ကိုယ့် profession ကိုချစ်ဖို့လိုတယ်။
Marketing လို့ပြောလိုက်ရင်၂၀၁၆ လောက်ထိ အထင်သိပ်မကြီးကြဘူး။အဆင့်မြင့်ပညာလို့ လူအများစုမယူဆခဲ့ကြဘူး။ မားကတ်တင်းဆင်းတယ်ဆိုရင်ကိုပဲအဆင့်နိမ့်တဲ့အလုပ်လို့ ထင်ခဲ့ကြတယ်။ ဒါကြီးကို အပြောင်းအလဲလုပ်ချင်တဲ့အတွက်2016 မှာ Marketing 101 ဆိုတဲ့သင်တန်းနဲ့ လူပေါင်းများစွာကိုသင်တန်းပေးခဲ့တယ်။နောက်လုပ်ငန်းရှင်တွေအတွက်Guerrilla Marketing သင်တန်းကို စတင်မိတ်ဆက်ပေးခဲ့တယ်။ Marketing ဆိုတာ ကုန်ပစ္စည်း၊ဝန်ဆောင်မှု ကြော်ငြာတာထက်အများကြီးပိုတယ်။ Psychology, Philosophy, Influence, Interaction (human),Technology နဲ့ Tactics တွေပါတယ်။ အပြောင်းအလဲလုပ်ချင်တိုင်းမှာMarketing လုပ်ရတယ်။ လူတွေ ဆိုင်ကယ်ဦးထုပ်ဆောင်းအောင်Marketing လုပ်ရတယ်။လူတွေ သားဆက်ခြားအောင်Marketing လုပ်ရတယ်။လူတွေ ကြက်ခြေနီမှာ သွေးလာလှူအောင်Marketing လုပ်ရတယ်။လူတွေ ကိုယ့် ကုန်ပစ္စည်းကို သုံးအောင်Marketing လုပ်ရတယ်။ Japan မှာ Facebook အသုံးပြုအောင်လုပ်တုန်းက Invite ဆိုတဲ့စာသားကြောင့် Japan မှာလူအများစုက ကိုယ့်သူငယ်ချင်းတွေကိုinvite မလုပ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်အရမ်းမသေချာသေးတဲ့Platform
