မျက်စိခဏမှိတ်ပြီး ခံစားကြည့်ပါ။
မျက်စိခဏမှိတ်ပြီး ကိုယ့်ဘဝမှာအငြိမ်းချမ်းဆုံးအချိန်တစ်ခုကိုစဉ်းစားကြည့်ကြည့်ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ဘာလိုခံစားရသလဲ။
မျက်စိခဏမှိတ်ပြီး ကိုယ့်ဘဝမှာအငြိမ်းချမ်းဆုံးအချိန်တစ်ခုကိုစဉ်းစားကြည့်ကြည့်ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ဘာလိုခံစားရသလဲ။
တစ်ခုက Personal ကိုယ်တွေးတာ၊ ခံစားရတာ ကိုယ်ပဲသိတယ်။ နောက်တစ်ခုက Private ကိုယ်တွေးတာ၊ ခံစားတာ၊ လုပ်ဆောင်တာ၊ကန့်သတ်စည်းအတွင်းဝင်ခွင့်ရတဲ့လူတစ်စုသိထားတဲ့ ဘဝ။ နောက်တစ်ခုက Public လူအများစုတွေ့မြင်ပုံဖော်တဲ့ကိုယ့်ရဲ့ဘဝ။ အရေးအကြီးဆုံးက ကိုယ့်ရဲ့Private Life ကို access ပေးတဲ့သူအရမ်း အရေးကြီးတယ်။ ကိုယ့်ကို အမှန်တကယ်နားလည်စေတနာထားတဲ့ဖြစ်ဖို့လိုတယ်။တကိုယ်ကောင်းဆန်ပြီး တစ်ဖက်သတ်အမြတ်ထုတ်ဖို့ပဲ မစဉ်းစားတဲ့သူဖြစ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek
Personal, Private, Public
ကျွန်တော်တို့မှာ
ဘဝသုံးခုရှိတယ်။ Read More »
အချစ်နဲ့ပတ်သက်လာရင်လူသုံးမျိုးခွဲခြားလို့ရတယ်။ ၁။ Love Avoidant ၂။ Secure၃။ Cautious Love Avoidant Person က ငယ်ကတည်းက မိဘကမင်းလူတိုင်းကို ယုံလို့မရဘူး။ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လုပ်။ ဘယ်တော့မှ တစ်ခုတည်းကိုမဖက်တွယ်ထားနဲ့။ ဒီလို အတွေးအခေါ်နဲ့ကြီးလာတယ်။ငယ်ငယ်က မိဘမေတ္တာကိုလိုသလောက်မရခဲ့ဘူး။ မေတ္တာငတ်ပြီး ကြီးလာတဲ့သူတွေ။ တခုခုဆို တိုင်ပြောစရာလူကြီးမရှိခဲ့ဘူး။ အဲ့ဒီကျတော့ အသက်ကြီးတဲ့အခါLove Avoidant ဖြစ်လာပြီးအချစ်ရေးရာမှာ လူတစ်ယောက်တည်းအပေါ်ယုံကြည်ဖို့ commit လုပ်ဖို့ အခက်အခဲရှိလာတယ်။ ဒီတော့ ရှိနေတဲ့ relationship ထက်ပိုကောင်းတာ အပြင်မှာရှိအုံးမှာပဲဆိုတဲ့ စိတ်နဲ့နေတယ်။ နောက် ရှိနေပြီးသား relationship ရန်ဖြစ်တိုင်း အရင်က ex တွေကိုပြန်သတိရတတ်တယ်။အရင် ex တွေ မကောင်းကြောင်းကို ဦးနှောက်က overwrite လုပ် မေ့သွားတယ်။ ဒီ type က ကိုယ့်ကိုကိုယ်သတိမပြုမိရင်
ကျွန်တော် အကြိုက်ဆုံး ကုမ္ပဏီထဲပါတာXiaomi ပဲ။ သူ့ရဲ့ Management Team မှာ CEO Lei Jun အစ ကျန်တဲ့သူတွေကMicrosoft, Google နဲ့ ကုမ္ပဏီကြီးတွေမှာအလုပ်လုပ်ခဲ့ဖူးတဲ့ သူတွေပဲ။ နောက်ပြီး သူ့ရဲ့ Business Model တည်ဆောက်ပုံနဲ့ Ecosystem Developmentလုပ်ပုံကလဲ တော်တော်လေးအကွက်ကျတယ်။ သူ့ရဲ့ ပထမဖုန်းမထွက်ခင် MIUI ဆိုပြီးဘယ်ဖုန်းမှာမဆိုတင်လို့ရတဲ့ ROM ထုတ်ပေးတယ်။ သောကြာနေ့တိုင်း လိုချင်တဲ့ feature ပြောupdate လုပ်ပေးတယ်။ သူ့ရဲ့ slogan က အဲ့အချိန်က Redefining Android တဲ့။ နောက်ပိုင်းသူ့ Go-To-Market မဟာဗျူဟာက Online ကနေBatch Production လုပ်ပြီးအချိန်ကိုက် Scarcity Marketing လုပ်ရောင်းသွားတာ။ စျေးနှုန်းပိုင်းကို နည်းပြီးXiaomi
ပိုရယူ သိလူကစား ဖြစ်အောင်လုပ်လို့ အတိုကောက်မှတ်လို့ရတယ်။ ၁။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ (ပို)၂။ အရှုံးဆိုတာမရှိဘူး။ ရလဒ်တွေပဲရှိတယ်။လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။(ရ)၃။ ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။ (ယူ)၄။ တစ်ခုခုအသုံးချဖို့အတွက် အကုန်သိနေစရာမလိုဘူး။ (သိ)၅။ လူကြောဆိုတာ ရွှေကြော။ (လူ)ကိုယ့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တာလူတွေပဲ။ ၆။ အလုပ်ဆိုတာ ကစားတာ။ (ကစား)Game တစ်ခုလို စွဲစွဲလမ်းလမ်းလုပ်။၇။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်ဖြစ်အောင်လုပ်။ (ဖြစ်အောင်လုပ်) လိုက်နာတဲ့ rule or guiding principles ကတော့ ၁။ ဘူကောင်တွေကို ရှောင်၂။ ကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အလုပ်တွေ နေ့စဉ်လုပ်၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်၄။ ဒူပဒေါပခေံ၅။ မယူခင်အရင်ပေး၆။ ယူတာထက်ပိုပေး၇။ ရှုံးနိုင်ခြေနဲ့ ဖြစ်နိုင်ခြေကို အမြဲတွက်၈။ ထွက်ငွေကိုဝင်ငွေအနေနဲ့ ပြန်ပြောင်း၉။ ကိုယ့်ကိုငွေရှာပေးမည့်အရာတွေမှာ ငွေသုံးဖို့ မနှမြောနဲ့။၁၀။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတိုင်း တိုးတက်သွားရမယ်။
Rule 1 – မနှိုင်းယှဥ်ပါနဲ့။ သူများနဲ့ နှိုင်းယှဥ်တဲ့အခါ ကိုယ့်ကိုကိုယ် express လုပ်ဖို့ မေ့သွားတတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း Career inspiration နဲ့ Dream တွေ၊ Talent တွေမတူတဲ့အတွက် ကိုယ်နဲ့တစ်ခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့. Rule 2 – ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တစ်ခုခုအမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ဖူးလား။ ကျွန်တော်ငယ်စဥ်အခါက အမြဲအပြစ်တင်ဖူးတယ်။ ဒါက အကျင့်ကြီးတစ်ခုလိုဖြစ်လာခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ပဲကြည့်တယ်။ ခွင့်လွတ်တယ်။ အားပေးတယ်။ အပြစ်တင်မည့်အစား သင်ခန်းစာယူတယ်။ Rule 3 – ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ။ ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုကိုယ်သိဖို့ မလွယ်သေးဘူး။ Self-awareness လို့ဆိုပါတော့။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကိုယ့်ကို motivated ဖြစ်အောင်လုပ်ပေးတဲ့ drive နဲ့ inspiration
လုပ်ငန်းတစ်ခုက ကလေးတစ်ယောက်နဲ့တူတယ်။1. Start စတင်ချိန်2. Speed Up ကြီးထွားမှုမြန်ချိန်3. Systemize စနစ်ချချိန်4. Scale ချဲ့ထွင်ချိန်5. Sell ရင်းနှီးမြုပ်နှံသူတွေကို ပြန်လည်ရောင်းချချိန် (သို့)စတော့စျေးကွက်တင်ချိန်အဆင့်ငါးဆင့်ရှိပါတယ်။ ကိုယ့်လုပ်ငန်းရောက်နေတဲ့အဆင့်ကိုကိုယ်သိဖို့ အရေးကြီးပါတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
ကိုယ့်လုပ်ငန်းရောက်နေတဲ့အဆင့်ကို
ကိုယ်သိဖို့ အရေးကြီးပါတယ်။ Read More »
လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးအရာလုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးအပိုင်းကCulture တည်ဆောက်တာပဲ။ Culture ဆိုတာ“Things we do around here” ဆိုတဲ့လုပ်ငန်းတစ်ခုမှာဝန်ထမ်းတွေရဲ့ အလုပ်လုပ်တဲ့ ပုံစံကို ဆိုလိုတာ။ စိတ်ထား၊ လူ၊ စနစ်၊ မဟာဗျူဟာ၊ ဦးဆောင်မှုပုံစံတွေကCulture တစ်ခုတည်ဆောက်တဲ့နေရာမှာအကုန် အရေးပါတယ်။ ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ဆိုတာ ကိုယ်မရှိတဲ့အချိန် ဝန်ထမ်းတွေအနေနဲ့စနစ်တွေ၊ နည်းပညာတွေကိုအသုံးပြုပြီး“ဘယ်လိုပုံစံ အလုပ်လုပ်ကြလဲ?” ဆိုတဲ့Culture က အရေးကြီးလာတယ်။ ဒီအလုပ်လုပ်တဲ့ပုံစံကလည်းစျေးကွက်အပြောင်းအလဲကိုအမြန် တုံ့ပြန်နိုင်ဖို့ လိုတယ်။ ဒီလိုမျိုး Culture တည်ဆောက်ဖို့အချိန်အများကြီးပေးရတယ်။ ကိုယ့်လုပ်ငန်းရဲ့ အဖိုးအတန်ဆုံးကကိုယ့်လုပ်ငန်းရဲ့ Culture ဖြစ်နိုင်တယ်။ ဒါကြောင့် နှစ်ပေါင်းများစွာစိတ်ရှည်ရှည် တည်ဆောက်ဖို့လိုတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay
လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးအရာလုပ်ငန်းတစ်ခုအတွက် Read More »
အရေးပါ အရာရောက်ဖို့အရေးပါတာလုပ်မှ အရာရောက်မှာ။အရေးပါတာနဲ့ မပါတာမခွဲခြားနိုင်သေးသ၍အရာရောက်ဖို့ လုပ်နိုင်မှာ မဟုတ်ဘူး။ Phyo Paing @ Derek