Dr. Phyo Paing

https://yec.company

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ပါ။

လုပ်ငန်းစတင်တဲ့အချိန်တုန်းက Customer is King တို့Queen တို့တွေနဲ့ ရင်းနှီးနဲ့လာတော့လူတိုင်းရဲ့ အလိုကိုဖြည့်ဆည်းချင်ခဲ့တယ်။လူ့အလို နတ်တောင်မလိုက်နိုင်တာကိုယ်လဲ လူတိုင်းရဲ့အလိုကို လိုက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် marketing မှာ ဒီနောက်ပိုင်း ဆိုရိုးစကားတစ်ခုလိုဖြစ်လာတာChoose your clients, Choose your future ပါ။ပြောတဲ့သူက Seth Godin. ဘူကောင်တွေကို serve လုပ်ပြီး အကြည်ဓာတ် ရှိဖို့ မစဉ်းစားနဲ့။ ဘူကောင်တွေက အမြဲနှိုင်းယှဉ်နေတတ်ကိုယ့်ဘဝကို စိတ်တိုင်းမကျတတ်တဲ့အတွက်ဘယ်သူတွေကို service ပေးမလဲသေချာရွေးချယ်တတ်ဖို့ ပညာဖြစ်လာတယ်။ လူတိုင်းကိုယ် customer မဟုတ်တာနားလည်ပါ။လူတိုင်းကို မရောင်းပါနဲ့။ လူတိုင်းရဲ့ အလို ဆန္ဒကို ဖြည့်ဆည်းဖို့ မကြိုးစားပါနဲ့။ Phyo Paing @ Derek

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ပါ။ Read More »

ဒီနေ့လုပ်ခဲ့တဲ့ အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကို
ခြွေတာပေးနိုင်ရမယ်။

234 ဒါကတော့ ရက်ပေါင်း ၂၃၄ ရက်မှာစာအုပ်ပေါင်း ၂၃၄ အုပ်ဖတ်ပြီး video ဖန်တီးခဲ့တဲ့ခရီးစဥ် တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ philosophy ကဒီနေ့လုပ်ခဲ့တဲ့ အလုပ်က မနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးနိုင်ရမယ်။ ငယ်ငယ်က လေ့လာခဲ့လေ့ကျင့်ခဲ့တဲ့ positive psychology, memory training, speed reading,ဆေးပညာ နဲ့ စီးပွားရေးပညာရပ်တွေဟာတချိန်မှာ ဆုံမှတ်တစ်ခုရှိလိမ့်မယ်။ ခပ်ကြီးကြီးလုပ်မယ်။လေကြီးလေကျယ်ပြောမယ်ဆိုရင်consistency တော့ အနည်းဆုံးရှိဖို့လိုတယ်။ Phyo Paing @ Derek

ဒီနေ့လုပ်ခဲ့တဲ့ အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကို
ခြွေတာပေးနိုင်ရမယ်။
Read More »

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။

မင်းကွန်းဆရာတော်ကြီးလို မှတ်ဥာဏ်ကောင်းဖို့ မြန်မာ့တိုင်းရင်းဆေးစနစ်ဖြစ်တဲ့မြင်းခွါရွက် ပစ္စငါးပါး (Pennywort Roots) နဲ့နွားနို့နဲ့ရောသောက်ပြီးစမ်းသပ်မှုတွေလုပ်ခဲ့ဖူးတယ်။ မနက်ထရင် စွမ်းအင်ပေါက်ကွဲမှုကောင်းအောင် Virgin Coconut Oil တစ်ဇွန်းသောက်တာမျိုးအချိန်တစ်ခုထိ လုပ်ဖူးတယ်။ ဦးနှောက်ကို သွေးပိုရောက်စေတဲ့ပြည်တွင်းမှာရနိုင်တဲ့ပြင်သစ် Servier ကုမ္ပဏီကထုတ်တဲ့အယ်ကာလီယွန်တို့လိုမျိုးကျောင်းသားဘဝက စာမေးပွဲမတိုင်ခင်မှာ စမ်းသုံးခဲ့ဖူးတယ်။ နောက်ပိုင်း Smart drugs တွေဦးနှောက်အားတိုးဆေး Nootropics တွေနောက် neurotransmitter တွေအားကောင်းအောင် supplement တွေစမ်းသပ်ခဲ့ဖူးတယ်။ Tim Ferriss အရင်ကုမ္ပဏီကထုတ်တဲ့ဆောင်းပိုးနွေမြက် Cordyceps ပါတဲ့Brainquicken (အခု Bodyquicken) တို့ကိုစျေးကြီးကြီးနဲ့မှာပြီး စမ်းခဲ့ဖူးတယ်။ ကမ္ဘာပေါ်မှာ နာမည်ကြီးတာကတော့Joe Rogan ပူးတွဲတည်ထောင်တဲ့Onnit က ထုတ်တဲ့ alpha brain နောက် neurohacker collectives တို့လိုQualia mind တို့ အသုံးများလာတယ်။ သူကတော့

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။
Read More »

အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။

အလုပ်လို့ဆိုလိုက်ရင်လူအများစုက laborကာယနဲ့လုပ်တဲ့အလုပ်ကိုပဲပြေးမြင်ကြတယ်။ ၂၁ ရာစုမှာ အလုပ်အများစုကဥာဏ အလုပ်ဖြစ်လာပြီ။ဒါကို knowledge worker လို့ခေါ်တယ်။ artist, blogger, coder,designer, entrepreneur ဒီနေ့ခေတ်က computer တစ်လုံးနဲ့အလုပ်ပြီးလာတဲ့ခေတ်ဖြစ်တယ်။ ဒါကြောင့် digital nomad တို့lifestyle entrepreneur တို့ပေါ်ပေါက်လာတာဖြစ်တယ်။ အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။ Phyo Paing @ Derek

အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။ Read More »

မပြောင်းလဲချင်တဲ့သူကို
ဘယ်အရာမှ အပြောင်းအလဲ
လုပ်လို့မရဘူး။

လူတစ်ယောက်က ကိုယ့်ကြောင့်ပြောင်းလဲသွားလိမ့်မယ်လို့ဘယ်တော့မှ မစဉ်းစားနဲ့။ မပြောင်းလဲချင်တဲ့သူကို ဘယ်အရာမှ အပြောင်းအလဲလုပ်လို့မရဘူး။ တခါတလေ ကိုယ့်ကိုကိုယ်လူစွမ်းကောင်းထင်ပြီးတဖက်လူကို ပြောင်းလဲဖို့ကြိုးစားကြလိမ့်မယ်။အများစု မအောင်မြင်တာတွေ့ရလိမ့်မယ်။ Phyo Paing @ Derek

မပြောင်းလဲချင်တဲ့သူကို
ဘယ်အရာမှ အပြောင်းအလဲ
လုပ်လို့မရဘူး။
Read More »

ကြုံတတ်ကြတယ်။

ပြင်ပေးလို့မရတဲ့ အရင်းနှီးဆုံးဘူကောင်တစ်ယောက်ကိုကိုယ့်ဘဝထဲက ထုတ်လိုက်တဲ့အချိန်ကစလို့ကိုယ့်ဘဝ ခုန်ပျံကျော်လွှားတိုးတက်ပြောင်းလဲသွားတာမျိုးကြုံတတ်ကြတယ်။ Phyo Paing @ Derek

ကြုံတတ်ကြတယ်။ Read More »

Motivation သင်တန်းတွေက ဂျင်းလား?

Comfort Zone ထဲကထွက်ဖို့လိုတယ်ဆိုတာ Motivational speaker တိုင်းပြောတဲ့စကားပေါ့။ Motivation တွေက ဂျင်းတွေလား။ ဒီမေးခွန်းကို မသိခင်မှာ ကျွန်တော့်ဘဝ motivation နဲ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးတစ်ချို့ sharing လုပ်ပေးချင်တယ်။ ၇ တန်းကျောင်းသားဘဝမှာ သူငယ်ချင်း သီဟဝင်း အိမ်ကိုရောက်သွားတယ်။ အဲ့မှာ computer ကိုစမြင်ဖူးတာ။ ဆင်းရဲဖေဖေ ချမ်းသာဖေဖေဆိုတဲ့ စာအုပ်တွေ့တယ်။ အိမ်ကိုငှားသွားတယ်။ အဲ့မှာ Financial freedom ဆိုတဲ့ concept ကိုစသိတာပဲ။ နောက်ပိုင်း ပီမိုးနင်းရဲ့ စိတ်ပညာတို့၊ အောင်မြင်ရေးတို့၊ စီးပွားရေးလုပ်နည်း ၁၀၀ တို့၊ ဂဏန်းဗေဒင်တို့ ပီမိုးနင်းရေးတာ အကုန်ဖတ်တယ်။ နောက်ပိုင်းဆယ်တန်းပြီး အင်္ဂလိပ်စာလေး မတောက်တခေါက်ဖတ်တတ်တော့ Think & Grow Rich တို့ How to

Motivation သင်တန်းတွေက ဂျင်းလား? Read More »

လူတွေဟာ အတွေးအခေါ်
pattern တွေရဲ့သားကောင်ပဲ။

မူးတဲ့အချိန် ခေါ်နေကျ ဖုန်းနံပတ်ကို ပြန်ဆက်မိတာတို့။ မူးနေတဲ့အချိန် ပြောနေကျ စကားတွေ ပြန်ပြောတာတို့။ တချို့လူတွေနဲ့တွေ့တဲ့အချိန်တချို့စကားတွေ ပြန်ပြန်ပြောဖြစ်နေတာ။ ဒီ pattern တွေက မသိလိုက်ပဲ Repeat ဖြစ်နေတတ်တယ်။ ကိစ္စတစ်ခု ကြုံလာတာတဲ့အခါ တုန့်ပြန်နေကျပုံစံနဲ့ ပြန်ဖြေရှင်းတတ်တယ်။ ဒီ pattern တွေကို System I လို့ခေါ်တယ်။အလိုအလျောက်တုန့်ပြန်တဲ့စနစ်ဆိုပါတော့။မသိစိတ်က လွမ်းမိုးထားတယ်လို့လဲဆိုနိုင်တယ်။ အပြောင်းအလဲတစ်ခုလုပ်ချင်ရင်ဒီ စနစ်ကို overwrite လုပ်ဖို့လိုတယ်။ ငယ်ငယ်က စိတ်ညစ်စရာကြုံရင်သူငယ်ချင်းတွေနဲ့ ဘီယာသောက်တယ်။နောက်ပိုင်း ဒီအချက်ကို သတိပြုမိလာတော့Audible ထဲက စာအုပ်တွေဝယ်လိုက်တယ်။စိတ်ညစ်တိုင်း စိတ်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေ လိမ့်နားထောင်တယ်။ အဲ့ကမှ အတွေးအခေါ်အသစ်ရတယ်။အတွေးအခေါ်အသစ်ကို အပြုအမူအသစ်ဖြစ်စေတယ်။အပြုအမူအသစ်က ဘဝအသစ်ဖြစ်စေတယ်။ ကိုယ့်ရဲ့ အတွေး pattern တွေကိုသတိပြုမိဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေဟာ အတွေးအခေါ်
pattern တွေရဲ့သားကောင်ပဲ။
Read More »

မနိုင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုကို မပြိုင်နဲ့။

Jack Welch ပြောသလိုIf you don’t have a competitive advantage, don’t compete.” မားကတ်တင်းမှာ အရေးအကြီးဆုံးစကားလုံးတစ်လုံးက category ပဲဖြစ်တယ်။ အချိုရည်လို့ ပြောလိုက်ရင်Coca Cola ကို မြင်လိမ့်မယ်။အားဖြည့်အချိုရည်ဆိုRed Bull ပြည်တွင်းမှာဆို Shark ကိုမြင်လိမ့်မယ်။ သီးစုံဓာတ်ဆားဆို Royal D ဒါဘာလို့ခေါ်လဲဆို King of Category လို့ခေါ်တယ်။ Marketing မှာအောင်မြင်ချင်တယ်ဆိုCategory တစ်ခုမှာ King ဖြစ်ဖို့လိုတယ်။ မန္တလေးမှာ အကင်ဆိုင်ဆို ဘိုးတော်၊ ဂျပန်အကင်ဆိုင်ဆို?ကိုးရီးယားအကင်ဆိုင်ဆို?မရှိသေးရင် အဲ့မှာ Category အသစ်တည်ဆောက်လို့ရတယ်။ Fashion မှာဆိုလဲအလားတူပဲ။Plus Size fashionTeenage Fashionအစရှိသည် တည်ဆောက်လို့ရတယ်။ ပြန်ချုပ်ရရင်ပြိုင်ပြီဆိုကတည်းက နိုင်ဖို့အရေးကြီးတယ်။နိုင်ဖို့အတွက် ကိုယ်ပြိုင်မည့် Game ကို

မနိုင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုကို မပြိုင်နဲ့။ Read More »