တစ်ခုခုစတင်တဲ့အချိန်
အမျိုးတွေ၊ အနီးစပ်ဆုံးလူတွေကဆရာလုပ် ဝေဖန်တတ်ကြတယ်။စတင်ချိန်မှာ ဒါတွေမလိုဘူး။အားပေးမှုပဲလိုတာ။အောင်မြင်တဲ့အခါ အကြံလိုတာ။ပြောင်းပြန်ဖြစ်နေတတ်တယ်။ Phyo Paing @ Derek
အမျိုးတွေ၊ အနီးစပ်ဆုံးလူတွေကဆရာလုပ် ဝေဖန်တတ်ကြတယ်။စတင်ချိန်မှာ ဒါတွေမလိုဘူး။အားပေးမှုပဲလိုတာ။အောင်မြင်တဲ့အခါ အကြံလိုတာ။ပြောင်းပြန်ဖြစ်နေတတ်တယ်။ Phyo Paing @ Derek
T – Thinking 💭 အတွေး H – High Income Skill 👨💻 ငွေများများရှာပေးတဲ့ အတတ်ပညာA – Action လုပ်ရပ်N – Network အပေါင်းအသင်းK – Knowledge အသိပညာ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့
အလုပ်တွေ လုပ်နိုင်ဖို့အတွက်
THANK ကို ဂရုစိုက်ဖို့လိုတယ်။ Read More »
ကိုယ်နားလည်တာကလဲ No Englishနောက်စကားလုံးတစ်လုံးက No Whereကိုးတန်း ဆိိုးသွမ်းလို့ အဆောင်ရောက်တဲ့အချိန်ကပေါ့။ ဆရာ English စာ တတ်အောင်လေ့လာချင်ရင် ဘယ်လောက်ကြာနိုင်လဲမေးကြည့်တယ်။ ပုံမှန်ဆရာတွေဆို ငါ့တစ်သက်လုံးလေ့လာလာတာ ခုထိ ငါတောင်မတတ်သေးဘူးကြီး ဖြေကြတာ။ အဲ့ဆရာကျတော့ တကယ်လုပ်ရင်တစ်လလဲ တတ်နိုင်တယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ ကစ်ပြီလေ ဆိုပြီးတခြားဘာသာရပ်တွေ အောင်ရုံလုပ်ပြီးကိုးတန်းစာအုပ်အစ The Pully ကနေအဘိဓာန်တစ်အုပ်နဲ့ ကောက်ဆွဲလိုက်တာတစ်လအတွင်း textbook အကုန်ရသွားရော။ ဒါနဲ့ ဘာဆက်လုပ်ရမလဲ ဆရာ့မေးတော့ဆယ်တန်းစာလုပ်တဲ့။ ဒါနဲ့ တခြားဘာသာတွေမကြည့်ပဲဆယ်တန်း The Calendar ကနေဘုမသိဘမသိနဲ့ ကောက်ကျက်လိုက်တာကဗျာတွေပါ ပြီးသွားရော။ ဆယ်တန်းသူငယ်ချင်းတွေက ဒီကောင်ရူးနေလားမသိဘူးလို့စဥ်းစားရင်လဲ စဥ်းစားမယ်။ဒါပေမယ့် အဲ့ဒီ textbook ကိုလေ့လာဖတ်မှတ်ခဲ့တာ ဘယ်စကားလုံးက ဘယ်နားမှာဆိုတာခုထိမှတ်မိနေတုန်း။ ဆယ်တန်းပြီးတော့ ခပ်တည်တည်နဲ့British Council က စာအုပ်တွေဖတ်လို့ရလာတယ်။ နှစ်ပေါင်းများစွာ
ကိုယ့်လုပ်ငန်းမှာ ချရေးထားတဲ့တိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိပြီလား။ကိုယ်သွားနေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုဝန်ထမ်းတိုင်းသိပြီလား။ ဝန်ထမ်းတိုင်းမသိဘူးဆိုရင် လှေကိုနေ့တိုင်းတော့လှော်နေတယ်။ဘယ်ကို ရောက်အောင်သွားနေလဲမသိတာနဲ့ တူနေတတ်တယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
ကိုယ့်ကိုကိုယ် သိဖို့က ပထမ။ ကိုယ့်အလုပ်ကိုယ်သိဖို့က ဒုတိယ။ ပြင်ပဗဟုသုတသိဖို့ တတိယ။ Phyo Paing @ Derek
လူတွေက ပျော်ရွှင်ချင်ကြတယ်။နည်းလမ်းမျိုးစုံနဲ့ ပျော်ရွှင်မှုရှာကြတယ်။ သာယာမှု ကနေရှာတယ်။အစားအသောက်ကောင်းလေးစားလိုက်ရရင်ပျော်တာမျိုး။ ပိုင်ဆိုင်မှုကနေရှာတယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေဝယ်လိုက်ရရင်ပျော်တာမျိုး။ အသိမှတ်ပြုခံရမှုကနေရှာတယ်။ ကိုယ်သား၊ သမီးက ဘယ်တက္ကသိုလ်ကြီးမှာတက်နေတာမျိုး။ အိုင်ဒီယာတွေကနေ အပျော်ရှာတယ်။ အတွေးအခေါ်တူတဲ့သူတွေ အိုင်ဒီယာ ဖလှယ်ကွန့်မြူးပျော်ဆိုကြတာမျိုး။ နောက်တစ်မျိုးက ပေးဆပ်မှုကနေရှာတာမျိုး။ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ကိုယ့် သမိုင်းပေးတာဝန်အတွက်ဘဝကို ပေးဆပ်ပြီး ပျော်ရွင်မှုရှာတာမျိုး။ လီကွမ်းယူက သူ့ဘဝမှာ အရေးကြီးတာ နှစ်ခုရှိတယ်တဲ့။ My family and my country တဲ့။ ငါ့မိသားစုကို ငါ့မိန်းမ တာဝန်ယူတယ်။ငါ့နိုင်ငံကို ငါတာဝန်ယူတယ်။ငါသေသွားလို့ တစ်ခုခု မှားနေရင်တောင်သင်္ဂြိုလ်က ပြန်ထလာမယ်ဆိုတဲ့မိန့်ခွန်းမျိုးတွေ ပြောခဲ့တာ ကြည့်ရင်သိနိုင်တယ်။ အသက် ၇၆ နှစ် နှစ်ပေါင်းများစွာဘာကြောင့် ဒုက္ခခံပြီး ပေးဆပ်နေလဲ။ ဒါက တခြားသူတွေနဲ့ မတူတဲ့ ပျော်ရွင်မှု အဆင့်မှာ ရောက်နေလို့ပဲ။
တစ်ခုခု လုပ်ဖို့ပျင်းနေရင်လေကြီးလေကျယ်သာပြောလိုက်။မလုပ်ရင် အရှက်ကွဲမှာဆိုတော့လုပ်ဖြစ်သွားလိမ့်မယ် 😂 Phyo Paing @ Derek
လိုချင်တာမရခဲ့တဲ့အတွက်ပိုကောင်းတာရခဲ့တဲ့အချိန်တွေရှိခဲ့ဖူးကြတာပဲ မဟုတ်လား။ Phyo Paing @ Derek
စိတ်ပါမှ စာကျက်မယ်ဆိုရင်ဆယ်တန်းတောင်အောင်ခဲ့မှာမဟုတ်ဘူး။ စိတ်ပါပါ မပါပါ လုပ်စရာရှိတာလုပ်ရမှာပဲ။ Phyo Paing @ Derek