Dr. Phyo Paing

https://yec.company

အသက်ရှင်နေသမျှ
ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက
“ကိုယ်”ပဲ။

တစ်နေ့ သင့်လုပ်ငန်း ပျက်ရင်ပျက်မယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ ကွေကွင်းရတာဖြစ်ကောင်းဖြစ်မယ်။အသက်ရှင်နေသမျှ အမျိုးမျိုးဖြစ်နိုင်တယ်။ သေချာတာတစ်ခုက အသက်ရှင်နေသမျှ ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက “ကိုယ်”ပဲ။ ဒီတော့ နေ့စဉ် ကိုယ့်ကိုကိုယ်အကောင်းဆုံးတည်ဆောက်နေတာဟာ အကောင်းဆုံး မဟာဗျူဟာတစ်ခုဆိုရင်မမှားနိုင်ဘူး။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက
“ကိုယ်”ပဲ။
Read More »

ဘဝဆိုတာ stress test ပဲ။

ငွေပိုဝင်တဲ့ နယ်ပယ်တစ်ခုကို ဟိုပြောင်းဒီပြောင်းလုပ်တာထက်နယ်ပယ်တစ်ခုတည်းကို ဇောက်ချသေချာတိုးတက်အောင်လုပ်တာပိုထိရောက်တဲ့ မဟာဗျူဟာဖြစ်ကောင်းဖြစ်မယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းကိုယုံယုံကြည်ကြည်နဲ့ တစ်စိုက်မတ်မတ်သွားနေဖို့ လိုတယ်။ လမ်းခရီးမှာ ဒုက္ခ၊ အခက်အခဲဒါတွေ့ကြုံရတာ သဘာဝပဲ။ ဘဝဆိုတာ stress test ပဲ။ အခွင့်အလမ်းလာတဲ့အချိန် ဒီအခွင့်အလမ်းကို လက်ခံနိုင်တဲ့အစွမ်းအစ ကိုယ့်ဆီမှာရှိနေမှဖြစ်မယ်။ Phyo Paing @ Derek

ဘဝဆိုတာ stress test ပဲ။ Read More »

ဘဝမှာ သောက်ပြဿနာကြုံရမှာပဲ။

Dollar စျေးတက်လို့ ခွက်ခွက်လန်အောင် ရှုံးရင်ရှုံးမယ်။ ကိုယ့်ဖောက်သည်က ကိုယ့်ကိုသောက်သုံးမကျဘူးလို့ ပြောတာခံရကောင်း ခံရနိုင်တယ်။ အကြွေးပင်လယ်မှာ ဘယ်လိုပြန်ဆပ်ရမလဲ မသိ တိုင်ပတ်ခဲ့တဲ့အချိန်တွေရှိကောင်းရှိမယ်။ ကိုယ့်ကို မချစ်မနှစ်သက်သူတွေကနာမည်ဖျက်တာလဲ ရှိကောင်းရှိမယ်။ ကိုယ့်ရဲ့သမီးရည်းစား လင်မယားနဲ့အတွေးအမြင်မတူ အမြဲစိတ်ညစ်တိုင်ပတ် ဘဝလမ်းဆုံးလို့ထင်ပြီး တိုင်ပတ်မှုအပေါင်းသရဖူဆောင်းတာမျိုးလဲ ကြုံရတာမျိုးလဲ ဖြစ်နိုင်တယ်။ ကိုယ်နေတဲ့နေရာကို ထောင်တစ်ခုလို့မြင်ပြီးအသက်ရှင်တိုင်းစိတ်ညစ်နေတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘဝဆိုတာ အဲ့လိုပဲ။ ဒုက္ခဘယ်လောက်များများအတွေးအခေါ် ဘေးချော်လို့မရဘူး။ Positive Life ကို Negative vibes တွေနဲ့တည်ဆောက်လို့မရဘူး။ Phyo Paing @ Derek

ဘဝမှာ သောက်ပြဿနာကြုံရမှာပဲ။ Read More »

ဘယ်လို အကြံဥာဏ်မျိုး
ပေးချင်လဲ အမျိုးတို့။

ကိုယ့်ကိုကိုယ်သာ အကြံကောင်းတစ်ခုပေးရမယ်ဆိုရင် ဘယ်လို အကြံဥာဏ်မျိုးပေးချင်လဲ အမျိုးတို့။ မအားတာနဲ့ post မတင်ဖြစ်တာလဲကြာပြီ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဘယ်လို အကြံဥာဏ်မျိုး
ပေးချင်လဲ အမျိုးတို့။
Read More »

ဒီနေ့က ကိုယ့်အတွက် personal တိုက်ပွဲပဲ။

ကိုယ့်အတွက် ရေရှည်မကောင်းနိုင်တဲ့သဒင်္ဂသာယာမှုအတွက် အပြုအမူတွေကို ထိန်းချုပ်တာ။ လုပ်သင့်ပြီး မလုပ်ချင်တဲ့ပျင်းတဲ့သွေးကို ဖောက်ထုတ်တာ။ သောက်တလွဲတွေဖြစ်နေတဲ့နေရာမှာကိုယ့်အတွက် အသုံးမဝင်တဲ့ယုံကြည်မှုနဲ့ အတွေးခေါ်တွေကိုဆန်းစစ်ပြီး ကျော်လွှားတာ။ သောက်ပြဿနာတက်တိုင်းဘဝဆိုတဲ့ ပေးထားတဲ့ သင်ခန်းစာတွေကျော်လွားတဲ့နေရာလို့ နှလုံးသွင်းဖြေရှင်းတာ။ လူတွေကိုယ့်ကို ဘယ်လိုထင်မနေမလဲဒီမေးခွန်းမေး စိတ်ညစ်ခံစားနေမည့်အစားလူတွေငါ့ကို ဘယ်လိုထင်ထင်သောက်ဂရုမစိုက်ဘူးလို့ နှလုံးသွင်းဘဝကို ဖြတ်သန်းဖို့ဆိုတာလွယ်မလိုလိုနဲ့ ပြောသလောက်မလွယ်ဘူး။ Phyo Paing @ Derek

ဒီနေ့က ကိုယ့်အတွက် personal တိုက်ပွဲပဲ။ Read More »

“ဒီနေ့” ကို အနိုင်ယူဖို့အရေးကြီးတယ်။

ကိုယ့်ရဲ့ ပြိုင်ဖက်က “ဒီနေ့” ပဲ။“ဒီနေ့” ကို အနိုင်ယူနိုင်ရင်“မနက်ဖြန်” ကို အနိုင်ယူဖို့ မခက်ဘူး။ Phyo Paing @ Derek

“ဒီနေ့” ကို အနိုင်ယူဖို့အရေးကြီးတယ်။ Read More »

ကောင်းမွန်တဲ့ ကျေးဇူးတင်စရာတွေသိဖို့

ပူပြင်းတဲ့နေရာကနေ အဲ့ကွန်းခန်းတဲ့ခဏဝင်လိုက်တဲ့အခါအိုး ခုမှနေလို့ထိုင်လို့ကောင်းသလိုရှိသွားတယ်ဆိုတာမျိုး ကြုံဖူးကြလိမ့်မယ်။ တစ်နေ့လုံး အဲကွန်းခန်းထဲနေနေတဲ့အခါသက်သောင့်သက်သာရှိနေတယ်ဆိုတာမေ့နေတတ်တယ်။ ဘဝမှာလဲ အဲ့လိုပဲကောင်းမွန်တဲ့ ကျေးဇူးတင်စရာတွေသိဖို့ကိုယ့်ကိုကိုယ် ခက်ခဲတဲ့အခိုက်အတံ့တွေပေးရတဲ့အချိန်မျိုးလိုတတ်တယ်။ Phyo Paing @ Derek

ကောင်းမွန်တဲ့ ကျေးဇူးတင်စရာတွေသိဖို့ Read More »

ကျွန်တော် ပိုက်ဆံရှာတဲ့ အလုပ်မလုပ်တော့တာကြာပြီ။

အရင်က ငွေရှာဖို့အတွက် idea တွေထုတ်တယ်။ အကောင်အထည်ဖော်တယ်။ နောက်ပိုင်းကျတော့ စဥ်းစားတဲ့ပုံကိုပြောင်းလိုက်တယ်။ I am building brands and businesses ဆိုတဲ့ စိတ်ကိုအမြဲထည့်လိုက်တယ်။ ငွေကိုယ့်ကိုလာရှာအောင် ဘယ်လိုလုပ်မလဲ။ ဘယ်အလုပ်ကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်လုပ်မလဲ။ Recession-proof ဖြစ်တဲ့ niche business လေးတွေ ဘယ်လိုတည်ဆောက်မလဲ ဒါကိုအဓိက စဥ်းစားဖြစ်တယ်။ Niche တွေကို ဘယ် VC မှ invest မလုပ်ကြဘူး။ အများစုက mass market သွားတာကိုပဲ invest လုပ်ကြတယ်။ Niche တွေတည်ဆောက်ရင်းနဲ့ စျေးကွက်အကြောင်းတွေ ပိုနားလည်လာလို့ တစ်ချိန် mass market သွားတဲ့အခါ အများကြီးအထောက်အကူပြုနိုင်တယ်။ ကမ္ဘာစစ်ကြီးဖြစ်ရင်ဖြစ်မယ်။ ပြဿနာပေါင်း ၁၆၀၀၀ မကလို့ တစ်သိန်းခြောက်သောင်းဖြစ်ဖြစ် ကိုယ့်ကိုကိုယ်

ကျွန်တော် ပိုက်ဆံရှာတဲ့ အလုပ်မလုပ်တော့တာကြာပြီ။ Read More »

ရက် ၃၀၀

ကိုယ့်ကိုကိုယ် challenge လုပ်လာတာရက်ပေါင်း ၃၀၀ ရှိပြီ။ ၁ နှစ်၊ ၂ နှစ်လောက်တော့ ခေါင်းထဲထည့်မထားဘူး။လာမည့် ငါးနှစ်၊ ဆယ်နှစ်သည်းခံရအုံးမှာ နားလည်တယ်။ဒူပေဒါပေခံအောင်လည်း လေ့ကျင့်ထားတယ်။ 2040, 2050 ကိုယ်မသေသေးရင်ကိုယ်ဖန်တီးနေတဲ့ စမ်းသပ်မှုတွေရဲ့ဆုံမှတ်တစ်ခုဖြစ်လာမယ်။  စိတ်မပါတဲ့ ပညာရပ်တောင်ခြောက်နှစ်လောက်သည်းခံလေ့လာလာခဲ့တာ။ သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး။ Phyo Paing @ Derek

ရက် ၃၀၀ Read More »

အကောင်းဆုံးသင် ဖန်တီးဖို့ အချက် ၆ ချက်

1. Self-analysis ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရမယ်။ ကိုယ့်ကိုကိုယ်မှ မသုံးသပ် ၊ မဆန်းစစ်ရင် ပိုကောင်း၊ ပိုတော်အောင်လုပ်လို့ရမှာမဟုတ်ဘူး။ The unexamined life is not worth living. — Socretes ဘာတွေ ပြန်လည်ဆန်းစစ်ရမလဲ။ ကိုယ့်ရဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်ရမယ်။ အတိတ်ဟာ ဖြစ်ခဲ့တဲ့ ဂုဏ်အယူဆုံးအရာတွေ၊ အောင်မြင်မှုတွေ၊ ပျော်ရွင်စရာ၊ ရင်ခုန်စရာတွေ ပါဝင်သလို ဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေ ပါဝင်တယ်။ အရေးကြီးတဲ့အချက်က ပြဿနာကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းသလဲ၊ ပြဿနာကို ဘယ်လိုတုန့်ပြန်လဲဆိုတဲ့ အချက်တွေ အင်မတန်အရေးကြီးပါတယ်။ တချို့က ပြဿနာဖြစ်တဲ့အခါ စိတ်ဓာတ်ကျ ရှောင်ဖယ်တတ်တယ်။ တချို့က ဒီပြဿနာကို ကျော်လွှားဖို့ အဖြေရှာတယ်။ ပျော်ရွင်မှုဖြစ်ပြီဆိုရင်လဲ ဘယ်အချိန်မျိုးကျရင် ပျော်တတ်တယ်။ ဘယ်လိုအချိန်မျိုးကျရင် ဂုဏ်ယူတတ်တယ်။

အကောင်းဆုံးသင် ဖန်တီးဖို့ အချက် ၆ ချက် Read More »