ဖြစ်နေတတ်ကြတယ်။
တခါတလေ ယိုပေါက်တွေကိုမကြည့်မိပဲ အိတ်ပေါက်နဲ့ ဖားကောက်နေတာမျိုးဖြစ်နေတတ်ကြတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
တခါတလေ ယိုပေါက်တွေကိုမကြည့်မိပဲ အိတ်ပေါက်နဲ့ ဖားကောက်နေတာမျိုးဖြစ်နေတတ်ကြတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
ကိုယ့်ပျော်ရွင်မှု၊ ငြိမ်းချမ်းမှုကိုတခြားတစ်ယောက်ပေါ်မှာမမှီခိုပဲ ရယူနိုင်တာလွတ်မြောက်မှုပဲ။တစ်ယောက်တည်းမပျော်ရင်နှစ်ယောက်လဲ မပျော်ဘူး။ Phyo Paing @ Derek
စာပဲဖတ်ပြီး အသုံးမချနိုင်ရင်အလကားပဲ။ ကျွန်တော်တို့ နိုင်ငံမှာက ကြွားဖို့ စာသင်ကြသလိုဖြစ်တယ်လို့ထင်တယ်။Utility value ကို အရေးကြီးတယ်လို့ထင်တယ်။ဘာစာရွက်၊ ညာစာရွက်ရှိတယ်မပြောနဲ့။ ဘာလုပ်နိုင်သလဲ။ Show me you got ပဲ။ Phyo Paing @ Derek
စာအုပ်ဖတ်တယ်။ video ရိုက်ထားလိုက်တယ်။ income stream ရှာပေးတဲ့Product တစ်ခုဖြစ်လာတယ်။ Online Learning Website လုပ်တယ်။လုပ်ငန်းအတွက် app တွေလုပ်တယ်။ တခြားသူတွေကို ပြန်လည်လုပ်ပေးတယ်။Income stream တစ်ခုဖြစ်လာတယ်။ လုပ်ငန်းလုပ်တဲ့အခါတိုင်းအသုံးပြုတဲ့ထိရောက်တဲ့ မားကတ်တင်းနည်းစနစ်တွေတွေ့ရှိတယ်။ပြန်လည်သင်ကြားပေးတယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ Social media မှာ Blogging လုပ်တယ်။တခြားသူတွေလဲ အချိန်တိုအတွင်းကိုယ်ရထားတဲ့ရလဒ်ရချင်တယ်။စနစ်ထုတ်ပြီး coach လုပ်ပေးလိုက်တယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ အရင် သင်တန်းကျောင်းတွေတစ်ခုပြီးတစ်ခု လိုက်စုံစမ်းတယ်။ သင်တန်းတွေတက်တယ်။ လေ့လာတယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ မှတ်ဥာဏ်ကောင်းအောင် လေ့လာကျင့်ယူတယ်။နည်းစနစ်ကို ကလေးတွေအတွက် methodology ထုတ်ပြီး ဦးစီးနိုင်တဲ့သူကိုပေးတယ်။% တစ်ခုရတယ်။income stream တစ်ခုဖြစ်လာတယ်။ လုပ်ငန်းစလုပ်ကတည်းက ကြုံတွေ့ရတဲ့ပြဿနာတွေကို ဖြေရှင်းခဲ့ပုံနဲ့planning လုပ်တဲ့စနစ်ကို website
တချို့တွေက ဘဝဆိုတာ တိုက်ပွဲတဲ့။ တချို့ကျတော့ ဘဝဆိုတာ ဒုက္ခတဲ့။ တချို့ကျ ဘဝဆိုတာ ရထားလိုပဲတဲ့။ တချို့ကျတော့လဲ ဘဝဆိုတာ ရေပွက်ပမာတဲ့။ လက်ရှိကျွန်တော် သဘောကျနေတဲ့ဘဝကို မြင်တဲ့အမြင်က ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ ဘဝက ကိုယ့်ကို ပြဿနာတစ်ခုပြီးတစ်ခုပေးမယ်။ကိုယ် ဘယ် level ရောက်နိုင်လဲစမ်းသပ်မယ်။ကိုယ်ကပြဿနာဖြေရှင်းနိုင်လေ level မြင့်လေပဲ။ ပြဿနာဆိုတဲ့နေရာမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး၊အိမ်ထောင်ရေး၊ ငွေရေးကြေးရေး၊အလုပ်အကိုင်၊ စိတ်ငြိမ်းချမ်းမှုအစရှိတာတွေ ပါတယ်။ တချို့အပိုင်းတွေမှာ ကိုယ့်စမ်းသပ်မှုအောင်မြင်ချင် အောင်မြင်မယ်။တချို့အပိုင်းတွေမှာ အောင်မြင်ချင်မှ အောင်မြင်မယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီစမ်းသပ်မှုတွေကသင်ခန်းစာယူ ရှေ့ဆက်လို့ရတယ်။ ကြုံနေတဲ့ ပြဿနာကို ရှောင်ဖယ်ပြေးလို့မရဘူး။နဖူးတွေ့ဒူးတွေ့ ရင်ဆိုင် နောက်တစ်ဆင့်တက်အောင်လုပ်ရမှာကိုယ့်တာဝန်ပဲ မဟုတ်လား။ ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ တချို့စမ်းသပ်မှုတွေ မအောင်မြင်ဘူး။ဒါသဘာဝပဲ။ သင်ခန်းစာယူ ရှေ့ဆက်ရင်တချိန် အောင်မြင်သွားမှာပဲ။ Phyo Paing @
နောက်ပြီး သင်ထင်ထားသလောက်လဲကောင်းချင်မှလဲ ကောင်းလိမ့်မယ်။ဘယ်နေရာမှာ ဖြစ်ဖြစ်ပေါ့။ မယုံရင်အတိတ်ကို ပြန်စဉ်းစားကြည့်ကြည့်။ ကိုယ်ထင်ထားသလောက် မကောင်းခဲ့ဘူး။ဆိုးရင်လဲ အလားတူပဲဖြစ်နိုင်တယ်။ Phyo Paing @ Derek
10% ဆယ်ရာခိုင်နှုန်း လုပ်ငန်းရှင်အများစုက ကိုယ့်ဝန်ထမ်းတွေကိုကိုယ့်လို မစဉ်းစားနိုင်မလုပ်နိုင် မတွေးနိုင်လို့ အားမလို အားမရဖြစ်တတ်ကြတယ်။ကိုယ့်လို တွေးနိုင်ရင် ကိုယ့်လိုလုပ်ငန်း လုပ်နေမှာပေါ့။ဒါကြောင့် ဝန်ထမ်းခန့်တဲ့အခါလုပ်ငန်းရှင်တွေကို အကြံပေးတာကိုယ့်ရဲ့ ၁၀% လောက်ပဲမျှော်မှန်းချက်ထားပါ။ မဟုတ်ရင် စိတ်ဆင်းရဲရလွန်းလို့ပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
ဗုဒ္ဓစိတ်ပညာနဲ့ ကြည့်ရင်စိတ်ဆိုတာ အဖြူထည်။ သူ့ကိုခြယ်လှယ်တာ စေတသိက်။စေတသိက် စုစုပေါင်း (၅၂) ရှိတယ်။ အဲ့ထဲမှာ အကုသိုလ်စေတသိက် (၁၄) ပါးရှိတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ်ဆရိယ၊ ကုက်ကုစ်စ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ်န၊ ဝိစိကိစ်ဆာ အဲ့ဒီ ၁၄ ပါးက ကိုယ့်ရန်သူပဲ။ လောဘဆိုတာ တပ်မက်တာ။ ဒေါသဆိုတာ ခက်ထန်ကြမ်းတမ်းတာ။မောဟဆိုတာ တွေဝေတာ။ မှန်ကန်တဲ့အမြင်နဲ့ မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းပြုမှု၊မှန်ကန်တဲ့ အာရုံစူးစိုက်မှုနဲ့မှန်ကန်တဲ့ လုပ်ရပ်တွေလိုတယ်။ ဒါကြောင့်လဲ ဗုဒ္ဓက Buddhist တစ်ယောက်မှာထားရမည့်ethic ကျင့်ဝတ်ငါးပါး။ (ငါးပါးသီလ)ကျင့်သုံးရမလည့် လမ်းစဥ် မဂ္ဂင် ၈ ပါး ကိုဟောခဲ့တာပေါ့။ ကျွန်တော်ယုံကြည်တဲ့ Secular Buddhism ဗုဒ္ဓသာသာဆိုတာ1. ethic
ဒါကြောင့် လူတိုင်းရဲ့အကြံဥာဏ်ကို ယူလို့မရဘူး။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီးကိုယ်လိုချင်တာက ဘာ။မလိုချင်တာက ဘာ။ကိုယ်ဘာတွေကို လုပ်ရမယ်။ဘာတွေကို ရှောင်ရမယ်။ ကိုယ်သွားရမည့်လမ်းကြောင်းက ဘာ။ ဒါတွေကို သေချာသိရင် စည်းကမ်းလိုတယ်။ မလုပ်သင့်တာကို မလုပ်မိဖို့။ အရင်လုပ်ခဲ့မိရင်တောင် ရှောင်ဖို့။ စိတ်အလိုကို မလိုက်မိဖို့လိုတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းမှန်လား။ လွဲနေလား ဒါကို သိဖို့ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်တိုင်းတာမှု ပြုလုပ်ဖို့လိုတယ်။ Phyo Paing @ Derek
Training ကိုဆယ်စုနှစ်တစ်ခုလောက် လုပ်ခဲ့တော့ကိုယ့်ဘဝကို2021 Sep က စတင်ပြီး ပြောင်းလဲဖို့စတင်တဲ့အခါ training design အရင်ဆွဲတယ်။ NAVY Seal တွေမှာ လုပ်တဲ့ training တွေက၆ လ ကို ရေရေလည်လည်ဗျင်းတယ်။Mental နဲ့ Physical ပိုင်းတွေ ရူးထွက်မတတ်လို့လေ့လာဖူးတယ်။ဒီ training ပြီးတဲ့အခါ သာမန်နဲ့မတူတော့ဘူး။ ဒါကြောင့် မနက် 4:15 AM ကနေ 9:45 AM ထိမနက်နိုးရာက အလုပ်လုပ်ဖို့ ready ဖြစ်တဲ့အတွင်းကိုယ့်ကိုကိုယ် ရေရေလည်လည် train ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။၆ လ training စတယ်။ ၆ လ ကျော်တော့ နောက် level တစ်ခုအတွက်training design လုပ်တယ်။ဘဝမှာ ကိုယ့်ကိုကိုယ် နေ့စဥ်မ train ရင်