Dr. Phyo Paing

https://yec.company

Covid-19 က သေခြင်းတရားနဲ့
ကျွန်တော်တို့ ဘယ်လောက်နီးလဲဆိုတာ
သင်ပေးနေတယ်။

အခြေအနေဆိုတာ သေရင်တောင်ကိုယ့် အသုဘကိုလိုက်ပို့ချင်ရင်တောင်လိုက်ပို့်ပေးလို့မရတဲ့ အခြေအနေတွေကိုယ်မထင်ထားလောက်တဲ့ အခြေအနေတွေရှိသေးတယ်ဆိုတာ သင်ပေးနေတယ်။ ကိုယ်ချစ်တဲ့သူတွေကို ရှိတုန်းဂရုစိုက်ဖို့ သင်ပေးနေတယ်။ ကျန်းမာရေးဆိုတာ ချမ်းသာရေးပဲဆိုတာ သင်ပေးနေတယ်။ Oxygen ဆိုတာ အလကားရပေမယ့်အခမဲ့ရှူလို့မရတဲ့ အခြေအနေတွေလဲရှိသေးတယ်။ မေတ္တာတရားတွေထားပေမယ့်လက်ခံနိုင်တဲ့ စွမ်းအားမရှိတဲ့သူတွေရှိသေးတယ်ဆိုတာ Covid-19 က သင်ပေးနေတယ်။ Covid-19 က ပေးတဲ့ သင်ခန်းစာတွေတော်တော်များတယ်ဗျာ။ Phyo Paing @ Derek

Covid-19 က သေခြင်းတရားနဲ့
ကျွန်တော်တို့ ဘယ်လောက်နီးလဲဆိုတာ
သင်ပေးနေတယ်။
Read More »

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။

ဝင်ငွေရှိဖို့ အလုပ်လိုတယ်။ အလုပ်တွေရှိဖို့ လုပ်ငန်းတွေလည်ပတ်ဖို့လိုတယ်။လုပ်ငန်းတွေရပ်တည်ဖို့ နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်ဘေးအန္တရာယ်၊ရောဂါဘယ အန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့လိုတယ်။ အလုပ်တွင်တဲ့ အလုပ်ခွင်ယဥ်ကျေးမှုတည်ဆောက်ဖို့ဆိုတာ အချိန်တော်တော်ပေးရတဲ့အလုပ်ပါ။ ကိုယ်မသိသေးတဲ့အမှားတွေကို ပြင်ဆင်ရတာရယ်ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ကိုက်တဲ့လူတော်၊ လူကောင်းတွေ recruit လုပ်နိုင်ဖို့ရယ်အတွက် အချိန်တော်တော်ပေးရပါတယ်။ နောက်လုပ်ငန်းအရှိန်ရဖို့ ရှိထားတဲ့ momentum ကိုလျော့မသွားဖို့အများကြီးစဉ်းစားရပြန်တယ်။ လုပ်ထားတဲ့ product/ service တွေထဲမှာ တချို့တွေက 50% – 70% လောက်ထိရပ်တန့်နေတယ်။ Project အသစ်တွေကတော့ grow ဖြစ်လာတဲ့အတွက် တောင်ထိပ်ကို ဆက်ခရီးနှင်လို့ရတာဖြစ်တယ်။ အခုအချိန်မှာ အလုပ်မဖြစ်တော့တဲ့ product/ service တွေကို ဇွတ်အတင်း တွန်းတင်မည့်အစားလုပ်ငန်းရှင်တွေအနေနဲ့ တခြားနည်းလမ်းကိုစဥ်းစားကြည့်တာ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။ လုပ်ငန်းဆိုတာ ဖောက်သည်တွေရဲ့ပြဿနာတွေဖြေရှင်းပေးတာဖြစ်တဲ့အတွက် ပေါ်ပေါက်လာတဲ့ပြဿနာအသစ်တွေကို ဆက်လက်ဖြေရှင်းနေဖို့ အရေးကြီးပါတယ်။ Phyo Paing @ Derek

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။ Read More »

လူသုံးယောက် စတိုးဆိုင်ထဲဝင်လာတယ်။

တစ်ယောက်က discount ချထားတာတွေကိုအာရုံလာပြီး ဝယ်တယ်။ တစ်ယောက်က တခြားသူတွေကိုပြုံပြပြီးမိတ်ဖွဲ့တယ်။ တစ်ယောက်က ဒီဆိုင်ထက်ပိုကောင်းအောင်ဖွင့်ဖို့ စဉ်းစားတယ်။လူတိုင်းက သူ့အာရုံနဲ့သူ။ သူသတ်မှတ်ထားတဲ့ reality ထဲမှာသူ့အမြင်နဲ့သူ၊ သူ့အတွေးထဲမှာ အသက်ရှင်ကြတယ်။အတွေးတွေကို ဂရုစိုက်ရမယ်။ Phyo Paing @ Derek (P.S. The opportunity ဖတ်ရင်းရတဲ့ ဥပမာကောင်းလေးတစ်ခု)

လူသုံးယောက် စတိုးဆိုင်ထဲဝင်လာတယ်။ Read More »

လေမုန်တိုင်းထဲကထွက်လာနိုင်တဲ့အခါ
လေမုန်တိုင်းထဲမဝင်ခင် “သင်” မဟုတ်တော့ဘူး။ဒါဟာ မုန်တိုင်းရဲ့အဓိပ္ပာယ်ပဲ။

And once the storm is over, you won’t remember how you made it through, how you managed to survive. You won’t even be sure, whether the storm is really over. But one thing is certain. When you come out of the storm, you won’t be the same person who walked in. That’s what this storm’s

လေမုန်တိုင်းထဲကထွက်လာနိုင်တဲ့အခါ
လေမုန်တိုင်းထဲမဝင်ခင် “သင်” မဟုတ်တော့ဘူး။ဒါဟာ မုန်တိုင်းရဲ့အဓိပ္ပာယ်ပဲ။
Read More »

ကိုယ်ထုတ်လိုက်တဲ့ policies ရဲ့ရည်ရွယ်ချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းပြန်ဖြစ်ရင် ပြည်သူတွေကို အပြစ်တင်ရမှာမဟုတ်ဘူး။

Marketing မှာလဲအတူတူပဲ။ကိုယ်တည်ဆောက်ထားတဲ့ funnel အလုပ်မဖြစ်ရင်Prospect တွေကို အပြစ်တင်ရမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် အပြစ်တင်ရမှာ။ကိုယ်အသုံးမကျလို့။ Phyo Paing @ Derek

ကိုယ်ထုတ်လိုက်တဲ့ policies ရဲ့ရည်ရွယ်ချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းပြန်ဖြစ်ရင် ပြည်သူတွေကို အပြစ်တင်ရမှာမဟုတ်ဘူး။ Read More »

လုပ်ငန်းရှင်တစ်ဦး အလုပ်အလုပ်ရဆုံးကတော့
ဦးနှောက်ဖြစ်ပါတယ်။

လုပ်ငန်းရှင်တစ်ဦး အလုပ်အလုပ်ရဆုံးကတော့ဦးနှောက်ဖြစ်ပါတယ်။ ဘာတွေဆက်လုပ်မလဲဆိုတဲ့ စဥ်းစားစရာတွေ၊ ဖောက်သည်၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဝန်ထမ်းရေးရာ၊ ငွေရေးကြေးရေးအစရှိတာတွေကို plan ချရပါတယ်။ ဒီလို လုပ်ဆောင်ဖို့ ကိုယ့်စဥ်းစားနည်းစနစ်မှန်ဖို့ အရေးကြီးပါတယ်။ #Akyanpay

လုပ်ငန်းရှင်တစ်ဦး အလုပ်အလုပ်ရဆုံးကတော့
ဦးနှောက်ဖြစ်ပါတယ်။
Read More »

Emotional pattern

လူတွေမှာ emotional hot button လေးတွေမတူကြဘူး။တချို့တွေက ဘယ်လောက်ပြောပြောအေးဆေးပဲ။ဒါပေမယ့် တချို့အဖြစ်အပျက်လေးတွေကြုံတဲ့အခါစိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာဖြစ်တတ်ကြတယ်။ တချို့က နာတာ၊ ကျင်တာ၊ ဖျားတာ၊ နာတာကိုခံနိုင်တယ်။တချို့ကျတော့ pain thresholds နိမ့်တယ်။ နာကျင်မှုဒဏ် မခံနိုင်ကြဘူး။ တုံ့ပြန်ပုံချင်းလဲ မတူကြဘူး။တချို့က ကိုယ့်ကိုလာထိတဲ့အခါ အမောက်ထောင် ပြန်ရန်တွေ့တာတွေရှိမယ်။တချို့က စိတ်ညစ်သွားတာ၊စိတ်ဓာတ်ကျတာတွေရှိမယ်။ Emotion အတက်အကျလဲမတူကြဘူး။ကိုယ့်အကြောင်းကိုယ်သိဖို့ ကိုယ့်ကိုကိုယ်အမြဲသုံးသပ်ဖို့လိုတာပဲ။ Phyo Paing @ Derek

Emotional pattern Read More »

သင့်ရဲ့စူပါပါဝါက ဘာများဖြစ်မလဲ?

သင့်ရဲ့စူပါပါဝါက ဘာများဖြစ်မလဲ?Power 1# ideaPower 2# peoplePower 3# marketPower 4# system နှစ်ပေါင်းသုံးထောင်တရုတ်နည်းစနစ်အရ စွန့်ဦးတီထွင်တစ်ယောက်အနေနဲ့ ဒီလေးမျိုးမှာ တစ်မျိုး၊ ဒါမှမဟုတ် နှစ်မျိုးအားသာနေနိုင်တယ်။ Power 1# idea (Dynamo) Idea ပိုင်းအားကောင်းတဲ့ လုပ်ငန်းရှင်တွေကတော့ အသစ်တစ်ခုပြီးတစ်ခုလုပ်သွားတယ်။ အခုမှ တစ်ခုအောင်မြင်တယ်။ နောက်တစ်ခုစဖို့ပြင်ဆင်နေပြီ။ သူတို့ဟာ တိုးတက်မှုမရှိတာကို မခံစားနိုင်ဘူး။ စိတ်သိပ်မရှည်တတ်ဘူး။ သူတို့ဖန်တီးမှု ဖြစ်မြောက်လာတာကို ဝမ်းသာမဆုံးဖြတ်တတ်ကြတယ်။ တစ်ခုခုဆို အထနှေးတာကို မခံစားနိုင်ဘူး။ သူတို့ကို ပျင်းစရာကောင်းသူလို့ မမြင်စေချင်ကြဘူး။ Power 2# people (Blaze) People အပိုင်းအားကောင်းသူတွေက လူတွေလေးစား၊ အထင်ကြီးတာခံသူတို့အတွက် အရေးကြီးတယ်။ ဒါမှမဟုတ် လူတွေနဲ့ ပျော်ပျော်နေရတာ ခံမင်တယ်။ လူတွေတိုးတက်မှု သူတို့တန်ဖိုးထားတယ်။

သင့်ရဲ့စူပါပါဝါက ဘာများဖြစ်မလဲ? Read More »

လူတွေ အနာဂတ်ကိုပုံဖော်တာ
မှားနေတတ်တာများတယ်။

ပစ္စုပ္ပန်ပေါ်မူတည်ပြီးအနာဂတ်ကို projection လုပ်ပုံဖော်ကြတာများတယ်။လက်ရှိမှာ စိတ်ညစ်နေရင်အနာဂတ်က စိတ်ညစ်စရာကောင်းနေတာမျိုး၊ လက်ရှိမှာပျော်ရွင်ကြည်နူးစရာကောင်းနေရင် အနာဂတ်ကလဲကောင်းနေမယ်ထင်တာမျိုး။ ဒါကြောင့်လူတွေထီပေါက်တဲ့အချိန်၊ ဝင်ငွေအရမ်းကောင်းတဲ့အချိန်အနာဂတ်မှာလဲ အတူတူပဲထင်ပြီးသုံးကြ၊ ဖြုန်းကြလုပ်တတ်သလို၊ စိတ်ညစ်စရာကောင်းရင်လဲ အနာဂတ်မှာ အဲ့လိုပဲလို့ထင်တတ်ကြတာမမှန်ပါဘူး။ မုန်တိုင်းပြီးရင် လေပြေလာတတ်ပါတယ်။ ပစ္စုပ္ပန်မှာ အခက်အခဲဖြစ်နေရင်အနာဂတ်အတွက်ပြင်ဆင်ဖို့ပဲလိုမှာမဟုတ်လား။ Phyo Paing @ Derek

လူတွေ အနာဂတ်ကိုပုံဖော်တာ
မှားနေတတ်တာများတယ်။
Read More »

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။

မနက်ထတိုင်း ပထမဆုံးမေးတဲ့မေးခွန်းကအခုချိန် ငါအပျော်ရွင်ဆုံးအရာကဘာလဲ?နေ့တိုင်းလိုလို အဖြေက အသက်ဝဝရှူလို့ရတယ်။ဒါပျော်စရာပဲ။ ဒီအတွက် ဘယ်လိုခံစားရလဲဆိုတဲ့ ပျော်ရွင်မှုခံစားချက် မှတ်ဥာဏ်ကို နေ့စဥ်ပြန်တူးဆွတယ်။အချိန်တစ်ခုပေးပြီး ပြန်ခံစားကြည့်တယ်။ ဒါကို priming လို့ခေါ်တယ်။ ပျော်ရွင်မှုအတွက် ထားတဲ့ စံနှုန်းတွေကိုအနိမ့်ဆုံးကို လျော့ချထားပြီး၊ ကိုယ့်အစွမ်းအဆထွက်လာဖို့ စံနှုန်းကိုအမြင့်ဆုံးထိ တင်ထားလိုက်တယ်။ တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက် မခံစားရတာကြာပြီ။ မနက်ထတိုင်း ပြန်ပြန်မေးပြီး အချိန်တစ်ခုပေး ခံစားကြည့်ပါ။ ကိုယ့်ဘဝအတွက် “လက်ရှိ”ပျော်ရွင်စရာလေးတွေ၊ ကျေးဇူးတင်စရာလေးတွေ၊ ဂုဏ်ယူစရာလေးတွေ။ မဟုတ်ရင် မနက်ထလာ မအလမျက်နှာ မြင်နေတာနဲ့ ဒေါသပဲထွက်နေရမယ်။ နာရေးသတင်းတွေပဲတွေ့နေတာနဲ့ ဝမ်းနည်းကြေကွဲနေရလိမ့်မယ်။ Phyo Paing @ Derek

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။
Read More »