အများစုနဲ့ တူချင်ရင်
အများလုပ်သလိုလုပ်
လူအများစုနဲ့ မတူချင်ရင်အများစုနဲ့ မတူတဲ့ဘဝနေထိုင်မှုပုံစံရှိရမယ်။ လူအများစုက စာမဖတ်ဘူး။အများစုက မတွေးဘူး။အများစုက စိတ်ခံစားမှုနောက်လိုက်ပြီးခံစားမှုနဲ့ ဆုံးဖြတ်ချက်ချတယ်။အများစုမှာ နေ့စဥ်မဖြစ်မနေအကောင်အထည်ဖော်ရမည့်daily rituals မရှိဘူး။ အများစုက ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ် စဥ်းစားစိတ်ညစ်တယ်။အများစုက ပြဿနာမပေါ်ခင်ကြိုတင်ပြင်ဆင်မှု မလုပ်ဘူး။အများစုက တစ်ခုခုဆိုအပြစ်တင် ငြီးထွားပြောဆိုတတ်တယ်။ အများစုမှာ စားသောက်မှုပုံစံသေချာ သတ်မှတ်ထားတာမရှိဘူး။အများစု လေ့ကျင့်ခန်းကိုသေသေချာချာ မလုပ်ကြဘူး။အများစုက ကိုယ့်ကိုကိုယ်လေ့လာတဲ့ဖြစ်စဥ်တွေဖြစ်တဲ့ journaling မလုပ်ဘူး။အများစု တရားမထိုင်ဘူး။အများစု ကိုယ့်ဘဝ ဖြတ်သန်းမှုဖြစ်စဥ်ကိုမှတ်တမ်းမတင်ဘူး။ အများစု ပြည်တွင်းမှာနေတာဆိုပြီးမြန်မာစကားကလွဲပြီးတခြားဘာသာစကားတစ်ခုကိုတစ်ရက်အချိန်တစ်ခုပေးပြီးမလေ့လာဘူး။ အများစု ကိုယ်သိထားတာကိုတခြားသူကို ပြန်လည်မျှဝေပေးဖို့အစီအစဥ် သိပ်မရှိဘူး။အများစုမှာ သေချာသတ်မှတ်ထားတဲ့ဘဝမှတ်တိုင် တိတိကျကျ မရှိဘူး။ အများစုမှာ ကိုယ်ဘာလုပ်မလဲကိုယ်ဘာကို မလုပ်ဘူးလဲသေသေချာချာ သတ်မှတ်ထားတဲ့rule မရှိဘူး။ အများစုက အလုပ်ကိုအသက်လို့ ခံယူပြီးserious ဖြစ်ဖြစ် မလုပ်ကြဘူး။ အများစုက ဘယ်လိုအခြေအနေဖြစ်ဖြစ်သိပ်မပျော်ကြဘူး။အများစုက ကိုယ့်အစွမ်းအစကိုအကောင်းဆုံး မထုတ်ဖော်နိုင်ဘူး။ အများစုနဲ့ တူချင်ရင်အများလုပ်သလိုလုပ်။အများစုနဲ့ မတူချင်ရင်သူတို့
