ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်၊
ကိုယ့်ကိုယ်ကို မြင်တဲ့ အထင်အမြင်က တခြားသူတွေကိုယ့်ကိုမြင်တဲ့အထင်အမြင်ထက်ပိုခိုင်မာရှင်းလင်းနေဖို့လိုတယ်။ ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကို မြင်တဲ့ အထင်အမြင်က တခြားသူတွေကိုယ့်ကိုမြင်တဲ့အထင်အမြင်ထက်ပိုခိုင်မာရှင်းလင်းနေဖို့လိုတယ်။ ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်ရမယ်။ Phyo Paing @ Derek
ဘဝမှာ အရေးအကြီးဆုံးကကိုယ့်ကိုယ်ကိုရဲ့ လေးစားမှုပဲ။ တခြားသူတွေရဲ့ အထင်အမြင်ထက်အဆ ၁၀၀ မက အရေးကြီးတယ်။ အချိန်တွေ အလဟသ ဖြုန်းလိုက်ရင်ကိုယ့်ကိုကိုယ် မလေးစားဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပျင်းလို့ မလုပ်လိုက်နိုင်ရင်လဲ မလေးစားဘူး။ ဒါမလုပ်သင့်ဘူးလို့စဥ်းစားလိုက်တယ်။ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲလုပ်မိရင်လဲ မလေးစားဘူး။ ဇွဲမရှိပဲ ခဏလေးလက်လျော့သွားရင်လဲမလေးစားဘူး။ အချိန်မလေးစားရင်လဲ မလေးစားဘူး။ ဘာဖြစ်ချင်မှန်းမသိအလေလိုက်နေရင်လဲ မလေးစားဘူး။ အားနာပြီး ကိုယ်ပြောချင်တာကိုမပြောလုပ်ချင်တာ မလုပ်လိုက်ရင်လဲ မလေးစားဘူး။ နေ့စဥ် ကိုယ့်အသက်မွေးဝမ်းကြောင်းပညာကိုမလေ့လာဖြစ်ရင်လဲ မလေးစားဘူး။ ကိုယ့်ကိုယ်ကို လေးစားတဲ့အလုပ်တွေနေ့စဥ်လုပ်နေဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကို လေးစားတဲ့အလုပ်တွေနေ့စဥ်လုပ်နေဖို့လိုတယ်။ Read More »
၂ နှစ်ဆိုတဲ့ အချိန်ကလဲ ခဏလေးပဲ။ နောက် ၂ ပတ်ဆိုရင်ပဲ ToeTet Insidernote video တွေလုပ်ခဲ့တာ ၂ နှစ်ပြည့်ပြီ။ ကိုယ့်ကိုကိုယ်တောင် စည်းကမ်းမရှိပဲသူများကို ဝေဖန်ဖို့ မစဥ်းစားနဲ့လို့ကိုယ့်ကိုကိုယ် အမြဲ သတိပေးဖြစ်တယ်။ အချုပ်တန်းဆရာဖေကလဲ စည်းကမ်းဖောက်လို့၊ထီးနန်းပျောက်ဖြစ်ပြီ လို့ရေးခဲ့ဖူးတယ်။ ကိုယ်လိုချင်တဲ့ အရာတွေဖြစ်လာဖို့စည်းကမ်းရှိဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ်လိုချင်တဲ့ အရာတွေဖြစ်လာဖို့
စည်းကမ်းရှိဖို့လိုတယ်။ Read More »
ဘဝဆိုတာ “Or” game မဟုတ်ဘူး။ဘဝဆိုတာ “And” game. ဒီအယူအဆထားလိုက်တဲ့အခါအမြင်ကျယ်လာတယ်။ နင်ဆရာဝန်လုပ်မှာလား၊ စီးပွားရေးလုပ်မှာလား၊ စာသင်မှာလား။ တစ်ခုသေချာရွေး။ ကျွန်တော်က အကုန်လုပ်ချင်တာ။ လူတွေရဲ့ productivity ကို မြင့်တင်ဖို့ဇီဝကမ္မဖြစ်စဥ်တွေ အလုပ်လုပ်ပုံ၊ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေအလုပ်လုပ်ပုံ၊ neurotransmitter တွေအကြောင်းသိဖို့လိုတယ်။နောက် ကျန်းမာကြံ့ခိုင်ရေးအတွက်ခန္ဓာဗေဒ အရိုး၊ အကျောဖွဲ့စည်းပုံတွေသိဖို့လိုတယ်။စိတ်ပညာအကြောင်းသိဖို့လိုတယ်။ စီးပွားရေးအတွက် အတွေးအခေါ်ပညာ၊စဥ်းစားနည်းပညာ၊ သင်္ချာပညာ၊ ဦးဆောင်မှု၊ ပေါင်းသင်းဆက်ဆံမှုပညာလိုတယ်။ စာသင်ဖို့အတွက် စာသင်နည်းစနစ်၊နည်းပညာအသုံးပြုမှုစနစ်၊ သင်ယူခြင်း၊ သင်ကြားခြင်းစနစ်လိုတယ်။ ဘဝဆိုတာ နှစ်ခုထဲကတစ်ခုရွေးရတဲ့Or Game မဟုတ်ဘူး။ ဘဝဆိုတာ တစ်ခုထက်ပိုရွေးလို့ရတဲ့And Game လို့ပဲ အမြဲခံယူတယ်။ Phyo Paing @ Derek
ဘဝဆိုတာ နှစ်ခုထဲကတစ်ခုရွေးရတဲ့
Or Game မဟုတ်ဘူး.. Read More »
စီးပွားရေးလုပ်ငန်းဆိုတာ ပြဿနာဖြေရှင်းတဲ့ အလုပ်ကိုအဓိကလုပ်တယ်။ ဖောက်သည် ပြဿနာ။ ဝန်ထမ်းရေးရာပြဿနာ။ စျေးကွက်၊ ငွေကြေး။ ပြဿနာမရှိတဲ့အခါ လူတိုင်းက လုပ်တတ်တယ်။ ပြဿနာပေါ်လာတဲ့အခါလူတိုင်း မဖြေရှင်းတတ်ကြဘူး။ ကိုယ့်လုပ်ငန်းပြဿနာကိုယ်နဲ့ဆိုင်တယ်။ မအောင်မြင်တဲ့လုပ်ငန်းတိုင်းရဲ့နောက်မှာမအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ရှိတယ်။ အောင်မြင်တဲ့လုပ်ငန်းတိုင်းမှာလဲအလားတူပဲ။ ပြဿနာဆိုတာ ထိုင်ငြီးရမှာမဟုတ်ဘူး။ကျော်လွှားဖို့ ဖြေရှင်းရမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
၂၀၁၃ တုန်းက ကုမ္ပဏီမှာအလုပ်တစ်ဖက်နဲ့ညနေပိုင်း အချိန်ပိုင်းစာသင်ညဖုန်းဆော့ဝဲလ်တွေလုပ်ပေးတရုတ်ကပစ္စည်းတွေသွင်းပေးစနေ၊ တနင်္ဂနွေ MBA တက်။ ရန်ကုန်ကိုရောက်တိုင်းငါအများကြီး ကြိုးစားဖို့လိုသေးတယ်လို့အမြဲကိုယ့်ကိုကိုယ် ပြန်ပြောတယ်။ ၂၀၂၃ ရောက်တဲ့အခါတိုးတက်မှုက အဆ ၁၀၀ လောက်ရှိတယ်ဆိုမမှားဘူးလို့ထင်တယ်။ ဆယ်နှစ်ရဲ့အချိန်ကို လျော့တွက်လို့မရဘူး။ လူတွေကို ကန့်သတ်ထားတာသူတို့ရဲ့အတွေးဆိုတာ အမှန်ပဲ။ ကိုယ့်အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်ရင်ဖော်ပေးမည့်သူရှိမှာ မဟုတ်ဘူး။ ဘဝမှာ ဆယ်နှစ်အတွင်း ကိုယ့်ဘဝကို အပြောင်းအလဲဖြစ်စေတဲ့အချက် ၃ ချက် ၁။ Mastery ပညာရပ်တစ်ခုကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်နေ့တိုင်းလေ့ကျင့်တာ ၂။ Marketing မားကတ်တင်းပညာကိုထဲထဲဝင်ဝင် လေ့လာကျင့်သုံးခဲ့တာ ၃။ Management စီမံခန့်ခွဲမှုပညာကိုအချိန်အများကြီးပေး လေ့လာကျင့်သုံးမျှဝေဖြစ်တာ။ Phyo Paing @ Derek
ဘဝမှာ ဆယ်နှစ်အတွင်း
ကိုယ့်ဘဝကို အပြောင်းအလဲဖြစ်စေတဲ့အချက် ၃ ချက် Read More »
ကိုယ်ဆိုတာ မရှိဘူး။ အခုဖြစ်နေတဲ့ စိတ်နဲ့ ခန္ဓာကခဏ အငှါးချထားပေးတာ။ အချိန်တန်ရင် အိမ်ပြန်ရမှာ။ ဒီအငှါးရထားတဲ့ ရုပ်နဲ့ နာမ်ကိုကိုယ့်အတွက်ပေးထားတဲ့သမိုင်းပေးတာဝန်ကိုရှာဖွေနိုင်ဖို့လိုတယ်။ ကိုယ့်ရဲ့ စူပါပါဝါကို အသုံးချနိုင်ဖို့လိုတယ်။ ဒါဆိုရင် ဘဝမှာ ရုန်းကန်ရတာထက်လိုရာခရီးရောက်ဖို့ မြန်နှုန်းကဒုံးပျံလို ဖြစ်သွားနိုင်တယ်။ Phyo Paing @ Derek
အချစ်ရေး အဆင်မပြေရင်ဘဝ စစ်ရေးမှာလဲအဆင်ပြေဖို့မလွယ်ဘူး။ အဆင်ပြေချင်ရင် အချစ်ကို အစားထိုးတဲ့Emotional Safety Netစိတ်ခံစားမှုလှုံခြုံရေးစနစ်လိုတယ်။ Phyo Paing @ Derek
နေ့တိုင်းက စုဗူးပဲ။ဒီနေ့ကိုယ်ဘာတွေစုမလဲ။ကုသိုလ်လား၊ အကုသိုလ်လား။အတွေး၊ အကြံ၊ အလုပ်ပွားများရမယ်။ Phyo Paing @ Derek
အဟောအပြောကောင်းသူကအဟောအပြောနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ ဥာဏ်ကောင်းတဲ့သူကဥာဏ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်။ အဝယ်အရောင်းကျွမ်းကျင်တဲ့သူကအဝယ်အရောင်းနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ လူတိုင်းက ကျွမ်းကျင်ရာလိမ်မာရာပဲ။ စိတ်ကျေနပ်မှုရှိတဲ့အသက်မွေးဝမ်းကျောင်းတစ်ခုအတွက်ကိုယ်ကျွမ်းကျင်ရာ၊ လိမ္မာရာကို သိဖို့လိုတယ်။ Phyo Paing @ Derek