Dr. Phyo Paing

https://yec.company

ဘာတွေများဖြစ်မလဲ။

ကိုယ့်ကိုကိုယ် အမြဲမေးရမှာ“ကိုယ်က ဘာလုပ်ငန်းလုပ်နေတာလဲ?”“ကိုယ်တကယ်လုပ်နေတဲ့ လုပ်ငန်းကဘာလဲ?””ဘာကြောင့် ဒီလုပ်ငန်းကိုလုပ်နေတာလဲ?”“ဒီလုပ်ငန်းကို မလုပ်ရင် ဘာလုပ်ငန်းလုပ်နေမလဲ?” ဒီလုပ်ငန်းလုပ်တဲ့အခါမကြုံချင်တဲ့ စိတ်ခံစားမှုတွေကဘာလဲ? ဒါကို ဘယ်လိုရှောင်ရှားကာကွယ်မလဲ? ဒီလုပ်ငန်းလုပ်နေရင်းနဲ့နိစ္စဓူဝမှာ ကြုံတွေ့ချင်တဲ့ ခံစားချက်တွေကဘာတွေများဖြစ်မလဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဘာတွေများဖြစ်မလဲ။ Read More »

ကိုယ်တိုင် plan လိုတတ်တယ်။

ပိုက်ဆံရှာဖို့ ပိုက်ဆံနဲ့နီးရမယ်။ပိုက်ဆံနဲ့ နီးဖို့ လူတွေနဲ့ နီးရမယ်။လူတွေနဲ့ နီးဖို့ ကိုယ့်လုပ်ငန်းကို လူတွေသိအောင်လုပ်ရတယ်။နောက်လူတွေ ယုံကြည်အောင်သက်သေပြရတယ်။ လူတွေ သိ လူတွေ ယုံကြည်အောင်လုပ်တာကိုမားကတ်တင်းလို့ အကြမ်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။ ဘယ်သူတွေကို သိအောင်လုပ်မလဲ။ ဥပမာ $1 million ရှာမယ်ဆိုပါတော့။ $1 x 1000000 = $1 million $10 x 100000 = $1 million$100 x 10000 = $1 million$1000 x 1000 = $1 million $10000 x 100 = $1 million$100000 x 10 = $1 million$1000000 x 1

ကိုယ်တိုင် plan လိုတတ်တယ်။ Read More »

Spirituality ဆိုတာ

အချစ်ဆိုတာ “ခံစားချက်”သမီးရည်းစား၊ လင်မယားဆိုတာ “အခြေအနေ”။ တချို့က ခံစားချက်ရှိတယ်၊အခြေအနေမရှိဘူး။ တချို့က အခြေအနေရှိတယ်။အချစ်မရှိဘူး။ တချို့က နှစ်ခုလုံးရှိတယ်။တချို့က နှစ်ခုလုံးမရှိဘူး။ ခံစားချက်ဆိုတာ အင်မတန်အဖြစ်အပျက်မြန်တယ်။ ပြောင်းတတ်တဲ့သဘောရှိတယ်။ ဒီခံစားချက်ကို ပြန်လည်တူးဆွတိုင်းတွေ့ဖို့အတွေး၊ အဓိပ္ပာယ်၊ အတွေ့အကြုံတွေရဲ့ပေါင်းစပ်မှုလိုတယ်။ သံဓိဠာန်ဆိုတာ ဘယ်လိုဖြစ်ဖြစ် လက်မလျော့တာကိုဆိုတာ။ Spirituality ဆိုတာ လူတွေပြီးပြည့်စုံတယ်ဆိုတဲ့ခံစားချက်ခံစားရအောင် လုပ်ကြတာ။အဲ့မှာ အချစ်၊ ဘဝသမိုင်းပေးတာဝန်၊ ဘာသာတရားအစရှိတာတွေပါဝင်တယ်။ Phyo Paing @ Derek

Spirituality ဆိုတာ Read More »

စီးပွါးရေးလုပ်တယ်ဆိုတာ

စီးပွါးရေးလုပ်တယ်ဆိုတာ လည်နေတဲ့ဘီးပေါ်လမ်းလျှောက်နေရသလိုပဲ။ သူ့အရှိန်ပေါ်မူတည်ပြီးရပ်နေလို့လဲမရဘူး။ ပိုမြန်နေလို့လဲမရဘူး။ ရပ်နေရင်လဲကျ၊မြန်နေရင် အရှိန်မထိန်းနိုင်။ လည်နေသလောက်နဲ့ကိုယ့်အရှိန်လေးနဲ့ ချိန်ငြိရတာမျိုးဖြစ်တတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စီးပွါးရေးလုပ်တယ်ဆိုတာ Read More »

ဖြေရှင်းနိုင်လဲနဲ့ ဆက်စပ်နေတဲ့အရာပဲ။

ဝင်ငွေဆိုတာ စျေးကွက်ပြဿနာကိုဘယ်လောက်ထိထိရောက်ရောက်ဖြေရှင်းနိုင်လဲနဲ့ ဆက်စပ်နေတဲ့အရာပဲ။ ကိုယ့်လုပ်ငန်းက ဘယ်စျေးကွက်ပြဿနာကိုထိထိရောက်ရောက်ဖြေရှင်းနေလဲ။လူတွေသိပြီလား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဖြေရှင်းနိုင်လဲနဲ့ ဆက်စပ်နေတဲ့အရာပဲ။ Read More »

PhD

PhD ဆိုတာ Doctor of Philosophy Philo ဆိုတာ Philia ဆိုတဲ့ ဂရိစကားကလာတယ်။ ချစ်တယ်လို့ အဓိပ္ပာယ်ရတယ်။ – Sophy ဆိုတာ ဥာဏ်ပညာ၊ သင်ယူမှု၊ အသိပညာကိုခေါ်တာ။ Philosophy ကို မြန်မာလို အတွေးအခေါ်ပညာလို့ခေါ်တယ်။ ဒဿနလို့လဲခေါ်တယ်။ မားကတ်တင်းလုပ်တယ်ဆိုတာ လူတွေကို ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေပဲရောင်းတာမဟုတ်ဘူး။ ဒဿနတွေ ရောင်းရတယ်။ အတွေးအခေါ်တွေရောင်းရတယ်။အိုင်ဒီယာတွေ ရောင်းရတယ်။ အမှတ်တံဆိပ်ရဲ့ အတွေးအခေါ်ပညာကိုBrand philosophy လို့ခေါ််တယ်။ စီမံခန့်ခွဲမှု အတွေးအခေါ်ကို Management Philosophy လို့ခေါ်တယ်။ တရုတ်တွေ စီမံခန့်ခွဲတဲ့ ဒဿန၊ဂျပန်တွေ စီမံခန့်ခွဲတဲ့ ဒဿန၊အမေရိကန်တွေ စီမံခန့်ခွဲတဲ့ ဒဿန မတူဘူး။ ကိုယ့် ဒဿန ကိုယ်ရှိ။ ကိုယ့် ဒဿန ကိုယ်သိ။ ကိုယ့်

PhD Read More »

စဉ်းစားရတာ ခက်တယ်။

စိတ်ပညာရှင်ကြီး Carl Jung ကပြောခဲ့တယ်။ စဉ်းစားရတာ ခက်တယ်။ဒါကြောင့်လူအများစုက အထင်အမြင်နဲ့ ဝေဖန်အကဲဖြတ်ခြင်းကိုပဲပြုလုပ်ကြတယ်။ ကျွန်တော်တို့ဟာအထင်အမြင်နဲ့ ဝေဖန်အကဲဖြတ်သူအများအပြားရှိတဲ့ နေရာမှာနေနေကြရတယ်။ ဘူကောင်တွေထဲကိုယ်မပါဖို့လိုတယ်။ Phyo Paing @ Derek

စဉ်းစားရတာ ခက်တယ်။ Read More »

ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။

“Do things that scare you”ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။ ဒီဆောင်ပုဒ်အတိုင်းပဲနေခဲ့တယ်။ စျေးရောင်းရမှာရှက်တယ်။ လူတွေရှေ့စကားပြောရမှာကြောက်တယ်။ စာဖတ်ပြီးခေါင်းခြောက််ရမှာကြောက်တယ်။ကိုယ့်အိုင်ဒီယာတစ်ခုကို လူတွေသိအောင်ဖော်ပြရမှာကြောက်တယ်။ လူတွေကိုယ်ကို ဘယ်လိုထင်နေမလဲကြောက်တယ်။ ကိုယ့်ကိုကြောက်တဲ့အရာတွေကို လုပ်တဲ့အခါ ကိုယ့်ရဲ့အစွမ်းအစပိုထွက်လာတယ်။ ဒါကြောင့် နှစ်တိုင်း ကိုယ့်ကိုကြောက်စေတဲ့အရာတွေကို ချရေးထားပြီး တစ်ခုပြီးတစ်ခုလုပ်တယ်။ ကျွန်တော်တို့ကို နောက်တစ်ဆင့်ရောက်စေမယ့်အရာတွေက ကျွန်တော်တို့ ကြောက်တဲ့အရာတွေပဲ။ Phyo Paing @ Derek

ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။ Read More »

Master your Dark Side

လူတိုင်းမှာ dark side တွေရှိတယ်။တချို့က ဒေါသကြီးတယ်။ တချို့က အရွဲ့တိုက်တာ။ တချို့က အညှိုးကြီးတာ။ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ ဒီ dark side တွေက အောက်စီဂျင်ပဲ။ ဒီ dark side တွေက မီးနဲ့ဓာတ်ပြုရင် မီးလောင်စေသလို သေချာ ပြုစုပျိုးထောင်တတ်ရင် ကိုယ့်ဘဝအတွက် တော်တော်လေးအကျိုးရှိတယ်။ ဥပမာ ဒေါသကြီးတာကို အလုပ်ထဲထည့်တာမျိုး။ အရွဲ့တိုက်တာကို မင်းတို့မှားတာကို ငါသက်သေပြမယ်ဆိုတာမျိုး။ အညှိုးကြီးတာကို ဘုံရန်သူကိုသတ်မှတ်ပြီးအလုပ်ကို အစွဲအလမ်းကြီးကြီးလုပ်တာမျိုး။ ဒီ dark side တွေကို သေချာ ဆရာကျကျ ကိုင်တွယ်နိုင်ရင်ဘဝမှာ မော်တီဗေးရှင်းခလုတ်တွေကိုအကူးတက ရှာနေစရာမလိုဘူး။ Phyo Paing @ Derek

Master your Dark Side Read More »

စိတ်မညစ်ချင်ရင်
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”

ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ။ လူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုကပိုက်ဆံမရှိတာ။ ရှိတဲ့ပိုက်ဆံ လျော့သွားတာ။ အနာဂတ်မှာ ပိုက်ဆံမဝင်မှာကြောက်တာ။ ဝင်ငွေနည်းသွားမှာကြောက်တာ။ ဒီတော့ ဥပဒေတစ်ခုထားထားတာက“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”။ နေ့တိုင်း ၂၄ နာရီမှာ ဒီနေ့အတွက် ပိုက်ဆံဘယ်လောက်ရှာလိုက်သလဲ။အနာဂတ်မှာ ပိုက်ဆံရှာဖို့ အချိန်ဘယ်လောက်ပေးလိုက်သလဲ။ ဒီအချက်တွေနဲ့ နေ့တိုင်းတိုင်းတာတယ်။ အမှတ်တံဆိပ်တည်ဆောက်တာ။ နေ့တိုင်း content တွေဖန်တီးတာ။ စာတွေဖတ်တာ။ စမ်းသပ်မှုတွေ လုပ်တာ။ ဒါတွေအကုန်လုံးက အနာဂတ်ပိုက်ဆံရှာဖို့ပဲ။ ဒါကြောင့် စိတ်မညစ်ချင်ရင်“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”တနည်းအားဖြင့် “ပိုက်ဆံပိုးစိုးပက်စက် လာအောင်လုပ်”။ Phyo Paing @ Derek

စိတ်မညစ်ချင်ရင်
“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”
Read More »