Dr. Phyo Paing

https://yec.company

ကိုယ့်လုပ်ငန်းရဲ့ “မဟာဗျူဟာ”

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ “စနစ်”ဆိုတာ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။တခြားလိုအပ်တဲ့ အချက်တွေ ရှိပါသေးတယ်။ စနစ်နဲ့အတူလည်ပတ်မည့် “ဝန်ထမ်း”တွေ၊ ဝန်ထမ်းတွေမှာရှိတဲ့ “ကျွမ်းကျင်မှု” တွေ၊ဝန်းထမ်းတွေရဲ့ အားထုတ်မှုတွေအထိရောက်ဆုံးဖြစ်ဖို့“ဝန်ထမ်းရေးရာဖွဲ့စည်းပုံ”၊ ဝန်ထမ်းတွေကို ဦးဆောင်ဖို့ “ဦးဆောင်မှုပုံစံ”ခပ်ကြမ်းကြမ်းဦးဆောင်မှာလား၊ မိဘလိုဦးဆောင်မှာလား၊ဆရာတစ်ယောက်လိုဦးဆောင်မှာလား၊ လုပ်ပိုင်ခွင့်တွေ အပြည့်ပေးပြီးဦးဆောင်မှာလား၊ဦးဆောင်မှုပုံစံက ဝန်ထမ်းတွေရဲ့ စွမ်းရည်နဲ့စရိုက်အလိုက်ကွာသွားနိုင်ပါတယ်။ နောက်အရေးကြီးတာတစ်ခုကတော့ ကိုယ့်လုပ်ငန်းရဲ့ “မဟာဗျူဟာ” ဖြစ်ပါတယ်။ဘယ်လိုနည်းနဲ့ ကိုယ့်လုပ်ငန်းစိတ်ကူးအိမ်မက်ကို အကောင်ထည်ဖော်မလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ပိုင်းကတော့ အရေးအကြီးဆုံးအပိုင်းလဲဖြစ်တဲ့ “တန်ဖိုးထားမှု” ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ တန်ဖိုးထားမှုတွေက ဘာတွေလဲ?ကိုယ်ချင်းစာတရားလား၊ အပြန်အလှန်လေးစားမှုလား၊ ကြိုးစားမှုလား အစရှိတဲ့ လုပ်ငန်းရဲ့တန်ဖိုးထားမှုတွေနဲ့ ဝန်ထမ်းတွေရဲ့ တန်ဖိုးထားမှုတွေ တူဖို့လိုပါတယ်။ဒါကြောင့် အလုပ်မခန့်ခင် ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။ (အထက်မှာဖောက်ပြသွားတဲ့ System, Staff, Skills, Structure, Style, Strategy, Shared Values ကိုတော့ McKinsey’s 7S framework

ကိုယ့်လုပ်ငန်းရဲ့ “မဟာဗျူဟာ” Read More »

P သုံးလုံးကို လုပ်ငန်း functions တိုင်းမှာထည့်ရပါတယ်။

ကိုယ်လိုလို မလိုလိုလည်ပတ်တာကို စနစ်လို့ခေါ်ပါတယ်။ လူတွေနဲ့ စနစ်ပေါင်းပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် လုပ်တာကို စီမံခန့်ခွဲမှုလို့ခေါ်ပါတယ်။ စနစ်တစ်ခုချတဲ့အခါ လိုက်နာရမည့်စည်းကမ်း policiesလုပ်ဆောင်ရမည့် လုပ်ငန်းစဥ် process လုပ်ထုံးလုပ်နည်း procedure တွေလိုအပ်ပါတယ်။ ဒီ P သုံးလုံးကို လုပ်ငန်း functions တိုင်းမှာထည့်ရပါတယ်။ ဒီလို စနစ်ချဖို့ လုပ်ငန်းရှင်ကိုယ်တိုင် စနစ်ကျဖို့လိုပါတယ်။ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ကိုယ်တိုင် စနစ်တကျ နေထိုင်တတ်ပြီလား။ ကိုယ်တိုင်စနစ်တကျ မနေထိုင်တတ်ပဲ လုပ်ငန်းကို စနစ်ချဖို့ ခက်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းဆိုတာ လုပ်ငန်းရှင်ရဲ့ ကိုယ်ပွားဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ Akyanpay.com ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

P သုံးလုံးကို လုပ်ငန်း functions တိုင်းမှာထည့်ရပါတယ်။ Read More »

အိမ်ပိုင်ရှင်တစ်ဦးလို စဥ်းစားဖို့လိုပါတယ်။

လုပ်ငန်းရှင်အနေနဲ့ ကိုယ့်လုပ်ငန်းOperation မှာ ကိုယ်မပါပဲ လည်ပတ်ဖို့အတွက်အိမ်ပိုင်ရှင်တစ်ဦးလို စဥ်းစားဖို့လိုပါတယ်။ အိမ်ပိုင်ရှင်အနေနဲ့ အိမ်ဆောက်တဲ့အခါဘယ်လိုအိမ်မျိုးဆောက်မယ်၊ အခန်းဘယ်နှစ်ခန်း၊ အထပ်ဘယ်နှစ်ထပ်၊ ဘယ်နေရာမှာ ဆောက်မယ် အစရှိတာတွေစဥျးစားရသလို လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါမှာလဲ ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ Vision ရှိဖို့လိုပါတယ်။ ဒီစိတ်ကူးအိမ်မက် အမြင် ထဲက အိမ်တည်ဆောက်ဖို့Engineer တွေ၊ လက်သမား၊ ပုရံဆရာတွေ လိုပါတယ်။ နောက် ကုန်ကျစရိတ်နဲ့ timeline တွေရှိပါမယ်။ လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါမှာလဲ အလားတူပါပဲ။လုပ်ငန်းကို စီမံခန့်ခွဲမည့် Manager လိုသလို၊ သက်ဆိုင်ရာလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ Marketing, Sales, Customer Service, Operations အစရှိတဲ့ အလုပ်တွေအတွက် ဝန်ထမ်းလိုပါတယ်။ ကိုယ်ဆောက်ချင်တဲ့အိမ်က ကြီးလေလေအချိန်ပိုပေးရလေလေဖြစ်သလို၊ ကျွမ်းကျင်ဝန်ထမ်းပိုလိုလေလေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ operation ထဲမှာမနစ်မြုပ်နေပဲ ကိုယ့်လုပ်ငန်းကို အိမ်ပိုင်ရှင်တစ်ယောက်လိုစဥ်းစားပြီး

အိမ်ပိုင်ရှင်တစ်ဦးလို စဥ်းစားဖို့လိုပါတယ်။ Read More »

Business Model Canvas (BMC)

Business Model Canvas (BMC) ဆိုတာ ဘာလဲ? BMC လို့အတိုကောက်ခေါ်နေကြတဲ့ Business Model Canvas ဆိုတာဟာ စီးပွားရေးလုပ်င န်းတွေအတွက်အသစ်အသစ်သော business model တွေ ဖန်တီးတဲ့အခါသာမက ရှိပြီးသား business model တွေကို ပြုပြင်တာ ဖြည့်စည်းတာ တိုးတတ်အောင်လုပ်တာ စတဲ့နေရာမျိုးတွေမှာ သုံးနိုင်တဲ့မဟာဗျူဟာကျတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ BMC ကိုဘာကြောင့်သုံးသင့်တာလဲ? ကိုယ့်ရဲ့အကြံဉာဏ်တွေကိုလျင်လျင်မြန်မြန်လွယ်လွယ်ကူကူပုံဖော်နိုင်တယ်။ ကိုယ့်ရဲ့ အကြံဉာဏ်က ဘာလဲဆိုတာကိုရှင်းလင်းစေပြီး ဒီအကြံဉာဏ်ကနေ စီးပွားရေးလုပ်ငန်းတစ် ခုအဖြစ်အသွင်ပြောင်းဖို့လိုအပ်တာတွေကိုပုံဖော်ပေးပါတယ်။ BMC မှာဆိုရင်ဟိုးအရင်ကလိုသမားရိုးကနည်းတွေလိုစာမျက်နှာတွေ အများကြီး မလိုပါဘူး။ စာရွက်တစ်မျက်နှာပေါ်ကနေပြီး လုပ်ငန်းရဲ့အရေးကြီးတဲ့အပိုင်းတွေ မလိုအပ်တဲ့အရာတွေ စတာတွေကိုဖော်ပြပေးမှာပါ။ BMC ဟာ ကျိုးကြောင်းဆီလျော်ပြီး ရှင်းလင်းပြတ်သား တဲ့အတွက်အလွန်အသုံးတည့်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ BMC မှာ ဘာတွေပါလဲ? Comment မှာ ပုံတင်ထားပေးပါတယ်။

Business Model Canvas (BMC) Read More »

ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။

အခြေအနေတစ်ခုရောက်ရင် လုပ်ငန်းရှင်တော်တော်များများဟာ ကိုယ့်လုပ်ငန်းကို စိတ်ကုန်သွားတဲ့အချိန်တစ်ခုကြုံတတ်ကြတယ်။အထူးသဖြင့် ရောင်းအားမကောင်းတဲ့အချိန်၊တိုးတက်မှုမရှိတဲ့အချိန် ဒါမှမဟုတ်အရှုံးပေါ်နေတဲ့ အချိန်လိုမျိုးမှာဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ကိုယ်ဘာကြောင့် ဒီလုပ်ငန်းကိုစတင်ဖြစ်ခဲ့သလဲ? လုပ်ငန်းတွေစတင်ခဲ့တုန်းက လုပ်ငန်းရှင်တွေကရင်ခုန်မှုအပြည့်နဲ့ စတင်ခဲ့ကြတယ်။ ဒီရင်ခုန်မှုတွေ မရပ်သွားဖို့ ကိုယ်ဘာရည်ရွယ်ချက်နဲ့ ဒီလုပ်ငန်းတွေစခဲ့လဲပြန်မေးကြည့်ပါ။ #AkyanPay

ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ Read More »

CAC (Customer Acquisition Cost)

ပစ္စည်းတစ်ခုရောင်း တစ်သောင်းမြတ်။ဖောက်သည်တစ်ယောက်ရဖို့ သုံးဒေါ်လာ။ ခြောက်ထောင်ကျနေပြီ။ ဒါကို CAC (Customer Acquisition Cost) လို့ခေါ်တယ်။ဝန်ထမ်းစရိတ်၊ ကုန်ပစ္စည်းစရိတ်၊အထွေထွေကုန်ကျစရိတ်အဲ့မှာ ကိုက်မကိုက်စဉ်းစားကြည့်ကြည့်။Online Shop တွေကို customer list တွေကြိုလုပ်ထားဖို့၊ Brand ဆောက်ထားဖို့၊Personal Brand နဲ့တွဲထားဖို့၊ Content တည်ဆောက်ဖို့၊Business Model ကို ပြုလွယ်ပြင်လွယ်ဖြစ်ဖို့၊Value ladder or sale funnel သေချာလုပ်ဖို့အရေးကြီးလို့ ခဏခဏ ပြောခဲ့တယ်။ Dollar စျေးတွေတက်တော့ ပိုဆိုး။အားလုံးအဆင်ပြေကြပါစေ။ Phyo Paing @ Derek

CAC (Customer Acquisition Cost) Read More »

ဖြေရှင်းပါ။ အဖြေကို ပြန်ပြီး ဖြန့်ဝေပါ။

တချိန်က ကိုယ့်အတွက် အကြီးဆုံးသောပြဿနာတွေဟာ ကိုယ့်အတွက် business တွေဖြစ်လာတယ်။အစ္စရေးက စိုက်ပျိုးရေးပြဿနာကြုံတယ်။စိုက်ပျိုးရေးနဲ့ ဝင်ငွေပြန်ရှာနိုင်တယ်။စလုံးကရေပြဿနာကြုံတယ်။ ရေစီမံခန့်ခွဲမှုနဲ့ ငွေပြန်ရှာနိုင်တယ်။ ကြုံတွေ့လာတဲ့ ကိုယ့်ပြဿနာတွေကို ကျေးဇူးတင်ပါ။ ဖြေရှင်းပါ။ အဖြေကို ပြန်ပြီး ဖြန့်ဝေပါ။ Phyo Paing @ Derek

ဖြေရှင်းပါ။ အဖြေကို ပြန်ပြီး ဖြန့်ဝေပါ။ Read More »

လုပ်ငန်းရှင်တွေအတွက် မှန်းဆရ
မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် မှန်းဆရ မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို “စီမံခန့်ခွဲ” “ဦးဆောင်” “လည်ပတ်”ဖို့အိမ်စာလုပ်ထားမှ တော်ကာကျပါတယ်။ လုပ်ငန်းရှင်တိုင်းမဖြစ်မနေလုပ်ရတဲ့အိမ်စာကတော့ စီမံခန့်ခွဲ၊ ဦးဆောင်၊ လည်ပတ်တဲ့အပိုင်းဖြစ်ပါတယ်။ စီမံတာကို Manager (မန်နေဂျာ) က လုပ်ပါတယ်။ ဦးဆောင်တာကို Owner (လုပ်ငန်းရှင်) က လုပ်ပါတယ်။ လည်ပတ်တာကို Staffs (ဝန်ထမ်းတွေ) က လုပ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ လုပ်ငန်းရှင်ဟာ “ကိုယ့်နေရာကိုယ်သိ”၊ “ကိုယ့်အလုပ်ကိုယ်လုပ်”၊“ကိုယ့်တာဝန် ကိုယ်ကျေ” ဖို့လိုအပ်ပါတယ်။ လည်ပတ်မှုအပိုင်းမှာ အမှတ်တံဆိပ်တည်ဆောက်တာ Brandingဖောက်သည်ရှာတာ Marketingရောင်းတာ Saleဝယ်ပြီးဖောက်သည်ပြန်လာဖို့ Customer serviceစာရင်းအင်း Accounting & Financeကုန်ပစ္စည်းထိန်းချုပ်မှု Inventory Controlအစရှိတဲ့အပိုင်းတွေကို operation အပိုင်းလို့ခေါ်ပါတယ်။ ဒီအပိုင်းတွေကို အလေအလွင့်နည်းနည်း၊ စည်းစနစ်တကျ “လူနဲ့စနစ်” အသုံးပြုပြီး “ရည်မှန်းချက်ပန်းတိုင်” ရောက်အောင် လုပ်ဆောင်တာကိုManagement

လုပ်ငန်းရှင်တွေအတွက် မှန်းဆရ
မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။
Read More »

ဘဝက နေရတာ အဓိပ္ပာယ်ရှိပါတယ်။

အနာဂတ်က အမျိုးမျိုးဖြစ်သွားနိုင်တယ်။ ဒါတွေကို ကျွန်တော်တို့ သေချာမသိသလိုအစိုးလဲမရကြဘူးလို့ထင်တယ်။အရေးကြီးတာ နေ့စဥ် ကိုယ့်ရဲ့အကောင်းဆုံးအရာတွေအစွမ်းအစတွေကို လောကကြီးကို မျှဝေပေးဖို့ပဲ။ ကိုယ့်ရဲ့ Vocation ကို Vacation အဖြစ်ပြောင်းနိုင်ရင် ဘယ်လိုအခြေနေဖြစ်ဖြစ်ဘဝက နေရတာ အဓိပ္ပာယ်ရှိပါတယ်။ Phyo Paing @ Derek

ဘဝက နေရတာ အဓိပ္ပာယ်ရှိပါတယ်။ Read More »

လုပ်ငန်းရှင်လား လုပ်သားလား?

လုပ်ငန်းရှင်လား လုပ်သားလား?လုပ်သား Vs အလုပ်ရှင် 1. Operation → နိစ္စဓူဝ လည်ပတ်မှုတွေမှာ ကိုယ်ဝင်မပါပဲ မနေနိုင် Vs အစပိုင်းမှာ ဝင်ပါပေမယ့် အချိန်နဲ့အမျှ ဝန်ထမ်းတွေကိုလွဲပေး။ 2. Satisfaction → တခြားသူတွေကို စိတ်မချ၊ သူတို့လုပ်တာအားမရ၊ သူတို့တစ်ရက်လုပ်တာကို ငါ နာရီဝက်လောက်နဲ့လုပ်လို့ရတယ်ဆိုပြီး စိတ်တိုင်းမကျ Vs ငါစိတ်ရှည်ဖို့လိုတယ်ဆိုတာသိ။ တဖြေးဖြေးချင်းသင်ပေးတယ်။ 3. Vision → ကိုယ်ဘာဖြစ်ချင်လဲ သေသေချာချာမသိ။ သိရင်လဲ ဝန်ထမ်းတွေကိုမပြော Vs ကိုယ်ဖြစ်ချင်တာသေသေချာချာသိသလို ဝန်းထမ်းတွေကို ကိုယ့်လုပ်ငန်းသွားမည့်လမ်းကြောင်းလဲ အမြဲပြောပြ။ 4. တစ်ခုခုဆို ဝန်ထမ်းတွေကို အပြစ်တင် Vs ဝန်ထမ်းတွေကို သင်ခန်းစာယူခိုင်း၊ လိုအပ်ရင်လုပ်ငန်းစနစ်ကိုပြန်လည်ပြုပြင် 5. လုပ်ငန်းလည်ပတ်မှုကို လုပ်နေကျအတိုင်းပဲ လည်ပတ်နေ Vs ကိုယ့်လုပ်ငန်းရဲ့စနစ်ကို

လုပ်ငန်းရှင်လား လုပ်သားလား? Read More »