Dr. Phyo Paing

https://yec.company

ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ
ဘဝရဲ့ အနိမ့်အမြင့်
အတက်မကျတွေကြားထဲဖြတ်သန်းရင်း

မနက်နိုးလာတိုင်းအသက်ရှင်နေသေးတာ၊အသက်ရှူဝနေသေးတာ၊ကိုယ်ချစ်တဲ့သူတွေကျန်းကျန်းမာမာရှိနေသေးတာကိုယ့်အိမ်မက်တွေအတွက်အကောင်အထည်ဖော်ခွင့်ရှိနေသေးတာကျေးဇူးတင်ရမည့်အရာတွေဖြစ်ကောင်းဖြစ်မယ်။ ကိုယ်သိထားတာတွေမျှဝေပေးရင်းအပြောင်းအလဲတွေဖြစ်တယ်ပြန်ကြားရတာဒါကလဲ ဝမ်းသာစရာတစ်ခုပဲ။ အားလုံး မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ Phyo Paing @ Derek

ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ
ဘဝရဲ့ အနိမ့်အမြင့်
အတက်မကျတွေကြားထဲဖြတ်သန်းရင်း
Read More »

ဘဝဆိုတာ ခရီးသွားတာနဲ့တူတယ်။

မသွားခင် စဉ်းစားရင်းရင်ခုန်နေတာမျိုး။သွားဖို့ ပြင်ဆင်ရင်း ပျော်နေတာမျိုး။ခရီးစဉ်အတွင်းမှာ တွေ့ရသမျှစူးစမ်းလေ့လာနေရတာမျိုး။ပန်းတိုင်ရောက်မှ ပျော်ရတာမဟုတ်ဘူး။ခရီးမသွားခင်၊ သွားနေရင်းလဲ ပျော်လို့ရတာ တချို့လူတွေမေ့နေတတ်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ခရီးသွားတာနဲ့တူတယ်။ Read More »

မလုပ်သင့်တဲ့ အလုပ်ကို
စိတ်အလိုမလိုက်ပဲ
ရှောင်ရှားလိုက်နိုင်တဲ့အချိန်တိုင်း၊

အရေးကြီးပြီး လုပ်သင့်တဲ့ ကိစ္စကိုနေ့ရွေ့ညရွေ့မလုပ်ပဲ ကောက်လုပ်လိုက်တဲ့အချိန်တိုင်း၊နေ့စဉ်လုပ်နေကျ အလုပ်တွေကိုဒီနေ့တော့ နားလိုက်ပါမယ်ကွာဆိုတဲ့self-talk တွေကို ကျော်လွန်းပြီးပြီးမြောက်အောင်လုပ်လိုက်တဲ့အချိန်တိုင်းကိုယ့်ကိုကိုယ် ပြန်ပြောလိုက်တယ်“Thank me later”! Phyo Paing @ Derek

မလုပ်သင့်တဲ့ အလုပ်ကို
စိတ်အလိုမလိုက်ပဲ
ရှောင်ရှားလိုက်နိုင်တဲ့အချိန်တိုင်း၊
Read More »

အတွေးအခေါ်နဲ့ပဲ
အရာရာတိုင်းကို ဖန်တီးတယ်

ငယ်ငယ်က English Rap သီချင်းတွေနားထောင်တော့ နားမလည်ဘူး။ဒါနဲ့ စာသားတွေကို print ထုတ်Genius ဆိုတဲ့ website မှာ စာသားတိုင်းရဲ့ အဓိပ္ပာယ်သာမကသူရည်ညွှန်းချင်တဲ့ အဓိပ္ပာယ်ကို လိုက်ရှာကြည့်ရတယ်။ ငယ်ငယ် Rabbit Run ဆိုတဲ့Eminem သီချင်းမှာ Writer’s Block ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးခဲ့တယ်။ စာရေးဆရာတစ်ခုယောက် ဖန်တီးဖို့ အတွေးအခေါ် အိုင်ဒီယာပိတ်နေတဲ့ အချိန်မျိုးပေါ့။ ကျွန်တော်တို့ Content ဖန်တီးသူတွေမှာလည်းအဲ့ဒီ ပြဿနာတွေရှိတယ်။ကွန်ပြူတာဖွင့်ပြီး ဘာစရေးရမလဲမသိတဲ့အချိန်တွေမှ အများကြီးရှိနိုင်တယ်။ ဒါကို ကျော်လွှားဖို့အတွက်ကိုယ့်ကိုကိုယ် train လုပ်တဲ့ဖြစ်စဥ် တစ်ခုလိုတယ်။ ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ်စတင်ဖန်တီးတဲ့နေရာမှာ အရေအတွက်ကို စဥ်းစားပေးဖို့လိုတယ်။အရေအတွက်များလာရင်လေ့လာသင်ယူမှုရှိရင်အရည်အသွေးကလည်း မြင့်လာမှာပဲ။ အဲ့ဒီ အတွေးအခေါ်နဲ့ပဲအရာရာတိုင်းကို ဖန်တီးတယ်။ Perfectionist ဖြစ်မနေဘူး။ အရာရာ perfect ဖြစ်မှစတာထက်စရင်းနဲ့ progress

အတွေးအခေါ်နဲ့ပဲ
အရာရာတိုင်းကို ဖန်တီးတယ်
Read More »

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့

စဥ်းစားကြည့်ကြည့်အင်္ဂလိပ်လို မဖတ်တတ်ရာကဖတ်တတ်၊ ပြောတတ်သွားတဲ့အချိန်။တရုတ်လို မပြောတတ်ရာကပြောတတ်သွားတဲ့အချိန်။လူရှေ့စကားပြောမတတ်ရာကပြောတတ်ဆိုတာ ပေါင်းသင်းတတ်တဲ့သူဖြစ်သွားတဲ့အချိန်။လုပ်ငန်းတစ်ခုကို ဘယ်လိုစရမလဲမသိရာကကြိုက်တဲ့လုပ်ငန်းကို အချိန်မရွေးစအချိန်တိုအတွင်း growth-hackingလုပ်နိုင်တဲ့ အချိန်။ ဘဝမှာ ဒီလို မလုပ်တတ်ရာကကျွမ်းကျင်မှုတစ်ခုရတဲ့ပျော်ရွင်မှုက ဘာနဲ့မှ ယှဥ်လို့မရဘူး။ ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ကိုယ့်ရဲ့ skill တွေ ဂျွတ်နေမှဖြစ်မယ်။ Phyo Paing @ Derek

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ Read More »

တွေးမိတဲ့ ၂၁ ချက်။

ဘဝကို လတ်လတ်ဆတ်ဆတ်ဖြတ်သန်းချင်ရင် ၁။ အကြွေးမထားနဲ့၂။ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကိုပိုက်ဆံချေးငှားပြီးမလုပ်နဲ့၃။ ဖောက်သည်သေချာရွေး၄။ စီးပွားရေးလုပ်ဖော်ကိုင်ဖက်သေချာရွေး၅။ ဝန်ထမ်းသေချာရွေး၆။ အလုပ်မဖြစ်တာတွေကိုစွန့်လွတ်ရမှာ မကြောက်နဲ့၇။ နောက်လှမ်းမည့် ခြေလှမ်းကိုသေချာစဥ်းစားထား၈။ Relationship ကို ဂရုစိုက်ရွေးချယ်၉။ အဟာရမဖြစ်တာ မစားနဲ့၁၀။ စာဖတ်၁၁။ နေ့တိုင်း ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်လုပ်၁၂။ ဘူကောင်တွေကို ရှောင်၁၃။ အိမ်နေရင်တောင် ငွေဝင်နိုင်တဲ့အရာတွေကို တည်ဆောက်၊ ရင်းနှီးမြုပ်နှံ၁၄။ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့အရာအတွက်နေ့စဥ် အိမ်စာလုပ်၁၅။ ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့အလုပ်တွေကို သဒင်္ဂသာယာမှုအတွက်မလုပ်နဲ့။၁၆။ စိတ်ထားတတ်အောင်နေ၁၇။ လူကြောနပ်အောင်လုပ်၁၈။ စိတ်ညစ်စရာတွေကို feel ခံပြီးစိတ်အကြာကြီး ညစ်မနေနဲ့။၁၉။ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ကျွမ်းကျင်မှုတစ်ခုရှိထားဖို့လိုတယ်။၂၀။ အနာဂတ်ရည်မှန်းချက်ပန်းတိုင်လိုတယ်။၂၁။​ ဆာလောင်နေဖို့လိုတယ်။ တွေးမိတဲ့ ၂၁ ချက်။ Phyo Paing @ Derek

တွေးမိတဲ့ ၂၁ ချက်။ Read More »

လူတွေကို ထိန်းချုပ်ထားတာ
အတွေးအခေါ်ပဲ။

ဒါက ခဏခဏကြားပြီးပိတ်မိနေတဲ့အချက်ပဲ။မင်းရဲ့ဆယ်နှစ်စာ plan ကိုခြောက်လနဲ့ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့Peter Thiel ရဲ့ မေးခွန်းဟာလူတွေကို လန့်ဖြန့်သွားစေတယ်။ လူတွေကို ကူညီနိုင်တာ လူတွေပဲ။ဒါကြောင့် လူကြောနပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတွေကို ထိန်းချုပ်ထားတာ
အတွေးအခေါ်ပဲ။
Read More »

လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်

ပြိုင်ပွဲတစ်ခုကို မပြိုင်ခင်သေချာစဉ်းစား။လိုအပ်တဲ့ အိမ်စာသေချာလုပ်။တကယ်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့လမ်းဆုံးထိသာသွားတော့။လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်မဟုတ်ရင် အကျင့်ပါတယ်။နောက်ပြီး နိုင်နိုင်ခြေမရှိတဲ့ပြိုင်ပွဲကို မပြိုင်နဲ့။ Phyo Paing @ Derek

လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ် Read More »

အလုပ်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်
ကြီးမားတဲ့ အားအင်တစ်ခုပဲ။

Artist တွေက non-artist တွေထက်ဘဝကျေနပ်မှု ပိုရကြတယ်။ကိုယ့်အလုပ်ကို အနုပညာလိုစဥ်းစားတတ်ဖို့လိုပဲလိုတယ်။ ကျွန်တော်ကတော့ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တယ်။ရူးသွပ်တယ်။ကိုယ်လုပ်တဲ့အလုပ်ကိုလဲဆရာကျအောင် နေ့စဥ်မပျက်လေ့လာတယ်။စျေးကွက်ကလဲ လိုအပ်အောင်စျေးကွက်အပြောင်းအလဲကိုအမြဲ သုံးသပ်တယ်။နောက် ကိုယ့်ကျွမ်းကျင်မှုကနေဝင်ငွေရအောင် စဥ်းစားတယ်။ လူတွေကို သက်ရှည်ကျန်းမာစေတာကိုယ့်အလုပ်ကို တန်ဖိုးထားပြီးအနုပညာလို စဥ်းစားဖို့ပဲ။ ဒီအလုပ်လို့ သတ်မှတ်ထားတဲ့အနုပညာက ကိုယ့်ဘဝရဲ့လွတ်မြောက်မှုပဲ။ဘယ်လောက်ဆိုးတဲ့ အခြေအနေဖြစ်နေပါစေအလုပ်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ကြီးမားတဲ့ အားအင်တစ်ခုပဲ။ Phyo Paing @ Derek

အလုပ်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်
ကြီးမားတဲ့ အားအင်တစ်ခုပဲ။
Read More »