Dr. Phyo Paing

https://yec.company

S သုံးလုံးလိုတယ်လို့ မြင်တယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့အသင့်ရောင်းလို့ရတဲ့ လုပ်ငန်း ကိုယ့်လုပ်ငန်းကို ကုန်ပစ္စည်းတစ်ခုလိုစဥ်းစားပါ။ဒီလို စဥ်းစားခြင်းအားဖြင့်ကိုယ့်ကိုကိုယ် လုပ်ငန်းရဲ့ equation ထဲကထုတ်လို့ရမယ်။ ကျွန်တော်ကတော့ freedom ဖက်ကိုပိုသွားတဲ့ entrepreneur ဖြစ်တဲ့အလျောက် ဒီလို business တည်ဆောက်ဖို့ S သုံးလုံးလိုတယ်လို့ မြင်တယ်။ ၁။ Specialization လျှောက်လုပ်နေလို့မရဘူး။ Generalized လုပ်လို့မရဘူး။ နေရာတစ်ခုကို specialized လုပ်ဖို့လိုတယ်။ ဥပမာ Nutrition market ကိုသွားမယ်ဆိုပါတော့။ ဒီ စျေးကွက်ကအကျယ်ကြီး။Dedox လား၊ low crab diet လား၊ functional food လား၊keto diet plan လား၊ အစရှိတဲ့ specialization ကို သေချာရွေးလို့လိုအပ်တယ်။ ၂။ Standardization ဒီအဆင့်က အရမ်းအရေးကြီးပါတယ်။ တစ်ယောက်ချင်းစီပေါ်မူတည်ပြိး Customization

S သုံးလုံးလိုတယ်လို့ မြင်တယ်။ Read More »

ကိုယ်သိထားတာတွေ မျှဝေတာကို
ကောင်းမှုကုသိုလ်လုပ်တယ်လို့ပဲ
ခံယူထားလိုက်တယ်။

စဥ်းစားကြည့် စိတ်ဓာတ်ကျနေတဲ့အချိန်အိုင်ဒီယာထုတ်ဖို့လိုနေတဲ့အချိန်ကိုယ်ရေးထားတဲ့ စာတစ်ပုဒ် ဒါမှမဟုတ်video တစ်ခုက ဖတ်တဲ့သူ၊ ကြည့်တဲ့သူအတွက်ခွန်အားတစ်ခု၊ အတွေးတစ်ခုရပြီးရလဒ်တစ်ခု ရစေခဲ့မယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ မဟုတ်လား။ Phyo Paing @ Derek

ကိုယ်သိထားတာတွေ မျှဝေတာကို
ကောင်းမှုကုသိုလ်လုပ်တယ်လို့ပဲ
ခံယူထားလိုက်တယ်။
Read More »

မားကတ်တင်းသမားတွေ
သိပြီး မေ့နေတတ်တဲ့
မားကတ်တင်းရဲ့ သည်းခြေကတော့
“စေတနာ” ပဲဖြစ်တယ်။

ဒါမရှိရင် ဖောက်သည်ကို ကိုယ်ချင်းစာပေးဖို့ ခက်လိမ့်မယ်။ ကိုယ်ချင်းမစာတတ်ရင် သူ့ကိုနားလည်ဖို့ ပိုခက်သွားပြီ။နားမလည်တဲ့အခါ ဖောက်သည်ရဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို မိတ်ဆက်ရောင်းချတဲ့အခါ ထိုးရောင်းနေသလို ဖြစ်သွားတတ်တယ်။မားကတ်တင်းခရီးစဥ်က စေတနာနဲ့ စတင်ပါတယ်။ Phyo Paing @ Derek

မားကတ်တင်းသမားတွေ
သိပြီး မေ့နေတတ်တဲ့
မားကတ်တင်းရဲ့ သည်းခြေကတော့
“စေတနာ” ပဲဖြစ်တယ်။
Read More »

ဒီနေ့ခေတ်က စိတ်မထားတတ်ရင် ရူးတောင်ရူးသွားနိုင်တယ်။

စိတ်ညစ်စရာမရှိဘူးလား? လူပဲ စိတ်ညစ်စရာကတော့ အနည်းနဲ့အများ ကြုံရမှာပေါ့။ ဒီနေ့ခေတ်က စိတ်မထားတတ်ရင် ရူးတောင်ရူးသွားအုံးမယ်။ ၂၀၀၇ လောက်မှာ self-help တွေနဲ့ ထဲထဲဝင်ဝင်စထိတွေ့ခဲ့တယ်။ နောက် New Age Movement ဖြစ်တဲ့ positive psychology ဆိုပါတော့။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ တော်တော် စိတ်မချမ်းသာဘူး။ အဲ့မတိုင်ခင်ကလဲ ကိုယ့်ကိုကိုယ် အမြဲတိုင်ပတ်ပြီး ငြိမ်းချမ်းမှုကို လိိုက်ရှာနေရတယ်။ နောက်ပိုင်းမှာ အမြဲစိတ်ဓာတ်တက်ကြွနေပြီး ပျော်ရွင်နေတဲ့သူတွေကို လိုက်လေ့လာကြည့်တယ်။ သူတို့တွေ ဘယ်လိုစဥ်းစားကြသလဲ။ သူတို့တွေ ဘယ်လို စကားတွေပြောကြသလဲ။ လောကကြီးကို ဘယ်လိုမြင်သလဲ။ ဘာတွေကို လေ့လာကြသလဲ။ ဘာစာအုပ်တွေဖတ်ကြသလဲ။ အစရှိတာတွေကို မှတ်သားနမူနာယူ စမ်းသပ်မှုတွေပြုလုပ်ကြည့်တယ်။ ၂၀၁၅ မှာတော့ တော်တော်လေးအရှိန်ရလာတယ်။ မှော်အောင်သွားတယ်ဆိုပါတော့။ စိတ်ညစ်စရာတွေကို အေးဆေး handle လုပ်နိုင်လာတယ်။

ဒီနေ့ခေတ်က စိတ်မထားတတ်ရင် ရူးတောင်ရူးသွားနိုင်တယ်။ Read More »

TASK = Goal

ရည်မှန်းချက် ပိုကြီးလာတာနဲ့အမျှT = ကိုယ့်ရဲ့ Thinking အတွေးA = အစွမ်းအစ AbilityS = ကျွမ်းကျင်မှု SkillK = အသိပညာ Knowledge ကို ပိုကြီးအောင်လုပ်ရမှာပဲ။ ၁၀၀ တန်တဲ့ အတွေး၊၁၀၀ တန်တဲ့ စွမ်းရည်၊၁၀၀ တန်တဲ့ ကျွမ်းကျင်မှု၊ ၁၀၀ တန်တဲ့ အသိက ၁၀၀ တန်တဲ့ ရလဒ်ကိုပဲ ရစေမှာ။ Phyo Paing @ Derek

TASK = Goal Read More »

ခံယူချက် ပြတ်သားဖို့လိုတယ်။

လီကွမ်းယူပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ငါဖျားပြီးကုတင်ပေါ်ကမထနိုင်ပါစေ၊ငါ့ကိုမြေမြုပ်ပြီးနေပါစေ၊တစ်ခုခုမှားနေတယ်လို့ခံစားရရင်ပြန်ထလာပြီး ဖြစ်အောင်လုပ်မယ်တဲ့။ သူ့စကားတွေ နားထောင်ရင် လူတောင် တခါတခါ ကြက်သီးတော်တော်ထတယ်။သူလွန်ခဲ့တဲ့ အနှစ်သုံးလေးဆယ်မှာပြောခဲ့တဲ့ စကားတွေက ဒီနေ့ထိမှန်နေတုန်။ The hard truth keeping Singapore going မှာဆိုလဲTaiwanese brand ဖြစ်တဲ့ HTC ဘယ်လောက်ပြိုင်နှိုင်မလဲဆိုတာပါ ပြောပြီး MNC တွေလုပ်တာထက် နိုင်ငံရဲ့ strategy ဘယ်အပိုင်းကို အဓိကထားသင့်တယ်ပြောသွားတာတော်တော်လေး လက်တွေ့ကျတယ်။ ငယ်ငယ်က တရုတ်စာကောင်းကောင်းမသင်ခဲ့ရတာကိုစိတ်ဓာတ်မကျဘူးပဲ အသက်ကြီးတော့ တရုတ်စာပြန်သင်တယ်၊ တရုတ် channel တွေမှာ တရုတ်လိုပဲ interview လုပ်တယ်။ သူ့ရဲ့ အောင်မြင်ရေး formula ကအလုပ်ဖြစ်တာနဲ့ မဖြစ်တာကို သိအောင်လုပ်၊ ပြီးရင် အလုပ်ဖြစ်တာကိုရွေးတဲ့။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် သူ့လို စိတ်မာဖို့လိုတယ်။ ခံယူချက် ပြတ်သားဖို့လိုတယ်။ growth mindset

ခံယူချက် ပြတ်သားဖို့လိုတယ်။ Read More »

Motivation ရဖို့ video ‌တွေကြည့်၊ စာအုပ်တွေဖတ်နေတာ အဖြေမဟုတ်ပါဘူး။ အလုပ်တွေပြီးဖို့ Productivity System လိုပါတယ်။

ဒီနေ့လုပ်နေတဲ့ အလုပ်ကို “ပိုလွယ်အောင်”ဘယ်လိုလုပ်မလဲ။ “ပိုကောင်းအောင်” ဘယ်လိုလုပ်မလဲ။“ကိုယ့်လိုအပ်မှုအနည်းဆုံး” နဲ့လည်ပတ်အောင် ဘယ်လိုလုပ်မလဲ။ “ကိုယ်မလိုပဲ လည်ပတ်အောင်”ဘယ်လိုလုပ်မလဲ။ လူတွေက motivation ကို အပြင်ကလိုက်ရှာနေရရင်ဒါ productivity system မရှိသေးဘူးဆိုတဲ့သဘောပဲ။ ကျွန်တော်လဲ အရင်က youtube video တွေကြည့်၊ စာအုပ်တွေဖတ်ပြီး motivation ယူခဲ့ဖူးတယ်။ ဥပမာ ကိုယ်က thesis လုပ်ဖို့ပဲဖြစ်ဖြစ်၊စာဖတ်ဖို့ပဲဖြစ်ဖြစ် motivation ရလာပြီ၊လုပ်ရင်းနဲ့ ခက်တဲ့အပိုင်းရောက်လာတဲ့အခါအဲ့တောင်ကိုကျော်ဖို့ စိတ်ပိုင်းဆိုင်ရာအရအားထုတ်ရပြီး စိတ်ပင်ပန်းမှုဓာတ်ကိုမခံနိုင်ပဲအများစု လက်လျော့အချိန်ဆွဲသွားတတ်ကြတယ်။ ဒါက productivity system မရှိလို့ဖြစ်တယ်လို့ကျွန်တော်ကတော့ ယူဆတယ်။ ကျွန်တော့်ရဲ့ productivity system ထဲမှာအခွဲတစ်ခုဖြစ်တဲ့ EATER model ရှိတယ်။ ၁။ Eliminate ဘယ်အလုပ်တွေကို ရပ်တန်းကရပ်ရမလဲ?ဥပမာ ကိုယ်မလုပ်သင့်၊ လုပ်စရာမလိုပဲ လုပ်မိနေတဲ့အရာတွေ ရှိတတ်တယ်။ ၂။

Motivation ရဖို့ video ‌တွေကြည့်၊ စာအုပ်တွေဖတ်နေတာ အဖြေမဟုတ်ပါဘူး။ အလုပ်တွေပြီးဖို့ Productivity System လိုပါတယ်။ Read More »

ကိုယ့်ဝန်ထမ်းတွေကို ပြောပြဖြစ်လား?

မရှိရှိတာနဲ့ မဖြစ်ဖြစ်အောင် လုပ်တာကို 企业家 စွန့်ဦးတီထွင်လို့ခေါ်တယ်။အိမ်တစ်အိမ်လုံးမဆောက်ပြီးသေးခင်ဘေးလူအမြင်က ဘာတွေလျှောက်လုပ်နေလဲလို့ ထင်ကောင်းထင်နေနိုင်တယ်။ အရေးကြီးတာ ကိုယ်ဆောက်နေတဲ့အိမ်ပုံစံကိုကိုယ့်နဲ့ တစ်လှေတည်းစီးနေတဲ့ ကိုယ့်ဝန်ထမ်းတွေ နားလည်ဖို့လိုတယ်။ ကိုယ်ဆောက်နေတဲ့ အိမ်ပုံစံကို ကိုယ့်ဝန်ထမ်းတွေကို ပြောပြဖြစ်လား?ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်ဖို့ ကိုယ့် Vision ကိုဝန်ထမ်းတွေကို အမြဲပြောပြပါ။ Akyanpay ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ကိုယ့်ဝန်ထမ်းတွေကို ပြောပြဖြစ်လား? Read More »

Tipping point

ကိုယ်လုပ်တိုင်း ဖြစ်မလာလို့ လက်မလျော့လိုက်နဲ့။ Equation ထဲထည့်တွက်လို့မရတဲ့ ကံတရားဆိုတာ ကောင်းရင်လဲ ဇွတ်ကောင်းတတ်တယ်။ Phyo Paing @ Derek

Tipping point Read More »