Dr. Phyo Paing

https://yec.company

Toxic ဖြစ်တဲ့ လူတစ်ယောက်ကို
ကိုယ်ဘဝထဲက ဖယ်လိုက်ဖို့ပဲ

ဘဝမှာ တိုးတက်ပျော်ရွင်ပြီးအသက်ရှူတိုင်း လတ်ဆတ်နေဖို့အရာအများကြီးမလိုတတ်ဘူး။Toxic ဖြစ်တဲ့ လူတစ်ယောက်ကိုကိုယ်ဘဝထဲက ဖယ်လိုက်ဖို့ပဲလိုကောင်းလိုတတ်တယ်။ Phyo Paing @ Derek

Toxic ဖြစ်တဲ့ လူတစ်ယောက်ကို
ကိုယ်ဘဝထဲက ဖယ်လိုက်ဖို့ပဲ
Read More »

တချို့က ကံကောင်းလွန်းတော့
လမ်းပြပေးတဲ့ mentor ရှိတယ်။

လုပ်ငန်းထဲမှာ ပိတ်မိနေတဲ့အခါလေ့လာချိန်မရှိဘူးဖြစ်တတ်တယ်။ လေ့လာချိန်မရှိတဲ့အခါတချို့လုပ်ငန်းရှင်တွေက coach တွေ၊ အကြံပေးတွေနဲ့ development လုပ်ကြတယ်။ တချို့က ကံကောင်းလွန်းတော့လမ်းပြပေးတဲ့ mentor ရှိတယ်။ တကယ်လို့ ကိုယ်က ပုံမှန် coach တွေမရှိဘူးဆိုmastermind တိုင်ပင်စရာဥာဏ်ရည်တူအဖွဲ့တော့ရှိရမယ်။ ဒါတစ်ခုမှ မရှိရင်သင်တန်းတက်တာ၊ စာဖတ်တာတော့အနည်းဆုံးလုပ်ဖို့လိုတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက် ပိုကြီးနေဖို့လိုတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

တချို့က ကံကောင်းလွန်းတော့
လမ်းပြပေးတဲ့ mentor ရှိတယ်။
Read More »

ကိုယ့်လုပ်ငန်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ပွါးပါ။

ကိုယ့်လုပ်ငန်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ပွါးပါ။ ကိုယ်တိုးတက်သလောက်ပဲ ကိုယ့်လုပ်ငန်းတိုးတက်ပါတယ်။ ကိုယ့်ရဲ့အတွေးအခေါ်၊တန်ဖိုးထားမှုတွေဟာ လုပ်ငန်းမှာလာထင်ဟတ်ပါတယ်။ အပြုအမူပုံစံဟာ လုပ်ငန်းမှာ လာထင်ဟတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတိုးတက်အောင်လုပ်နေစဉ်ကိုယ့်ကိုကိုယ်လဲ တိုးတက်အောင်လုပ်ပါ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်လုပ်ငန်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ပွါးပါ။ Read More »

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။ တချို့တွေက စျေးကွက်အသွားအလာကြည့်ပြီးဝယ်ရောင်းနဲ့ အောင်မြင်ကြတယ်။ကုန်သည် trader လို့ခေါ်တယ်။ တချို့က ဘယ်သူနဲ့ ဘယ်သူချိပ်ဆက်ပေးရင်ရနိုင်မလဲဆိုပြီး ဝယ်စရာမလိုပဲပွဲစားလုပ်ပြီး အောင်မြင်ကြတယ်။Deal Maker ပွဲစားလို့ခေါ်တယ်။ တချို့ကျတော့ ကုန်အမှတ်တံဆိိပ်တည်ဆောက်လူတွေရဲ့ယုံကြည်မှုကိုရအောင်တည်ဆောက်စီးပွါးရေးတွေတည်ဆောက်ပြီး အောင်မြင်ကြတယ်။Brand Builder လို့ခေါ်တယ်။ တချို့က လုပ်ငန်းတွေလိုအပ်တဲ့အရာတွေကိုထုတ်လုပ်ပံ့ပိုးပေးပြီးအောင်မြင်ကြတယ်။ Manufacturer လို့ခေါ်တယ်။ တချို့က အနာဂတ်အမြင်ရှိတဲ့ဦးဆောင်သူရဲ့အနာဂတ်အမြင်ကို ပုံဖော်ပေးရင်းအောင်မြင်ကြတယ်။Supporter or Insider လို့ခေါ်တယ်။ တချို့က တော်တဲ့လုပ်ငန်းရှင်တွေရဲ့လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုပြုပြီးအောင်မြင်ကြတယ်။Investor လို့ခေါ်တယ်။ ကိုယ့်ရဲ့ winning formula ကဘာလဲသေချာသိဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်ရဲ့ winning formula ကိုယ်သိပါ။ Read More »

Happiness နဲ့ Pleasure မတူဘူး။
Pleasure ဆိုတာ ခဏတာပျော်ရွှင်မှု။
Happiness က ရေရှည်ပျော်ရွှင်မှု။

ဘာလို့စီးပွားရေးလုပ်သလဲ?ငွေရချင်လို့။ ဖောက်သည်တွေလိုအပ်ချက်ဖြည့်ဆည်းပေးချင်လို့။နောက်ဆုံးကျတော့ ပျော်ဖို့။ ဘာကြောင့် အိမ်ထောင်ပြုသလဲ။နောက်ဆုံးရည်ရွယ်ချက်ကပျော်ချင်လို့။ ဒီတော့ပျော်ရွင်မှုက ဘယ်ကလာသလဲ? Happiness နဲ့ Pleasure မတူဘူး။Pleasure ဆိုတာ ခဏတာပျော်ရွင်မှု။Happiness က ရေရှည်ပျော်ရွင်မှု။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေစားချင်တာစားတဲ့အတွက် ခဏတာပျော်ရွင်မှု pleasure ရမယ််။ဒါပေမယ့် happiness တော့ရဖို့မလွယ်ဘူး။ ပျော်ရွင်မှုကို ဖြစ်စေတဲ့အရာတွေရှိတယ်။အတွေးရှင်းရင်လဲ ပျော်ရွင်ရတယ်။ကိုယ်နဲ့နေ့စဥ်တွေ့တဲ့သူတွေမှာpositive vibes တွေပဲရှိနေရင်လဲပျော်ရွင်ရတယ်။နေ့စဥ်တိုးတက်နေရင်လဲ ပျော်ရွင်ရတယ်။ Phyo Paing @ Derek

Happiness နဲ့ Pleasure မတူဘူး။
Pleasure ဆိုတာ ခဏတာပျော်ရွှင်မှု။
Happiness က ရေရှည်ပျော်ရွှင်မှု။
Read More »

Akyanpay.com ကို
အသုံးပြုနိုင်ပါပြီ။

Business Plan ဆွဲဖို့ Akyanpay.com ကို အသုံးပြုနိုင်ပါပြီ။ 1. Subscribe လုပ်ပါ။2. Akyanpay အသုံးပြုနည်းကို ရှင်းပြမည့် admin နှင့် Zoom Meeting တွေ့ဆုံပါ။3. စတင်အသုံးပြုပြီး လုပ်ငန်းတိုးတက်အောင်လုပ်ပါ။ အသုံးပြုသင့်သည့်သူများ၁။ Coach, Consultant နှင့် Trainer များ၂။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသုံးမပြုသင့်သူများ၁။ Business Plan မချတတ်သူများ၂။ Marketing Plan မချတတ်သူများ၃။ Brand Plan မချတတ်သူများ၄။ Business Model မဆွဲတတ်သူများ #Akyanpay

Akyanpay.com ကို
အသုံးပြုနိုင်ပါပြီ။
Read More »

Entrepreneur တစ်ယောက်က

ခေါင်းထဲမှာ အလုပ်ဘယ်လိုဖြစ်အောင်လုပ်ရမလဲပဲစဉ်းစားတယ်။လှုပ်ရှားမှုမြန်တယ်။တွေဝေမနေဘူး။ကိုယ့်အချိန်ကို အလစ်ဖြုတ်တဲ့အလုပ်မဖြစ်တဲ့အရာတွေကို ရှောင်တယ်။ ခုစင်ပေါ်ရောက်နေတဲ့လူတွေကလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဘားမှ မဟုတ်ဘူးငါလဲ ကြိုးစားနေရင်ဒီနေရာရောက်မယ်ဆိုတာ သိတယ်။လှုပ်ရှားမှုမြန်တယ်။ဦးနှောက်သုံးတယ်။ကိုယ့်ဘဝကိုယ် တာဝန်ယူတယ်။ Phyo Paing @ Derek

Entrepreneur တစ်ယောက်က Read More »

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။

လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီးbeach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။ Phyo Paing @ Derek

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။ Read More »

self-discipline ရှိဖို့လိုတယ်။

မတ်တပ်ရပ်တာကြာသွားရင်ထိုင်လိုက်တဲ့အခါ အရသာရှိတယ်။ ဘဝမှာလဲ အလားတူပဲ။ သေချာ ကောင်းကောင်းကိုယ့်ဘဝကိုtrain ရင် သာမာန်အချိန်မှာလဲဘဝက နေပျော်နေမယ်။ Easy life မှာ ဖြစ်သလိုနေ၊ဖြစ်သလိုစား၊ လေ့ကျင့်ခန်းမလုပ်၊စာမဖတ်၊ self-discipline မရှိ၊စိတ်အလိုအတိုင်းထက်အလွန်လိုက်ပြီးသေးသေးတောတော သာယာမှုတွေနောက်တစ်ကောက်ကောက်လိုက်နေသမျှခပ်ကြီးကြီး ပျော်ရွင်မှုတွေ ရဖို့မလွယ်ဘူး။ ဒီအတိုင်းအပေါက်များတာ မြက်ပင်ပဲရှိတယ်။ Self-discipline က အင်မတန်အရေးကြီးတဲ့စကားလုံးပဲ။ ခဏတဖြုတ် motivation လောက်နဲ့နယ်ပယ်တစ်ခုမှာ mastery မဖြစ်နိုင်ဘူး။self-discipline လိုတယ်။ Phyo Paing @ Derek

self-discipline ရှိဖို့လိုတယ်။ Read More »