Dr. Phyo Paing

https://yec.company

Business is a spiritual pursuit ပဲ။

Business is a spiritual pursuit ပဲ။ အရှုံးအမြတ်၊ ဝင်ငွေတွေကို တခြားသူတွေနဲ့နှိုင်းယှဥ်တဲ့အခါ သာနေရင်ပျော်မယ်။ နောက်ကျနေရင် စိတ်ညစ်မယ်။ စီးပွားရေးရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုကို ယူဆောင်ပေးတဲ့ activities တွေဖြစ်တဲ့အတွက် တခြားသူနဲ့ နှိုင်းယှဥ်ပြီး စိတ်ညစ်နေစရာမလိုဘူး။ လူတိုင်း လုပ်ငန်းလုပ်တဲ့အခါ တိုးတက်ဖို့ ကြိုးစားအားထုတ်ရတာကြီးပဲ။ ဒီ struggle က ကိုယ့်ကို ပျော်ရွင်မှုတွေယူပေးတဲ့ struggle လေးဖြစ်ဖို့လိုတယ်။ ကိုယ်ချစ်တဲ့ လုပ်ငန်းကိုလုပ်ရင်း စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုတွေကို ယူဆောင်နိုင်ရင် ဘဝရဲ့ blessings ပဲ။ ဘယ်လုပ်ငန်းက ဝင်ငွေဘယ်လောက်ဝင်တဲ့အတွက် အဲ့လုပ်ငန်းကိုလုပ်ဆိုတာထက် ကိုယ့်ချစ်တဲ့ industry ရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးတိုးတက်သွားဖို့ ပိုအရေးကြီးတယ်။

Business is a spiritual pursuit ပဲ။ Read More »

သိ၊ သုံး၊ သစ်။

ကိုယ်ကျန်းမာချင်ရင်ခန္ဓာကိုယ်ကျန်းမာရေးအသိပညာအခြေခံသိဖို့လိုတယ်။ စီးပွားရေးကျန်းမာချင်ရင်စီးပွားရေးကျန်းမာရေးအသိပညာအခြေခံသိဖို့လိုတယ်။ သိ၊ သုံး၊ သစ်။ သိ = understand သုံး = utilization သစ် = unique creation Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

သိ၊ သုံး၊ သစ်။ Read More »

ချပြီးဖြစ်အောင်လုပ်ဖို့လိုတယ်။

သုဝဏ္ဏသာမ “သားရွှေအိုးထမ်းသလိုပဲ”တချို့ရည်မှန်းချက်ပန်းတိုင်ပြည့်ရင်ကျန်တဲ့ သေးသေးမွှားမွှားတွေမလိုတော့ဘူး။အရေးကြီးတဲ့ “ဆပွါးအကျိုးရမည့်” ရည်မှန်းချက်ပန်းတိုင်တွေပဲချပြီးဖြစ်အောင်လုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ချပြီးဖြစ်အောင်လုပ်ဖို့လိုတယ်။ Read More »

ကိုယ့်ကိုကိုယ် နားလည်ချင်ရင်
တီးမိခေါက်မိတော့ရှိဖို့လိုတယ်။

လောကမှာ အခက်ဆုံးအလုပ်တစ်ခုက“ကိုယ့်ကိုကိုယ် နားလည်အောင်” လုပ်တာပဲ။ ကိုယ့်ကိုကိုယ် နားလည်အောင်“စိတ်” နဲ့ “ခန္ဓာ” ကိုလေ့လာကြတယ်။ စိတ်ကိုလေ့လာဖို့ တချို့က အဘိဓမ္မာကိုလေ့လာကြတယ်။တချို့က သိပ္ပံစိတ်ပညာကိုလေ့လာတယ်။တချို့က နှစ်ခုစလုံးကို အမြင်ကျယ်ကျယ်ထားပြီးလေ့လာတယ်။အတွေ့အကြုံရအောင် လုပ်ကြည့်တယ်။ နောက်တစ်ခုက ခန္ဓာ။ သေချာစဥ်းစားကြည့် ကိုယ်ကလူသာဖြစ်နေသာကိုယ့်ခန္ဓာကိုယ်မှာ အရိုးဘယ်နှစ်ချောင်းရှိလဲ၊ဘယ်ကြွက်သားက ဘာအလုပ်လုပ်လဲ၊ဘာအင်္ဂါတွေရှိလဲ၊တစ်မိနစ်ကို ပုံမှန် အသက်ဘယ်လောက်ရှူသလဲ၊တစ်မိနစ်နှလုံးခုန်နှုန်းဘယ်လောက်ရှိသလဲ၊ခန္ဓာကိုယ်ကြီး ဘယ်လိုလည်ပတ်နေလဲ၊သိထားဖို့လိုသလား။ ကိုယ့်ကိုကိုယ် နားလည်ချင်ရင်တီးမိခေါက်မိတော့ရှိဖို့လိုတယ်။ တကယ်တမ်းက လောကမှာကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးတာ၊သူများဘဝအခြေအနေတွေကိုအပေါ်ယံအမြင်နဲ့ အကဲခတ်ဆုံးဖြတ်လောက်တဲ့ဥာဏ်ရှိဖို့ အများကြီး ကြိုးစားရအုံးမယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်ရင်
တီးမိခေါက်မိတော့ရှိဖို့လိုတယ်။
Read More »

မြန်မာဝေါဟာရက အနက်ဖွင့်

အမှတ်တံဆိပ် = အသည်းစွဲမှတ်မိဖို့ စျေးကွက်ရှာဖွေမှု = သူစိမ်းကို မေးသူအဖြစ်ပြောင်း အရောင်း = မေးသူကို ဖောက်သည်အဖြစ်ရောင်း ဖောက်သည်ဝန်ဆောင်မှု = ဖောက်သည်ဝန်မပိအောင် လုပ်ဆောင်ပေးခြင်း စာရင်းဇယား = ဇယားမရှုပ်အောင် စာရင်းလုပ် 🌚 စီမံခန့်ခွဲ = စံမီအောင် စီမံပြီး လိုအပ်တဲ့ဝန်ထမ်းခန့်၊ တာဝန်ခွဲဝေပေး ဦးဆောင်မှု၊ ခေါင်းဆောင် = ဦထိပ်က လမ်းပြ၊ ဦးစွာဆောက်ရွက်ပြ။ စွန့်ဦးတီထွင် = စွန့်စားရတယ်၊ ဦးဆောင်ဦးစီးပြုရတယ်၊ တီထွင်ဆန်းသစ်ရတယ်။ ဆန်သစ် = ထူးဆန်းဖို့ စမ်းသပ်ဖို့လိုတယ်၊ ဒါမှ အသစ်တွေ့။ မြန်မာဝေါဟာရက အနက်ဖွင့် 😁 Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

မြန်မာဝေါဟာရက အနက်ဖွင့် Read More »

ဘာလို့စီးပွားရေးလုပ်သလဲ?

ဘာလို့စီးပွားရေးလုပ်သလဲ? ၁။ စား၊ ဝတ်၊ နေရေး။ ၂။ လိုချင်တာတွေ ဝယ်လို့ရဖို့။ ၃။ ကိုယ်ဘယ်လောက်လုပ်နိုင်လဲဆိုတာသိဖို့။ ၄။ ဒီအလုပ်ကို မလုပ်ရမနေနိုင် အရမ်းရူးသွပ်လို့။ ၅။ လူတွေလုပ်ဆောင်နေတဲ့ပုံစံတွေထက်ပိုကောင်းတဲ့ နည်းလမ်းပုံစံတွေရှိတယ်ဆိုတာပြဖို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဘာလို့စီးပွားရေးလုပ်သလဲ? Read More »

ဘဝမှာ များများစားများမလိုပါဘူး

ဘဝမှာ များများစားများမလိုပါဘူး။ ၁။ စား၊ ဝတ်၊ နေရေးလိုမယ်။ ၂။ သာယာမှု၊ ပျော်ရွင်မှု၊ ရင်ခုန်မှု၊ ငြိမ်းချမ်းမှုစိတ်ခံစားမှုတွေလိုမယ်။ ၃။ ကိုယ့်အစွမ်းအစဘယ်လောက်ရှိလဲရှာဖွေတည်ဆောက်မှုလိုမယ်။ ၄။ လိုချင်တာတွေရအောင်လုပ်နိုင်စွမ်းနဲ့ရထားတာတွေ လိုချင်အောင်ပြန်လုပ်နိုင်စွမ်းလိုတယ်။ Phyo Paing @ Derek

ဘဝမှာ များများစားများမလိုပါဘူး Read More »

သာမာန်ဆိုတာ ဒီနေ့ခေတ်ရဲ့
ကျရှုံးရေး ဖော်မြူလာပဲ

ကိုယ်လုပ်တဲ့အလုပ်ကိုဆရာကျအောင် လေ့လာ။ဆရာကျအောင်လုပ်။ဆရာကျကျ ပြန်မျှဝေပေး။ သာမာန်ဆိုတာ ဒီနေ့ခေတ်ရဲ့ကျရှုံးရေး ဖော်မြူလာပဲ။ ဒီနေ့ခေတ်မှာ လူတွေကသာမာန်တွေကို ဂရုသိပ်မစိုက်မိတော့ဘူး။ သာမာန် ရေခဲမုန့်ဆိုင်။သာမာန် ထမင်းဆိုင်။သာမာန် လက်ဖက်ရည်ဆိုင်။သာမာန် ဆံသဆိုင်။ စီပွားရေးမှာ သာမာန်ဆိုတာကျဆုံးရေး ဖော်မြူလာပဲ။ ထူးချွန်တဲ့ လုပ်ငန်းတွေကိုယ့်ရက်ကွက်ထဲ ရောက်လာရင်သာမာန်တွေ လမ်းပျောက်မယ်။ Phyo Paing @ Derek

သာမာန်ဆိုတာ ဒီနေ့ခေတ်ရဲ့
ကျရှုံးရေး ဖော်မြူလာပဲ
Read More »

ဘယ်လိုပုံစံမျိုးနဲ့ ငွေရှာမလဲ

ပိုက်ဆံရှာဖို့ ပိုက်ဆံနဲ့နီးရမယ်။ပိုက်ဆံနဲ့ နီးဖို့ လူတွေနဲ့ နီးရမယ်။လူတွေနဲ့ နီးဖို့ ကိုယ့်လုပ်ငန်းကိုလူတွေသိအောင်လုပ်ရတယ်။နောက်လူတွေ ယုံကြည်အောင်သက်သေပြရတယ်။ လူတွေ သိ လူတွေ ယုံကြည်အောင်လုပ်တာကိုမားကတ်တင်းလို့ အကြမ်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။ ဘယ်သူတွေကို သိအောင်လုပ်မလဲ။ဥပမာ $1 million ရှာမယ်ဆိုပါတော့။$1 x 1000000 = $1 million$10 x 100000 = $1 million$100 x 10000 = $1 million$1000 x 1000 = $1 million$10000 x 100 = $1 million$100000 x 10 = $1 million$1000000 x 1 =$1 million ဘယ်လိုပုံစံမျိုးနဲ့ ငွေရှာမလဲ။စနစ်တစ်ခုချပြီးစျေးပေါတာကို လူအများအများကြီးကိုရောင်းမလား၊စျေးကြီးတာကို

ဘယ်လိုပုံစံမျိုးနဲ့ ငွေရှာမလဲ Read More »