ပိုက်ဆံထက်အရေးကြီးတဲ့အရာ
ပိုက်ဆံထက်အရေးကြီးတဲ့အရာတွေအများကြီးရှိတယ်။အဲ့တာတွေလုပ်ဖို့ ပိုက်ဆံလိုတယ်။ Phyo Paing @ Derek
ပိုက်ဆံထက်အရေးကြီးတဲ့အရာတွေအများကြီးရှိတယ်။အဲ့တာတွေလုပ်ဖို့ ပိုက်ဆံလိုတယ်။ Phyo Paing @ Derek
ဟိုဟာလဲ လုပ်ချင်၊ဒီဟာလဲ လုပ်ချင်ကိုယ့်ကိုယ်ကို အားမရဖြစ်တာ“စိတ်မရှည်” လို့။ ဘဝမှာ “စိတ်ရှည်” ဖို့အရမ်းအရေးကြီးတယ်။ စိတ်ရှည်တယ်ဆိုတာဘာမလုပ်ပဲ ဒီအတိုင်းထိုင်စောင့်တာမဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာလုပ်ရပ်တွေ နှေးနေတာကိုခေါ်တာမဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာတခြားသူတွေ အကောင်အထည်ဖော်ပေးမည့်အရာတွေကိုထိုင်ပြီးမျှော်လင့်နေတာ မဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာကိုယ်အကောင်အထည်ဖော်ချင်တဲ့အိမ်မက်ဖြစ်လာဖို့ဘယ်အချိန်မှာ ဘာလုပ်မယ်စီမံကိန်းချပြီးတစ်ခုချင်း စိတ်ရှည်ရှည်နဲ့အကောင်အထည်ဖော်တာ။ ကိုယ်က တစ်လ၊ တစ်နှစ်နဲ့တွက်ရင်လုပ်စရာတွေ အများကြီးအလုပ်တွေ မပြီးတော့ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နိုင်တယ်။ ငါးနှစ်၊ ဆယ်နှစ်နဲ့ စဥ်းစားကြည့်။ Phyo Paing @ Derek
အသက် ၈၀ ထိနေရရင်ရက်ပေါင်း ၂၉၂၂၀ ပဲ နေရမှာ။ အသက် ၇၀ ထိဆိုရက်ပေါင်း ၂၅၅၆၈ ပဲ။ အသက် ၃၀ ရောက်ပြီဆိုရက်ပေါင်း ၁၀၉၅၇ ကုန်ပြီ။ ၃၅ ဆို ၁၂၇၇၅ ကုန်ပြီ။၄၀ ဆို ၁၄၆၀၀ ကုန်ပြီ။ အသက်သာ ၈၀ ထိနေရမယ်ဆိုကိုယ့်ကျန်တဲ့ ရက်ပေါင်း ၁၀၀၀၀ ကျော်အတွက်ကိုယ်ဖြစ်ချင်တာတွေ၊လုပ်ချင်တာတွေလုပ်သွားဖို့ဂိမ်းပလန် game plan လိုတယ်။ ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား။ နိုး။ အလိုလိုပေါက်တာ မြက်ပင်ပဲများတယ်။ပန်းကောင်းပန်းမံစိုက်ပျိုးဖို့သေချာဂရုပြု စိုက်ပျိုးဖို့လိုတယ်။ Phyo Paing @ Derek
မားကတ်တင်း လုပ်လို့လုပ်မှန်းမသိတာလဲဥာဏ်နှုန်းမြင့် မားကတ်တင်းပဲ။ #gmc#sapwar
ဆရာတစ်ယောက်ရဲ့ တာဝန်ကကိုယ်သင်ကြားပြသလိုက်တဲ့သူတွေကိုယ့်ထက် တော်သွားဖို့ပဲ။ ကိုယ်က ထိပ်မှာ လမ်းပိတ်ပြီးကိုယ့်ကို ပါရမီဖြည့်ဖို့မဟုတ်ဘူး။လှေကားထစ်လို အထက်ကိုတင်ပေးဖို့။ ဘဝမှာ ဆရာတွေ အများကြီးရှိခဲ့တယ်။ငါ့ကိုပဲ တစ်သက်လုံးကိုးကွယ်။ငါက တစ်သက်လုံးဆရာဆိုတဲ့ဆရာနဲ့။ကိုယ့်ရဲ့အောင်မြင်မှုကို တခြားမှာလဲရှာဖွေအုံးဆိုတဲ့ ဆရာ။ ဂိုဏ်းတွေကို မကိုးကွယ်နဲ့။ကိုယ်ဖြစ်ချင်တာကိုယ်လုပ်။ ကိုယ်လေ့လာနေတဲ့ သင်တန်း၊ဆရာဆိုတာ ကိုယ့်ဘဝမှာလှေကားထစ်တစ်ခုပဲလို့ယူဆ။ ကြာလေလေ ဒီထက်မြင့်တဲ့နေရာရောက်လေလေလမ်းပြသူ၊ လေ့လာရမည့်သူအသစ်တွေ တွေ့လေလေပဲ။ Phyo Paing @ Derek
သာမာန်လူတွေပြောတဲ့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုလုပ်။မလွယ်ကူဘူးဆိုတဲ့အရာတွေလုပ်။ ဘဝဆိုတာ ဖြစ်နိုင်တာတွေကိုပဲဖြစ်အောင်လုပ်ဖို့မှ မဟုတ်တာ။ဘဝတိုတိုလေးမှာ မဖြစ်နိုင်တာတွေကိုဖြစ်အောင် စိတ်ရှည်ရှည်ထားပြီးကံ၊ ဥာဏ်၊ ဝိရိယနဲ့ လုပ်ရမှာမဟုတ်ဘူးလား။ ဘဝဆိုတာ လွယ်တဲ့အရာတွေပဲလုပ်ရမှာမှ မဟုတ်တာ။ဘဝဆိုတာ မလွယ်တဲ့အရာတွေကိုကိုယ့်အတွက် လွယ်အောင်လုပ်ရမှာမဟုတ်ဘူးလား။ ရည်မှန်းချက် ကြီးကြီးမထားတဲ့အခါပြဿနာသေးသေးလေးတွေနဲ့တိုင်ပတ်နေတာ မပြီးတော့တာမျိုးဖြစ်တတ်တယ်။ ရည်မှန်းချက်ကြီးကြီးမထားတာကိုယ့်ကိုကိုယ် စော်ကားတာနဲ့အတူတူပဲလို့ ယူဆတယ်။ ကိုယ်ယုံကြည်တာကိုတခြားသူ အကောင်အထည်ဖော်ပေးတာမျှော်နေလို့မရဘူးဆိုတာငယ်ငယ်ရဲ့ ဘဝဖြတ်သန်းမှုကသင်ပေးခဲ့တဲ့အတွက်ကိုယ့်အားကိုယ်ပဲ ကိုးတယ်။ ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။ Phyo Paing @ Derek
ဒီနေ့ ကိုယ့်အတွက်ခက်ခဲလှပါဆိုတဲ့ လေ့ကျင့်မှုတွေကိုတချိန် သွေးပူလေ့ကျင့်ခန်းဖြစ်အောင်လုပ်။ တချိန်က အင်္ဂလိပ်စာတစ်အုပ်ပြီးအောင်ဖတ်ဖို့ဆိုတာတစ်ပတ်နေလဲမပြီး၊တစ်လနေလဲမပြီး၊တခါတခါ သုံးလလောက်ကြာတယ်။ တခြားသူတွေလို မွေးကတည်းကအာဝဇွန်းက မရွှင်တဲ့အတွက်စင်ပေါ်တက်တိုင်း ဒူးတုန်၊ အသံတုန်၊မှတ်ထားတာမေ့ပြီးအရှက်တကွဲ အကျိုးနည်းမှုပေါင်းများစွာဖြတ်သန်းခဲ့ဖူးတယ်။ စာရေးတစ်ပိုက်ကို စုစည်းပြီးရေးဖို့ရေးလိုက်ဖျက်လိုက်အကြိမ်နှစ်ဆယ်လောက်လုပ်ဖူးတယ်။ ကိုယ့်အတွက် နဖူးကချွေးခြေထိကျရတဲ့ခက်ခဲတဲ့ လုပ်ရပ်တွေကိုတချိန်ကိုယ့်အတွက် သွေးပူလေ့ကျင့်ခန်းလိုဖြစ်အောင် လုပ်ဖို့နေ့စဥ် လေ့ကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ်က အမြဲတိုးတက်နေရင်တခြားသူတွေက ကိုယ့်ကိုကော်ပီကူးတဲ့အခါကိုယ့်ရဲ့အရင်ဗားရှင်းကိုပဲကော်ပီကူးလို့ရမယ်။အသစ်ဖြစ်သွားတဲ့ ဗားရှင်းကိုကော်ပီကူးလို့မရတဲ့အတွက်နောက်မှာ ပဲ အမြဲကျန်နေမှာ။ ဒါကြောင့် အမြဲတိုးတက်နေဖို့လိုတယ်။ Phyo Paing @ Derek
လုပ်ငန်းအတွက် ခြေလေးချောင်းတည်ဆောက်၁။ တည်ထောင်ဦးဆောင်သူ အမှတ်တံဆိပ်၂။ ကုမ္ပဏီအမှတ်တံဆိပ်၃။ ကုန်ပစ္စည်းအမှတ်တံဆိပ်၄။ အားပေးသူတွေရဲ့ အမှတ်တံဆိပ် Phyo Paing @ Derek #gmc#sapwar
မားကတ်တင်းမှာ အကောင်းဆုံးသတ္တိက“No” လို့ ငြင်းရဲတဲ့သတ္တိ။ဒါက ငါတို့ရဲ့ ပေါ်လစီပဲ။တစ်ယောက်ချင်းပေါ်မူတည်ပြီးစည်းကမ်းကိုမဖောက်နိုင်ဘူး။ ဒီလိုလုပ်နိုင်စွမ်းမရှိရင်ကိုယ့်ရောင်းနေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကအုတ်ရောရော ကျောက်ရောရောဖြစ်နေလို့ဖြစ်နိုင်တယ်။ #gmc#sapwar