Dr. Phyo Paing

https://yec.company

ကမ္ဘာပေါ်မှာ အနိုင်ယူဖို့
အခက်ဆုံးသူက ကိုယ်တိုင်ပါပဲ။

ကမ္ဘာပေါ်မှာ အတူနေဖို့မလွယ်ကူဆုံးသူကလဲ ကိုယ့်ရဲ့ စိတ်နဲ့ ကိုယ်ပဲ။ မယုံရင် တစ်ယောက်ထဲအခန်းတံခါးပိတ်ပြီးအေးအေးဆေးဆေး ဘာမှ မလုပ်ပဲ ဒီတိုင်းထိုင်နေကြည့်။ လူတွေဟာ ခန္ဓာကိုယ်ပေါ်ဖြစ်ပေါ်လာတဲ့ microsensation တွေ၊စုစည်းလို့ခက်တဲ့ အာရုံတွေပြန့်လွင့်တတ်တဲ့ စိတ်ဒါတွေ သတိထားမိလာမယ်။ အမှန်တော့ ကိုယ်တိုင်က အချိန်အများစု တံပတ်ပေးထားတဲ့Zombie လိုဖြစ်နေတတ်တယ်။ အနာဂတ်ကို စဥ်းစားလိုက်၊အတိတ်ပြန်တွေးလိုက်နဲ့ ပစ္စုပ္ပန်ကနေ အာရုံလွတ် နေတတ်တယ်။ သတိနဲ့ စိတ်နဲ့ ကပ်တဲ့အချိန်များများလာအောင်တော့လေ့ကျင့်နေမှ ပဲရမယ်။ ကိုယ့်ရဲ့ best versionတည်ဆောက်ဖို့က ကိုယ်က ကိုယ့်ရဲ့မိတ်ဆွေဖြစ်နေဖို့ ကိုယ့်စိတ်ကိုအရင် အနိုင်ယူနိုင်မှရတယ်။ Phyo Paing @ Derek

ကမ္ဘာပေါ်မှာ အနိုင်ယူဖို့
အခက်ဆုံးသူက ကိုယ်တိုင်ပါပဲ။
Read More »

အချိန်တစ်ခု ရောက်လာမယ်။

အချိန်တစ်ခုရောက်တဲ့အခါကိုယ်တိုးတက်မှုမရှိတဲ့အခါကိုယ့်လုပ်ငန်းလဲ တိုးတက်မှုမရှိတဲ့အချိန်တစ်ခု ရောက်လာမယ်။ လုပ်ငန်းရှင်တစ်ယောက်ကအပြင်ပိုင်းဖြစ်တဲ့ ဖောက်သည်၊supplier နဲ့ partner တွေအပြင်အတွင်းပိုင်း ဝန်ထမ်းရေးရာ၊ ငွေကြေးနဲ့ စနစ်ရေးရာကို ကောင်းကောင်းလည်ပတ်အောင်စီမံခန့်ခွဲနိုင်ဖို့ ကိုယ်တိုင်ကလဲတိုးတက်နေဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

အချိန်တစ်ခု ရောက်လာမယ်။ Read More »

Easy life မလိုဘူး။
Good life ပဲလိုတာ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကဘဝမှာ အဲ့လိုအချိန်တွေရှိခဲ့ဖူးတယ်။ ဘဝဆိုတာ $ပြဿနာတွေကိုအပြုံးမပျက် fix လုပ်တဲ့နေရာ။ ကိုယ်က ကိုယ့်ပြဿနာထက်ပိုကြီးပြီး ဆရာကျနေဖို့နေ့စဉ် တိုးတက်နေဖို့လိုတယ်။ Easy life မလိုဘူး။Good life ပဲလိုတာ။ ဒါကြောင့် စိတ်ဓာတ်ကျစရာမလိုဘူးအမျိုးတို့။ နေ့စဉ် နည်းနည်းစီ တိုးတက်နေဖို့ပဲလိုတာ။ Phyo Paing @ Derek

Easy life မလိုဘူး။
Good life ပဲလိုတာ။
Read More »

တစ်ယောက်တည်း မပျော်ရင်
နှစ်ယောက်လဲ မပျော်နိုင်ဘူး။

တခြားသူတွေရဲ့ တုန့်ပြန်မှုတစ်ခုရဖို့ ဘာလုပ်ရမယ်ဆိုတာမျှော်မှန်းပြီး မလုပ်တော့နဲ့။ဒီတုန့်ပြန်မှုပေါ်မူတည်ပြီးခံစားမှုတွေ မလုပ်တော့နဲ့။ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကကိုယ့်ရဲ့ ပျော်ရွင်မှုလို့ ယူဆတယ်။ ကိုယ်မပျော်ပဲ သူများကိုပျော်အောင်လုပ်ပေးနိုင်ဖို့မလွယ်ဘူး။တစ်ယောက်တည်း မပျော်ရင်နှစ်ယောက်လဲ မပျော်နိုင်ဘူး။ Phyo Paing @ Derek

တစ်ယောက်တည်း မပျော်ရင်
နှစ်ယောက်လဲ မပျော်နိုင်ဘူး။
Read More »

လမ်းမှားနေရင် မှန်မှန်ပြင်ဖို့လိုတယ်။

ရွေးချယ်မှု သွားတဲ့လမ်းမှားပြီး သေလောက်အောင်ပြေးနေအုံးတော့သွားချင်တဲ့ ရည်မှန်းချက်ရောက်မှာ မဟုတ်ဘူး။ ဒီလိုမျိုး စကားမျိုးခဏခဏကြားဖူးလိမ့်မယ်။ လမ်းမမှားဖို့ မကြာခဏသွားနေတဲ့လမ်းကြောင်းမှန်ကန်ရဲ့လား မကြာခဏပြန် check လုပ်ရတယ်။ ဒါအလုပ်၊ ဘဝ၊ ကျန်းမာရေး၊ငွေရေးကြေးရေး အရာရာမှာပေါ့။ တခါတလေ ဘဝကို လမ်းကြောင်းမှားကြီးနဲ့ autopilot mode နဲ့ ဖြတ်သန်းပြီးလမ်းဆုံးမှ ငါမှားပြီဆိုတာနောက်တမရဖို့ ကိုယ်သွားနေတဲ့လမ်းမှန်မမှန် အမြဲ ပြန် check ရသလိုလမ်းမှားနေရင် မှန်မှန်ပြင်ဖို့လိုတယ်။ ပြင်ရဲတဲ့ သတ္တိလဲလိုတယ်။ဒါက လူတိုင်းအတွက် အရေးကြီးတယ်။ Phyo Paing @ Derek

လမ်းမှားနေရင် မှန်မှန်ပြင်ဖို့လိုတယ်။ Read More »

တခါတလေ formula ရှာတဲ့အချိန်က
ပိုကြာတတ်တယ်။
ရှာမတွေ့သေးလို့ စိတ်မညစ်သွားနဲ့။

ဝိတ်ချဖို့ ကိုယ်နဲ့ ကိုက်တဲ့ formula ရှာဖို့ တစ်နှစ်လောက်စမ်းသပ်ရတယ်။ တကယ်လုပ်ဖို့ကျ နှစ်လလောက်ပဲကြာတယ်။ အလုပ်ဖြစ်တဲ့ marketing formulaရှာဖွေဖို့က သုံး၊ လေးနှစ်ကြာတယ်။တကယ်လုပ်ဖို့က မိနစ်ပိုင်းပဲ။ Speed-reading လုပ်နိုင်ဖို့ ကိုယ်နဲ့ကိုက်တဲ့ formula ရှာတာ၁၀ နှစ်လောက်ကြာတယ်။ တကယ်လုပ်ဖို့က မိနစ် ၆၀ အောက်ပဲ။ Digital Product တည်ဆောက်ရေးအတွက်သုံးလေးနှစ်အချိန်ပေး formula ရှာရတယ်။တကယ်လုပ်ဖို့ကျတော့ တစ်ရက်နဲ့ပြီးတယ်။ တခါတလေ formula ရှာတဲ့အချိန်ကပိုကြာတတ်တယ်။ ရှာမတွေ့သေးလို့ စိတ်မညစ်သွားနဲ့။ ရှာတွေ့လို့ကတော့ ဆပွားပြီသာမှတ်။ Phyo Paing @ Derek

တခါတလေ formula ရှာတဲ့အချိန်က
ပိုကြာတတ်တယ်။
ရှာမတွေ့သေးလို့ စိတ်မညစ်သွားနဲ့။
Read More »

လူတွေကို ပျော်ရွင်မှုပေးတဲ့အချိန်တစ်ခုရှိတယ်။

ကိုယ်တတ်နိုင်တဲ့ limit ရဲ့ အဆုံးလေးကိုpush လုပ်လိုက်တဲ့အချိန်။ ဥပမာ ခါတိုင်း တစ်မိုင်လောက် non-stop ပြေးနေရာကနေ တစ်မိုင်ခွဲနောက်နှစ်မိုင် ဒီလိုဖြစ်လာတဲ့အခါကိုယ့် performance လဲတက်လာသလိုစွဲလမ်းမှုတစ်ခုလဲဖြစ်လာတယ်။ တိုးတက်မှုလဲဖြစ်လာသလို စျာန်ဝင်တဲ့အချိန်ဆိုတာဖြစ်လာတယ်။ နောက် ဒီလုပ်ရပ်ကို ကျွမ်းကျင်တဲ့mastery အဆင့်ရောက်တဲ့အခါစိတ်ကျေနပ်မှု အဆင့်ရောက်လာတယ်။ အလုပ်တစ်ခုဟာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်လာလေ စွဲလမ်းလာလေပဲ။ Phyo Paing @ Derek

လူတွေကို ပျော်ရွင်မှုပေးတဲ့အချိန်တစ်ခုရှိတယ်။ Read More »

လူတွေက အလေ့အကျင့်ရဲ့ ရလဒ်ပဲ။

အကောင်းဆုံးဆိိုတာ တစ်ခါတလေလုပ်တဲ့အပြုအမူကြောင့်မဟုတ်ဘူး။ အလေ့အကျင့်ကြောင့်ပဲတဲ့။ ဒါက လွန်ခဲ့တဲ့နှစ် နှစ်ထောင်ကျော်ကSocretes ဆိုကလေးတီးပြောခဲ့တဲ့စကား။ လူတွေရဲ့ တစ်ရက်တာဖြတ်သန်းဖို့အတွက်Willpower ကို အားကိုးလို့မရဘူး။ Willpower ဆိုတာ power bank လိုပဲအသုံးများတဲ့အခါ ညနေရောက်လေအားကုန်လာလေပဲ။ ဒီအစား structured လုပ်ထားတဲ့ တစ်ရက်တာကို ဖြတ်သန်းတာပိုအဓိပ္ပာယ်ရှိတယ်။ဒါကို စနစ်တကျပြုစုပျိုးထောင်တာကိုအကျင့် habits လို့ခေါ်တယ်။ ဒီအလေ့အကျင့်ကို သေချာ design လုပ်နိုင်ရင်ကိုယ့်ခန္ဓာကိုယ်နဲ့ အတွေးအခေါ်ပုံစံဘဝရလာဒ် အကြီးအကျယ်ပြောင်းသွားနိုင်တယ်။ ဒါကြောင့် ခင်ဗျားမှာလိုအပ်တာ မော်တီဗေးရှင်းအတွက် နောက်သင်တန်းတစ်ခုထက်လိုအပ်တာ နေ့စဉ်ဖြတ်သန်းမှုပုံစံဖြစ်နိုင်တယ်။ လူတွေထင်တာ အကျင့်အတိုင်းနေရင်ပင်ပန်းတယ်လို့ ထင်တာ။ အမှန်တော့ အလေ့အကျင့်မဖြစ်သေးပဲနေ့စဉ် ဘဝကို ဖြတ်သန်းတာ ပိုပင်ပန်းတယ်။ ဘဝ နေထိုင်ဖြတ်သန်းမှုအတွက် စနစ်လိုတယ်။ ဒါကို အကျင့်လို့ ခေါ်တယ်။ သေချာ design လုပ်မှ အကျင့်ကောင်းတွေ ပိုခိုင်မြဲမယ်။

လူတွေက အလေ့အကျင့်ရဲ့ ရလဒ်ပဲ။ Read More »

စနစ်တကျ စဉ်းစားတတ်ဖို့
စီးပွါးရေး စဉ်းစားနည်းစနစ်တွေ
လေ့လာထားဖို့လိုတယ်။

Social media အသုံးပြုပြီးလူတစ်ယောက်ရဲ့ ရှာငွေက တချို့လုပ်ငန်းတွေထက် အမြတ်ငွေပိုများတာမျိုးမြင်ရကြားရနိုင်တယ်။ ဒီနေ့ခေတ်က လူတော်တစ်ယောက်ဟာနည်းပညာအသုံးပြုပြီးသာမာန်အစားထိုးလို့ရတဲ့လူတွေအများကြီးရှိတဲ့ လုပ်ငန်းရဲ့ဝင်ငွေထက် သာလွန်သွားနိုင်တယ်။ ဒီနေ့ခေတ်က စဉ်းစားဥာဏ်နဲ့ဦးနှောက်ပြိုင်တဲ့ခေတ်ဖြစ်သွားပြီ။ အရင်လို သတင်းအချက်အလက်ဖွပ်ထားတဲ့ ခေတ်မဟုတ်တော့ဘူး။ လူသိများအောင် လုပ်နိုင်တဲ့လုပ်ငန်း၊စဉ်းစားနိုင်တဲ့လုပ်ငန်းရှင်သူတို့ရဲ့ခေတ်ဖြစ်တယ်။ စနစ်တကျ စဉ်းစားတတ်ဖို့ စီးပွါးရေး စဉ်းစားနည်းစနစ်တွေလေ့လာထားဖို့လိုတယ်။ Blue Ocean Framework တို့Value Proposition တို့၊Business Model Canvas တို့၊One Page Busienss Plan တို့၊ Lean Branding Framework တို့ဆိုတာစီးပွါးရေးစဉ်းစားနည်း ပုံစံတချို့ပဲဖြစ်တယ်။လျှောက်ပြီး တောင်စဉ်းစားမြောက်စဉ်းစားနေတာထက်စာရင်မဟာဗျူဟာကျကျ စဉ်းစားတာပိုထိရောက်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စနစ်တကျ စဉ်းစားတတ်ဖို့
စီးပွါးရေး စဉ်းစားနည်းစနစ်တွေ
လေ့လာထားဖို့လိုတယ်။
Read More »

ဒီနေ့ ဘယ်လောက် ဆင်းရဲရဲ
သည်းခံနိုင်တယ်။

မနက်ဖြန်ကတော့ ဒီနေ့ထက်ပိုကောင်းရမယ်။ဒီစိတ်နဲ့ပဲ အရာရာကို ဖြတ်ကျော်လာတာ။စျေးကွက်မှာ ဝုန်းတိုင်းကျဲကြော်ငြာHype ဖြစ်ပြီး ပြန်ငြိမ်သွားတာထက်Predictable ဖြစ်တဲ့ ဝင်ငွေနဲ့တိုးတက်မှုကိုပဲ ပိုခုံမင်တယ်။ Phyo Paing @ Derek

ဒီနေ့ ဘယ်လောက် ဆင်းရဲရဲ
သည်းခံနိုင်တယ်။
Read More »