Dr. Phyo Paing

https://yec.company

လူသားဖြစ်တဲ့အတွက်
လူသားစစ်စစ် အတွေ့အကြုံကို
ခံစားတတ်ဖို့လိုတယ်

လူတွေက လူဖြစ်ပြီးတိရစ္ဆာန်အတွေ့အကြုံတွေရပြီးပဲသေသွားတတ်ကြတယ်။လူသားအတွေ့အကြုံကိုမရပဲ သေသွားတဲ့သူအများကြီး။ တိရစ္ဆာန်အတွေ့အကြုံဆိုတာအိပ်၊ စား၊ ကာမ၊ဒေါသ၊ လောဘ၊ မောဟ။တစ်ကောင်ဟောင်ရင်ကိုယ်ပြန်ဟောင်တဲ့မစဉ်းစားပဲ တုန့်ပြန်မှု။ခန္ဓာကိုယ် အသွေးအသားတွေရဲ့တောင့်တမှုကို လွန်ဆန်နိုင်စွမ်းရှိတဲ့လူသားတွေမှာရှိတဲ့ အတွေ့အကြုံ“သတိ” ကို အသုံးပြုဖို့ မေ့နေတတ်ကြတယ်။ နိုင်ငံတစ်နိုင်ငံမှာ အာဏာရှိပြီးအုပ်ချုပ်ခွင့်ရတဲ့အတွက်လဲကံကောင်းလိုက်တာလို့ မထင်လိုက်နဲ့။ အရာဝတ္ထုတွေပေါ်တပ်မက်ပြီးမစွန့်လွတ်ပဲ မနေနိုင်တာဥစ္စာစောင့်လို့ခေါ်တယ်။ ပိုင်ဆိုင်မှုတွေကို စွန့်လွတ်နိုင်တဲ့၊စွန့်လွတ်ရဲတဲ့ အတွေးအခေါ်မရှိတဲ့သူကပူလောင်တဲ့သူပဲ။ စွန့်လွတ်ရဲတာ၊ ပေးဆပ်ရဲတာ၊မေတ္တာထားတာ၊ ကိုယ့်ကိုယ်သတိကပ်တာ၊ကိုယ့်ကိုကိုယ်နားလည်ဖို့ကြိုးစားတာ၊လူတွေကိုပြန်လည်မျှဝေပေးတာဒါက လူသားအတွေ့အကြုံပဲ။ သံသရာမှာ လူသားအတွေ့အကြုံရခွင့်ရတာဘာလို့ တိရစ္ဆာန်အတွေ့အကြုံ၊ဥစ္စာစောင့်၊ ဗြိတ္တာအတွေ့အကြုံတွေယူပြီးပူလောင်တဲ့ ငရဲအတွေ့အကြုံတွေယူနေမလဲ။ လူသားဖြစ်တဲ့အတွက်လူသားစစ်စစ် အတွေ့အကြုံကိုခံစားတတ်ဖို့လိုတယ်။ Phyo Paing @ Derek

လူသားဖြစ်တဲ့အတွက်
လူသားစစ်စစ် အတွေ့အကြုံကို
ခံစားတတ်ဖို့လိုတယ်
Read More »

ထိန်းချုပ်နိုင်တာ တစ်ခုပဲရှိတယ်

တကယ်တော့ လောကမှာကိုယ်တကယ်ထိန်းချုပ်လို့ရတဲ့အရာတစ်ခုပဲရှိတယ်။ သေခြင်းတရားကိုလဲ မထိန်းချုပ်နိုင်ဘူး။သမီးရည်းစား၊ လင်မယား၊သား၊ သမီးနဲ့ လူတွေကိုယ့်ကိုဘယ်လိုဆက်ဆံမလဲမထိန်းချုပ်နိုင်ဘူး။ ငွေကြေးအပြောင်းအလဲကိုလဲမထိန်းချုပ်နိုင်ဘူး။ ထိန်းချုပ်နိုင်တာ တစ်ခုပဲရှိတယ်။ ဒါကတော့ ကိုယ့်ဘယ်အရာကိုအာရုံစိုက်လဲဆိုတာ “သတိ”။ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာနှစ်ခုဆုံဆည်းရာတံတားတစ်စင်းဖြစ်တဲ့နှာခေါင်းရဲ့ ဝင်လေထွက်လေဒါကို သတိကပ်တာ။ဒါကို ထိန်းချုပ်နိုင်တယ်။ မင်းခိုက်စိုးစံပုံစံ စကားနဲ့ပြောရမယ်ဆိုအတွေးတွေကို ငါမပိုင်ရင်သတိကပ်ခြင်းကို ငါပိုင်တယ်ပေါ့။ သတိကပ်တာကိုယ့်ကိုကိုယ် ပြန် date တာပဲ။ကိုယ့်ကိုကိုယ် ပြန်ချိန်းတွေ့တာပဲ။ Phyo Paing @ Derek

ထိန်းချုပ်နိုင်တာ တစ်ခုပဲရှိတယ် Read More »

လုပ်ငန်းတစ်ခုဆိုတာ

လုပ်ငန်းတစ်ခုဆိုတာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင်သွားတဲ့ယာဥ်တစ်စီးနဲ့ တူတယ်။ တချို့က လှေ၊ တချို့က စက်လှေ။ လှေလှော်ဖို့ လူအများကြီးလိုတယ်။ လူတွေ အတိုင်အဖော်ညီဖို့လိုတယ်။လှော်တဲ့ လမ်းကြောင်းမှန်ဖို့လိုတယ်။ လှော်တဲ့လမ်း မတူရင် ဝှေ့နေတတ်တယ်။ တချို့က စက်လှေ။ဒါကိုမောင်းတဲ့သူ တစ်ယောက်၊ နှစ်ယောက်ပဲ လိုတယ်။ ဒါက နည်းပညာကို အသုံးချနိုင်တဲ့စွမ်းပကားပဲ။ ကိုယ့်လုပ်ငန်းက လှေနဲ့တူလား၊ စက်လှေနဲ့တူလား၊ လေယာဥ်ပျံနဲ့ တူလား။ ကိုယ်မောင်းနှင်းနေတဲ့ယာဥ်ကိုယ်တိုင် ဒီဇိုင်းလုပ်ဖို့လိုတယ်။ ဒါကို Business Model Design လို့ခေါ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းတစ်ခုဆိုတာ Read More »

စွန့်လွတ်ခြင်း အနုပညာ

နေရာဟောင်းမှာ အိမ်သစ်ဆောက်ဖို့အိမ်ဟောင်းကို ဖြိုဖို့လိုတယ်။ ပိုကောင်းတဲ့အနာဂတ်အတွက်အတိတ်က အတွေးအခေါ်အယူအဆဟောင်းတွေကို စွန့်လွတ်ရတဲ့ အချိန်တွေရှိတယ်။ သမီးရည်းစားကွဲသွားတဲ့အခါလူအများသိထားတဲ့ ပေါင်းစည်းထားတဲ့identity ကို စွန့်လွတ်ဖို့ကြိုးစားရတယ်။ အစွဲတွေ ချွတ်ဖို့ အရင်အတွေးအခေါ်အယူအဆတွေကို စွန့်လွတ်ရတယ်။ ဘောင်အပြင်ဖက်ကနေတွေးနိုင်ဖို့ ဘောင်ကို စွန့်လွတ်ရတယ်။ စွန့်လွတ်နိုင်တဲ့ သတ္တိရှိသွားရင်လောကဓံကို ရင်ဆိုင်တဲ့နေရာတော်တော်လေး အထာကျသွားပြီ။ Phyo Paing @ Derek

စွန့်လွတ်ခြင်း အနုပညာ Read More »

စိတ်၏ဆင်းရဲခြင်း၊
ကိုယ်၏ဆင်းရဲခြင်းကို
ဒုက္ခလို့ခေါ်တယ်။

စိတ်ဆိုတာ အတွေး၊ အမြင်၊ ခံစားချက်၊စေတသိတ် တွေကိုပေါင်းထည့်ထားတဲ့ ကော်ဖီခွက်နဲ့တူတယ်။ နောက်ပြီး စေတသိတ်ဆိုတာ အတွေးပိတ်ဆကို အရောင်ခြယ်ပေးတဲ့ မှင်နဲ့တူတယ်။ ကိုယ်ဆိုတာ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ ကလီစာ အစရှိတဲ့ ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ။ ဒီစိတ်နဲ့ ကိုယ်ကချိပ်ဆက်နေတယ်။စိတ်က ဒေါသထွက်ရင်ခန္ဓာကိုယ်မှာ အသက်ရှူတာမြန်လာမယ်။လေသံတွေမာလာမယ်။အသားတွေ တဆက်ဆက်တုန်လာမယ်။ ခန္ဓာကိုယ်နေမကောင်း၊ မကျန်းမာရင်စိတ်လဲထိုင်းမှိုင်းမယ်။ ဒီစိတ်နဲ့ ခန္ဓာက ချိပ်ဆက်နေတယ်။ ဒုက္ခဆိုတာ မအီမသာဖြစ်တဲ့ခံစားချက်၊နာကျင်မှု၊ မနှစ်မြိုမှု။ ခန္ဓာကိုယ်ကြီးက အိမ်ဆိုစိတ်က အိမ်ပိုင်ရှင်။ အိမ်ပိုင်ရှင်က အိမ်ဆိုတဲ့ခန္ဓာကိုယ်ကြီးကို ထားထားပြီးအတွေးတွေနဲ့ ခရီးတွေလွန်နေတတ်တယ်။ အိမ်မီးလောင်တဲ့အခါမှအိမ်ပြန်လာတတ်တာမျိုး။ အဲ့လို စိတ်နဲ့ ခန္ဓာက မီးလောင်တဲ့အခါဝေဒနာပေါ်တယ်။ ဝေဒနာပေါ်တော့ သတိက မကပ်လို့ မရတော့ဘူး။ သာမာန်အချိန်အများစုမှာလူအများစုက အိမ်ကြီးကိုထားပြီးအတွေးနယ်ချဲ့နေတဲ့အတွက်ကိုယ်အသက်ရှူတာ၊ ခြေလှမ်းလှမ်းတာ၊ စကားပြောတော့ ပါးစပ်လုပ်တာခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကိုသတိမပြုမိဘူးဖြစ်နေတယ်။ ဒုက္ခရဲ့

စိတ်၏ဆင်းရဲခြင်း၊
ကိုယ်၏ဆင်းရဲခြင်းကို
ဒုက္ခလို့ခေါ်တယ်။
Read More »

Relationship အဆင်မပြေရင်
ဘဝလဲ အဆင်မပြေဘူး။

အဓိက Relationship ကတော့ကိုယ့်ကိုကိုယ်နဲ့ပဲ။ ကိုယ့်ကိုယ်ကိုနဲ့ ဆက်ဆံရေးအဆင်ပြေမှ တခြားသူနဲ့အဆင်ပြေမှာ။ ကိုယ့်ကိုကိုယ် ဆက်ဆံရေးအဆင်ပြေဖို့ကိုယ့်အတွေးတွေ၊ ယုံကြည်မှုတွေ၊လောကအမြင်တွေကို ပြန်ဆန်းစစ်ပြီးသတိနဲ့ ပြန်နေဖို့လိုလာတယ်။ If you don’t have a good relationship with yourself, it’s challenging to have a good relationship with the world. To achieve a positive connection with yourself, you need to mindfully watch your thoughts and beliefs. Phyo Paing @ Derek

Relationship အဆင်မပြေရင်
ဘဝလဲ အဆင်မပြေဘူး။
Read More »

ဒုက္ခဆိုတာဘာလဲ?

ဒုက္ခကို အင်္ဂလိပ််လို suffering တဲ့။ ဗုဒ္ဓက ဒုက္ခဆိုပြီး ဘဝကိုဟောကြားခဲ့တယ်။ ဒုက္ခဆိုတာ ကိုယ်၏ဆင်းရဲခြင်း၊စိတ်၏ဆင်းရဲခြင်းကိုဆိုတယ်။ ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခဆိုတဲ့ဟောကြားမှုက ဘဝဆိုတာ ဒုက္ခတွေပဲရှိတယ်လို့ဟောကြားခဲ့တာမဟုတ်ဘူး။ အဓိပ္ပာယ်က ဘဝမှာကောင်းတဲ့အတွေ့အကြုံတွေဖြစ်တဲ့ဝမ်းမြောက်ဝမ်းသာခြင်း၊ပျော်ရွင်ခြင်း၊ တက်ကြွခြင်း၊ကာမဂုဏ်အာရုံတွေက အမြဲရှိနေမှာမဟုတ်ဘူး။ ခဏတာပဲ ခံတယ်။ ရေပွက်ပမာပဲလို့ဟောကြားခဲ့တာ။ ဒါကြောင့် ဗုဒ္ဓက equanimityဆိုတဲ့ အချက်ကို အဓိက ဟောကြားတယ်။မြန်မာလို တိုက်ရိုက်ပြန်တဲ့စကားလုံးတော့မတွေ့မိဘူး။ ယောနိသောမနသိကာရ ဆိုတဲ့ ပါဠိ စကားလုံးတော့ရှိတယ်။ အဓိပ္ပာယ်က ပြင်ပ ပယောဂဘယ်လောက်ဆိုးဆိုးတည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းတာ။ အတွင်းပိုင်း စိတ်အခြေအနေဘယ်လိုရှိရှိ သတိ၊ အသိနဲ့ တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းတာ။ လူငယ်၊ လူလတ်ပိုင်းဆိုတော့ ဝုန်းတာတော့ ဝုန်းနေအုံးမယ်။တပြိုင်တည်းမှာပဲ ဗုဒ္ဓလမ်းပြတဲ့ equanimity နဲ့တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိဖြတ်သန်းဖို့ နှလုံးသွင်းတယ်။ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့လမ်းပြတဲ့ ဆရာတွေအများကြီးရှိတယ်။ဗုဒ္ဓအနေနဲ့ ခန္ဓာကိုယ်နဲ့စိတ်တစ်သားတည်းဖြစ်နေဖို့

ဒုက္ခဆိုတာဘာလဲ? Read More »

အိမ်ပြန်ရမည့်အချိန်တွေရှိတယ်။

ဆရာတော် Thick Nhat Hanh ကလူတွေ သတိနဲ့နေရင် အိမ်ပြန်ရောက်တယ်တဲ့။ လူတွေ အိမ်ပြန်ရောက်ရင်အထီးကျန်တာပျောက်တယ်တဲ့။ အိမ်ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတယ်။ ခန္ဓာကိုယ်ကြီးကို ပစ်ပြီးအတွေးတွေနဲ့ ဟိုလျှောက်သွားဒီလျှောက်သွားတာ ဘယ်လောက်များကြာပြီလဲ။ အိမ်ပြန်လာဖို့ နည်းလမ်းက ကိုယ့်ရဲ့ ဝင်လေ၊ ထွက်လေကိုသတိနဲ့ မှတ်တာတဲ့။ အိမ်ပြန်ရမည့်အချိန်တွေရှိတယ်။ Phyo Paing @ Derek

အိမ်ပြန်ရမည့်အချိန်တွေရှိတယ်။ Read More »

စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက်

ပဲဆီသန့်၊ နေကြာဆီသန့်၊အော်ဂင်းနစ်၊ FDA ရပြီးသား။ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လာရင်“ပါးစပ်”ထဲ ထည့်တဲ့ အစားအသောက်တွေကို ဂရုစိုက်တတ်ကြတယ်။ “မျက်လုံး”၊ “နား”၊ “နှာခေါင်း”၊ “လျှာ”၊ “ခန္ဓာကိုယ်”ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ထိတွေ့တဲ့အရာတွေကလဲ အစာတွေပဲ။ မမြင်အပ်၊ အကြားအပ်တဲ့ အရာတွေသတင်းတွေ၊ အဖျင်းတွေကို မျက်လုံးနဲ့ မထိတွေ့အောင် ရှောင်တာ၊ဒါကလဲ စိတ်နဲ့ ကိုယ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ သူများမကောင်းကြောင်းလာပြောတဲ့အခါစကားလွဲတာ၊ နားမထောင်တာမျိုးကလဲစိတ်နဲ့ ကိုယ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ နှာခေါင်း၊ လျှာ၊ ခန္ဓာကိုယ် အထိအတွေ့မှာမူးယစ်စေပြီး ဘဝပျက်စေမည့်အရာတွေကို ရှောင်ရှားတာကလဲ စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက်အရေးကြီးတယ်။ Phyo Paing @ Derek

စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက် Read More »