Dr. Phyo Paing

https://yec.company

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။ အခုလိုအချိန်မျိုးမှာ ပိုလိုပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်အများစု ရဲ့လျို့ဝှက်ချက်ကတော့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ရွေးချယ်မှုပြုလုပ်နိုင်တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့ အဓိကတွေနဲ့ သာမညကိုခွဲထုတ်ဖို့လိုပါတယ်။ သေးသေးတောတော ဆုံးဖြတ်ချက်လေးတွေထက်မေးခွန်းအကြီးကြီး တစ်ခုမေးရပါတယ်။ ငါ့လုပ်ငန်းဘာကြောင့် ဒီနေ့ထိရှင်သန်နေတာလဲ?ကိုယ့်ကို အောင်မြင်စေတဲ့အချက်ကဘာလဲ?ဒီအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ဘာလိုမလဲ?ဒီအတိုင်းဆက်သွားလို့ အဆင်ပြေမလား?ဘာအပြောင်းအလဲတွေ လုပ်ရမလဲ? ဒီမေးခွန်းတွေမေးပြီး အဓိကကို ရှာဖွေကြည့်ပါ။ Akyanpay ဆိုတာကတော့ အောင်မြင်သူတွေကိုပိုအောင်မြင်အောင် ကူညီဖို့ ဖြစ်တည်လာတာဖြစ်ပါတယ်။ #Akyanpay

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။ Read More »

လူတိုင်းအတွက် အကောင်းဆုံး
strategy ဆိုတာမရှိဘူး။

တချို့က cost saving သိပ်တော်တယ်။ Carlos Ghosn တို့လိုမျိုး။တချို့က လူတွေကိုဆွဲဆောင်ဖို့ brand တည်ဆောက်ပြီးလူတွေညအိပ်တန်းစီအောင်လုပ်နိုင်တဲ့ James Jebbia တို့၊ Steve Jobs တို့လိုမျိုး။တချို့က လူ့ဂွစာ၊ အဆန်းတွေပဲလုပ်ချင်တဲ့Lady Gaga နဲ့ Kanye West တို့လိုမျိုး။ တချို့ တော်လှန်ရေးခေါင်းဆောင်တွေက dialectical materialism ကိုလက်ကိုင်ထားတဲ့Nelson Rolihlahla Mandela တို့လို၊တချို့က လူသာသေးပြီး စိတ်မာမာဇွဲကောင်းကောင်းနဲ့ အိုင်ဒီရော်လော်ဂျီတွေဘေးချိပ်ကြောက်ဖြူဖြူမဲမဲ ကြွက်ဖမ်းဖို့ပဲဆိုတဲ့ Deng Xiaoping လို။ ကိုယ့်အထာနဲ့ ကိုယ်ဆိုပါတော့။ Phyo Paing @ Derek

လူတိုင်းအတွက် အကောင်းဆုံး
strategy ဆိုတာမရှိဘူး။
Read More »

လူတွေမှာရှိတဲ့အကြီးဆုံး စွမ်းအား

ဒုက္ခကြီးကြီး မကြုံခဲ့ဖူးတဲ့သူကသူ့ဒုက္ခသေးသေးကို ကြီးလှပြီမှတ်နိုင်တယ်။ လူတိုင်းကိုယ်ရောက်နေတဲ့နေရာနဲ့ ထိုက်တန်တဲ့ စိန်ခေါ်မှုကိုတော့ကြုံတွေ့နေရတာကြီးပဲ။ ရှေ့မှာရှိတဲ့ စိန်ခေါ်မှုကို အနိုင်ယူဖို့လိုသလိုအနာဂတ်အတွက် စိန်ခေါ်မှုကိုလဲပြင်ဆင်ထားဖို့လိုတယ်။ လူတွေမှာရှိတဲ့အကြီးဆုံး စွမ်းအားက စိတ်ဓာတ်၊ အာရုံစူးစိတ်မှု၊ သေသပ်တဲ့ အကောင်အထည်ဖော်မှုတွေပဲ။ Phyo Paing @ Derek

လူတွေမှာရှိတဲ့အကြီးဆုံး စွမ်းအား Read More »

လုပ်ငန်းတစ်ခုကို ဦးဆောင်ရတယ်ဆိုတာ
မလွယ်ကူပါဘူး။

တခါက Donald Trump က သူ့ Trump Tower ကထွက်လာတဲ့အခါ အိမ်ယာမဲ့တစ်ဥဦးကိုလက်ညိုးထိုးပြပြီးသူကခုချိန်မှာ ငါ့ထက် သန်း ၉၀၀ ပိုချမ်းသာတယ်လို့ဆိုတယ်။၁၉၉၀ တုန်းကဖြစ်တယ်။ အဲ့အချိန်မှာ Donald Trump က ဒေဝါလီခံလုနီးနီးဖြစ်ပြီးသန်း ၉၀၀ ကျော်အကြွေးတွေနဲ့ ဝိုင်းနေခဲ့တယ်။ ဒါပေမယ့် သူအမြဲပြောတဲ့ Think Big ဆိုတဲ့စကားအတိုင်း သူအကြောက်တရား၊တွေဝေဒွိဟ၊ အားငယ်စိတ် ကိုဖယ်ပြီးစူးစိတ်မှုအပြည်နဲ့ ပြန်ကြိုးစားတယ်။ကျန်တဲ့သမိုင်းကြောင်းကတော့ အားလုံးသိတဲ့အတိုင်းအမေရိကန် သမ္မတထိဖြစ်ခဲ့တယ်။ လုပ်ငန်းတစ်ခုကို ဦးဆောင်ရတယ်ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် ကျွန်တော်တို့လို နိုင်ငံမှာပါ။ ဒီလို မလွန်ကူတဲ့နေရာမှာ ဒူပေဒဏ်ပေခံပြီးဒီနေ့ထိရှင်သန်ကြီးထွားလာနိုင်တာ ကိုယ့်ရဲ့ အကြံဥာဏ်၊ အားထုတ်မှုနဲ့ ဦးဆောင်မှုကြောင့်ဖြစ်ပါတယ်။ လူတိုင်းဘဝမှာ ဂုဏ်ယူစရာအချိန်တွေရှိပါတယ်။ ကိုယ့်ဘဝရဲ့ ဂုဏ်ယူစရာအချိန်တွေကိုစဥ်းစားကြည့်ပါ။ဘယ်လောက်ကြည်နူးစရာကောင်းလဲ။ အလားတူပဲ ကိုယ့်ဘဝမှာ အခက်အခဲတွေကြုံပြီးစိတ်ညစ်ဖူးတဲ့အချိန်ကို ပြန်စဥ်းစားကြည့်ပါ။နောက်ပြီး ဒီ

လုပ်ငန်းတစ်ခုကို ဦးဆောင်ရတယ်ဆိုတာ
မလွယ်ကူပါဘူး။
Read More »

အခြေအနေဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်အပေါ်ကိုယ်ထားတဲ့ မျှော်လင့်ချက်ကို မမေ့လိုက်ပါနဲ့။

ဒီနိုင်ငံမှာ လူလာဖြစ်လို့လဲ ဘယ်တုန်းကမှ ကံဆိုးလိုက်တာလို့ မစဥ်းစားခဲ့ဖူးဘူး။ ကိုယ့်ကိုကိုယ်ရဲ့ performance နဲ့ ကိုယ့် လက်တစ်ဆုပ်စာရှိတဲ့ team ရဲ့ performance တိုးတက်ဖို့လုပ်တာတောင်ဘယ်လိုရှိလဲဆိုတဲ့ သိတဲ့လူတိုင်းအတွက် တစ်နိုင်ငံလုံးကို ဦးဆောင်ပြီး အရင်းအမြစ်နည်းနည်းနဲ့ သွားရတဲ့ကိစ္စဘယ်လောက်ခက်မလဲဆိုတာ နားလည်တယ်။ အဖွဲ့အစည်းတစ်ခုကိုမှ မဟုတ်ဘူးကိုယ့်ဘေးနားက ဘယ်သူ့ဆီမှာမှ မျှော်မှန်းချက် expectation မထားတတ်တာကျင့်သားရနေပြီဖြစ်တဲ့အတွက် မျှော်လင့်ချက်မဲ့တယ်ဆိုတဲ့ ခံစားချက်ဘယ်လိုဆိုတာလဲ မသိတော့ဘူး။ လူတွေက အခြေအနေကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းလဲတတ်ကြတယ်လို့ပြောကြတယ်။ ဘောလုံးပွဲတစ်ပွဲမှာ မိနစ်ကိုးဆယ်အတွင်းအနိုင်အရှုံးပေါ်ပေမယ့်ဘဝမှာ အနိုင်အရှုံးက ကိုယ်သေမှသိရတာမျိုး။ အဆိုးဆုံးထိတွေးထားလိုက်တယ်။အကောင်းဆုံးအတွက်လဲ ပြင်ဆင်ထားလိုက်တယ်။ အခြေအနေဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်အပေါ်ကိုယ်ထားတဲ့ မျှော်လင့်ချက်ကိုမမေ့လိုက်ပါနဲ့။ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်က သေဆုံးခြင်းလို့ဆိုကြတယ်။ဒါကြားဖြတ်သန်းမှု ဖြစ်စဥ်က ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

အခြေအနေဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်အပေါ်ကိုယ်ထားတဲ့ မျှော်လင့်ချက်ကို မမေ့လိုက်ပါနဲ့။
Read More »

Pro တစ်ယောက်ဖြစ်ဖို့
စိတ်ခံစားမှုတွေရဲ့အလွန်ကို
သွားဖို့လိုတယ်။

နေ့တိုင်း အိုင်ဒီယာတစ်ခုထိုင်ရေးတော့ရေးချင်ချင်၊ မရေးချင်ချင် စိတ်ခံစားမှုရှိမှ လုပ်တဲ့အဆင့်ကိုကျော်လွန်ပြီး ရေးဖြစ်သွားတယ်။ ဖောက်သည်နဲ့တွေ့တဲ့အခါ စိတ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေပြုံးပြပြီးသူတို့အဆင်ပြေအောင်လုပ်ပေးတာစိတ်ခံစားမှုကို ကျော်လွန်ပြီးလုပ်ဆောင်တဲ့အဆင့်ဖြစ်သွားတယ်။ ကိုယ့်လုပ်ငန်းအတွက် စီမံကိန်းရေးဆွဲတာရင်ခုန်စရာကောင်းသည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေတကယ် စီမံကိန်းရေးဆွဲဖြစ်သွားတာစိတ်ခံစားမှုရဲ့ အလွန်ဖြစ်တယ်။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေကမ္ဘာ့ထိပ်တန်းဘော်လုံးသမားတစ်ယောက်ကလေ့ကျင့်ခန်းပုံမှန် ဆင်းနေတယ်။ Phyo Paing @ Derek

Pro တစ်ယောက်ဖြစ်ဖို့
စိတ်ခံစားမှုတွေရဲ့အလွန်ကို
သွားဖို့လိုတယ်။
Read More »

နေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကို
ရင်ခုန်ပြီးပျော်နေဖို့ဆိုတာ ကိုယ်တိုင်လုပ်ငန်းစရင်စ မစရင် လုပ်ငန်းရှင်ကောင်းကောင်းနဲ့ အလုပ်လုပ်ဖြစ်ဖို့လိုတယ်။

အောင်မြင်ဖို့ဆိုရင် ဘာကားစီးရမယ်၊ဘယ်မှာနေရမယ်၊ ဘယ်ကျောင်းကပြီးရမယ်၊ဘာအမှတ်တံဆိပ်သုံးပြီး၊ ဘယ်ဆိုင်တွေမှာထိုင်ရမယ် အစသဖြင့် အောင်မြင်မှုဆိုတဲ့ ပုံရိပ်ကို TV တွေနဲ့ ကြော်ငြာလုပ်တဲ့သူတွေကသတ်မှတ်ကြတယ်။ တချို့ကလဲ အောင်မြင်တယ်ဆိုတာနေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကိုရင်ခုန်ပြီးပျော်နေတာမျိုးလို့ဆိုတယ်။ ကျွန်တော်တို့လို တတိယနိုင်ငံ Social mobility အမြင့်ကိုတက်ဖို့ပြောသလောက်မလွယ်တဲ့နေရာပါ။ နေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကိုရင်ခုန်ပြီးပျော်နေဖို့ဆိုတာ ကိုယ်တိုင်လုပ်ငန်းစရင်စ မစရင် လုပ်ငန်းရှင်ကောင်းကောင်းနဲ့အလုပ်လုပ်ဖြစ်ဖို့လိုတယ်။ အထူးသဖြင့် အခုလို ကာလမျိုးမှာဆိုပိုဆိုးတယ်။ Phyo Paing @ Derek

နေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကို
ရင်ခုန်ပြီးပျော်နေဖို့ဆိုတာ ကိုယ်တိုင်လုပ်ငန်းစရင်စ မစရင် လုပ်ငန်းရှင်ကောင်းကောင်းနဲ့ အလုပ်လုပ်ဖြစ်ဖို့လိုတယ်။
Read More »

အကောင်းဆုံးက ဘယ်လိုပဲဖြစ်နေနေ
ပုံမှန်ဆက်သွယ်မှုတစ်ခုရှိနေရမှာပဲ။

ငွေပေးပြီး လူတွေဝယ်အောင်လုပ်တာကိုကြော်ငြာ advertising လုပ်ခေါ်ပြီး၊လူတွေနဲ့ပုံမှန် ဆက်သွယ်မှုပြုလုပ်နေတာကိုမားကတ်တင်း marketing communicationsလို့ခေါ်တယ်။ တချို့ စီးပွါးရေးလုပ်ငန်းတွေက အခက်အခဲ ကာလတွေဖြစ်တဲ့ Covid-19 နဲ့ Coup ကာလတွေမှာသုံးလေးငါးလလောက်Communication ကိုရပ်လိုက်ကြပြီး အခြေအကြည့်ပြီးမှ ကြော်ငြာနဲ့ပြန်လာကြတယ်။ ကိုယ်လိုအပ်မှ လာသလိုဖြစ်နေတတ်တယ်။ Phyo Paing @ Derek

အကောင်းဆုံးက ဘယ်လိုပဲဖြစ်နေနေ
ပုံမှန်ဆက်သွယ်မှုတစ်ခုရှိနေရမှာပဲ။
Read More »

တကယ်လို့ အရာရာကို သုညကပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။

အရင်နှစ်တွေက ကိုယ့်ကိုကိုယ် note အနေနဲ့ရေးထားတာ၊ ပြန်မျှဝေပေးလိုက်ပါတယ်။ Rule 1 – မနှိုင်းယှဥ်ပါနဲ့။ သူများနဲ့ နှိုင်းယှဥ်တဲ့အခါ ကိုယ့်ကိုကိုယ် express လုပ်ဖို့ မေ့သွားတတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း Career inspiration နဲ့ Dream တွေ၊ Talent တွေမတူတဲ့အတွက် ကိုယ်နဲ့တစ်ခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့. Rule 2 – ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တစ်ခုခုအမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ဖူးလား။ ကျွန်တော်ငယ်စဥ်အခါက အမြဲအပြစ်တင်ဖူးတယ်။ ဒါက အကျင့်ကြီးတစ်ခုလိုဖြစ်လာခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ပဲကြည့်တယ်။ ခွင့်လွတ်တယ်။ အားပေးတယ်။ အပြစ်တင်မည့်အစား သင်ခန်းစာယူတယ်။ Rule 3 – ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ။ ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုကိုယ်သိဖို့ မလွယ်သေးဘူး။ Self-awareness လို့ဆိုပါတော့။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကိုယ့်ကို

တကယ်လို့ အရာရာကို သုညကပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။ Read More »

စီးပွားရေးလုပ်တယ်ဆိုတာ
တာတိုပြေးပွဲမဟုတ်ဘူး။
မာရသွန်ပြေးရမည့်ပွဲ။

တချို့အရာတွေက ကိုယ်အစိုးမရဘူး။ တချို့ကတော့ ကိုယ်လုပ်မှကိုယ်ရမယ်။ ကိုယ့်အလုပ်ကိုအမြဲရင်ခုန်မှုအပြည့်နဲ့တီထွင်ဆန်းသစ်မှုရှိပြီးရင်ခုန်မှုတွေ ကူးဆက်အောင်လုပ်နေရမှာကိုယ့်တာဝန်ပဲ။ Business is a spiritual game. Phyo Paing @ Derek

စီးပွားရေးလုပ်တယ်ဆိုတာ
တာတိုပြေးပွဲမဟုတ်ဘူး။
မာရသွန်ပြေးရမည့်ပွဲ။
Read More »