Dr. Phyo Paing

https://yec.company

“အချစ်”နဲ့ “အလုပ်”
ဘာပိုအရေးကြီးလဲဆိုရင်

တခြားသူတွေတော့မသိဘူး။ကိုယ့်ဘဝကိုအပြောင်းအလဲဖြစ်စေတာကတော့အလုပ်။ဒါကြောင့် “အချစ်”နဲ့ “အလုပ်”ဘာပိုအရေးကြီးလဲဆိုရင်“အလုပ်” လို့ပဲ ၁၀၀% အမြဲပဲ။ Phyo Paing @ Derek

“အချစ်”နဲ့ “အလုပ်”
ဘာပိုအရေးကြီးလဲဆိုရင်
Read More »

ဒီနေ့ခေတ် လုပ်ငန်းရှင်က
MBD ဖြစ်ဖို့လိုလာတယ်။

ဒီနေ့ခေတ် လုပ်ငန်းရှင်ကMBD ဖြစ်ဖို့လိုလာတယ်။ MBD ဆိုတာ Master of Business Design.ဒီစကားလုံးကို စထွင်ခဲ့တဲ့သူကမိုက်ကယ်ကာဗာ။ ဒီနေ့ခေတ် laptop တစ်လုံးနဲ့လူတစ်ယောက်ရှာတဲ့ငွေက လူအယောက် ၄၀၊ ၅၀ ထက်ဝင်ငွေပိုကောင်းနေတာဖြစ်နိုင်တယ်။ လုပ်ငန်းအတွက် သန်းချီရင်းနှီးပြီးမရှုံးရုံတစ်မယ်လုပ်နေရသလိုအရှံပယ်ကြွယ်ဝနေတာလဲဖြစ်နိုင်တယ်။ အရေးကြီးတာ ဒီနေ့လို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊နည်းပညာ အပြောင်းအလဲများတဲ့ကာလမှာခေတ်ကာလ အခြေအနေနဲ့ ပုံကို ပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့ဒီဇိုင်းတည်ဆောက်ထားဖို့ အရေးကြီးတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒီနေ့ခေတ် လုပ်ငန်းရှင်က
MBD ဖြစ်ဖို့လိုလာတယ်။
Read More »

လုပ်လေ မြုပ်လေမဖြစ်ဖို့
စဥ်းစားတွေးခေါ်တတ်ဖို့လိုတယ်။

လုပ်လေ မြုပ်လေမဖြစ်ဖို့စဥ်းစားတွေးခေါ်တတ်ဖို့လိုတယ်။ ရည်မှန်းချက်ကြီးပဲ ဇွတ်ကြီးလို့မရဘူး။ဥာဏ်လဲ ကြီးဖို့လိုတယ်။ဇွဲလဲကြီးဖို့လိုတယ်။ ဒီကြားထဲ ကံလေးကလဲ ကြီးလာတယ်ဆို အရာရာ လှပနေမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လုပ်လေ မြုပ်လေမဖြစ်ဖို့
စဥ်းစားတွေးခေါ်တတ်ဖို့လိုတယ်။
Read More »

ကျန်းမာရေး မရှိရင်
ချမ်းသာရေးလဲ ရှိဖို့မလွယ်ဘူး

ကျန်းမာရေး မရှိရင်ချမ်းသာရေးလဲ ရှိဖို့မလွယ်ဘူး။ချမ်းသာရေး မရှိရင်အရေးအကြောင်းဆို ကျန်းမာရေးလဲရေရှည်ရှိဖို့ မလွယ်ပြန်ဘူး။ ကျန်းမာနေတဲ့အချိန်ချမ်းသာရေးကို လုပ်။ချမ်းသာနေတဲ့အချိန်မှာလဲကျန်းမာရေးကိုလုပ်။ Phyo Paing @ Derek

ကျန်းမာရေး မရှိရင်
ချမ်းသာရေးလဲ ရှိဖို့မလွယ်ဘူး
Read More »

အချစ်နဲ့ မေတ္တာနဲ့ မတူဘူး။

အချစ်က တပ်မက်မှုပါတယ်။ပြန်လည်ရယူလိုစိတ်ပါတယ်။ပြင်းထန်တဲ့ စိတ်ခံစားမှုတွေပါတယ်။ မေတ္တာက တပ်မက်မှုမပါဘူး။ကြင်နာမေတ္တာထားတယ်။ကိုယ်ချင်းစာတရားအခြေခံတယ်။ ဗုဒ္ဓက သတ္တဝါတွေကိုကယ်တင်ချင်တဲ့ မေတ္တာနဲ့ပါရမီဖြည့်ပြီး ဓမ္မကိုဟောကြားခဲ့တယ်။ လူ့အဖွဲ့အစည်းမှာဖြစ်တဲ့ ပြဿနာအများစုကအချစ်ကို အဓိကထားပြီးကိုယ်ချင်းစာစိတ် မေတ္တာထားမှုနည်းနဲ့အခါအကြဥ်းတန်မှုတွေဖြစ်လာတယ်။ အသက်ကြီးမှ တဖြည်းဖြည်းသိလာတယ်ဆိုတာမျိုး။မေတ္တာထားရင် ခွင့်လွတ်တတ်တယ်။နားလည်တတ်တယ်။စာနာတတ်လာတယ်။ အချစ်ကို love လို့ခေါ်ပြီးမေတ္တာကို compassion လို့ခေါ်တယ်။ Phyo Paing @ Derek

အချစ်နဲ့ မေတ္တာနဲ့ မတူဘူး။ Read More »

ကိုယ့်ဖောက်သည်အကြောင်း
သိအောင်လုပ်ဖို့ မေ့နေတတ်ကြတယ်။

မားကတ်တင်းနားမလည်ဘူးဆိုတဲ့ လမ်းထိပ်က တရုတ်အဖိုးကြီး ဘာကြောင့် စျေးရောင်းကောင်း နေလဲဆိုရင် သူ့ဖောက်သည်အကြောင်းသေချာသိလို့ ဖြစ်တယ်။ တချို့က နည်းပညာ update တွေအကုန်သိပြီး ကိုယ့်ဖောက်သည်အကြောင်းသိအောင်လုပ်ဖို့ မေ့နေတတ်ကြတယ်။ #gmc#sapwar

ကိုယ့်ဖောက်သည်အကြောင်း
သိအောင်လုပ်ဖို့ မေ့နေတတ်ကြတယ်။
Read More »

မနက်ဖြန်သာ ရုတ်တရက်
သေသွားမယ်ဆိုရင် လူဖြစ်ရတာတန်ပြီလား?

တကယ်လို့ တစ်နှစ်သာတစ်မိနစ်ဖြစ်မယ်ဆိုရင်သင်က ဘဝဆိုတဲ့ ကစားကွင်းမှာမိနစ် ၈၀ ပတ်ခြာလည်အချိန်ရမယ်။ တချို့တွေကလဲ မိနစ် ၂၀၊တချို့ ၃၀၊ တချို့ ၄၀ သုံးပြီးကြပြီ။ ကျန်တဲ့ မိနစ် ၄၀၊ ၅၀၊ ၆၀ ကိုဘယ်လို အသုံးပြုကြမလဲ? လူသားအတွေ့အကြုံတွေကို အကောင်းဆုံးရယူဖူးပြီးပြီလား။ ကိုယ်သွားချင်တဲ့ နိုင်ငံတွေ သွားဖူးပြီးပြီလား။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ လုပ်ဖူးပြီးပြီလား။ ကိုယ်ဖြစ်ချင်တဲ့ အချစ်ရေးပုံစံ၊ကိုယ်ဖန်တီးချင်တဲ့ အရာတွေ၊ ကိုယ်လုပ်ချင်တယ်လို့ စိတ်ကူးထားတဲ့အရာတွေအကုန်လုပ်ပြီးပြီလား?ကိုယ်ရှာချင်တဲ့တရား ရှာနေပြီလား? မနက်ဖြန်သာ ရုတ်တရက် သေသွားမယ်ဆိုရင် လူဖြစ်ရတာတန်ပြီလား? Phyo Paing @ Derek

မနက်ဖြန်သာ ရုတ်တရက်
သေသွားမယ်ဆိုရင် လူဖြစ်ရတာတန်ပြီလား?
Read More »

Peak Productivity တည်ဆောက်လို့ရတယ်။

ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်မြင့်ဖော်မြူလာကတော့ ရှင်းရှင်းလေး။ Physiology + Psychology + Philosophy = Productivity စားချင်တာတွေစားသောက်ချင်တာသောက်ပြီးဇီဝကမ္မဖြစ်စဥ် ကို ဂရုမစိုက်ပဲ စွမ်းဆောင်ရည်မြင့်အောင်လုပ်လို့မလွယ်ဘူး။ အားကစားသမားတွေ ကြည့်ကြည့်။ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဥ်ဖြစ်တဲ့ physiology ကို ဘယ်လောက်အရေးထားလဲ။ အစား၊ အသောက်၊ အအိမ်၊ ကျန်းမာရေးကိုဂရုအထူး စိုက်ကြတယ်။ စိတ်ပညာမသိပဲ အမူအကျင့်တည်ဆောက်ဖို့ မလွယ်ဘူး။ ဘူကောင်တွေနဲ့ တွေ့တဲ့အခါကိုယ့်ကိုကိုယ် မဘူအောင်လုပ်တတ်ကိုင်တတ်တွေ့တတ်ဖို့က စိတ်ပညာသိဖို့လိုတယ်။ ဒေါသဖြေနည်း၊ အဆိပ်အတောက်အတွေးအခေါ်တွေကိုအာပတ်ဖြေနည်း၊ လူတွေရဲ့စိတ်အလုပ်လုပ်ပုံဒါတွေသိထားမယ်ဆိုရင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်တိုးတက်အောင်အများကြီး ကူညီပေးနိုင်တယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ဒါက Philosophy ပဲ။ ဥာဏ်ပညာကို ချစ်မြတ်နိုးတာကိုအတွေးအခေါ် ပညာလို့ခေါ်တယ်။ ကိုယ့်ရဲ့ အတွေးအခေါ်က ကိုယ့်ရဲ့ ခံစားမှုနဲ့ လုပ်ရပ်အပေါ်သက်ရောက်မှုရှိတယ်။ ဒီသုံးခုကို သေချာဒီဇိုင်းလုပ်အသုံးပြုနိုင်ရင်စွမ်းဆောင်ရည်မြင့် နောက်တစ်ဆင့်အတွက်Peak Productivity

Peak Productivity တည်ဆောက်လို့ရတယ်။ Read More »

တကယ်လုပ်တတ်တာ မတူဘူး။

ဘယ်လိုလုပ်ရမလဲ “သိ”တာနဲ့၊တကယ်လုပ်တတ်တာ မတူဘူး။ သေချာသိတာ knowledgeလုပ်တတ်တာက skill. တချို့က သေချာသိတယ်မလုပ်တတ်ဘူး။တချို့က လုပ်တတ်တယ်သေချာမသိဘူး။တချို့က သိလဲသိလုပ်လဲလုပ်တတ်တယ်။ Phyo Paing @ Derek

တကယ်လုပ်တတ်တာ မတူဘူး။ Read More »

ဆရာကျအောင်လုပ်။
ဆရာကျကျ ပြန်မျှဝေပေး။

ကိုယ်လုပ်တဲ့အလုပ်ကို ဆရာကျအောင် လေ့လာ။ ဆရာကျအောင်လုပ်။ဆရာကျကျ ပြန်မျှဝေပေး။ သာမာန်ဆိုတာ ဒီနေ့ခေတ်ရဲ့ကျရှုံးရေး ဖော်မြူလာပဲ။ ဒီနေ့ခေတ်မှာ လူတွေကသာမာန်တွေကို ဂရုသိပ်မစိုက်မိတော့ဘူး။ သာမာန် ရေခဲ့မုန့်ဆိုင်။သာမာန် ထမင်းဆိုင်။ သာမာန် လက်ဖက်ရည်ဆိုင်။ သာမာန် ဆံသဆိုင်။ စီပွားရေးမှာ သာမာန်ဆိုတာကျဆုံးရေး ဖော်မြူလာပဲ။ ထူးချွန်တဲ့ လုပ်ငန်းတွေကိုယ့်ရက်ကွက်ထဲ ရောက်လာရင်သာမာန်တွေ လမ်းပျောက်မယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဆရာကျအောင်လုပ်။
ဆရာကျကျ ပြန်မျှဝေပေး။
Read More »