Dr. Phyo Paing

https://yec.company

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲမှုလုပ်တယ်ဆိုတာ

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုလုပ်တယ်ဆိုတာကိုယ့်ဘဝကို တီထွင်ဆန်းသစ်တာပဲ။Personal Innovation ပဲ။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာကိုအင်္ဂလိပ်လိုဆို Innovate Yourself. Phyo Paing @ Derek

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲမှုလုပ်တယ်ဆိုတာ
Read More »

ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးရမယ်။

ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးရမယ်။ဘာကြောင့်လဲဆိုတော့ကိုယ်ကြီးသလောက်ပဲ ကိုယ့်လုပ်ငန်းက ကြီးတာ။ အောင်မြင်တိုးတက်တဲ့လုပ်ငန်းတိုင်းနောက်မှာအောင်မြင်တိုးတက်တဲ့ လုပ်ငန်း”ရှင်”တွေရှိတယ်။ တိုင်ပတ်တဲ့လုပ်ငန်းတိုင်းရဲ့နောက်မှာတိုင်ပတ်လုပ်ငန်းရှင်တွေရှိတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးရမယ်။ Read More »

စာဖတ်တာက အရေးမကြီးဘူး

စာဖတ်တာက အရေးမကြီးဘူး။ဘယ်လိုဖတ်လဲဆိုတာ အရေးကြီးတယ်။ဖတ်ထားတဲ့စာတွေက ဟတ်ထိ၊မှတ်မိ၊ အသုံးချ၊ ရလဒ်ရတာကပိုအရေးကြီးတယ်။ တချို့က စာဖတ်ပြီး ဘာမှမမှတ်မိဘူး။လိုအပ်ရင် ခေါင်းထဲကထွက်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ နေကြတယ်။စာဖတ်ရင်လဲ စနစ်ကောင်းကောင်းလိုတယ်။စာမှတ်ရင်လဲ လိုတယ်။ Phyo Paing @ Derek

စာဖတ်တာက အရေးမကြီးဘူး Read More »

အချိန်ဖြုန်းတယ်ဆိုတာ

အချိန်ဖြုန်းတယ်ဆိုတာဘာရည်ရွယ်ချက်မှမရှိပဲအကျိုးမရှိအချိန်ကို သုံးလိုက်တာ။ အချိန်ကို တရားဘာဝနာအတွက်စိတ်ကို ခန္ဓာကိုယ်ပြန်ခေါ်သတိနဲ့နေလို့ရတယ်။ အချိန်ကို ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်၊အနားပြန်ယူလို့ရတယ်။ အချိန်ကို တိုးတက်ရေးအတွက်ဦးနှောက်အတွက်စာဖတ်၊ လေ့လာလို့ရတယ်။ အချိန်ကို ကိုယ်ချစ်တဲ့သူ၊မိသားစုကို အာရုံပေးပြီးနွေးထွေးမှုတည်ဆောက်လို့ရတယ်။ တစ်နေ့တစ်နေ့ ဥာဏ်ပညာ၊ဥစ္စာစီးပွါး၊ ဒါန၊ သီလ၊ ဘာဝနာတိုးတက်ပွားများလာဖို့အသုံးပြုတာ အကောင်းဆုံးဖြစ်နိုင်တယ်။ Phyo Paing @ Derek

အချိန်ဖြုန်းတယ်ဆိုတာ Read More »

မခံနဲ့ဆိုတာ ချက်ချင်းတုန့်ပြန်တာကို
ပြောတာမဟုတ်ဘူး

လူတွေက စော်ကားလို့ရတဲ့သူတွေကိုပဲစော်ကားတာ။ကိုယ့်ကို ပြဿနာရှာရင်သူတို့ ပိုပြဿနာဖြစ်မည့်သူတွေကိုစော်ကားဖို့ ဝန်လေးတတ်ကြတယ်။ငါပြန်ခံရမယ်ဆိုတာ သိတာကိုး။ ဒါကြောင့် ကိုယ့်အချစ်ဆုံးအရင်းနှီးဆုံးသူတွေကိုသည်းခံ။သူစိမ်းတွေက ကိုယ့်အရင်းအနှီးဆုံးသူတွေကိုစော်ကားတာ မခံနဲ့။ မခံနဲ့ဆိုတာ ချက်ချင်းတုန့်ပြန်တာကိုပြောတာမဟုတ်ဘူး။ တစ်ခုခုဆို ရေးမှတ်ထား။ချင်ချင်းမတုန့်ပြန်နဲ့အုံး။တစ်ကွေ့မှာ ပြန်ကြုံတဲ့အခါမှသင်ခန်းစာပြန်ပေး။ လူတွေဘာလို့ ခဏခဏအစော်ကားခံရလဲဆိုမေ့ပြီး စိတ်မှတ်မရှိကြလွန်းလို့။ဒါကို ခွင့်လွတ်တယ်ဆိုတဲ့ ခေါင်းစဥ်တပ်လိုက်တယ်။ ဒီတော့ ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူရဲ့စော်ကားတာ အကြိမ်ကြိမ်ခံရတယ်။ ဘဝဆိုတာ မေတ္တာတရားတစ်ခုတည်းနဲ့လည်ပတ်နေတာမှမဟုတ်တာ။ ကိုယ်နဲ့ ကိုယ့်ချစ်တဲ့သူတွေကိုကာကွယ်ဖို့လိုတယ်။အသားလွတ် စော်ကားတာ ခေါင်းငုံ့မခံနဲ့။ Phyo Paing @ Derek

မခံနဲ့ဆိုတာ ချက်ချင်းတုန့်ပြန်တာကို
ပြောတာမဟုတ်ဘူး
Read More »

ဟောင်းနေတဲ့ ပုံပြင်တွေကိုပြင်ဖို့လိုတယ်

မြင်နေရဲ့ “ပုံ” တွေကို အသစ် “ပြင်” ဖို့ဟောင်းနေတဲ့ ပုံပြင်တွေကိုပြင်ဖို့လိုတယ်။ ငါဒါမလုပ်နိုင်ဘူး။ငါဒါ မလုပ်ဖူးဘူး။ဒါ မလုပ်တတ်ဘူး။အတွေ့အကြုံမှ မရှိတာ။ဖြစ်မှဖြစ်ပါ့မလား။ဒီအခြေအနေမှာ။ငါက အဲ့ပိုင်းအားနည်းတယ်။ဒီမြို့မှာနေနေတာ ဘာများဖြစ်နိုင်မှာမို့လဲ။ငါက ဇွဲမှမရှိတာ။အစပိုင်းဆိုကောင်းပြီး မဖျားရှူးသွားတာငါ့အကျင့်။ကျွန်တော်၊ ကျွန်မတို့က ချို့တဲ့တယ်။ ဒီပုံပြင်တွေကို ပြင်ဖို့လိုတယ်။ Phyo Paing @ Derek

ဟောင်းနေတဲ့ ပုံပြင်တွေကိုပြင်ဖို့လိုတယ် Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။ လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး
Read More »

ဘယ်နှစ်နာရီအိပ်လဲထက်

ဘယ်နှစ်နာရီအိပ်လဲထက်ဘယ်နှစ်နာရီ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လဲပို အရေးကြီးတယ်။သုတေသနတွေအရ ၆ နာရီခွဲလိုတယ်။ Phyo Paing @ Derek

ဘယ်နှစ်နာရီအိပ်လဲထက် Read More »

လုပ်ငန်းတစ်ခုမှာ

လုပ်ငန်းတစ်ခုမှာ ၁။ ပါလေရာ ငပိအဆင့်၂။ တစ်ဝက်လွဲအဆင့်၃။ လည်ပတ်မှုပိုင်း ကိုယ်မပါပဲလည်ပတ်တဲ့အဆင့်၄။ ဦးဆောင်နေတဲ့သူကို အကြံပေးလုပ်ငန်းရှင်အဆင့် ၅။ လုပ်ငန်းကို ရှယ်ယာရောင်း exit လုပ်တဲ့အဆင့်။ သို့ နောက်မျိုးဆက်ကို လက်လွဲတဲ့အဆင့်။နိုင်ငံခြားမှာဆို စတော့စျေးကွက်မှာInitial Public Offering (IPO) လုပ်တဲ့အဆင့်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

လုပ်ငန်းတစ်ခုမှာ Read More »

အကြံပေး လုပ်ငန်းရှင်တစ်ယောက်မှာ ရှိတဲ့ အရည်အသွေး (၇) ချက်

အကြံပေး လုပ်ငန်းရှင်တစ်ယောက်မှာရှိတဲ့ အရည်အသွေး (၇) ချက် ၁။ အမြင်ကျယ်တယ်။၂။ အမျှော်အမြင်ရှိတယ်။၃။ စိတ်ရှည်တယ်။၄။ အကောင်အထည်ဖော်မှုသေသပ်တယ်။၅။ လူအကဲခတ်တတ်တယ်။၆။ သိမ်းသွင်းမှုအားကောင်းတယ်။၇။ အနာဂတ်ခေါင်းဆောင်တွေကို ပြုစုပျိုးထောင်တတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

အကြံပေး လုပ်ငန်းရှင်တစ်ယောက်မှာ ရှိတဲ့ အရည်အသွေး (၇) ချက် Read More »