စနစ်ကျဖို့ စနစ်ချပါ။
စနစ်ကျဖို့ စနစ်ချပါ။ ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းကို စနစ်ချဖို့ လိုပါတယ်။ လုပ်ငန်းတစ်ခုကို စနစ်ချတယ်ဆိုတာ ကိုယ့်လုပ်ငန်းမှာ နေ့တဓူဝလုပ်နေရတဲ့ အလုပ်တွေကို ဘာပြီးရင် ဘာလုပ်မယ် ဆိုတဲ့ လုပ်ငန်းဆောင်တာ အဆင့်ဆင့်ကို အတိအကျသတ်မှတ်ပြီး လုပ်ဆောင်တာပါ။ ကမ္ဘာကျော် E-Myth စာအုပ်ရဲ့ စာရေးဆရာ Michael Gerber က “လူတွေအပေါ် မှီခိုတဲ့ လုပ်ငန်းအစား စနစ်အပေါ် မှီခိုတဲ့ လုပ်ငန်း တည်ဆောက်ပါ။” လို့ ပြောပါတယ်။ ကိုယ့်လုပ်ငန်းကို စနစ်ချခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်အပေါ် အမြဲမှီခိုနေစရာမလိုဘဲ customer တွေကို အရည်အသွေးတည်ငြိမ်တဲ့ ဝန်ဆောင်မှု ပေးနိုင်လာမယ်။ ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်း စတင် တည်ဆောက်နိုင်လာမယ်။ မိတ်ဆွေအနေနဲ့ ကိုယ့်လုပ်ငန်းမှာ စနစ်တစ်ခုရှိနေပြီလား ? […]
