရာတွေ မလုပ်မိဖို့။ Imagine being on your deathbed, about to pass away, and looking back on your life. What are the things that would make you proud? What kind of regrets would you want to avoid? What are the things you would be proud

နောင်တရမည့်အရာတွေ မလုပ်မိဖို့ Read More »

လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး

အချစ်နှစ်မျိုးရှိတယ်တဲ့။ တစ်ခုက D love.နောက်တစ်ခုက B love တဲ့။ D ဆိုတာ Deficiency လိုအပ်မှုကိုဖြည့်ဆည်းဖို့ချစ်တာ။ ကိုယ့်ရဲ့မပြည့်တဲ့လိုအပ်ချက်ပေးနိုင်တဲ့သူကိုချစ်တာ။ ဒါကို D love တဲ့။ နောက်တစ်ခု B ကတော့ Beingဖြစ်တည်မှုလေးကို ချစ်တာ။ လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး Read More »

လုပ်ချင်တာတွေ ဖြစ်အောင်လုပ်ခဲ့ဖို့လိုတယ်

ဘဝဆိုတာ ခဏပါ။ ခန္ဓာကိုယ်ဆိုတာလဲ ခဏအငှါးရထားတာပါ။မထိန်းသိမ်းရင် ယိုယွင်းပျက်စီးတာမြန်မယ်။ ဘဝခဏမှာ ကိုယ်ဖန်တီးချင်တာတွေဖန်တီး၊လုပ်ချင်တာတွေ ဖြစ်အောင်လုပ်ခဲ့ဖို့လိုတယ်။ Phyo Paing @ Derek

လုပ်ချင်တာတွေ ဖြစ်အောင်လုပ်ခဲ့ဖို့လိုတယ် Read More »

လိုချင်တာရအောင်လုပ်ဖို့
မလှုံ့ဆော်တတ်ရင်

ကျွန်တော့်ရဲ့ ရှုံးနိမ့်ခြင်းအဓိပ္ပာယ်ဖွင့်ဆိုချက်ကကိုယ့်သြဇာအာဏာကိုယ့်ပေါ်ကိိုယ်မသက်ရောက်တာပဲ။ ကိုယ့်ကိုယ်ကို ခိုင်းလို့မရရင်၊မခိုင်းတတ်ရင်၊လိုချင်တာရအောင်လုပ်ဖို့မလှုံ့ဆော်တတ်ရင်ဖြစ်ချင်တာတွေ သတ်မှတ်ပြီးရအောင်ယူဖို့ မခိုင်းတတ်ရင်ဒါကျဆုံးတာပဲ။ Phyo Paing @ Derek

လိုချင်တာရအောင်လုပ်ဖို့
မလှုံ့ဆော်တတ်ရင်
Read More »

ကိုယ်စားတဲ့အစားအစာက အဟာရဖြစ်ဖို့လိုတယ်

နေ့တိုင်းက ဦးနှောက်ကို အဓိကအသုံးပြု အလုပ်လုပ်နေရတဲ့အတွက် အစားအသောက်ပိုင်းဆိုင်ရာကို အထူးဂရုစိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆားဓာတ်များတာ၊ အချိုဓာတ်အရမ်းများတာ၊ လူကိုပျင်းရိစေတဲ့ အစားအသောက်က လူတစ်ယောက်ရဲ့ ဇီဝကမ္မဖြစ်စဥ် physiology ပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ ကိုယ်စားတဲ့အစားအစာက အဟာရဖြစ်ဖို့လိုတယ်။ ကိုယ့်အတွက် ဘေးဥပါတ်ဖြစ်စေတာကို ရှောင်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်စားတဲ့အစားအစာက အဟာရဖြစ်ဖို့လိုတယ် Read More »

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့
အနားယူအုံးတဲ့

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့အနားယူအုံးတဲ့။ အလုပ်လုပ်တယ်ဆိုတာအနားယူတာပဲ။ အလုပ်ကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းလုပ်တတ်တဲ့အခါအလုပ်ကို ချစ်တတ်၊တန်ဖိုးထားတတ်တဲ့အခါအလုပ်လုပ်တာက အနားယူတာပဲ။ လူတွေခေါင်းထဲထည့်ထားတဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မတူကြဘူး။ တချို့အတွက်ပိုက်ဆံရဖို့အတွက် အလုပ်လုပ်တယ်။တချို့အတွက်အလုပ်လုပ်နေရင်း ပိုက်ဆံရတယ်။ မတူကြဘူး။ Phyo Paing @ Derek

အလုပ်တွေပဲ အရမ်းလုပ်မနေနဲ့
အနားယူအုံးတဲ့
Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ပါဆိုတာ

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ပါဆိုတာPassive Income Business ကိုပြောတာပါ။ ဒီလိုလုပ်ဖို့ ဒီနေ့ခေတ်မှာလစဥ် ထပ်ခါထပ်ခါ ဝင်ငွေရတဲ့recurring business တည်ဆောက်လို့ရပါတယ်။ ပုံမှန် Condo တစ်လုံးဝယ်ရင်တောင်studio ဆို သိန်း ၁၀၀၀ ကျော်တဲ့ခေတ်။ Condo တွေ ပြန်ငှားစားရင်တောင်သိန်း ၃၀၀၀ လောက်တန်တဲ့ Condo ကို၈ သိန်းကနေ ၁၅ သိန်းကြားအရင်းပြန်ကျေဖို့ ၁၅ နှစ်၊နှစ် ၂၀ ကျော်လောက်ကြာတယ်။အခန်းစျေးတက်တဲ့ Capital gain ကိုဖယ်ရင်ပေါ့။​ ဒါကတော့ လူပိန်းလို အကြမ်းဖျင်းတွက်ကြည့်တာ။ ဒီဂျစ်တယ်စီးပွားရေးခေတ်ဒီနေ့လို Creator Economy ခေတ်မှာအိပ်နေလဲ ငွေဝင်အောင်လုပ်လို့ရတဲ့Passive Income Business တွေလုပ်လို့ရတဲ့ အပိုင်းအများကြီးရှိလာပြီ။​ အိပ်နေလဲ ငွေဝင်ဖို့မအိပ်တဲ့အချိန်မှာ လုပ်ထားရတဲ့အိမ်စာတွေကတော့ ၁။ စျေးကွက်ပြဿနာရှာဖွေခြင်း၂။ ဒီဂျစ်တယ် ကုန်ပစ္စည်းဖန်တီးခြင်း၃။ မားကတ်တင်းလုပ်ဆောင်ခြင်း၄။

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ပါဆိုတာ
Read More »

ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့
ခံစားချက်ကောင်းဖို့လိုတယ်။

လူတချို့ အားကစားရုံ Gym ကိုဘာလို့ ပုံမှန်သွားကြလဲ?ခံစားချက်ကောင်းလို့။ လူတချို့ဘာကြောင့် စာနေ့တိုင်းမှတ်ကြလဲ?ခံစားချက်ကောင်းဖို့။ ခံစားချက်ဆိုတာ ဘယ်ကဖြစ်လာသလဲ? ကျွန်တော်ကတော့ ဒီလိုလေးအီကွေးရှင်းထုတ်ကြည့်တယ်။​ အတွေ့အကြုံ + အတွေး + အဓိပ္ပာယ် = ခံစားချက် အခြေအနေ သို့ အတွေ့အကြုံကိုအတွေးထည့်လိုက်တယ်။ ဥပမာ ၁။ Gym ကို ရောက်သွားတယ်။​ ၂။ ဒါက ကိုယ့်အတွက်လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အတွေးဝင်လာတယ်။ ၃။ တစ်ရက်တာတက်ကြွလန်းဆန်းပြီး ပျော်စေမည့်ဆေးပဲဆိုတဲ့ အတွေးထည့်လိုက်တယ်။လေ့ကျင့်ခန်းလုပ်တိုင်း နဖူးကချွေးခြေမကျပေမည့် ဒါက ငါ့ကျန်းမာရေး၊ လှပရေးနဲ့ခံစားချက်ကောင်းဖို့ဆိုတဲ့အတွေ့အကြုံ၊ အတွေး၊ အဓိပ္ပာယ်နဲ့ခံစားချက်ကောင်းတွေဖြစ်လာတယ်။​ Phyo Paing @ Derek

ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့
ခံစားချက်ကောင်းဖို့လိုတယ်။
Read More »

ဘဝဆိုတာ တိုတိုလေး။

ဘဝကို ကိုယ်မပိုင်ခင် ဖြစ်ချင်တာဖြစ်ဖို့ မလုပ်ချင်တာကိုလဲ လုပ်။ ဘဝကိုကိုယ်ပိုင်လာတဲ့အခါလုပ်ချင်တာလုပ်။ ဖြစ်ချင်တာဖြစ်လိမ့်မယ်။ လုပ်ချင်တာကြီးပဲ လုပ်လာတာတော်တော်ကြီး ကြာပြီ။ Phyo Paing @ Derek

ဘဝဆိုတာ တိုတိုလေး။ Read More »