Dr. Phyo Paing

https://yec.company

လူတိုင်းမှာ အိမ်မက်တွေ ရှိတတ်ကြတယ်။

သေချာတာ တစ်ခုက အိမ်မက်တွေကထိုင်နေရုံနဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ နောက်တစ်ခုက ကိုယ့်အိမ်မက်တွေကကိုယ်နဲ့ပဲ သက်ဆိုင်တယ်။ နေရာတစ်ခု၊ လူတစ်ယောက်ကြောင့်ပျက်သွားတယ်ဆိုတဲ့ စိတ်ဓာတ်ဘယ်တော့မှ မထည့်လိုက်နဲ့။ နေရာတစ်ခုမှာ ကိုယ့်အိမ်မက်မဖြစ်နိုင်တော့ရင်နောက်နေရာတစ်ခု ပြောင်းလို့ရတယ်။ကိုယ်က သစ်ပင်မှမဟုတ်တာ။ လူတစ်ယောက်ကကြောင့် တိုင်ပတ်သွားရင်နောက်အဲ့လိုမဖြစ်အောင် အဲ့က သင်ခန်းစာယူ ရှေ့ဆက် လိမ့်နေမှ ရလိမ့်မယ်။ နည်းလမ်းဆိုတာ ရှာရင်ရမှာပဲ။ ကိုယ်ဘယ်လောက်စိတ်ရှည်တယ်၊အားစိုက်တယ်၊ ကြိုးစားတယ်နဲ့ဆိုင်တယ်။ Phyo Paing @ Derek

လူတိုင်းမှာ အိမ်မက်တွေ ရှိတတ်ကြတယ်။ Read More »

ဆက်လုပ်သင့်တာလုပ်။
သောက်ပြစ်ပဲတင်မနေနဲ့။

နင့်ကြောင့်သူ့ကြောင့်အမေ့ကြောင့်အဖေ့ကြောင့်Ex ကြောင့်Boss ကြောင့်ပတ်ဝန်းကျင်ကြောင့်ကိုယ့်ယောကျာ်းကြောင့်ကိုယ့်မိန်းမကြောင့်ပတ်ဝန်းကျင်ကြောင့်ဆရာကြောင့်ရာသီဥတုကြောင့်ဘဝပေးအခြေအကြောင့် ဒီ သောက်တလွဲကြောင့်တွေနဲ့ကိုယ့်ဘဝကို ဆေးခြယ်နေအုံးမယ်ဆိုနောက်တစ်ဆင့်ကို တက်ရမှာမဟုတ်ဘူး။ သင်ခန်းစာယူသင့်တာယူ။လွတ်ချသင့်တာ လွတ်ချ။ဆက်လုပ်သင့်တာလုပ်။ သောက်ပြစ်ပဲတင်မနေနဲ့။ Phyo Paing @ Derek

ဆက်လုပ်သင့်တာလုပ်။
သောက်ပြစ်ပဲတင်မနေနဲ့။
Read More »

ကိုယ့်ကိုကိုယ် လက်သွေးနေရတာပဲ။

ကိုယ့်အရည်အချင်းထက် ပိုပြီးငွေပိုးစိုးပက်စက်ဝင်လို့ ကိုယ့် lifestyle ကလဲ တိုးတက်လာပြီးအကောင်းတွေကို သုံးတတ်၊ ဖြုန်းတက်ဖြစ်ပြီးအနာဂတ်မှာ အဲ့လိုမဝင်တော့ရင်ဒီလို စိတ်နဲ့ သောကတွေဝင််တတ်တယ်။ ငှက်ကလေးက သူ့အတောင်ပေါ်ယုံကြည်မှုက သစ်ကိုင်းပေါ်ယုံကြည်မှုထက်ပိုမှ ရမယ် မဟုတ်လား။ လူတိုင်း နေ့တိုင်း ပျံသန်းမှုကို လေ့ကျင့်နေရတာပဲ။ ကိုယ့်ကိုကိုယ် လက်သွေးနေရတာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် လက်သွေးနေရတာပဲ။ Read More »

ကိုယ့်မိသားစုတွေထဲမှာ

ကိုယ်နဲ့အမြဲဆန့်ကျင်ချင်တဲ့သူတွေရှိတတ်ကြတယ်။ဒီလိုဖြစ်ခြင်းက ဘရိတ်ကပ်တဲ့ကားမောင်းနေရသလိုပဲ။လီဗာတော့နင်းတယ်။ရှေ့ရောက်သင့်သလောက်မရောက်ဖြစ်တတ်တယ်။ Phyo Paing @ Derek

ကိုယ့်မိသားစုတွေထဲမှာ Read More »

နေ့တိုင်း တိုက်ပွဲဝင်နေရတယ်။

ငါဆက်အိပ်လိုက်အုံးမယ်။ပျင်းတော့မယ်ကြံရင်ဒါအရေးကြီးတယ်။ ဒီတစ်ခေါက်ရှုံးရင်နောက်တစ်ခေါက်ရှုံးဖို့လွယ်တယ်။အကျင့်ပါတတ်တယ်။ ဒီနေ့တော့ ဒါလေးမလုပ်တော့ဘူး။အဲ့လို စဥ်းစားလိုက်ရင်အန္တရာယ်ရှိတယ်။ မနက်ဖြန်လဲ ဒီစဥ်းစားပုံမျိုးထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်တယ်။ ဘဝဆိုတာ တိုတိုလေး။ တိုတိုလေးထဲမှာမှငယ်ဘဝက မိဘပေါ်မှီခိုရတယ်။နောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့တော်တော် ကြိုးစားရတယ်။ နောက်တစ်ဆင့် ကိုယ့်အပေါ်မှီခိုရတဲ့သူတွေရှိလာတဲ့အရွယ် ရောက်လာတယ်။ ဘဝဖြစ်စဥ်ကြီးမှာ ထွက်ပြေးမရသူကကိုယ်ပဲ။ဒါကြောင့် နေ့စဥ်ဖြတ်သန်းမှုတိုင်းမှာဘယ်လို အခြေအနေပဲဖြစ်နေနေအကောင်းဆုံးသင်ဖန်တီးဖို့က ကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

နေ့တိုင်း တိုက်ပွဲဝင်နေရတယ်။ Read More »

ကိုယ်ဘာလုပ်လုပ် ကိုယ့်ကို
အမြဲယုံကြည်ပေးတဲ့သူ၊

ကိုယ်သောက်တလွဲ အမှားတွေလုပ်ခဲ့ရင်တောင်နားလည်ပေးပြီးအားပေးကိုယ့်ဖက်က ရပ်တည်တဲ့မိဘ၊ မောင်နှမ၊ သမီးရည်းစား၊လင်မယားရှိတဲ့အခါ ကိုယ့်ဘဝအတွက် emotional safety netတစ်ခုရှိတဲ့အတွက်ဘဝမှာ ပြဿနာပေါင်းစုံ ကြိုးခုန်နေရင်တောင်ပြန်လို့ရတဲ့ emotional home ရှိတယ်။Recharge ပြန်လုပ်လို့ရတယ်။ အားအားရှိ အပြစ်ပြောတတ်၊ ကျေးဇူးတင်တတ်တဲ့ စိတ်မရှိ၊ဝေဖန်မှုလွန်ကဲ ဒီလို home ဆိုရင်တော့ကိုယ့်ခြေထောက်သံကြိုးဆွဲပြီးတစ်လှမ်းပြီး တစ်လှမ်းသွားနေရသလိုရှေ့ရောက်ဖို့ အလွန်ခက်တတ်တယ်။ ဒါကြောင့် မြေဩဇာ toxic ဖြစ်တဲ့ပတ်ဝန်းကျင်မှာ အပင်ကောင်းသန်ဖို့သိပ်တော့ မလွယ်ကူတတ်ဘူး။ Phyo Paing @ Derek

ကိုယ်ဘာလုပ်လုပ် ကိုယ့်ကို
အမြဲယုံကြည်ပေးတဲ့သူ၊
Read More »

Debt, Diaster, Death, Defamation & Divorce

အကြွေး၊ ကပ်ဘေး၊ ချစ်ခင်တဲ့သူ သေဆုံးမှုအရေး၊နာမည်ဖျက်ခံရတာ၊ အိမ်ထောင်ကွဲတာ၊ ဒီအရာတွေကို သေချာ handle မလုပ်နိုင်ရင်depression ဝင်နိုင်တယ်။ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ အချိန်တစ်ခုယူရတတ်တယ်။တချို့ကိစ္စတွေက နှစ်ချီကြာနိုင်တယ်။ ဒီကိစ္စတွေကို technical ကျကျဖြေရှင်းပြီးရင် ထားရမည့်စိတ်ကတော့Move On ပဲ ရှေ့ဆက်ရမှာပဲ။ ဘဝက အစအဆုံး အဖြောင့်အလမ်းတည့်နေရအောင် မအေးအေးဝင်းစီစဉ်တာမှမဟုတ်တာ။ အရာရာ ပိုကောင်းဖို့ ဖြစ်လာတာပါလို့နှလုံးသွင်းဖို့က ပထမဆုံးပဲ။ Phyo Paing @ Derek

Debt, Diaster, Death, Defamation & Divorce Read More »

ပြဿနာနဲ့ ဒုက္ခ မရောလိုက်နဲ့။

ပြဿနာဆိုတာ ဖြေရှင်းရန်လိုအပ်သော ကိစ္စ။ဒုက္ခဆိုတာ ဆင်းရဲသောက။ ပြဿနာက ပုစ္ဆာ။ (Problem)ဒုက္ခက ခံစားမှု။ (Suffering) ပြဿနာကို မဖြေရှင်းပဲစိတ်ညစ်ပြီး ဒုက္ခအနေနဲ့မပြောင်းလိုက်နဲ့။ Phyo Paing @ Derek

ပြဿနာနဲ့ ဒုက္ခ မရောလိုက်နဲ့။ Read More »

လောကမှာ ကိုယ်ထိန်းချုပ်လို့မရတဲ့
တွန်းအားတွေ၊ အဖြစ်အပျက်တွေရှိတတ်တယ်။

Covid-19, Coup အပြင် ကိုယ် ထိန်းချုပ်မရတဲ့ အဖြစ်အပျက်တွေကြောင့်ဖြစ်ပေါ်တဲ့ ဒုက္ခတွေရှိတယ်။ ဗုဒ္ဓဘာသာမှာတော့ဒုက္ခ ဆိုတာ ဆင်းရဲခြင်းသဘော၊ ဝေဒနာ၊ ဝမ်းနည်းမှု၊ သောကဖြစ်စေသောအကြောင်းလို့ဆိုတယ်။ ဒုက္ခ(၈)ပါးရှိတယ်။ (၁)ဇာတိဒုက္ခ=ပဋိသန္ဓေနေရခြင်းဆင်းရဲ။(၂)ဇရာဒုက္ခ=အိုမင်းရင့်ရော်ရခြင်းဆင်းရဲ။(၃)ဗျာဓိဒုက္ခ=နာမကျန်းဖြစ်ရခြင်းဆင်းရဲ။(၄)မရဏဒုက္ခ=စုတေလွန်ရခြင်းဆင်းရဲ။(၅)အပိယေဟိသမ္ပယောဂဒုက္ခ=မချစ်မနှစ်သက်သောသတ္တဝါနှင့်အတူကြုံရခြင်းဆင်းရဲ။(၆)ပိယေဟိဝိပ္ပယောဂဒုက္ခ=ချစ်အပ်သူနှင့်ကွဲနေရခြင်းဆင်းရဲ။(၇)ယံပိစ္ဆံနလဘတိဒုက္ခ=လိုသည့်အရာကိုမရသောဆင်းရဲ။(၈)ပဉ္စုပါဒါနက္ခန္ဓဒုက္ခ=ခန္ဓာငါးပါးဖြစ်ပေါ်နေရခြင်းဆင်းရဲစသည်တို့ဖြစ်သည်။ ဒီဒုက္ခတွေကို ကျော်လွန်နိုင်ဖို့ စိတ်ထားတတ်ဖို့လိုတယ်။ နည်းစနစ်သေချာရှိဖို့လိုတယ်။ လောကဓံရှစ်ပါးကို ကြံ့ကြံံံ့ခံနိုင်ဖို့လိုတယ်။ လောကဓံရှစ်ပါးဆိုတာကတော့ (၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။

လောကမှာ ကိုယ်ထိန်းချုပ်လို့မရတဲ့
တွန်းအားတွေ၊ အဖြစ်အပျက်တွေရှိတတ်တယ်။
Read More »

ခံယူချက်တော့လိုတယ်။

စီးပွါးရေးဘာကြောင့် လုပ်သလဲ။ အများစုက ဝင်ငွေရချင်လို့။ ဘာကြောင့်ဝင်ငွေရချင်သလဲတချို့က လွတ်မြောက်မှုရချင်လို့။ ကိုယ်ဝယ်ချင်တာကို ဝယ်ချင်တဲ့အချိန်ဝယ်နိုင်ဖို့။ သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန်သွားလို့ရနိုင်ဖို့။ ဒီအတွက် ပေးဆပ်မှုတွေကလကုန်တိုင်း အရှုံးအမြတ်ထွက်ဖို့မသေချာတာ။ ကိုယ့်ရဲ့ လွတ်လပ်မှုတချို့ လုပ်ငန်းစတင်ချိန်မှာ ဆုံးရှုံးရတာ။ဝန်ထမ်းရေးရာ၊ ဖောက်သည်ရေးရာနဲ့နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးရာနဲ့ပတ်သက်လာရင် ခေါင်းစားရတာ။ ဒါတွေ ရှိနိုင်တယ်။ တကယ်လို့ ကိုယ်က ငွေတစ်ခုအတွက်ပဲလုပ်တယ်ဆိုရင် ခံယူချက်မရှိခဲ့ရင် လုပ်ငန်းလုပ်ရတာ ပျော်မှာမဟုတ်ဘူး။ ကျွန်တော့်မြင်တဲ့အမြင်ကတော့လုပ်ငန်းဆိုတာက ကိုယ့်ကိုတိုးတက်အောင်လုပ်ပေးတဲ့ vehicle တစ်ခုပဲ။ နောက်နှစ်နှစ်ဆယ်၊ သုံးဆယ်သာ ပုံမှန်ဇွဲရှိရှိလုပ်သွား။နယ်ပယ်တစ်ခုမှာ ထိပ်ဆုံးမရောက်စရာအကြောင်း သိပ်မရှိဘူးလို့ ယူဆတယ်။ ခံယူချက်တော့လိုတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ခံယူချက်တော့လိုတယ်။ Read More »