Dr. Phyo Paing

https://yec.company

HAPPINESS framework

ပျော်ရွင်ဖို့အတွက် HAPPINESS framework တစ်ခုကိုဖန်တီးထားတာလေးရှိတယ်။ The HAPPINESS Framework: -Hopes and Goalsမျှော်လင့်ချက်နဲ့ ရည်မှန်းချက်ပန်းတိုင် -Appreciation and Gratitudeကျေးဇူးတင်တတ်တဲ့စိတ် -Positive Mindsetအကောင်းမြင်စိတ် -Present-Moment Awarenessသတိ၊ အသိ -Interpersonal Connectionsပေါင်းသင်းဆက်ဆံမှု -Nurturing Self-Careကိုယ့်ကိုကိုယ် ဂရုစိုက်မှု -Engaging Activitiesစိတ်အာရုံစျာန်ဝင်စေမည့်အလုပ်တွေ -Serenity and Resilienceဒူပေဒါပေခံမှု -Service and Giving Backဒါန၊ တခြားသူတွေကိုကူညီပေးတာ Phyo Paing @ Derek English Version Below 👇 Embracing the Path to Lasting Happiness: The HAPPINESS Framework Introduction: Happiness is a

HAPPINESS framework Read More »

တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။

ငယ်ငယ်လေးကတည်း ဟိုဟာ မလုပ်ရဘူး။ ဒီဟာအလုပ်ရဘူး။ ဘာဖြစ်နိုင်တယ်။ ဘာမဖြစ်နိုင်ဘူး။ အားတီ၊ အားမေတို့ရဲ့ ပတ်ဝန်းကျင်ကဘောင်တွေ ခတ်ကြလိမ့်မယ်။ ငယ်ငယ်တည်းက ဘောင်ခတ်ခံလာခဲ့ရင်တခါတလေ အပြင်ကိုထွက်ဖို့ အခက်အခဲတွေ အများကြီးရှိနေနိုင်တယ်။ တခါတလေ ကိုယ့်ကို ခတ်ထားတဲ့ဘောင်တွေရဲ့ အပြင်ဖက်ကိုရုန်းထွက်နိုင်ဖို့လိုတယ်။ ဒီလို ထွက်နိုင်ဖို့ သတ္တိလိုတယ်။ Phyo Paing @ Derek

တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။
Read More »

တခါတလေ ကိုယ့်ဘဝကိုယ်ကို
စာရင်းစစ်ဖို့ မေ့နေတတ်တယ်။

အားတီ၊ အားမေတို့ရေငွေကြေးတွေ အသစ်ထွက်၊အပြောင်းအလဲ များပြီးကတိတွေပေးပြီး ဗလောင်းဗလဲများတဲ့လောကကြီးမှာ တခါတလေ ကိုယ့်ဘဝကိုယ်ကို စာရင်းစစ်ဖို့ မေ့နေတတ်တယ်။ ကျွန်တော်တို့ ကိုယ့်ဘဝကိုယ်ကိုစာရင်းစစ် လေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်။ ၁ ကနေ ၁၀ ထိ အမှတ်ပေးကြည့်ကြည့်။ ၁ က အနဲဆုံး။၁၀ က အများဆုံး။ အခုဆိုရင် ၁။ ကိုယ့်ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးကို၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၂။ ကိုယ့်အလုပ်အကိုင်နဲ့ စီးပွားရေးအတွက် ၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၃။ ကိုယ့်အချစ်ရေးအတွက် ၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၄။ ကိုယ့်ငွေကြေးပိုင်ဆိုင်မှုနဲ့ပတ်သက်လို့၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ?

တခါတလေ ကိုယ့်ဘဝကိုယ်ကို
စာရင်းစစ်ဖို့ မေ့နေတတ်တယ်။
Read More »

Stop, Slow down, Start

ကိုယ့်ကိုယ်ကို ဖျက်စီးနေတဲ့သူက မှန်ထဲမှာ မြင်တဲ့ ကိုယ်တိုင်ပဲ။ လူတွေက ဆန္ဒတွေရှိနေလို့ လောကီမှာ နေနေကြတာပေါ့။ ကိုယ့်ဆန္ဒ ရည်မှန်းချက်ပန်းတိုင်တွေပြည့်ဖို့၁။ ဘယ်အရာတွေက ရပ်တန်းကရပ်ရမယ်။Stop လုပ်ရမည့်အရာတွေကို သိရမယ်။ ၂။ ဘယ်အရာတွေကို လျော့ရမယ်။ Slow down လုပ်ရမည့်အရာတွေကိုသိရမယ်။ ၃။ ဘယ်အရာတွေကို စတင်လုပ်ဆောင်ရမယ်။Start ရမည့်အရာတွေကို သိဖို့လိုတယ်။ Phyo Paing @ Derek

Stop, Slow down, Start Read More »

ဈာန်ဟု-ခေါ်သည်။

အလုပ်ထဲ စျာန် ဝင်တဲ့အချိန်များလေဘဝက ပိုပျော်စရာကောင်းလေဖြစ်လာလိမ့်မယ်။ အာရုံကို-ကြံစည်တတ်-စူးစိုက်စွာ ရှုကြည့်တတ်–သော သဘောကို ဈာန်ဟု-ခေါ်သည်။ (wikipedia) Phyo Paing @ Derek

ဈာန်ဟု-ခေါ်သည်။ Read More »

သူများကို အလကားနေရင်းသွားမပြိုင်နဲ့

သူများကို အလကားနေရင်းသွားမပြိုင်နဲ့။ကိုယ့်လာပြိုင်ရင်လဲနောက်ခါ မပြိုင်နိုင်အောင်ဆယ်နှစ်လောက် အကွာမှာထားခဲ့။ဒီလိုလုပ်ဖို့ မဟာဗျူဟာလိုတယ်။ဆပွားတွေးခေါ်မှုလိုတယ်။ဆပွားလုပ်ဆောင်မှုလိုတယ်။ဆပွားပေါက်ကွဲတဲ့ ရလဒ်တွေလိုတယ်။ Phyo Paing @ Derek

သူများကို အလကားနေရင်းသွားမပြိုင်နဲ့ Read More »

သွားနေတဲ့ လမ်းကြောင်းမှန်ရင်
ဖြစ်ချင်တာတွေက ဖြစ်လာမှာပဲ

သွားနေတဲ့ လမ်းကြောင်းမှန်ရင်ဖြစ်ချင်တာတွေက ဖြစ်လာမှာပဲ။အချိန်တစ်ခုပဲ။စိတ်ရှည်ဖို့လိုတယ်။သည်းခံဖို့လိုတယ်။ကိုယ့်ကိုယ်ကို အမြဲမှန်တယ်လို့မထင်နဲ့။ ရည်မှန်းချက်ကို စိန်ခေါ်မှုကြောင့်မပြောင်းလိုက်နဲ့။လမ်းကြောင်းကိုပြောင်းလို့ရတယ်။ကိုယ့်ရဲ့ အိမ်မက်တွေကိုမပြောင်းလိုက်နဲ့။ တစ်သက်မှာ တစ်ခါလူလာလုပ်တာလူလုပ်တဲ့ ခံစားချက်ကိုအကောင်းဆုံး ခံစားဖို့ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေကိုအကောင်အထည်ဖော်သွားဖို့လိုတယ်။ Phyo Paing @ Derek

သွားနေတဲ့ လမ်းကြောင်းမှန်ရင်
ဖြစ်ချင်တာတွေက ဖြစ်လာမှာပဲ
Read More »

1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45

သူများတွေ1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45ဖြစ်နေတာကြည့်ပြီးသူတို့ တိုးတက်တာမြန်လိုက်တာကွာဆိုပြီးစိတ်မညစ်လိုက်နဲ့။ ကိုယ်က 9! တစ်ခုပဲဖြစ်ပြီး362,880 ဖြစ်ချင်ဖြစ်နေမှာ။9 အနောက်က ! (factorial) ဖြစ်ဖို့! လေးပဲဆိုပေမယ့် အဲ့ဒါပြီးရင်9! = 9 × 8 × 7 × 6 × 5 × 4 × 3 × 2 × 1 = 362,880ဖြစ်သွားလိမ့်မယ်။ မဟာဗျူဟာဆိုတာ ဒါပဲ။ပေါက်ကွဲတဲ့အခါ အရှိန်ပြင်းရမယ်။အဆပေါင်းများစွာပွားရမယ်။ဆပွားပြီး ဒုံးပျံလို ဖြစ်ရမယ်။

1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45 Read More »

အားပေး၊ ဂုဏ်ယူ
လူတစ်ယောက်ကို

အားပေး၊ ဂုဏ်ယူ။လူတစ်ယောက်ကိုအကောင်းဆုံးပေးနိုင်တာကအားပေးတာနဲ့ ဂုဏ်ယူပေးတာပဲ။Relationship တိုင်းပေးရမှာဒီနှစ်ခုအဓိကပဲလို့မြင်တယ်။ကိုယ့်ကိုကိုယ်လဲအမြဲအားပေး၊ ဂုဏ်ယူပါ။ Phyo Paing @ Derek

အားပေး၊ ဂုဏ်ယူ
လူတစ်ယောက်ကို
Read More »

ဘဝင်မြင့်တာ မကောင်းရင်
ဘဝင်နိမ့်တာကော ကောင်းသလား

မြန်မာစာပဲ တတ်တဲ့သူနဲ့အင်္ဂလိပ်စာ တတ်တဲ့သူနဲ့စဥ်းစားမှုချင်းကွာသွားနိုင်တယ်လို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ဘာသာစကားဖွဲ့စည်းပုံကြောင့်။​ Sapir-Whorf hypothesis အရအသုံးပြုတဲ့ ဘာသာစကားပေါ်မူတည်ပြီးစကားလုံးတွေအပေါ်ထင်တဲ့အထင်အမြင် (perceived reality)မတူတတ်ကြဘူးတဲ့။ ကြီးကြီးကျယ်ကျယ်တွေ စဥ်းစားပြန်ပြီ။ဘဝင်မြင့်နေတယ်။ ကြီးကြီးကျယ်ကျယ် စဥ်းစားတာကောင်းသလား။ကြီးကြီးကျယ်ကျယ် ပြောတာ ကောင်းသလား။​ကြီးကြီးကျယ်ကျယ် လုပ်ဆောင်တာကောင်းသလား။ ဘဝင်မြင့်တာ မကောင်းရင်ဘဝင်နိမ့်တာကော ကောင်းသလား။ တချို့က ဘဝင်မမြင်နဲ့ဘဝမြင့်အောင်လုပ်တဲ့။ ဘဝင်မြင့်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုကြီးကြီးကျယ်ကျယ်မြင်တာ။ ကိုယ့်ကိုယ်ကို ကြီးကြီးကျယ်ကျယ်မမြင်ပဲဘဝမြင့်အောင်လုပ်လို့လွယ်မလား? အလယ်အလတ်လမ်းစဥ်ကျင့်ဆိုတော့အလယ်အလတ်လမ်းစဥ်ကျင့်ရင်အလယ်အလတ်ပဲဖြစ်နေမလား။တချို့ကလဲ အလယ်မှာ လတ်နေတတ်တယ်တဲ့။ စကားလုံးတွေ၊ စာပေတွေ၊ယဥ်ကျေးမှုတွေက လူတွေရဲ့အတွေးတွေကို လွမ်းမိုးမှုရှိတယ်။ တရုတ်တောင် တရုတ်စကားပဲပြောတဲ့တရုတ်နဲ့တရုတ်နဲ့ အင်္ဂလိပ်လိုပြောတဲ့တရုတ်စဥ်းစားတဲ့ပုံစံ ကွာတယ်လို့မြင်တယ်။ စဥ်းစားနည်းတိုးတက်ဖို့ဖြစ်နိုင်ရင် ဘာသာစကားတစ်ခုထက်ပိုတတ်ထားရင် ပိုကောင်းနိုင်တယ်။ မတူညီတဲ့ ဘာသာစကားနဲ့ပြောင်းစဥ်းစားကြည့်။မတူညီတဲ့ အထင်အမြင် perception တွေမြင်ရလိမ့်မယ်။ စွန့်ဦးတီထွင်Entrepreneurship创业精神 ဒီစကားတစ်ခုကိုပဲမတူညီတဲ့ ယဥ်ကျေးမှု၊ ဘာသာစကားနဲ့ထင်မြင်ကြည့် တူမလိုလိုနဲ့ နည်းနည်းကွာတယ်။ Phyo Paing @ Derek

ဘဝင်မြင့်တာ မကောင်းရင်
ဘဝင်နိမ့်တာကော ကောင်းသလား
Read More »