Dr. Phyo Paing

https://yec.company

စီးပွါးရေးလုပ်တဲ့အခါ

စီးပွါးရေးလုပ်တဲ့အခါ ၁။ ပြည်တွင်းလုပ်ငန်းက ဝန်ထမ်းလုပ်ဖူးမယ်။ ၂။ နိုင်ငံတကာလုပ်ငန်း MNC မှာ ဝန်ထမ်းလုပ်ဖူးမယ်။ ၃။ အလွတ်တန်းပညာရှင်အဖြစ် လုပ်ငန်းတွေကိုဝန်ဆောင်မှုပေးဖူးမယ်။ ၄။ လမ်းပေါ်ကစီပွါးရေးမှာ ကျင်လည်ဖူးမယ်။ ၅။ ကိုယ်တိုင်လုပ်ငန်းလုပ်ဖူးမယ်။ ၆။ စီးပွါးရေးပညာတတ်မယ်။ ၇။ လုပ်ငန်းတွေရဲ့လည်ပတ်ပုံတွေ့ကို လေ့လာနိုင်မယ်။ ဒီခုနှစ်ချက်က လုပ်ငန်းရှင်ကိုတခြားပြိုင်ဖက်တွေနဲ့ယှဉ်တဲ့အခါသူတို့မမြင်တဲ့ရာတွေကို မြင်နိုင်စေမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီးပွါးရေးလုပ်တဲ့အခါ Read More »

လုပ်ငန်းမှာ လုပ်ငန်းရှင်ပါဝင်မှုအဆင့်

လုပ်ငန်းမှာ လုပ်ငန်းရှင်ပါဝင်မှုအဆင့် ၁။ အကုန်လုပ်အဆင့်၂။ အရေးကြီးတာလုပ်၊ အရေးမကြီးတာလွဲအဆင့်၃။ အရေးကြီးတာတွေ တစ်ခုချင်းလွဲအဆင့်၄။ ဆုံးဖြတ်ချက်ပဲချ၊ လုပ်ငန်းလည်ပတ်တာသူ့ခေါင်းဆောင်နဲ့သူ လည်ပတ်တဲ့အဆင့်၅။ ခေါင်းဆောင်သစ်ကိုလွဲ အကြံပေးအနေနဲ့နေတဲ့အဆင့်၆။ လုပ်ငန်း တစ်စိတ်တစ်ဒေသ သို့ အကုန်လုံးကို ရောင်းတဲ့အဆင့် ဒီအဆင့်အကုန်လုပ်နိုင်ဖို့၁။ မဟာဗျူဟာ၂။ စနစ်၃။ လူတော်လူကောင်း ရှာဖွေပျိုးထောင်မှု၄။ အကောင်အထည်ဖော်သေသပ်မှု၅။ စိတ်ရှည်ပြီး အမျှော်အမြင်ရှိမှုလိုတယ်။ ဒီနိုင်ငံမှာက Exective စစ်စစ်ဆိုတာနိုင်ငံတကာကုမ္ပဏီကြီးတွေမှာပဲရှိပြီးအများစုက ကမ္ဘာ့ထိပ်တန်းကုမ္ပဏီမှာအလုပ်မလုပ်ဖူးတဲ့အခါလူနဲ့ စနစ်လည်ပတ်တာ မမြင်ဖူးကြဘူး။ လူပေါင်းသိန်းချီကို CHRIS လို့ခေါ်တဲ့Common Human Resource Information System နဲ့ ထိန်းချုပ်တဲ့ပုံစံမျိုး။ ၂၀၁၃ မှာ တရုတ်ရောက်သွားတော့ဆိုင်ပိုင်ရှင်လို့ထင်ရတဲ့ လူတွေနဲ့စကားပြောကြည့်တဲ့အခါမှအလင်းထပ်ပွင့်သွားတယ်။ အနောက်တိုင်းမှာပဲ လုပ်လို့ရတာမဟုတ်ဘူး။တရုတ်တောင်လုပ်လို့ရရင်ဘယ်နေရာမှာမဆို လုပ်လို့ရနိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းမှာ လုပ်ငန်းရှင်ပါဝင်မှုအဆင့် Read More »

ဘဝမှာ မဖြစ်ချင်ဆုံးက”အတု”။

တခြားသူရဲ့ပုံစံကို အကုန်ကော်ပီကူးပြီးသွားတဲ့အခါကိုယ့်ပုံစံ မရှိမှာ မဖြစ်ချင်ဆုံးပဲ။ ဒါကြောင့် လုပ်ငန်းလုပ်တဲ့ပုံစံ၊ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်၊အချစ်၊ အိမ်ထောင်ရေး၊ ဘဝနေထိုင်မှုပုံစံ၊ ကျန်းမာကြံ့ခိုင်ရေး၊ ငွေရေးကြေးရေး၊ဘာသာရေး အကုန်လုံး ကိုယ့်ပုံစံနဲ့ကိုယ်ဖန်တီးပြီး နေချင်တဲ့ပုံနေဖို့ဆုံးဖြတ်ခဲ့တယ်။ ဘောင်ခတ်ထားတဲ့ထဲ နေဖို့စိတ်ကူးရှိကိုမရှိခဲ့တာ။ Phyo Paing @ Derek

ဘဝမှာ မဖြစ်ချင်ဆုံးက”အတု”။ Read More »

The 12-factors of business success

၁။ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းကိုယ်လိုက်နာရမယ်။ ၂။ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိရမယ်။ ၃။ လုပ်ရပ်တိုင်းက ရည်မှန်းချက်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ရမယ်။ ၄။ ဆုံးဖြတ်ချက်ကို ရဲရဲချရဲရမယ်။ ချီတုန်ချတုန်ဖြစ်မနေနဲ့။ ၅။ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်မြတ်နိုးရမယ်။ ၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမယ်။ ၇။ ဝေဖန်မှုတွေကို စိတ်ပိုင်းဆိုင်ရာအရ ကိုင်သွယ်နိုင်ရမယ်။ ၈။ ကိုယ့်စိတ်ကို နိုင်ရမယ်။ ၉။ ဒူပေဒါပေခံရမယ်။ ၁၀။ ချမ်းသာကြွယ်ဝမှုစစ်စစ်ကိုတည်ဆောက်ရမယ်။ ၁၁။ ကိုယ့်ကို အထောက်အပံ့ပြုမယ့်လူတွေနဲ့ ဝန်းရံရမယ်။ ၁၂။ အောင်စိတ်လိုတယ်။ အောင်စိတ်ဆိုတာ ကျဆုံးတာကိုခံရဲတာ။အောင်စိတ်ဆိုတာ အကောင်အထည်ဖော်ရဲတာ။အောင်စိတ်ဆိုတာ အလုပ်မဖြစ်တာကနေ သင်ခန်းစာယူပြီးအလုပ်ဖြစ်တာကို ဆက်လုပ်တာ။ အောင်စိတ်ဆိုတာ မလိုချင်တာ ဘူတာတွေပဲစဥ်းစားမနေပဲ၊လိုချင်တာတွေကိုအဓိကစဥ်းစားလုပ်ဆောင်တာ။ The 12-factors of business success စာအုပ်ကKEVIN HOGAN, DAVE LAKHANI, MOLLIE MARTI

The 12-factors of business success Read More »

လုပ်ငန်းတစ်ခုအတွက်
စနစ် တစ်ခုပဲ အရေးအကြီးဆုံးဆိုတာ တစ်ဝက်ပဲမှန်တယ်။

လုပ်ငန်းတစ်ခုအတွက် စနစ် တစ်ခုပဲ အရေးအကြီးဆုံးဆိုတာတစ်ဝက်ပဲမှန်တယ်။ လုပ်ငန်းတစ်ခုဟာ စနစ်နဲ့ လူ နှစ်ခုနဲ့လည်ပတ်တာဖြစ်တယ်။ ဒါကြောင့် စနစ်တိုးတက်မှု (system development) နဲ့အတူဝန်ထမ်းတိုးတက်မှု (leadership development) လုပ်ဖို့လိုလာတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

လုပ်ငန်းတစ်ခုအတွက်
စနစ် တစ်ခုပဲ အရေးအကြီးဆုံးဆိုတာ တစ်ဝက်ပဲမှန်တယ်။
Read More »

စီးပွားရေး မသိပညာမပါ
ရန်သူမျိုးငါးပါး ကြုံခါမှ သိမယ်။

ထီးနဲ့ ဖိနပ်မပါနွေခါမှ သိမယ်။ဒါနဲ့နဲ့ သီလမပါ သေခါမှ သိမယ်။ မားကတ်တင်းအသိဥာဏ်မပါဒေါ်လာစျေးတက်ခါမှ သိမယ်။စီးပွားရေး မသိပညာမပါရန်သူမျိုးငါးပါး ကြုံခါမှ သိမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

စီးပွားရေး မသိပညာမပါ
ရန်သူမျိုးငါးပါး ကြုံခါမှ သိမယ်။
Read More »

ကိုယ်နေထိုင်ချင်တဲ့ ဘဝနေထိုင်မှုက”ရွေးချယ်မှု” ပဲ။

လူ့ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့တချို့”အယူအဆ” တွေကို လက်မခံပဲကိုယ်တိုင် ဥပဒေသထုတ်နေထိုင်တဲ့အခါဘဝမှာ တခါမှ မခံစားဖူးတဲ့ခံစားမှုတွေ နိစ္စဓူဝ ခံစားရလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်တဲ့ အယူအဆ၊စီးပွားရေးတဲ့ပတ်သက်တဲ့ အယူအဆ၊ကျန်းမာရေးနဲ့ ပတ်သတ်တဲ့အယူအဆ၊ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့အယူအဆ၊စိတ်ငြိမ်းချမ်းမှု ဘဝအတွက် စိတ်ကျေနပ်မှုspirituality နဲ့ ပတ်သက်တဲ့ အယူအဆ၊ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့အယူအဆ၊ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့အယူ။ ဒီအယူအဆတွေကို update လုပ်ပြီးတဲ့လောကကြီးကိုမြင်တဲ့ မှန်ဘီလူးကရှင်းလင်းနေပြီး ဘဝကြီးက မိုက်နေတယ်။ Phyo Paing @ Derek

ကိုယ်နေထိုင်ချင်တဲ့ ဘဝနေထိုင်မှုက”ရွေးချယ်မှု” ပဲ။ Read More »

မဟာဗျူဟာကျတွေးခေါ်နိုင်မှုလိုတယ်။

သွားချင်တာအရှေ့အရပ်ပြေးနေတာ အနောက်အရပ်ဆိုရင်ပြေးလေ ဝေးလေပဲဖြစ်နေမှာ။ ဒီလိုမဖြစ်အောင် မဟာဗျူဟာကျတွေးခေါ်နိုင်မှုလိုတယ်။ Phyo Paing @ Derek

မဟာဗျူဟာကျတွေးခေါ်နိုင်မှုလိုတယ်။ Read More »