ဘဝမှာ alignment အရေးကြီးတယ်
ဘဝမှာ alignment အရေးကြီးတယ်။လုပ်နေတဲ့အလုပ်၊ဖတ်နေတဲ့စာ၊နေတဲ့နေရာ၊တွေ့နေတဲ့လူတွေ၊တန်ဖိုးထားမှု။အလိုင်းမန့်တည့်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek
ဘဝမှာ alignment အရေးကြီးတယ်။လုပ်နေတဲ့အလုပ်၊ဖတ်နေတဲ့စာ၊နေတဲ့နေရာ၊တွေ့နေတဲ့လူတွေ၊တန်ဖိုးထားမှု။အလိုင်းမန့်တည့်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek
ဒီနေ့ခေတ် လုပ်ငန်းတွေကဒီ S လေးလုံးကို အသုံးချဖို့လိုတယ်။ ၁။ Social Media လူမှုကွန်ယက်၂။ Sales Offer ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၃။ Sales Sequences မေးမြန်းမှုကို အရောင်းပြောင်းခြင်း၄။ Sales Specialist ကျွမ်းကျင် အရောင်းသမား Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ဘဝကို အထာကျကျနဲ့ဖြတ်သန်းနိုင်တဲ့သူတွေကလောကဓံကို မကြုံဖူးတာမဟုတ်ဘူး။ကြုံဖူးတာများသွားပြီးကျော်လွှားသွားနိုင်တဲ့အတွက်ဒုက္ခအသေးစားလေးတွေကိုfeel မလာတော့တာ။ အရေးမပါတာတွေကိုအရာမပေးတော့တာ။ Phyo Paing @ Derek
လူ့အဖွဲ့အစည်းက ခင်ဗျားကိုသူတို့ရဲ့အထင်အမြင်တွေနဲ့ဘာလုပ်လို့ရတယ်၊ဘာလုပ်လို့မရဘူး၊ဘောင်ခတ်ကြလိမ့်မယ်။ သူတို့ရဲ့ ပေတံနဲ့ ခင်ဗျားကိုတိုင်းတာကြလိမ့်မယ်။ ခင်ဗျားဘဝကို သူတို့ဘဝလိုထင်ပြီး မတောင်းခံပဲအကြံဥာဏ်တွေပေးဝေဖန်မှုတွေ ပြုလုပ်လိမ့်မယ်။ ခင်ဗျားဆွဲနေတဲ့ ပန်းချီကားရုပ်လုံးမပေါ်သေးတဲ့အချိန်အားပေးမှုတွေထက်သံသယမျက်လုံးတွေနဲ့ ကြည့်လိမ့်မယ်။ဘယ်အချိန်ထိ ဇွဲကောင်းမလဲရပ်သွားတဲ့အချိန်ကိုစောင့်ကောင်းစောင့်နေလိမ့်မယ်။ ခင်တယ်လို့ပြောပြီးတခြားသူတွေ ဟားတိုက်တဲ့အခါကြိတ်ပြီး ပွဲကြည့်ချင်စိတ်လေးတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါကတော့ ရွာထဲမှာ ဖြစ်နေကျပဲ။ ဒါကြောင့်ဘောင်တွေခတ်ထားတဲ့ရွာကနေ အပြီးထွက်ခဲ့တယ်။ ရွာပြင်မှာ လေကောင်းလေသန့်တွေရတယ်။ ကိုယ့်ဘဝဥပဒေသကိုယ်ဖန်တီးချင်တဲ့ ပန်းချီကားကိုယ်ဖန်တီးလို့ရတယ်။ လူတွေရဲ့ ခေါင်းထဲထည့်ထားတဲ့အသိဥာဏ်တွေ မတူဘူး။စဥ်းစားတွေးခေါ်နိုင်တဲ့ဥာဏ်ရည်တွေမတူဘူး။လေ့လာသင်ယူနိုင်စွမ်းတွေမတူဘူး။ဇွဲနဲ့ စိတ်ရှည်မှုတွေ မတူဘူး။ရူးသွပ်မှုတွေမတူဘူး။ တချို့တွေက ဘဝကိုဖြတ်သန်းဖို့လမ်းတစ်လမ်းပဲမြင်တယ်။တချို့က နှစ်လမ်းမြင်တယ်။တချို့က သုံးလေးငါးလမ်းမြင်တယ်။ ဘဝမှာ ကိုယ်လိုချင်တဲ့ဘဝကိုယ်ဖန်တီးဖို့အမြင်ကျဥ်းတဲ့သူတွေရဲ့ဘောင်ခတ်ခြင်းကို မခံရဖို့သတိပြုဖို့လိုတယ်။ အမြင်ကျဥ်းတဲ့လူတွေ ဥဦးဆောင်တဲ့နိုင်ငံ၊အဖွဲ့အစည်း၊ လုပ်ငန်းတွေဘယ်လိုဖြစ်နေလဲ အားလုံးအတွေ့ပဲ။ အမြင်ကျဥ်းတဲ့လူက အငြင်းသန်တယ်။အမြင်ကျဥ်းတဲ့သူက လူတွေကိုနားမလည်ပေးနိုင်ဘူး။အမြင်ကျဥ်းတဲ့သူက တစ်ဖက်ပိတ်။အမြင်ကျဥ်းတဲ့သူက ဘဝမှာ နေမပျော်ဘူး။ Phyo Paing @ Derek
လူတွေက ကိုယ့်ကိုကိုယ်အချိန်မရွေးသေတတ်တယ်ဆိုတာမေ့နေတတ်ကြတယ်။ တချို့ဆေးရုံမှာ တစ်လပဲနေရတော့မယ့်လူနာတွေ၊တချို့ ကင်ဆာကြောင့်တစ်နှစ်၊ နှစ်နှစ်ပဲနေရတော့မယ့်သူတွေအများကြီးရှိတယ်။ ကိုယ့်ဘဝ ကျန်းကျန်းမာမာအသက်ရှင်နေနိုင်တာကောင်းတဲ့အချက်တစ်ခုလို့ပြောရင်ရနိုင်တယ်။ Phyo Paing @ Derek
လူတွေက ကိုယ့်ကိုကိုယ်
အချိန်မရွေး
သေတတ်တယ်ဆိုတာ
မေ့နေတတ်ကြတယ် Read More »
ခေါင်းဆောင်နဲ့ မန်နေဂျာဘာကွာလဲ။ခေါင်းဆောင်က စနစ်ချပေးတယ်။မန်နေဂျာက စနစ်ကို အကောင်ထည်ဖော်ပေးတယ်။ Leader works ON the system.Manager works IN the system. ဒါကတော့ ကိုယ်အကြိုက်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ကိုယ့်လုပ်ငန်းရောင်းအားတတ်ဖို့ စျေးလျော့ရောင်းနေရတုန်းလား။ လုပ်ငန်းတစ်ခုအနေနဲ့ ပုံမှန်ပြိုင်ကြတဲ့အခါစျေးသက်သာတာအပြင်၊ပိုမြန်တာ၊ ဝယ်ယူရပိုလွယ်ကူတာ၊ ပိုကောင်းတာ။ ဒီ “ပို” တွေနဲ့ပြိုင်ကြပါတယ်။ ရှိပြီးသားစျေးကွက်အတွင်းမှာရှိပြီးသား ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ပြိုင်တာဟာ သမုဒ္ဒရာမှာ ငါးမန်းတွေ သားကောင်တွေအတွက်ထိုးစစ်ဆင်ရင်းနဲ့ သမုဒ္ဒရာပြင်ကြီးသွေးသံရဲရဲ ဖြစ်သွားတာနဲ့တင်စားတဲ့အတွက်တင်စားပြီး ပြင်သစ်အခြေစိုက်စီးပွားရေးတက္ကသိုလ်ကြီးဖြစ်တဲ့Insead မှ ပရိုဖက်ဆာနှစ်ဦးဖြစ်တဲ့W. Chan Kim and Renée Mauborgne ကဆိုခဲ့ပါတယ်။ ဒီအစား ပြိုင်ဖက်တွေ မသွားသေးတဲ့စျေးကွက်၊ဝန်ဆောင်မှု၊ နယ်ပယ်ကို သွားခြင်းဖြင့်စျေးကွက်သစ်ကို ဖော်ဆောင်လို့ရပြီးအမြတ်ငွေ များစွာရစေနိုင်တာကို တင်စားပြီး Blue Ocean Theory ကိုစတင်ဖန်တီးခဲ့ပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီနေ့ခေတ် အသုံးပြုနေတဲ့iPhone ဆိုတာ Blue Ocean သာဓကတစ်ခုဖြစ်ပြီးAustralia အခြေစိုက် Yellow Tails Wine ဟာလဲဝိုင်သောက်သုံးသူတွေကို အဓိကမထားပဲဘီယာသောက်သုံးတဲ့ လူငယ်စျေးကွက်ကိုအဓိကထားဖော်ဆောင်ခဲ့မှုကြောင့်အောင်မြင်မှုအထူးရခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ဖို့ တချို့အပိုင်းတွေကို
ကိုယ့်လုပ်ငန်းရောင်းအားတတ်ဖို့
စျေးလျော့ရောင်းနေရတုန်းလား။ Read More »
ဒီနေ့ သိန်း ၁၀၀၀ က၂၀၂၀ ရဲ့ သိန်း ၃၀၀ ကျော်၊ ၄၀၀ နဲ့ညီနေတော့ အမြတ်ငွေရဲ့ သုံးဆထက်တိုးတက်မှ ဝင်ငွေတိုးတက်တယ်လို့ပြောလို့ရမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
လိုချင်တဲ့ ရလဒ်ကို ထပ်ခါထပ်ခါရဖို့ တိကျသေချာတဲ့ လုပ်ငန်းဆောင်တာတွေချမှတ်ထားတာကို “စနစ်” လို့ခေါ်တယ်။ လုပ်ငန်းတစ်ခုဆိုတာ မတူညီတဲ့လုပ်ငန်းဆောင်တာ စနစ်တွေ အချိပ်အဆက်ပြုထားတာဖြစ်တယ်။ ဦးဆောင်မှုစနစ်၊ အမှတ်တံဆိပ်တည်ဆောက်ခြင်းစနစ်၊မားကတ်တင်းစနစ်၊ အရောင်းစနစ်၊ဝန်ဆောင်မှုပေးခြင်းစနစ်၊ ဖြန့်ဖြူးပို့ဆောင်ပေးခြင်းစနစ်၊ငွေကြေးစနစ် အစရှိတဲ့စနစ်တွေ ချိပ်ဆက်မှုပြုထားတာဖြစ်တယ်။ လုပ်ငန်းရှင်တစ်ယောက်က ကိုယ့်လုပ်ငန်းရဲ့ စနစ်တွေအားလုံးကိုတစ်ယောက်တည်း အကုန်သိထားတာဖြစ်နိုင်သလို မသိသေးပါက လုပ်ငန်းကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး စနစ်တည်ဆောက်တာလဲဖြစ်နိုင်ပါတယ်။ ဥပမာ ကိုယ်က ငွေကြေးစနစ်ကျွမ်းကျင်ပြီးမားကတ်တင်း စနစ်မှာ အားနည်းတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် မားကတ်တင်းဖက်မှာ ကျွမ်းကျင်ပြီးဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ်မှာ အားနည်းတာဖြစ်နိုင်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်က နိစ္စဓူဝ လုပ်ငန်းလည်ပတ်မှုမှာကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းကိုတည်ဆောက်နိုင်မှဖောက်သည်တွေလိုအပ်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အသစ်တွေကို ဖန်တီးဖို့ အချိန်များများပိုပေးနိုင်မှာဖြစ်ပါတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
လုပ်ငန်းတစ်ခုဆိုတာ မတူညီတဲ့
လုပ်ငန်းဆောင်တာ စနစ်တွေ Read More »
တချို့ဆေးရုံမှာ တစ်လပဲနေရတော့မယ့်လူနာတွေ၊တချို့ ကင်ဆာကြောင့်တစ်နှစ်၊ နှစ်နှစ်ပဲနေရတော့မယ့်သူတွေအများကြီးရှိတယ်။ ကိုယ့်ဘဝ ကျန်းကျန်းမာမာအသက်ရှင်နေနိုင်တာကောင်းတဲ့အချက်တစ်ခုလို့ပြောရင်ရနိုင်တယ်။ Phyo Paing @ Derek
လူတွေက ကိုယ့်ကိုကိုယ်
အချိန်မရွေး
သေတတ်တယ်ဆိုတာ
မေ့နေတတ်ကြတယ်။ Read More »