Dr. Phyo Paing

https://yec.company

အကြည်ဓာတ်ပျောက်တတ်ကြတယ်။

အားမရတဲ့အခါ လုပ်ငန်းရှင်အများစုကအကြည်ဓာတ်ပျောက်တတ်ကြတယ်။ဒီလို ကိုယ့်လုပ်ငန်း၊ ကိုယ့်ဝန်ထမ်းကိုအားမရဖြစ် အကြည်ဓာတ်ပျောက်တဲ့အခါ၁။ messenger အသုံးပြုတာ ခဏရပ်ပါ။တွေ့သမျှ ပြန်ဖြေတဲ့ စိတ်ကိုဖယ်ပါ။၂။ digital detox ခဏလုပ်ပါ။၃။ တရားခဏထိုင်တာမျိုးလုပ်ကြည့်ပါ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

အကြည်ဓာတ်ပျောက်တတ်ကြတယ်။ Read More »

နောင်တတွေနည်းအောင် ကိုယ်ပိုင် ဥပဒေသထားပါ။

ဘဝမှာ နောင်တရစေတဲ့အရာတွေရှိတယ်။ အလုပ်ကို လုပ်သင့်သလောက်မလုပ်ပဲရေသာခိုလိုက်တဲ့အတွက် လိုချင်တဲ့ရလဒ် မရတဲ့အခါမျိုးမှာ နောင်တရတတ်တယ်။ ကိုယ်အားနာပြီး မပြောလိုက်တဲ့အတွက်လိုရာမရောက်ဖြစ်တဲ့အခါ နောက်တရတတ်တယ်။ အလုပ်မဖြစ်တာတွေကို လွတ်ချရမှာကြောက်ပြီးဖက်တွယ်မှုပြုလုပ်ထားတဲ့အတွက်အချိန်တွေကုန် နောင်တရတတ်တယ်။ တစ်ခုခု အိုင်ဒီယာပေါ်လာပြီးဒီအိုင်ဒီယာကို ကိုယ်အကောင်ထည်မဖော်နိုင်သေးရင် တခြားသူတစ်ယောက်လုပ်သွားတဲ့အခါနောင်တရတတ်တယ်။ လူတိုင်းကို ရောင်းပြီးလူတိုင်းအလို ဆန္ဒမဖြည့်ဆည်းပေးနိုင်တဲ့အခါနောင်တရတယ်။ တစ်ရက်တစ်ရက် တိုးတက်မှုမရှိအချိန်အလဟသ ကုန်သွားတဲ့အခါနောင်တရတယ်။ လုပ်ငန်းက ကိုယ့်အတွက်မဟုတ်ပဲကိုယ်က လုပ်ငန်းရဲ့လိုအပ်ချက်ကိုအမြဲဖြည့်ဆည်းနေရတဲ့အတွက် အချိန်ကုန် လူပန်းပြီး ကိုယ်မပါပဲ လည်မပတ်နိုင်တဲ့ လုပ်ငန်းတွေမှာကိုယ်မပျော်ပဲလုပ်နေရတဲ့အခါနောင်တရတတ်တယ်။ လုပ်မယ်လို့ သံဓိ ဌာန်ချပြီးမလုပ်ဖြစ်ရင် နောင်တရတတ်တယ်။ ကိုယ့်ဘဝ ကိုယ့်ထိန်းချုပ်မှုအောက်မရှိပဲ ရောက်တတ်ရာရာဖြစ်နေရင်နောင်တရတတ်တယ်။ ကိုယ်စုထားတဲ့ ငွေတွေ အတွေ့အကြုံအတွက် မသုံးလိုက်ပဲကိုယ်နားမလည်တဲ့အလုပ်မှာ ပုံအောသုံးလိုက်ပြီး ဆုံးရှုံးတဲ့အခါနောင်တရတတ်တယ်။ ဒီလို နောင်တရတဲ့အရာတွေကို နည်းနိုင်သမျှနည်းအောင် ဥပဒေသတွေထုတ်လိုက်တယ်။ ၁။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။၂။ ကိုယ်လိုချင်တာကို တောင်းဆိုရမှာ အားမနာပါနဲ့။၃။ အလုပ်မဖြစ်တာတွေကို

နောင်တတွေနည်းအောင် ကိုယ်ပိုင် ဥပဒေသထားပါ။ Read More »

ကိုယ့်အတွေး၊ အာရုံ၊ အပြုအမူအကျင့်
ကိုယ်တိုင်လွမ်းမိုးနိုင်ဖို့
self-discipline လိုတယ်။

ကိုယ့်ကိုကိုယ် ကတိမတည်ရင်ကိုယ့်ကိုကိုယ်လဲ မလေးစားသလိုတခြားသူလဲ လေးစားမှာ မဟုတ်ဘူး။ Phyo Paing @ Derek

ကိုယ့်အတွေး၊ အာရုံ၊ အပြုအမူအကျင့်
ကိုယ်တိုင်လွမ်းမိုးနိုင်ဖို့
self-discipline လိုတယ်။
Read More »

ငါးမရှိတဲ့နေရာမှာ
ငါးမမျှားမိဖို့လိုတယ်။

တစ်ယောက်နဲ့ တစ်ယောက်ငွေပေါ်ထားတဲ့ တန်ဖိုးချင်းမတူကြဘူး။ဒီပေါ်မူတည်ပြီး တစ်သိန်းပေးရင်တောင် ပြန်ရချင်တဲ့Value တန်ဖိုးက မတူကြဘူး။တချို့က ဒါကို ခက်ခက်ခဲခဲရှာထားရတာ။တချို့က အိပ်ရင်းဝင်နေတာ။ဒါကြောင့် ငွေချင်းတူပေမယ့်ရှာခဲ့တဲ့ပုံချင်းမတူတဲ့အတွက်ဒီငွေပေါ်ကပြန်ရမည့်expectation ချင်းမတူကြဘူး။ ဒါကြောင့် ခက်ခက်ခဲခဲငွေမရှာချင်ရင်ငါးမရှိတဲ့နေရာမှာ ငါးမမျှားမိဖို့လိုတယ်။ Don’t sweat the small stuffs. Phyo Paing @ Derek

ငါးမရှိတဲ့နေရာမှာ
ငါးမမျှားမိဖို့လိုတယ်။
Read More »

လိုချင်တာရဖို့ ကံကြမ္မာကိုပဲ
ပုံချထားလို့မရဘူး။

တချို့လူတွေအတွက် တချို့အချိန်တွေမှာအချစ်သီချင်းနားထောင်တဲ့အခါအဓိပ္ပာယ်မရှိဘူးလို့ ခံစားရတဲ့အချိန်တွေရောက်လာတဲ့ အသက်အရွယ်ရှိလာမယ်။ နောက်ပြီး လောကကြီးက ငယ်ငယ်ကလို ရင်ခုန်စရာမကောင်းတော့ဘူး ဆိုတဲ့ အချိန်တစ်ခု ရောက်လာတာမျိုးလဲဖြစ်ရင်ဖြစ်မယ်။ တခါတလေ ဘဝမှာ နေရထိုင်ရတာ ပေါ့ရွှတ်ရွှတ်ဖြစ်နေတာမျိုးဘဝဟာ ငယ်ငယ်က ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်ဘဝလိုလတ်ဆတ်မှုမရှိတော့တာမျိုးလဲခံစားရတဲ့ အချိန်တွေရှိနိုင်တယ်။ တချို့တွေအတွက်Happily Ever After ဆိုတာနောက်ဆုံးပြောတဲ့နေ့က မင်္ဂလာဆောင်တဲ့နေ့ဖြစ်နိုင်တယ်။ Marriage ဆယ်ခုမှာ ဘယ်နှစ်ခုလောက်က လတ်ဆတ်ပျော်ရွင်သလဲသုတေသနတွေကြည့်တဲ့အခါအံ့သြစရာ ကိန်းဂဏန်းကိုတွေ့လိမ့်မယ်။ ဘဝကို ရင်ခုန်မှုအပြည့်နဲ့ ဘဝရဲ့ အနှစ်သာရအပြည့်နဲ့ဖြတ်သန်းနေတဲ့ သူတွေကို လိုက်လေ့လာမိတယ်။ ဘဝက စိတ်ဝင်စားဖို့ကောင်းတယ်။ လိုချင်တာရဖို့ ကံကြမ္မာကိုပဲပုံချထားလို့မရဘူး။လိုချင်တဲ့ဘဝမျိုးဖြစ်ဖို့ သေချာ design ချရတယ်default နဲ့ မရဘူးဆိုတာ နားလည်လာတယ်။ ဘဝကို design ချတဲ့အခါလမ်းခရီးမှာ trials and errors တော့ ရှိမှာပဲ။ အရေးအကြီးဆုံးက မှားခဲ့ရင်တောင်

လိုချင်တာရဖို့ ကံကြမ္မာကိုပဲ
ပုံချထားလို့မရဘူး။
Read More »

သောက်တလွဲ rules တွေနဲ့
ကိုယ့်ဘဝ၊ အတွေး၊ အမြင်၊
ယုံကြည်မှုကို ထိန်းချုပ်မခံပါနဲ။

တရုတ်ပြည်မရဲ့ ယဥ်ကျေးမှုအဆင့်ကစနစ်ထဲမှာ အထိပ်ကိုတက်တဲ့အဆင့်ပဲရှိသေးတယ်။Money, Status, Power ရှာမယ်။နောက်တစ်ဆင့် တက်စရာသိပ်မရှိဘူး။ တရုတ် အတွေးအခေါ်အများကြီးမှာအစိုးရက အုပ်ချုပ်မှုကိုအထောက်အကူပြုတဲ့ကွန်ဖြူးရှပ်အတွေးအခေါ်ပဲ promote လုပ်တယ်။နာမည်ပေးထားတာ Confucious institute တဲ့။လူပေါင်း ၁.၄ ဘီလီယံကိုထိန်းတော့ဒီနည်းက သူ့အတွက်အကောင်းဆုံးနည်းဖြစ်နိုင်တယ်။ အနောက်တိုင်းမှာကidea တွေ၊ စနစ်တွေကို စိန်ခေါ်ကြတယ်။လုပ်ငန်းအကြီးကြီးလုပ်ပြီး စိတ်ညစ်နေမည့်အစားCanada က ကျွန်းမြို့လေးပေါ်နေပြီးCompany of One ဆိုပြီးတစ်ယောက်တည်းလုပ်တဲ့ solopreneur ပုံစံနေတယ်။အလုပ်ကို ကျန်တာ outsource လုပ်တယ်။ ကိုယ်မကြိုက်တဲ့အလုပ်တွေလုပ်ပြီးစိတ်ညစ်နေမည့်အစားတစ်ပတ်လေးနာရီအလုပ်လုပ် (4-Hour Work Week) ပြီးကိုယ်ကြိုက်တဲ့ဘဝ ကိုယ်ဖန်တီးလို့ရတဲ့life-style design တို့လို အတွေးအခေါ်တွေကသမရိုးကျ အတွေးအခေါ်တွေကိုဖောက်ထွက်တယ်။ လုပ်ငန်းခပ်ကြီးကြီးလုပ်စတော့စျေးကွက်မှာ သွားတာထက်mojo လို့ခေါ်တဲ့ ဝိညာဉ် ရှိတဲ့လုပ်ငန်းသေး ဘီလူး small giantsတွေ တည်ဆောက်မှုက လွမ်းမိုးလာတယ်။ ပစ္စည်းတွေဝယ်ပြီး လူတွေအထင်ကြီးအောင်

သောက်တလွဲ rules တွေနဲ့
ကိုယ့်ဘဝ၊ အတွေး၊ အမြင်၊
ယုံကြည်မှုကို ထိန်းချုပ်မခံပါနဲ။
Read More »

လူအများစုက ရေရှည်ရပ်တည်နိုင်တဲ့
Brand တည်ဆောက်ဖို့ စိတ်မရှည်ဘူး။

လူအများစုက ဒီနေ့ page ထောင်မနက်ဖြန်စရောင်းချင်ကြတယ်။ ရလဒ်ကြီးကြီးရဖို့ စိတ်ရှည်မှု အရေးကြီးတယ်။ ခုရေတွင်းတူးခုရေကြည်သောက်လို့မလွယ်နိုင်ဘူး။ Phyo Paing @ Derek

လူအများစုက ရေရှည်ရပ်တည်နိုင်တဲ့
Brand တည်ဆောက်ဖို့ စိတ်မရှည်ဘူး။
Read More »

ရိုးသားဖို့ အရေးကြီးတယ်။

ကျွန်တော့်ရဲ့ philosophy ကတော့ကိုယ်နဲ့အလုပ်လုပ်တဲ့အတွက်အရှုံးဆိုတာ မရှိစေရဘူး။ကိုယ်လုပ်ပေးနိုင်ရင်လုပ်ပေးနိုင်တယ်။မလုပ်နိုင်ရင် မလုပ်နိုင်ဘူးရိုးသားဖို့ အရေးကြီးတယ်လို့ခံယူထားတယ်။ Phyo Paing @ Derek

ရိုးသားဖို့ အရေးကြီးတယ်။ Read More »

Product တစ်ခု စျေးကွက်ဖောက်တဲ့အခါ

Experiment, Exploration, Execution and Expansionဒီလေးဆင့်နဲ့သွားတယ်။ Experiment အဆင့်က တစ်ပတ်က နှစ်လလောက်ကြာလေ့ရှိတယ်။ ဒီအဆင့်မှာ စျေးကွက်ရဲ့ BUMP (Big Urgent Market Problem) ကိုဖြေရှင်းနိုင်တဲ့အခါ ဝက်ဝက်ကွဲအောင်မြင်တယ်။ ပထမအဆင့်ဖြစ်တဲ့ Experiment မှာ Product-Market Fit ဖြစ်တဲ့အခါ ဒုတိယအဆင့် Exploration အဆင့်သွားတယ်။သွားလို့ရနိုင်တဲ့ plan တွေချတယ်။target သတ်မှတ်တာကိုယ်သွားမည့် ပန်းတိုင်ရောက်ဖို့option ရွေးချယ်တာတွေလုပ်တယ်။ တတိယအဆင့် တကယ်အကောင်အထည်ဖော်တယ်။ဒီ Execution အဆင့်မှာ တကယ်အင်တိုက်အားတိုက်လုပ်ဖို့လိုလာပြီ။ နောက်တစ်ဆင့်ကချဲ့ထွင်တဲ့Expansion အဆင့်။ အခုချိန်မှာ Solar panel တွေရောင်းရင်အရမ်းကြော်ငြာစရာမလိုသလိုခုချိန် ဓာတ်ခဲတွေရောင်းရင် အင်မတန် အားထုတ်ရနိုင်တာ။ ဒါတွေအားလုံးစမ်းသပ်တဲ့အဆင့်က Experiment အဆင့်ပဲ။ ကိုယ်ထင်တာနဲ့ စျေးကွက်ထင်တာကြားမှာgap ကြီးတစ်ခု ရှိနိုင်တယ်။ Phyo Paing

Product တစ်ခု စျေးကွက်ဖောက်တဲ့အခါ Read More »

ကိုယ့်ဖက်က ပိုပေးလိုက်ရမှာ
မကြောက်ပါနဲ့။

သုသေတနတွေအရ လူတွေက ကိုယ်ရင်းနှီးလိုက်တာထက်2.8x မရရင် အဲ့အလုပ်ကိုလုပ်ဖို့ ချီတုံချတုံဖြစ်တတ်ကြတယ်တဲ့။ ဝန်ထမ်းခန့်ရင်လဲ အဲ့သဘောပဲ။ ၁၀ သိန်းတန်တစ်ယောက်ခန့်ရင်hiring manager က လုပ်ငန်းအတွက်အနည်းဆုံး သိန်း ၃၀ နဲ့အထက်value-added ဖြစ်ဖို့မျှော်လင့်မှာပဲ။ ပစ္စည်းဝယ်ရင်လဲ အဲ့သဘောပဲလေ။တစ်သိန်းတန်ဝယ်ရင် ပေးလိုက်ရတာထက် တန်ဖိုးပိုဖြစ်မှ တန်တယ်လို့ခေါ်တယ်။ စျေးကွက်မှာ နှာတစ်ဖြားသာဖို့ယူသလောက်ပဲ ပြန်ပေးလို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ယူတာထက် ပိုပေးတဲ့ ခေတ်extra-mile သွားတဲ့ခေတ်ဖြစ်သွားပြီ။ Pho Paing @ Derek

ကိုယ့်ဖက်က ပိုပေးလိုက်ရမှာ
မကြောက်ပါနဲ့။
Read More »