Content Marketing
Content Marketing ဆိုတာရေရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။စိတ်ရှည်ဖို့လိုတယ်။ မဟာဗျူဟာလိုတယ်။အမြဲလေ့လာနေဖို့လိုတယ်။ကိုယ့်ရဲ့ sweet spot ကိုသိဖို့လိုတယ်။ဇွဲနဲ့ consistency လိုတယ်။ Phyo Paing @ Derek
Content Marketing ဆိုတာရေရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။စိတ်ရှည်ဖို့လိုတယ်။ မဟာဗျူဟာလိုတယ်။အမြဲလေ့လာနေဖို့လိုတယ်။ကိုယ့်ရဲ့ sweet spot ကိုသိဖို့လိုတယ်။ဇွဲနဲ့ consistency လိုတယ်။ Phyo Paing @ Derek
လုပ်ငန်းရှင်တွေအနေနဲ့Time Management ထက်Energy Management လုပ်ရမယ်။ တခါတလေ အချိန်ရှိပြီးအလုပ်လုပ်ဖို့ အားမရှိတာဖြစ်တတ်တယ်။ Energy ရှိဖို့ Emotion ကအရေးကြီးတယ်။ ဒေါသ၊ ကြောက်စိတ်၊ ပူဆွေးဝမ်းနည်း၊အားငယ်၊ စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကအလုပ်လုပ်ဖို့ Energy မထွက်စေဘူး။ ပျော်ရွင်စိတ်၊ ရင်ခုန်စိတ်၊ ဂုဏ်ယူစိတ်၊ကျေးဇူးတင်စိတ်၊ စူးစိုက်မှုအပြည့်ရှိတဲ့စိတ်၊မေတ္တာတရား အစရှိတဲ့ စိတ်ခံစားချက်တွေက Energy ကိုထွက်စေတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay
Marketing ဆိုတာ သားကောင်လိုက်သလို မဟုတ်ဘူး။ဥယျာဉ်တည်ဆောက် သလိုပဲ။ ရေလောင်းပေါင်းသင်ပြီးပန်းတွေပွင့်လာတာ ကြည့်ရတာမျိုး။ Phyo Paing @ Derek
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်တဲ့နေရာမှာ ကိုယ့်လုပ်ငန်းရဲ့ ဌာနတိုင်းကို စနစ်ချဖို့လိုပါတယ်။ ဒီထဲမှာမှ အရောင်းဌာနကို စနစ်ချဖို့အတွက် အဓိကကျတဲ့ အချက် (၇) ချက်ကို မျှဝေပေးလိုက်ပါတယ်။ ၁။ Sales Process တည်ဆောက်ပါ။ ကိုယ့်လုပ်ငန်းကို စုံစမ်းမေးမြန်းမှု စလာတာကနေ ဝယ်ယူသွားတဲ့အချိန်ထိ ကြားထဲမှာ ဖြတ်သန်းရတဲ့ အဆင့်ဆင့်ကို Sales Process လို့ခေါ်ပါတယ်။ အကြမ်းအားဖြင့် Sales Process အဆင့် (၇) ဆင့် အနေနဲ့ qualifying > preparation > approach > presentation > handling objections > sales closing > follow up ဆိုပြီး ရှိပါတယ်။ လုပ်ငန်းတစ်ခုအနေနဲ့ ကိုယ့်ရဲ့
1. Competition Vs Creation ပြိုင်ဆိုင်မှုဟာ အစွမ်းအစတွေကို ကျစေပါတယ်။ ပြိုင်ဆိုင်မယ့်အစား ကိုယ့်ဖောက်သည်တွေအတွက် အသစ်ဖန်တီးဖို့ စဉ်းစားပါ။ ဥပမာ Apple ကို Steve Jobs ပြန်ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှုအစား အသစ်တွေဖြစ်တဲ့ iTunes, iPod, iPhone, App Store, iPad တွေကို အစီအရီ ဖန်တီးသွားပါတယ်။ 2. Focus ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းစတာ ပြိုင်ဖက်ကို အနိုင်ယူဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ယှဥ်ပြိုင်မှုကိုပဲ အာရုံစိုက်မယ့်အစား ကိုယ့်လုပ်ငန်းရဲ့ Vision နဲ့ Mission တွေကိုအာရုံစိုက်ပါ။ 3. Know Your Niche စီးပွားရေးလုပ်ငန်းတစ်ခုဟာ နေရာတိုင်းမှာ မအောင်မြင်နိုင်ပါဘူး။ ကိုယ်က ဘယ်နယ်ပယ် Niche
ဘာတင်တင် organic 1K အနည်းဆုံးရအောင်ကိုယ့် Page တွေကို train ထား။Tik Tok ထဲက follower တွေကိုFacebook ကိုခေါ်။Customer list တွေကို စုထား။Lead တွေကို nurture လုပ်။ ကိုယ့်အမှတ်တံဆိပ်မှာ အတွေးအခေါ်ထည့်A brand with opinion ဖြစ်ဖို့လိုတယ်။ Operating expenses ကို နည်းနိုင်သမျှချုံ့။ဝန်ထမ်းတွေကို Part-time, Full time,Intern နဲ့ Freelance သုံးပြီး Cost structure သေချာတည်ဆောက်။ဒီကြားထဲ ရှင်ကျန်အောင်လုပ်ပြီးနောင် ငါးနှစ်အတွက် ပြင်ဆင်။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ပြောနေတဲ့ပုံပြင်တွေ လူတွေက လောကကြီးကို မျက်မှန်တတ်ပြီးကြည့်တယ်။ ဒီမျက်မှန်ကို Attitude, Behavior, Culture နဲ့ Values တန်ဖိုးထားမှုတွေက လွမ်းမိုးအရောင်ဆိုးတယ်။ ငါကတော့ မတတ်နိုင်တဲ့ မိသားစုကလာတာဆိုတော့ ကြည့်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။ ဒီလို အတွေးအခေါ်ဟာ မိသားစု တစ်ခုကိုသာမက တစ်နိုင်ငံလုံးပေါ် သက်ရောက်မှုရှိတယ်။ လူရယ်လို့ဖြစ်လာတဲ့အခါ လက်ပါတယ်။ ခြေထောက်ရှိနေသေးတယ်။ အသက်ရှူနိုင်နေသေးရင် အကုန်နည်းပါးလုပ်လို့ရတယ်။ လူသားစားတဲ့ ကျားကိုတောင် အရုပ်ကလေးတွေဖြစ်အောင် ကခိုင်းတဲ့ လူတွေရဲ့ အစွမ်းအစကို အတွေးအခေါ် ပုံပြင်တွေနဲ့ ပျက်စီးလိုက်တာဟာ နှမြောစရာကောင်းတယ်။ ငယ်ငယ်က ဖုန်းသိိန်းသုံးလေးဆယ်လောက်ပေးရတဲ့အချိန် ကျောင်းသားဘဝက PCO ကနေ မဆက်ချင်တာနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တယ်။ ငါဖုန်းဝယ်လို့ရအောင် ဘာတွေလုပ်လို့ရနိုင်သလဲ။ ဘာနည်းလမ်းတွေရှိသလဲ။ ဘယ်သူတွေကို မေးလို့ရနိုင်သလဲ။ ကိုယ့်ငွေနဲ့ကိုယ် ဝယ်တဲ့သူတွေက ဘာအလုပ်တွေလုပ်သလဲ။ သူတို့
ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် အားရှိစေတဲ့ ပုံပြင်တွေပဲပြောပါ။ Read More »
1. ကိုယ့်ရဲ့ ငယ်ရွယ်မှု Youth ကို အလဟသ မဖြုန်းတီးပါနဲ့။ လူတွေအားလုံးမှာရှိတဲ့ အဖိုးအတန်ဆုံး asset က အချိန်ပဲ။ ဒီအချိန်ကို တခြားအဖိုးတန်တဲ့ အသိပညာ၊ အတတ်ပညာ၊ ငွေကြေး၊ လွတ်လပ်မှု၊ လူရိုသေရှင်ရိုသေဖြစ်မှု အစရှိတဲ့ အရာတွေကို ပြောင်းလဲဖို့ စိတ်ရှည်မှုလိုတယ်။ 2. Energy ကို မဖြုန်းတီးပါနဲ့။ ရုပ်စွမ်းအားနဲ့ စိတ်စွမ််းအားရှိတယ်။ တချို့အရာတွေက ကိုယ့်ကိုကိုယ် ဖျက်စီးမှုတွေကို ဖြစ်စေတယ်။ အရက်တို့ တခြား stimulants တွေက အစပိုင်းမှာ တော်တော်ကောင်းတယ်။ ရေရှည်အတွက် သက်ရောက်မှုတွေရှိနိုင်တဲ့အတွက် energy ပိုင်းမှာ သက်ရောက်မှုရှိတယ်။ နောက် အာရုံ။ ကိုယ့်အာရုံကို ဘယ်မှာ အာဏာကုန်စိုက်မလဲ အရေးကြီးတယ်။ စွမ်းအင်တွေကို မဖြုန်းတီးလိုက်ဖို့အရေးကြီးတယ်။ 3. Courage သတ္တိ။
ကိုယ့်ရဲ့ ငယ်ရွယ်မှု Youth ကို
အလဟသ မဖြုန်းတီးပါနဲ့။ Read More »
ဒီခရီး (ToeTet Insider’s Note) ကို စလာရက်ပေါင်း ၁၈၁ ရက်ရှိပြီ။ပြေးမရရင် လမ်းလျှောက်မယ်။လမ်းလျှောက်သွားမရရင် တွားသွားမယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်နေဖို့လိုတယ်။နေ့စဉ် စွမ်းပကားကို အကောင်းဆုံးအသုံးချဖို့လိုတယ်။ကိုယ်လုပ်နေတဲ့အလုပ် နယ်ပယ်မှာအကောင်းဆုံးပေးနိုင်တဲ့သူဖြစ်ရမယ်။ဒါကြောင့်လဲ နေ့တိုင်းဘာပဲဖြစ်နေနေ တိုးတက်အောင် လုပ်နေရတယ်။ Phyo Paing @ Derek
ကွန်ဖြူးရှပ်က လူတွေကိုယ့်ကိုဆက်ဆံစေချင်သလို တခြားသူတွေကို ဆက်ဆံပါတဲ့။နှစ်ပေါင်းများစွာအဲ့လိုကျင့်သုံးလာတယ်။တချို့အပိုင်း အလုပ်ဖြစ်တယ်။တချို့အပိုင်း အလုပ်မဖြစ်ဘူး။ NLP မှာကျတော့ ဆက်ဆံရေးရဲ့ အနှစ်သာရက ရလဒ်ပဲတဲ့။မုန့်ကျွေးတာနဲ့ အဆင်ပြေရင် မုန့်ကျွေး။ဒုတ်ကျွေးတာနဲ့ အဆင်ပြေရင် ဒုတ်ကျွေး။Mr. Nice Guy အားနာတာက အလုပ် မဖြစ်ဘူး။ Phyo Paing @ Derek