Dr. Phyo Paing

https://yec.company

အရေးမပါတာကို အရာမပေး

တွေးရဲတယ်။ရေးရဲတယ်။လူတွေဝေဖန် ကဲ့ရဲ့ခံရဲတယ်။ ဦးနှောက်ရှိတယ်။ဇွဲရှိတယ်။ပြင်ထန်တဲ့ လုပ်ရှားအကောင်ထည်ဖော်မှုရှိတယ်။ အမှားကိုဝန်ခံရဲတဲ့သတ္တိရှိတယ်။တာဝန်ယူမှုရှိတယ်။ဘုရင့်နောင်ဖောက်ဖျက် လုပ်ရဲတယ်။ အရေးမပါတာကို အရာမပေး လျစ်လျူရှုရဲတယ်။ စွန့်လွတ်ရဲတယ်။စောက်တလွဲကောင်တွေကိုUnfollow လုပ်၊ Ban ရဲတယ်။ အဲ။ 😆 Phyo Paing @ Derek

အရေးမပါတာကို အရာမပေး Read More »

အလုပ်က အနုပညာ။

အလုပ်က အနုပညာ။အလုပ်က ဘဝ။အလုပ်က ဘုရားပဲ။ အလုပ်ဆိုတာ အဓိပ္ပာယ်။အလုပ်ဆိုတာ အဿပြာတစ်ခုထက်ပိုတယ်။အလုပ်ဆိုတာ ကိုယ်ဘယ်သူလဲ သတ်မှတ်ပေးတဲ့အရာပဲ။ အလုပ်က ရူးသွပ်မှု။အလုပ်က တိုးတက်မှု။အလုပ်က လွတ်မြောက်မှုတစ်ခုပဲ။ ကိုယ့်သမိုင်းက စာတစ်အုပ်ဆိုရင်အလုပ်က ပန်းချီစုတ်တံပဲ။ကိုယ်ကတော့ ဖန်တီးသူပေါ့။ အလုပ်ကို တန်ဖိုးထားမှအလုပ်က ကိုယ့်ကို ပြန်တန်ဖိုးထားမယ်။ နောက်နှစ်ပေါင်း ၂၀၀ ပြန်ကြည့်လိုက်ကိုယ့်ဆေးစက်တွေ၊ ဖန်တီးမှုတွေရှင်ကျန်နေရမယ်။ Phyo Paing @ Derek

အလုပ်က အနုပညာ။ Read More »

ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါ

ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါလိုချင်တာတွေ၊ ဒုက္ခတွေကိုကျော်လွှားဖို့သံဝေဂတရား လက်ကိုင်ထားဖို့လိုတယ်။ သံဝေဂတရားကို အင်္ဂလိပ်လိုSaṃvega လို့ဆိုတယ်။သံသရာက လွတ်မြောက်ဖို့အထူးအံ့အားသင့်မှု။ဘဝဆိုတာ ဒုက်ခဆိုတာသဘောပေါက်မှုဖြစ်တယ်လို့ဆိုတယ်။ သံဝေဂတရား ရှစ်ပါးရှိပြီး ဒီ ၈ ခုကတော့ ၁။ လှပနုနယ်သောရူပါရုံရှိသော်လည်းနောက်ဆုံးတွင်အိုကြမည်။ ၂။ စည်းစိမ်ကြီးကျယ်နေသော်လည်းနောက်ဆုံးတွင်ပျက်စီးရမည်။ ၃။ ချစ်ခင်စွာပေါင်းသင်းနေကြရသော်လည်းနောက်ဆုံးတွင်ကွဲပြားကွေကွင်းရမည်။ ၄။ အသက်ရှင်နေကြရသော်လည်းနောက်ဆုံးတွင်သေကြရမည်။ ၅။ မာန်မာနတက်ကြွနေသော်လည်းနောက်ဆုံးတွင်အောက်ကျကြရမည်။ ၆။ ချစ်ခင်နေကြသော်လည်းနောက်ဆုံးတွင်သောကဖြစ်ကြရမည်။ ၇။ ချီးမွမ်းခြင်းခံကြရသော်လည်းနောက်ဆုံးတွင်ရှံ့ချခံကြရမည်။ ၈။ ချမ်းသာကြသော်လည်းဒုက္ခနောက်ဆုံးဖြစ်ကြရမည်။ လောလောပြီး ကနေရတဲ့လောကထဲမှာ ထင်ထားသလိုမဖြစ်လာခဲ့ရင်သံဝေဂတရား လက်ကိုင်ထားတာကတော့ဘဝပင်လယ်ထဲက မုန်တိုင်အတွက်ကောင်းတဲ့ အကာအကွယ်ကောင်းတစ်ခုဖြစ်နိုင်တယ်။ Phyo Paing @ Derek

ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါ Read More »

လူတစ်ယောက်စဥ်းစားနိုင်စွမ်းကို
ဘယ်အရာတွေက အတားအဆီးလုပ်သလဲ။

၁။ စိတ်ခံစားမှုအခြေအနေ၂။ ဘက်လိုက်မှု၃။ ထုံးတမ်းအစဥ်အလာ ယဥ်ကျေးမှု၄။ သတင်းအချက််အလက်ဖောင်းပွမှု၅။ ဥာဏ်ပညာနည်းမှု၆။ စိတ်တွက်ချက်မှုပင်ပန်းနွမ်းနယ်မှု၇။ ပတ်ဝန်းကျင်ဆူညံသံ၈။ စိတ်နေစိတ်ထား ဥပမာ ကန့်သတ်တွေး၉။ ကိုယ်ကျန်းမာရေး၁၀။ ကြောက်စိတ် Phyo Paing @ Derek

လူတစ်ယောက်စဥ်းစားနိုင်စွမ်းကို
ဘယ်အရာတွေက အတားအဆီးလုပ်သလဲ။
Read More »

တချို့ကလုပ်ပြီးမှ

တချို့က လုပ်ပြီးမှပြောတယ်။တချို့က ပြောပြီးမှလုပ်တယ်။တချို့က လုပ်ပြီးမပြောဘူး။တချို့က ပြောပြီးမလုပ်ဘူး။တချို့က ပြောလဲမပြောဘူးလုပ်လဲမလုပ်ဘူး။ Phyo Paing @ Derek

တချို့ကလုပ်ပြီးမှ Read More »

ကိုယ့်အလုပ်အတွက် နေ့စဉ်
မပျက်မကွက်လုပ်တဲ့အရာသုံးခုဆို
ဘာများဖြစ်မလဲ?

ကျွန်နော့်အတွက်ကတော့ ၁။ Learn စမ်းသပ်ခြင်း၊ လေ့လာခြင်း၂။ Share ဖန်တီးမျှဝေခြင်း၃။ Sell ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအဖြစ်ရောင်းချခြင်း Phyo Paing @ Derek

ကိုယ့်အလုပ်အတွက် နေ့စဉ်
မပျက်မကွက်လုပ်တဲ့အရာသုံးခုဆို
ဘာများဖြစ်မလဲ?
Read More »

ဘဝပျက်မတတ် စိတ်ညစ်ခဲ့တဲ့အခိုက်အတံ့တွေ

ဘဝပျက်မတတ် စိတ်ညစ်ခဲ့တဲ့အခိုက်အတံ့တွေကတချိန်ပြုံးပြီး ပြန်ပြောလို့ရတဲ့လွမ်းစရာပုံပြင်တွေ ဖြစ်လာလိမ့်မယ်။ Phyo Paing @ Derek

ဘဝပျက်မတတ် စိတ်ညစ်ခဲ့တဲ့အခိုက်အတံ့တွေ Read More »

စီးပွားရေး လုပ်မယ်ဆို
စီးပွားရေးပဲ လုပ်လို့မရဘူး။
စီးပွားရေးပညာလေ့လာရမယ်။

ဆေးရုံမှာ အလုပ်သင်ဆရာဝန်လုပ်နေရင်းMebook ဆိုတဲ့ linux tablet တွေကိုဆေးကျောင်းတုန်းက သူငယ်ချင်းနဲ့ပေါင်းပြီးဘွန်ဆိုင်းအပင်တွေ တရုတ်ပြည်ကတင်သွင်းရောင်းချပြီးစုထားတဲ့ငွေတွေ အကုန်ရင်းပြီးချလိုက်တယ်။အရင်းပြုတ်သွားတယ်။ 2011 တုန်းက လုပ်ထားတဲ့ website လေးတောင်ရှိသေးတယ်။ https://getmebook.weebly.com/ 😂 အဲ့မှာနားလည်သွားတယ်။စီးပွားရေး လုပ်မယ်ဆို စီးပွားရေးပဲ လုပ်လို့မရဘူး။ စီးပွားရေးပညာလေ့လာရမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စီးပွားရေး လုပ်မယ်ဆို
စီးပွားရေးပဲ လုပ်လို့မရဘူး။
စီးပွားရေးပညာလေ့လာရမယ်။
Read More »

ရောင်းပြီးရှုံးတဲ့ ရောင်းရှုံးအချိန်တွေလဲ
ဒေါ်လာစျေးအတွက်အကျမှာကြုံခဲ့ဖူးတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလကုန် လစာပေးဖို့ ရုန်းကန်ခဲ့ရတဲ့အချိန်တွေရှိတယ်။ ရောင်းပြီးရှုံးတဲ့ ရောင်းရှုံးအချိန်တွေလဲဒေါ်လာစျေးအတွက်အကျမှာကြုံခဲ့ဖူးတယ်။ ငါလုပ်နေတဲ့လုပ်ငန်းနဲ့ ငါသွားချင်တဲ့လမ်းကြောင်းနဲ့ လွဲနေပြီဆိုတဲ့ခံစားချက်လဲ ကြုံခဲ့ဖူးတယ်။ ကိုယ်တွဲအလုပ်လုပ်ချင်တဲဲ့ ဥာဏ်ရည်မြင့်ဝန်ထမ်းတွေနဲ့မဟုတ်ပဲပြောင်းပြန်သူတွေနဲ့ နေ့စဥ်ပြောဆိုဆက်ဆံပြီးစိတ်တွေညစ်ဖူးတယ်။ လုပ်ငန်းမှာ ငွေဝင်ပြီးခွဲလို့မရတဲ့ ဥစ္စာစောင့်ဘဝလဲကြုံခဲ့ဖူးတယ်။ ဒီဆယ်စုနှစ်တစ်ခုမှာအလုပ်မဖြစ်တာ အခုတစ်ရာမကလုပ်ခဲ့ဖူးတယ်။ နောက်မှ ပြန်လည်သုံးသပ်ရင်းကိုယ်နဲ့ အံ့ဝင်ဂွင်ကျဖြစ်တဲ့Business model ကိုတွေ့လာတယ်။မဟာဗျူဟာချ ဖြန့်ကျက်လို့လွယ်လာတယ်။ပေါက်ကွဲမှုအားပိုကောင်းလာတယ်။အကွက်ရွေ့ရပို ကောင်းလာတယ်။ တဖြည်းဖြည်းနားလည်လာတာModel မှားရင် မယ်တော်လဲ မကယ်နိုင်ဘူး။ လုပ်ငန်းတစ်ခုမှာ အရေးအကြီးဆုံးတစ်ခုက Business Model မှန်ဖို့။ ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ Business Model တစ်ခုဖြစ်ဖို့လိုတယ်။ Business Model ဆိုတာ ငွေဘယ်လိုရှာမလဲဆိုတဲ့ ပုံစံပဲ။ ဝယ်ရောင်းလဲရတယ်။ထုတ်ပြီးလဲ ရောင်းလို့ရတယ်။မဝယ်ပဲ ပွဲစားလုပ်ပြီးလဲရောင်းလို့ရတယ်။ပြန်ရောင်းမည့်သူတွေကို ရောင်းလဲရတယ်။ခေါင်းဆောင်တွေမွေးထုတ်ပြီးပဲဦးဆောင်ပြီး ရောင်းခိုင်းလို့ရတယ်။လူမပါပဲ နည်းပညာနဲ့ပဲလဲရောင်းခိုင်းလို့ရတယ်။ ဘယ်လိုရောင်းမလဲအရင်းအမြစ်နဲ့ ပါတနာတွေကိုဘယ်လိုပေါင်းမလဲ အရေးကြီးတယ်။ ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့Business

ရောင်းပြီးရှုံးတဲ့ ရောင်းရှုံးအချိန်တွေလဲ
ဒေါ်လာစျေးအတွက်အကျမှာကြုံခဲ့ဖူးတယ်။
Read More »

မားကတ်တင်းကို အရှင်းဆုံးရှင်းပြရရင်

မားကတ်တင်းကို အရှင်းဆုံးရှင်းပြရရင်သူစိမ်းကို အသိအသိကို ဖောက်သည်ဖောက်သည်ကို ပရိသတ်ပရိသတ်ကို အမာခံအဖွဲ့ဝင်ပြောင်းတာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

မားကတ်တင်းကို အရှင်းဆုံးရှင်းပြရရင် Read More »