Dr. Phyo Paing

https://yec.company

လူကြောနပ်ဖို့လိုတယ်။

ပန်းသီးတစ်လုံးကြွေကျလာတာကြည့်ပြီး ဘာကြောင့် “လ” ကကြွေကျမလာသလဲဆိုတဲ့မေးခွန်းမေးပြီး ကမ္ဘာ့ဆွဲအားlaw of gravity ကိုတွေ့ရှိခဲ့သူ၊ဒီဥပဒေသကို သက်သေပြဖို့သင်္ချာပညာ Calculus ကို တည်ထွင်ခဲ့သူSir Isaac Newton နယူတန်ကMulti-level marketing (MLM) နဲ့သိပ်မကွာတဲ့ Ponzi scheme ကြောင့်သူ့ဘဝနေဝင်ချိန်မှာ ငွေကြေးတွေဆုံးရှုံးခဲ့ရတယ်။​ ဒါကြောင့် စာပဲတတ်နေလို့မရဘူး။လူကြောလဲ နပ်ဖို့လိုတယ်။မားကတ်တင်းနဲ့ စီးပွားရေးလုပ်တဲ့အခါလူကြောနပ်ဖို့ အရမ်းအရေးကြီးတယ်။ Phyo Paing @ Derek

လူကြောနပ်ဖို့လိုတယ်။ Read More »

ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။

Marketing မှာ Next Level ရောက်သွားရင်ဘယ်လိုလေးရောင်းလိုက်ပါတို့၊ဘယ်လိုလေးရေးတို့မပြောတော့ဘူး။ ကိုယ့်ရဲ့ religion ကိုယ်ဖန်တီးလာတယ်။ဒါကြောင့် Apple ကို Marketing လုပ်ပေးခဲ့တဲ့အခု Canva ကို Marketing လုပ်ပေးနေတဲ့Guy Kawasaki က သူ့ကိုယ်သူMarketer လို့မသုံးဘူး။Chief Evangelist လို့သုံးတယ်။တနည်းအားဖြင့် ကိုယ့် religion ထဲကိုပြောင်းလာဖို့လုပ်တဲ့သူ Evangelist တဲ့။ ကမ္ဘာ့ထိပ်တန်း Marketerအကုန်ကြည့်လိုက်ရင်သူတို့ promote လုပ်တဲ့ philosophy ရှိတယ်။​ Elon Musk ဆိုလဲ Evangelist ပဲ။Steve Jobs လဲ Evangelist ပဲ။Xiaomi ရဲ့ Lei Jun လဲ Evangelist ပဲ။ ကုန်ပစ္စည်းပဲထိုးရောင်းပြီးအတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်အတွေးအခေါ်မရှိတဲ့သူတွေပဲ ရင်ခုန်မှာပေါ့။ ဒါကြောင့် Marketing လုပ်တဲ့အခါကိုယ့်လုပ်ငန်းရဲ့ ယုံကြည်ချက်အတွေးအခေါ်အရေးကြီးတယ်။

ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။
Read More »

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။

ကိုးတန်းတုန်းက ဆရာမြောက်ပေးတာနဲ့English – Myanmar သာလွန်Dictionary ကြီးကို သူငယ်ချင်းပေးလိုက်တယ်။Oxford English – English Dictionaryဝယ်ပြီး စလေ့လာတယ်။အဲ့မှာစ တိုင်ပတ်ပါလေရော။ ၈ တန်းထိက ကျောင်းပြေးလိုက်၊game နှိပ်လိုက်လုပ်ခဲ့တော့အခြေခံမရှိတဲ့အခါ တော်တော်ခက်တယ်။ဒါနဲ့ အလွယ်ဆုံးနည်းလမ်းရှာတော့ပထမဆုံးစကားလုံးတွေက အဓိကပဲ။ဒီ hack လေးကို apply လုပ်လိုက်တော့အရမ်းလွယ်သွားတယ်။ စာအုပ်ဖတ်ရင်လဲအလားတူပဲစာရေးဆရာတွေက ပထမအပိုဒ်ကိုအကောင်းဆုံး လက်စွမ်းပြလေ့ရှိတယ်။ဒါမှ သူ့စာဆက်ဖက်မှာကိုး။ တချို့သေးသေးလေးတွေကကြီးမားတဲ့ ရလဒ်ကောင်းတွေရစေနိုင်တယ်။​ Phyo Paing @ Derek

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။ Read More »

ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky)

ဒီ Page ရဲ့ ရည်ရွယ်ချက်ကဘူကောင်တိုက်ဖျက်ရေးဖြစ်တဲ့အတွက်ဘူကောင်တွေကို ban တာ အမြဲလုပ်တယ်။ဒါကြောင့် Page မှာရောAccount မှာပါ ဘူကောင်ကင်းစင်နယ်မြေဖြစ်နေခြင်းဖြစ်တယ်။ အကြည်ဓာတ်တွေပဲ ပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဓာတ်ဆိုတာ ကူးစက်တတ်တဲ့သဘောရှိတယ်။ ဘူကောင်တွေက အမြဲမပျော်၊ကံမကောင်းဖြစ်နေပြီးပြစ်တင်ပြောဆို Blameငြီးထွား Complain လုပ်တတ်တဲ့သဘာဝတွေရှိသလိုအကျိုးမရှိပဲ အငြင်းသန်တဲ့သဘောသဘာဝတွေရှိတယ်။ကိုယ်လိုချင်တာကို သေချာမသဲကွဲဘူး။မလိုချင်တာတွေကိုပဲပြောတတ်တဲ့သဘာဝရှိတယ်။အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်ဘူး။ရလဒ်ကိုတော့ အများကြီးရချင်တယ်။ဒါကို work smart ဆိုပြီးခဏခဏပြောတတ်လေ့ရှိတယ်။ အားလုံးရဲ့ productivity စွမ်းဆောင်ရည်နဲ့profit အမြတ်ငွေ တိုးတက်ဖို့အကြည်ဓာတ်လိုတယ်။ဒီအကြည်ဓာတ်တွေ ထုတ်လွင့်ပြီးအားကောင်းစေဖို့ဘူကောင်တိုက်ဖျက်ရေးကိုစတင်ခဲ့တယ်။ Phyo Paing @ Derek

ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky) Read More »

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။

4-9 AM က တစ်ရက်တာအလုပ်တွေ မလုပ်ခင်ကိုယ့်ကိုကိုယ် training ဆင်းတဲ့အချိန်ပဲ။ စာဖတ်၊ တရားထိုင်၊ ဘာသာစကားလေ့ကျင့်၊သက်ဆိုင်ရာပညာရပ်လေ့လာ၊လေ့ကျင့်ခန်းလုပ်၊ကိုယ့်လုပ်ရပ်တွေကို ပြန်လည်သုံးသပ်၊အနာဂတ်အတွက်အချိန်ပေးစဉ်းစားတဲ့အချိန်ပဲ။ တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ်လေးငါးနာရီလောက်တော့အချိန်ပေးဖို့လိုတယ်။ ဒီလိုအချိန်ပေးနိုင်ဖို့ အလုပ်ကိုသေချာစနစ်ချ design လုပ်ဖို့လိုတယ်။ဒါကို lifestyle design လို့ခေါ်တယ်။ Phyo Paing @ Derek

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။
Read More »

Positioning

လက်ရှိဖောက်သည်ကနေတစ်ဆင့်နောက်တစ်ဆင့်ဖောက်သည်တွေကိုပစ်မှတ်ထားချင်တယ် ဘယ်လိုလုပ်ရမလဲ? ဒီအဖြေကတော့ရှင်းတယ်။Positioning ကိုပြောင်းရတာပေါ့။ သမီးရည်းစားထားသလိုပဲကိုယ့်ကိုကြိုက်နေကျပုံစံတွေနဲ့ပဲရည်းစားပြန်ဖြစ်နေလို့ စိတ်တိုင်းမကျရင်ကိုယ့်ကိုကိုယ် presentation လုပ်တဲ့ဒီဇိုင်း၊ ကာလာ၊ ပုံစံပြောင်းရတယ်။ Marketing မှာဘာနဲ့ပြောင်းသလဲ 9P ပေါ့။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ထုတ်ပိုးပြင်ဆင်ထည့်သွင်းမှုပုံစံ (Product)စျေးနှုန်း (Price)ဖြန့်ဖြူးရောင်းချမှုပုံစံ (Place)ဖန်တီးတဲ့ Content တွေ၊ သတင်းပေးမှု၊ကြော်ငြာတဲ့ပုံစံ (Promotion) ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု၊အရည်အချင်း (People)ဖောက်သည်ဖြတ်သန်းရမည့်လုပ်ငန်းဆောင်တာအဆင့် (Process)အဆောင်အယောင် decoration (Physical Evidence) ငွေပေးချေမှုပုံစံ (Payment)ရောင်းချဖြန့်ဝေတဲ့ channel (Platform)တွေကို ပြောင်းခြင်းဖြင့်ကိုယ့်ရဲ့ customer တွေPotential customer တွေကို​ပြောင်းလို့ရပါတယ်။ Phyo Paing @ Derek

Positioning Read More »

အထာ

လုပ်ငန်းတိုင်းမှာ အထာရှိတယ်။LV ဆိုင်ဝင်ပြီး ဘယ်သူမှစျေးသွားမဆစ်ဘူး။High-end စားသောက်ဆိုင်သွားပြီးရေသန့်တစ်ဗူး ၁၀၀၀ ယူတဲ့အတွက်တကယ့်ဖောက်သည်စစ်စစ်ဘယ်သူမှ ဓာတ်ပုံရိုက်Social media မှာ မတင်ဘူး။ဘာလို့လဲဆိုရင် ဒါက အထာဖြစ်တယ်။ လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။Luxury brand တွေ marketing လုပ်တဲ့အခါရောင်းတဲ့အခါ စုံစမ်းမေးမြန်းတဲ့သူကအထာမသိဘူးဆိုရင် ဒါကPotential customers မဟုတ်ဘူးဆိုတာတန်းသိတယ်။ Xiaomi ရဲ့အထာက price-to-performance.Apple ရဲ့အထာက perfection.ကိုယ့်လုပ်ငန်းရဲ့အထာက ဘာများဖြစ်မလဲ? Phyo Paing @ Derek

အထာ Read More »

Customer is always right?

လုပ်ငန်းတွေက customer serviceကောင်းဖို့အတွက် training ပေးတဲ့အခါလူတိုင်းနားလည်အောင်Customer is always right လို့သုံးကြတယ်။ အဲ့ဒီ စကားက လုပ်ငန်းရှင်၊Entrepreneur တွေကိုလွမ်းမိုးမှုရှိနေပြီးBad customer တွေနဲ့ ဆက်ဆံတဲ့အခါအလိုဆန္ဒမဖြည့်ဆည်းပေးနိုင်တဲ့အတွက်စိတ်ညစ်တတ်ကြတယ်။ အမြဲဘူနေတဲ့သူက ဘယ်လိုလုပ်ပေးပေးဘူနေမှာ သဘာဝပဲဖြစ်တဲ့အတွက်Australia က Marketing စာရေးဆရာAllan Dib က ခပ်ရှင်းရှင်းပဲFire Bad Customer တဲ့။ Bad customer တွေကိုပေးတဲ့အချိန်တွေကိုDream Clients တွေကိုပေးလိုက်တဲ့အခါNet Promoter Score ပိုတက်လာတဲ့အတွက်လုပ်ငန်းအောင်မြင်နိုင်ခြေပိုများတယ်။ ဒါကြောင့် အရင်ခေတ်က“Customer is always right” ဆိုတာမှန်ခဲ့ပေမယ့်ဒီနေ့ခေတ်ရဲ့ အောင်မြင်ရေး formula က“Choose your clients. Choose your future” တဲ့။ ကိုယ် ဝန်ဆောင်မှုပေးချင်တဲ့အိမ်မက်ထဲက ideal customer

Customer is always right? Read More »

Money = Energy

ပိုက်ဆံက motivation ပဲ။အိပ်ကပ်ထဲငွေမပါပဲသွားတာနဲ့ငွေအပြည့်ပါတာနဲ့ခံစားချက်မတူဘူး။ဒါကြောင့် အိပ်ဖောင်းရင်စိတ်ပြောင်းတယ်တဲ့။ ရှေးတရုတ်အယူအဆမှာ ငွေကိုရန်သူလို့ မသတ်မှတ်ဘူး။ငွေဆိုတာ energy စွမ်းအင်တစ်ခုလို့မှတ်ယူကြတယ်။ငွေရှိတဲ့နေရာ ငွေပိုလာတယ်။ ဒါကြောင့် bank account ထဲဟောင်းလောင်းထားတာထက်ငွေဆောင်ထားတာ ငွေပိုလာတဲ့အယူအဆဖြစ်တယ်။ ငွေကိုချစ်တာ ပြဿနာမဟုတ်ဘူး။ချစ်ရက်နဲ့ မချစ်ဘူးလို့ညာတာ ပြဿနာ။ ငွေဆိုတာ စွမ်းအင်တစ်ခုပါ။အဲ့စွမ်းအင် မပြတ်လပ်ဖို့အရံအနေနဲ့ အဆောင်ထားပါ။စဉ်းစားမှု၊ တွေးခေါ်မှု၊ လုပ်ဆောင်မှုပေါ်သက်ရောက်မှုရှိပါတယ်။ Phyo Paing @ Derek

Money = Energy Read More »

အာရုံ၊ အင်နာဂျီ၊ အလုပ်

အာရုံ၊ အင်နာဂျီ၊ အလုပ် ဒီသုံးခုက လူ့ဘဝရဲ့ အခရာပဲ။ဘူတာကို အာရုံစိုက်ရင်ဘူတဲ့ အင်နာဂျီပဲ ဆွဲဆောင်နိုင်မယ်။အလုပ်လုပ်ရင်လဲ ဘူနေမယ်။ အကြည်ဓာတ်တွေကို အာရုံပြုတဲ့အခါအကြည်ဓာတ် အင်နာဂျီရမယ်။အလုပ်လုပ်ရတာ လတ်ဆတ်မယ်။ ရှုပ်ထွေးလှတဲ့လူ့ဘဝမှာကိုယ်ထိန်းချုပ်နိုင်တာတစ်ခုကတော့အာရုံပဲ ဖြစ်တဲ့အတွက်အကြည်ဓာတ်တွေမှာပဲအာရုံကို အာဏာကုန် အသုံးပြုလိုက်ပါ။ Phyo Paing @ Derek

အာရုံ၊ အင်နာဂျီ၊ အလုပ် Read More »