Dr. Phyo Paing

https://yec.company

နာမည်တစ်လုံးတည်ဆောက်ဖို့
အရေးကြီးတယ်။

J.K. Rowling က Harry Potter နဲ့ အရမ်းအောင်မြင်တော့ သူ့အရေးအသားတွေကြောင့်ပဲနာမည်ကြီးတာမျိုးလိုချင်တယ်။သူ့နာမည်ကြောင့် နာမည်ကြီးတာမျိုးမဖြစ်ချင်တာကြောင့် ကလောင်နာမည်အသစ်နဲ့ The Cuckoo’s Calling ဆိုပြီးထုတ်တယ်။စာအုပ်ဖတ်ပြီးတဲ့ သူတွေက လက်ကမချချင်လောက်အောင်အရမ်းကောင်းတယ်လို့ပြောတယ်။ဒါပေမယ့် ပထမသုံးလမှာ စာအုပ်ရေ ၁၅၀၀ ပဲရောင်းရတယ်။ တစ်ရက်မှာ အရောင်းရဆုံးစာအုပ်အဖြစ်ဘိတ်ချီးလောက်ကနေ Best-seller ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သိတဲ့သူတစ်ယောက်က ဒီစာအုပ်ကိုရေးတဲ့သူက J.K. Rowling ဖြစ်တယ်ဆိုတာဖော်ထုတ်လိုက်လို့ဖြစ်တယ်။ ဒါကြောင့် နာမည်တစ်လုံးတည်ဆောက်ဖို့အရေးကြီးတယ်။ ဒါကို ငွေကြေးနဲ့ trade-off လုပ်တာရေတိုကို ကြည့်လွန်းရာရောက်တယ်။ နာမည်တည်ဆောက်ဖို့အတွက် အချိန်တစ်ခုပေးရတယ်။ လူသိဖို့ exposure လိုတယ်။Social Psychology မှာ ကိုယ့်ကိုပိုတွေ့လေလေသဘောကျလေလေတဲ့။ ဒါကြောင့် ကိုယ့်ရဲ့ မလှဘူးထင်တဲ့ရုပ်မကောင်းဘူးထင်တဲ့ စာတွေကြောက်ပြီး ဖွပ်မထားနဲ့။ တင်သာတင်။ တွေ့တာများရင် ရင်းနှီးသဘောကျပြီးကိုယ့် customer ဖြစ်လာနိုင်တယ်ဆိုတဲ့သဘောပဲ။

နာမည်တစ်လုံးတည်ဆောက်ဖို့
အရေးကြီးတယ်။
Read More »

လူတွေကို ပျက်စီးစေတဲ့ အချိန်က ညနေကစတယ်လို့ ယူဆတယ်။

တစ်ရက်တာလုံးအလုပ်ပြီးတဲ့အခါညနေပိုင်းကို relax လုပ်မယ်သူငယ်ချင်းနဲ့တွေ့မယ်ဒါမှ မဟုတ် သောက်မယ်စားမယ် လုပ်ဖြစ်တတ်ကြတယ်။ နှစ်ပေါင်းများလာတဲ့အခါ အဲ့ဒီအချိန်ရောက်လို့ သောက်စား၊ ပျော်ပါးဖို့ မလုပ်ရတဲ့အခါတစ်ခုခု လိုနေသလို ဖြစ်တတ်တယ်။အဲ့ဒီ conditioning တွေကို overwrite လုပ်ဖို့ တော်တော်လုပ်ယူရတတ်တယ်။ Phyo Paing @ Derek

လူတွေကို ပျက်စီးစေတဲ့ အချိန်က ညနေကစတယ်လို့ ယူဆတယ်။ Read More »

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က
ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။

မဟုတ်ရင် operating expense ကာမိအောင် ရုန်းရင်းကန်ရင်းနဲ့ပဲခံယူချက်တွေ ပျောက်သွားတတ်တယ်။ ဆိုင်တစ်ဆိုင်ပဲကြည့်ကြည့်၊လူတစ်ယောက်ပဲကြည့်ကြည့်ကုမ္ပဏီတစ်ခုကိုပဲ ကြည့်ကြည့်ခံယူချက် ရှိတယ် မရှိတယ်ခံစားလို့ရတယ်။ ငွေတစ်ခုတည်းအတွက်ပဲ သည်းကြီးမဲကြီးလုပ်နေတာလား၊ ဒါမှမဟုတ် ကိုယ်အပြောင်းအလဲလုပ်ချင်တဲ့ခံယူချက်တစ်ခုအတွက် အလုပ်လုပ်နေတာလား ကွာတယ်။ ခံစားလို့ရတယ်။ Starbucks က နွေးထွေးပျော်ရွင်မှုရှိတဲ့ပတ်ဝန်းကျင်ဖန်တီးချင်တယ်။ First home က အိမ်၊ Second home က အလုပ်third home က Starbucks ဖြစ်စေဆိုတဲ့ ခံယူချက်နဲ့။ Xiaomi ဆိုလဲ Innovation for everyone ဆိုပြီး တီထွင်ဆန်းသစ်တဲ့ပစ္စည်းတွေကိုစျေးသက်သက်သာသာနဲ့ သုံးလို့ရအောင်။ တခြားဆီက အတုခိုးတာတွေလဲအများကြီးရှိမယ်။ဒါပေမယ့် သူ့မှာ ခံယူချက်ရှိတဲ့အတွက်ပုရိသတ်များတယ်။ ခံယူချက်က ခံစားလို့ရတယ်။ အဿပြာကတော့ ကိုယ့်လုပ်ရပ်ကြောင့်ရလာတဲ့ ဆုလဒ်ပဲ။ Phyo Paing @ Derek

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က
ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။
Read More »

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က
ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။မဟုတ်ရင် operating expense ကာမိအောင် ရုန်းရင်းကန်ရင်းနဲ့ပဲခံယူချက်တွေ ပျောက်သွားတတ်တယ်။ ဆိုင်တစ်ဆိုင်ပဲကြည့်ကြည့်၊လူတစ်ယောက်ပဲကြည့်ကြည့်ကုမ္ပဏီတစ်ခုကိုပဲ ကြည့်ကြည့်ခံယူချက် ရှိတယ် မရှိတယ်ခံစားလို့ရတယ်။ ငွေတစ်ခုတည်းအတွက်ပဲ သည်းကြီးမဲကြီးလုပ်နေတာလား၊ ဒါမှမဟုတ် ကိုယ်အပြောင်းအလဲလုပ်ချင်တဲ့ခံယူချက်တစ်ခုအတွက် အလုပ်လုပ်နေတာလား ကွာတယ်။ ခံစားလို့ရတယ်။ Starbucks က နွေးထွေးပျော်ရွင်မှုရှိတဲ့ပတ်ဝန်းကျင်ဖန်တီးချင်တယ်။ First home က အိမ်၊ Second home က အလုပ်third home က Starbucks ဖြစ်စေဆိုတဲ့ ခံယူချက်နဲ့။ Xiaomi ဆိုလဲ Innovation for everyone ဆိုပြီး တီထွင်ဆန်းသစ်တဲ့ပစ္စည်းတွေကိုစျေးသက်သက်သာသာနဲ့ သုံးလို့ရအောင်။ တခြားဆီက အတုခိုးတာတွေလဲအများကြီးရှိမယ်။ဒါပေမယ့် သူ့မှာ ခံယူချက်ရှိတဲ့အတွက်ပုရိသတ်များတယ်။ ခံယူချက်က ခံစားလို့ရတယ်။ အဿပြာကတော့ ကိုယ့်လုပ်ရပ်ကြောင့်ရလာတဲ့ ဆုလဒ်ပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က
ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။
Read More »

Good Life > Easy Life

2016 Facebook Page စဖွင့်တော့ကိုယ့်ကို ဟာသလုပ်တဲ့ထဲမှာဆေးကုမ္ပဏီမှာ အတူတူလုပ်ဆေးကျောင်းအတူတူတက်ခဲ့တဲ့သူငယ်ချင်း နှစ်ယောက်ပါတယ်။ဆေးကုမ္ပဏီမှာတော့ promotion ရဖို့ပြိုင်ကြတာပေါ့။ ကျွန်တော် စဥ်းစားတာက သူများသတ်မှတ်ပေးထားတဲ့ ဘောင်ထဲမှာ မလုပ်ချင်တာနဲ့အလုပ်ထွက်တာတောင် March လမှာထွက်လိုက်တယ်။အခမဲ့ ရမည့် April လစာလဲအလုပ်မလုပ်ပဲ သူများပိုက်ဆံမယူချင်ဘူး။Japan ခရီးစဉ်လဲ မလိုက်ပဲဆိုင်စဖွင့်တယ်။ အချိန်က ငွေထက်ပို အရေးကြီးတယ်လို့ယူဆခဲ့တယ်။ ဆိုင်ဖွင့်တုန်းကလဲ သူငယ်ချင်းတွေ အကုန်လာအားပေးကြတယ်။သင်တန်းကျောင်းဖွင့်တော့လဲဘာဆက်ဖြစ်မလဲ ကြည့်နေကြတယ်။ကိုယ်တိုင် Page ဖွင့်တယ်။နောက် training တွေလုပ်။ရန်ကုန်သွား၊ ကုမ္ပဏီတွေ training ပေးဖြစ်တယ်။သုံးနှစ်အတွင်း Facebook မှာသုံးခဲ့တဲ့ ကြော်ငြာစရိတ်ကို $100000 တစ်သိန်းကျော်တယ်။အကုန် Facebook က ရှာပေးထားတာ။ ပြန်စဉ်းစားကြည့်တာ။ကိုယ်က လူအများစုရဲ့ဘောင်ခတ်ထားတဲ့ အတွေးထက်ကျော်လွန်စဉ်းစားတဲ့အခါလူတွေက လှန့်ဖြန့်သွားတတ်တယ်။နောက် မဖြစ်နိုင်ဘူးပြောမယ်။ကိုယ့်ကို ဝေဖန်မယ်။ရူးနေတာ လို့ပြောမယ်။ ဥပမာ အသက် ၁၀၀ အထက်နေမယ်ပြောကြည့်ကြည့်။လူအများစုက

Good Life > Easy Life Read More »

မှန်ကန်တဲ့အချိန်မှာ မှန်ကန်တာလုပ်တာ
ဒါ မဟာဗျူဟာပဲ။

ဥပမာလူအများစုက ဝိတ်ချမယ်ဆိုGym သွားကြတယ်။ ဝိတ်ချမယ်ဆို အစားအသောက်အရင်ပို အရေးကြီးတယ်။80% က diet 20% ကမှ workout နောက် လိုချင်တဲ့ targeted weight ရောက်မှ workout က Sustainability အတွက် ကြွက်သားတည်ဆောက်ဖို့လိုလာတာ။ Business မှာလဲ အဲ့လိုပဲ။ လုပ်ငန်းစရင် ဖောက်သည်လိုတယ်။တနည်းကိုယ့်ကို ပိုက်ဆံပေးမည့်သူလိုတယ်။ ပြီးမှ team development တို့စနစ်ချတာတို့လာတာ။ မှန်တဲ့လုပ်ရပ်က မှားတဲ့အချိန်မှာလုပ်ရင် လိုချင်တဲ့ရလဒ်ရဖို့ မလွယ်ဘူးဆိုတာအားလုံးသိပါတယ်။ Phyo Paing @ Derek

မှန်ကန်တဲ့အချိန်မှာ မှန်ကန်တာလုပ်တာ
ဒါ မဟာဗျူဟာပဲ။
Read More »

System = Repeatable Process

Comfort zone ကထွက်ဖို့အော်နေတဲ့ motivational speakerဘယ်နှစ်ယောက် comfort zone ထဲကတကယ် ထွက်သလဲ?ပြောဖို့လွယ်တယ်။လုပ်ဖို့ပဲခက်တာ။Peak Performance အတွက် Motivation နဲ့ မရဘူး။Peak Performance System လိုတယ်။ System = Repeatable Process Phyo Paing @ Derek

System = Repeatable Process Read More »

Apple ရဲ့ မဟာဗျူဟာ

Gym ကို တစ်ယောက်ပြီးတစ်ယောက်အဖြူရောင် AirPod တွေနဲ့ဝင်လာတော့ စဉ်းစားမိတယ်။ Apple က iPod ကို သတ်လိုက်တယ်လို့အများစု ထင်ကြတယ်။iPod ခေတ်က Shuffle, Classic, Nanoပုံစံအများကြီးထွက်တယ်။ တကယ်တမ်း Apple ရဲ့ မဟာဗျူဟာကiPod ရောင်းဖို့လောက်ပဲ စဉ်းစားတာမဟုတ်ဘူး။Digital Hub Strategy နဲ့သွားတာ။သီချင်းရောင်းဖို့၊ လစဉ်ကြေးနဲ့သွားဖို့ရည်ရွယ်တာ။ဒါကြောင့်လဲ iTunes ကို လုပ်ခဲ့တာ။ ဒီတော့ iPod ဘာဖြစ်သွားသလဲ? AirPod ဖြစ်သွားတာပေါ့။နောက်ပိုင်း အမျိုးအစားများများစားစားထွက်လာမယ်။ Hardware က သူ့အတွက်Trojan horse ပဲ။ မဟာဗျူဟာအကောင်ထည်ဖော်တာလေ့လာချင်ရင် Apple ကိုကြည့်ကြည့်။ Ecosystem ကို ဘယ်လောက်လှလှပပတည်ဆောက်သွားခဲ့သလဲ။ Phyo Paing @ Derek

Apple ရဲ့ မဟာဗျူဟာ Read More »

တစ်ရက်တာ ကုန်သွားတိုင်း
ပြန်မေးကြည့်ကြည့်။

ငါဒီနေ့ကို ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်အောင်စွမ်းဆောင်ခဲ့ရဲ့လား? ကိုယ့်ကိုကိုယ် ဂုဏ်ယူရတာဘာတွေ လုပ်ခဲ့သလဲ? ဘာသင်ခန်းစာတွေရခဲ့သလဲ။ Phyo Paing @ Derek

တစ်ရက်တာ ကုန်သွားတိုင်း
ပြန်မေးကြည့်ကြည့်။
Read More »

ဘဝရဲ့ ပျော်ရွင်မှုက
လိုအပ်မှုတွေ အနည်းဆုံး
ဖြစ်အောင် နေတာပဲ။

တကယ်တမ်းစီးပွားရေးကိုနဖူးတွေ့ ဒူးတွေ့လုပ်ရတဲ့အခါကုန်ကျစရိတ်ဆိုတာရှိတယ်။လည်ပတ်စရိတ် ကျေဖို့လုပ်ရတယ်။နောက်ပြီးမှ အမြတ်ပေါ့။ လူရယ်လို့ဖြစ်လာတဲ့အခါလဲလူရာဝင်အောင်လဲလုပ်ရသလို၊နောက်တစ်ဆင့် လူရိုသေ ရှင်ရိုသေလေးလဲဖြစ်အောင်ကြိုးစားရပြန်တယ်။ တခါတလေ လိုချင်တာတွေကိုယ့်ကို ဆွဲခေါ်တဲ့အတွက် ဒီဇောနဲ့ အလုပ်တွေလုပ်စင်ပေါ်ရောက်တဲ့အခါတွေလဲရှိတတ်တယ်။ တခါတလေ လိုအပ်တာတွေကြောင့်ငြင်းပယ်လို့မရပဲကိုယ်မလုပ်ချင်တဲ့ အလုပ်တွေလုပ်ခဲ့ရတဲ့ အချိန်တွေလဲလူတိုင်းမှာ တခါမဟုတ်တခါ ရှိခဲ့တတ်တယ်။ တခါတလေ သူကငါ့ဘယ်လို ထင်နေမလဲဆိုတဲ့လူတွေ အထင်အမြင်ကိုအာရုံစိုက်ပြီး ဗျာများတဲ့အချိန်တွေလဲ ရှိတတ်တယ်။ လိုချင်တာတွေရှိတဲ့အတွက်အကောင်အထည်ဖော်ရတာကအရသာရှိတယ်။လိုအပ်မှုတွေရှိတဲ့အတွက် ဖြည့်ဆည်းရတာကတော့ အရသာ သိပ်မရှိလှဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာလိုအပ်နိုင်တဲ့အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ အခြေခံဖြစ်တဲ့ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ ချစ်ခြင်းမေတ္တာ၊ အခြေခံပျော်ရွင်မှုလေးတွေ။ လိုအပ်တာတွေ ဖြည့်ဆည်းပြီးမှလိုချင်တာတွေ ဖြည့်ဆည်းလို့ရမယ်။ ကိုယ့်ရဲ့ အခြေခံ ပျော်ရွင်မှုအတွက်လိုအပ်တဲ့ ငွေ၊ ကား၊ ချစ်ခြင်းမေတ္တာ၊ အသိမှတ်ပြုခံရမှုကများလေလေ ဘဝဖြတ်သန်းမှုမှာ ခက်လေလေဖြစ်တတ်တဲ့အတွက် လိုအပ်တာတွေ နည်းလေကောင်းလေ။ Phyo Paing @ Derek

ဘဝရဲ့ ပျော်ရွင်မှုက
လိုအပ်မှုတွေ အနည်းဆုံး
ဖြစ်အောင် နေတာပဲ။
Read More »