Dr. Phyo Paing

https://yec.company

ငွေတစ်ခုတည်းအတွက်ဆို
တခြားအလုပ်တွေလုပ်မှာပေါ့။
ဘာကြောင့် အပင်ပန်းခံပြီး
ကိုယ့် passion project တွေလုပ်နေမလဲ။

လူတွေကို ပျော်ရွင်စေတဲ့အရာတစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။တချို့တွေအတွက်က power, တချို့တွေအတွက်က prosperity.တချို့တွေအတွက်က freedom. ကျွန်တော်တို့အတွက်က freedom to experiment ပဲ။ Enthusiasm နဲ့ လေ့လာသင်ယူမှုတွေကကျွန်တော်တို့ ထပ်သွားမည့် next level လမ်းတွေကို ပွင့်စေတယ်။ ငွေက အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့် experiment တွေကို fund လုပ်ဖို့ အရေးကြီးတယ်။ရသမျှလဲ project အသစ်တွေထဲပဲပြန်သုံးတယ်။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ ဒီနေရာမှာ ငါတို့ရှိနေတဲ့အတွက် တိုးတက်လာလား၊ ဆုပ်ယုတ်သွားလား၊ ဗိုလ်နေမြဲ၊ ကျားနေမြဲလား။ ကျွန်တော်ထင်တယ် ကျွန်တော်တို့ရှိနေတဲ့အတွက်ကျွန်တော်တို့နဲ့ ထိတွေ့တဲ့ သူတွေကိုတော့အနည်းနဲ့ အများတော့ positive impact တစ်ခုရှိစေလိမ့်မယ်လို့။ Phyo Paing @ Derek

ငွေတစ်ခုတည်းအတွက်ဆို
တခြားအလုပ်တွေလုပ်မှာပေါ့။
ဘာကြောင့် အပင်ပန်းခံပြီး
ကိုယ့် passion project တွေလုပ်နေမလဲ။
Read More »

လုပ်ငန်းတစ်ခုကို စတင်တဲ့ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်တဲ့အခါ အချက် ၂ ချက်လိုအပ်ပါတယ်။ဒီအချက်နှစ်ချက်ကို John Warrillow က ပြောခဲ့သလို၊ ကျွန်တော့်အနေနဲ့လဲ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ ဒါကတော့ ပထမက Specialization လုပ်ဖို့ဖြစ်ပါတယ်။ လုပ်ငန်းအများစုက အစုံရောင်းချင်ကြတာ သဘာဝပါပဲ။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ generalization ဆိုတာထက် specialization က အဓိကကျပါတယ်။ ဥပမာ ကျွန်တော် ပူးတွဲစတင်ထားတဲ့ web design & development agency တစ်ခုရှိပါတယ်။အဲ့ဒီ agency မှာ logo, graphic, content, app အစုံမလုပ်ပဲwebsite တစ်ခုတည်းကို specialization သွားပါတယ်။ ecommerce နဲ့ e-learning ကို specialization လုပ်ထားတဲ့အတွက်အလုပ်လုပ်တဲ့အခါမှာ ပိုမိုလွယ်ကူသွားပါတယ်။ ဒုတိယတစ်ခုက Standard Service Operation

လုပ်ငန်းတစ်ခုကို စတင်တဲ့ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ Read More »

ပိုရယူ သိလူကစား ဖြစ်အောင်လုပ်

Motivation ဖြစ်တဲ့စာတွေရေးတာများတာလား၊ မများတာလားတော့မသိဘူး။ကျွန်တော့်ဘဝမှာ Unlimited Power ဆိုတဲ့စာအုပ်ဖတ်ပြီးကတည်းက သူ့မှာပါတဲ့ empowering belief ၇ ခုကို “ပိုရယူ သိလူကစား ဖြစ်အောင်လုပ်” ဆိုတဲ့ စကားလုံး ၇ လုံးနဲ့ အတိုကောက်မှတ်ထားပြီးဘဝကို အဲ့ယုံကြည်မှုနဲ့ပဲနေထိုင်တယ်။ ၁။ အရာရာ “ပို” ကောင်းဖို့ဖြစ်လာတာပါ။ ၂။ အရှုံးဆိုတာမရှိဘူး။ “ရ” လဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။၃။ ဘာပဲဖြစ်ဖြစ် တာဝန်”ယူ”ပါ။၄။ တစ်ခုခုကို အသုံးချဖို့ အကုန် “သိ” နေစရာမလိုဘူး။ တချို့အလုပ်တွေက လုပ်ရင်းနဲ့သိသွားကြမယ်။ ၅။ “လူ” ကြောဆိုတာ ရွှေကြော။ လူတွေက အကောင်းဆုံးအရင်းအမြစ်။ သေချာထိန်းသိမ်းပေါင်းသင်းဆက်ဆံတတ်ဖို့လိုတယ်။ ၆။ အလုပ်ဆိုတာ “ကစား”တာ။ Game တစ်ခုပဲ။ Work is play လို့ခံယူထားရမယ်။

ပိုရယူ သိလူကစား ဖြစ်အောင်လုပ် Read More »


idea တွေသိမ်းမထားပါနဲ့။
Test လုပ်ပါ။ Share လုပ်ပါ။ Discuss လုပ်ပါ။

Oct 1 လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်ကပုံပြန်တက်လာတယ်။ အိုင်ဒီယာတွေအပေါ် ရူးသွပ်တာကတော့ ငယ်ငယ်ကတည်းကရူးတာ။ ဆေးကျောင်းဒုတိယနှစ်က idea box ဆိုတာထားတယ်။ ရှိတဲ့ idea တိုင်းကို စာရေးပြီး အဲ့ဒီ box ထဲထည့်တယ်။ နောက်ပိုင်းတော့ Friendster တို့ renren တို့မှာရေးတယ်။နောက်ပိုင်း diary grid မှာရေးတယ်။ နောက်ပိုင်း Facebook မှာရေးတယ်။ တွေးမိတဲ့အတိုင်းရေးတယ်။ ရေးရင်းနဲ့ ကိုယ့်လိုတွေးမိတဲ့သူတွေရှိတယ်။ အဲ့ကမှတဆင့် အိမ်လာလည်ကြ၊ မိတ်ဆွေဖြစ်ကြရင်းတချို့ဆို အလုပ်တွေဖြစ်လာတယ်။ ဟိုးအရင်ကတည်းကသုံးနေကျ accont တစ်ခုကို၂၀၁၄ March မှာ ကိုယ်ဖြစ်ချင်တဲ့ identity ပြောင်းမယ်ဆိုပြီးဒီ Facebook account စဖွင့်ဖြစ်တယ်။ ကိုယ်စဥ်းစားမိတာရေးတယ်။ နောက်ပိုင်း Facebook Page မှာ Blog ဆိုပြီးရေးတယ်။ စလုပ်တုန်းက


idea တွေသိမ်းမထားပါနဲ့။
Test လုပ်ပါ။ Share လုပ်ပါ။ Discuss လုပ်ပါ။
Read More »

တရုတ် Taoism ရဲ့ ဝူးဝေ 无为 လို
လက်ရှိပစ္စုပ္ပန်ကို အာရုံပြုပြီး
“နေ့စဉ်နေ့တိုင်း ငါသည် ကိစ္စအဖက်ဖက်မှာ ပိုပိုပြီး ကောင်းသထက်ကောင်းလာနေပြီ”ဆိုတဲ့ apothecary Émile Coué ရဲ့ ကိုယ့်ကိုကိုယ် စိတ်ညို့တဲ့ autosuggestion နည်းစနစ်ကို အသုံးပြုကြည့်ပါ။

ဒေါ်လာစျေးတွေတက်တယ်။စီးပွါးရေးလုပ်လို့မရဘူး။တခြားဘယ်နိုင်ငံကိုပဲ migrate လုပ်ရင်ကောင်းမလဲ၊ ဘာတွေဆက်လုပ်ရမလဲ။ အနာဂတ်က လှဖို့မရှိဘူး။ ဒါတွေစဉ်းစားပြီးအကြောက်တရားဝင်လာတဲ့အခါ လူတွေရဲ့ အတွေးက မသေချာမရေရာမှုအကြောင်းတွေနဲ့ စိတ်နဲ့လူမကပ်ဖြစ်တတ်တယ်။ အရေးအကြီးဆုံးက downside risk အဆိုးဆုံးဖြစ်နိုင်တာကို ပြင်ဆင်ထားပြီးအကြောက်တရားခံစားချက်အစားကိုယ့်ဘဝရဲ့ Vision ကို ပုံဖော်ပြီးသွားမည့် လမ်းကြောင်းစဉ်းစားဖို့ပဲ။ တချို့လမ်းကြောင်းတွေက ဘဝသတ်မှတ်ချက်ကြောင့်ခုန်ပျံကျော်လွှားသွားလို့ မရဘူး။တစ်ဆင့်ချင်း စိတ်ရှည်ရှည်နဲ့သွားရတယ်။ Phyo Paing @ Derek

တရုတ် Taoism ရဲ့ ဝူးဝေ 无为 လို
လက်ရှိပစ္စုပ္ပန်ကို အာရုံပြုပြီး
“နေ့စဉ်နေ့တိုင်း ငါသည် ကိစ္စအဖက်ဖက်မှာ ပိုပိုပြီး ကောင်းသထက်ကောင်းလာနေပြီ”ဆိုတဲ့ apothecary Émile Coué ရဲ့ ကိုယ့်ကိုကိုယ် စိတ်ညို့တဲ့ autosuggestion နည်းစနစ်ကို အသုံးပြုကြည့်ပါ။
Read More »

လူတိုင်းမှာ ဘဝကို
ကြံ့ကြံ့ခံဖြတ်သန်းဖို့
Philosophy Operating System
တစ်ခုလိုတယ်။

အဆိုးဆုံးထိ စဉ်းစားထားလိုက်ပါ။မျက်လုံးကန်း၊ နားကန်း၊ လဲ၊ မထနိုင်၊ နူးကလိယထိပြီး radiation တွေနဲ့ ဒုက္ခရောက်တမျိုး။ ဟဲ့ဖွ ဘာတွေလျှောက်ပြောနေတာလဲ ပြောလိမ့်မယ်။ ကိုယ်ကြောက်တဲ့အရာတွေကို ကြိုတင် Negative Visualization လုပ်ထားတာ၊ဒုက္ခမရောက်ခင် Fasting လုပ်ပြီးအငတ်ခံတာ၊ Planned suffering လုပ်တာဟာ လောကဓံကို ကြံ့ကြံံ့ခံနိုင်စေတယ်။ ဒါကိုတော့ Stoic philosophy လို့ခေါ်တယ်။ Phyo Paing @ Derek

လူတိုင်းမှာ ဘဝကို
ကြံ့ကြံ့ခံဖြတ်သန်းဖို့
Philosophy Operating System
တစ်ခုလိုတယ်။
Read More »

စိတ်ညစ်အားနည်းစေတာတွေနဲ့
ကိုယ့်ကိုကိုယ် ဒုက္ခမပေးပါနဲ့။

ဦးနှောက်ရဲ့ ဘာသာစကားက စကားလုံးတွေဖြစ်ပြီးခန္ဓာကိုယ်အတွက် ဘာသာစကားကခံစားချက်တွေတဲ့။ ဒီလိုအချိန်က ကိုယ့်ဦးနှောက်နဲ့ခန္ဓာကို ဆက်သွယ်တဲ့ ဘာသာစကားတွေကို ပိုသတိထားရမည့် အချိန်ပဲ။ စိတ်ညစ်အားနည်းစေတာတွေနဲ့ကိုယ့်ကိုကိုယ် ဒုက္ခမပေးပါနဲ့။ အဖြစ်အပျက်ကို ထိန်းချုပ်လို့မရဘူး။ကိုယ့်ကိုကိုယ်ဆက်သွယ်တဲ့ ဘာသာစကားကို ထိန်းချုပ်လို့ရတယ်။အိမ်မက်တွေအကောင်အထည်ဖော်ဖို့ခွန်အား၊ ကြံ့ခိုင်မှု၊ ပါဝင်ကြိုးစားမှု၊စိတ်ရှည်မှုလိုတယ်။ Phyo Paing @ Derek #drphyopaing #phyopaing

စိတ်ညစ်အားနည်းစေတာတွေနဲ့
ကိုယ့်ကိုကိုယ် ဒုက္ခမပေးပါနဲ့။
Read More »

သူများနဲ့ မတူတာက ဘဝမှာ
လိုချင်တာမှန်သမျှက ကိုယ့်ကိုကိုယ်
ကြိုးစားပြီးမှ ရလာတာများတယ်။

ငယ်ငယ်ကတည်းက အဒေါ်တွေနဲ့နေခဲ့ရတော့အရာရာ အထာလေးကြည့်ပြီး ကြိုတင်ပြင်ဆင် နေတတ်ဖို့ အကျင့်ပါလာတယ်။ ကံကိုတော့ မစမ်းဘူး။ ဆီပဲဖြည့်ဖြည့် ဘာပဲလုပ်လုပ်ကံစမ်းမဲဆို မယူဖြစ်တာများတယ်။အလကားရမည့်ကံ မပါဘူးဆိုတာ ကိုယ့်ကိုကိုယ် သိလို့။ အဲ့ကျကျ ဘာဖြစ်လာလဲဆိုတစ်ခုခုဆို ကိုယ့်ကိုကိုယ်တည်ဆောက်ဖို့စဥ်းစားမိတာ များလာတယ်။ အခြေအနေဆိုးတွေကြားမှာ ဖြတ်သန်းဖူးတော့သင်ခန်းစာဆိုတာ အရေးကြီးတာနားလည်လာတယ်။ စာဖတ်တယ်၊ စဥ်းစားတယ်၊ လက်တွေ့လုပ်ဆောင်တယ်၊သင်တန်းပေး၊ အကြံပေး၊ Coach လုပ်တယ်။စီးပွားရေးလုပ်တယ်။ ဒါတွေ အားလုံးက ကိုယ့်ရဲ့ Derek 2.0, 3.0, 4.0 ဖန်တီးဖို့ပဲ။ Project တစ်ခု fail ဖြစ်တယ်။ စိတ်ညစ်မည့်အစား သင်ခန်းစာယူလိုက်တယ်။ နောက်တစ်ခေါက် လုပ်တဲ့အခါ အတွေ့အကြုံရှိသွားတယ်။ ကျွန်တော်မြင်တာကတော့ ခါးသီးတဲ့အတွေ့အကြုံတွေဖြစ်တဲ့ coup တို့၊ covid-19 တို့၊ ငွေတွေ၊ အချိန်တွေကုန်ပြီးfail ဖြစ်သွားတဲ့ project တချို့က

သူများနဲ့ မတူတာက ဘဝမှာ
လိုချင်တာမှန်သမျှက ကိုယ့်ကိုကိုယ်
ကြိုးစားပြီးမှ ရလာတာများတယ်။
Read More »

ပြဿနာဖြစ်တိုင်း စိတ်ညစ်စရာမလိုဘူးလို့ထင်တယ်။
Solution ရှာပြီး လုပ်ဆောင်ဖို့က အဓိိကပဲ။

Facebook မှာ စာရေးတင်တယ်ဆိုတာလဲ ကိုယ့်ကိုကိုယ် train တဲ့သဘောပဲ။ Facebook ရဲ့ reward system ကိုအသုံးပြုပြီးကိုယ့်ရဲ့အတွေးတွေ content ဖန်တီးတဲ့သဘောပဲ။ ကျွန်တော်တို့မှာ လေးစားတဲ့သူတွေရှိတယ်။သူတို့ဆီက အကျင့်ကောင်းတွေ အတုယူတယ်။Seth Godin ဆို 2006 ကတည်းက တစ်ရက်မှမပျက်content တွေ ပုံမှန် သူ့ blog မှာတင်တယ်။ ကိုယ်လဲ သူ့နည်းစနစ်အတိုင်း လုပ်ကြည့်တယ်။ အတွေးတွေ ပိုရှင်းလာတယ်။ တချို့တွေက သူတို့နဲ့ အတွေးတူလို့လာပြောတယ်။ စိတ်ညစ်စရာကို ခံစားနေတတ်တဲ့သူမဟုတ်တဲ့အလျောက်တော်ရုံနဲ့ စိတ်မညစ်တတ်ဘူး။ ပြဿနာဖြစ်တိုင်း စိတ်ညစ်စရာမလိုဘူးလို့ထင်တယ်။ Solution ရှာပြီး လုပ်ဆောင်ဖို့က အဓိိကပဲ။ Phyo Paing @ Derek

ပြဿနာဖြစ်တိုင်း စိတ်ညစ်စရာမလိုဘူးလို့ထင်တယ်။
Solution ရှာပြီး လုပ်ဆောင်ဖို့က အဓိိကပဲ။
Read More »

ကျွန်တော်တို့ဟာ ကျွန်တော်တို့
ရွေးချယ််မှုတွေရဲ့ ရလဒ်ပဲ။

ပါးစပ်ကစားလိုက်တဲ့ အစားအစာ၊လှုပ်ရှားမှု၊ ခေါင်းထဲထည့်တဲ့အတွေးအခေါ်၊ပေါင်းတဲ့ အပေါင်းအသင်း၊ ဖတ်တဲ့စာအုပ်၊ အသုံးပြုတဲ့ app နဲ့follow လုပ်ထားတဲ့သူတွေ ဒါတွေ အကုန်လုံး ကျွန်တော်တို့ဘဝတည်ဆောက်ရေးဖြစ်စဥ်မှာ အရေးကြီးတယ်။ စားတဲ့အစားအစာကို ပြောင်းလိုက်ရင်ခန္ဓာကိုယ် energy level နဲ့ ခန္ဓာကိုယ်ပုံစံပြောင်းသွားမယ်။ ခေါင်းထဲထည့်တဲ့ အတွေးပြောင်းလိုက်ရင်ဘဝကို ဖြတ်သန်းတဲ့ လမ်းကြောင်းပုံစံပြောင်းသွားနိုင်တယ်။ Phyo Paing @ Derek

ကျွန်တော်တို့ဟာ ကျွန်တော်တို့
ရွေးချယ််မှုတွေရဲ့ ရလဒ်ပဲ။
Read More »